Fact Check: တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့်မင်းအောင်လှိုင် ထုတ်ပြန်ကြေညာတဲ့ သတင်းတု

တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထုတ်ပြန်ကြေညာ လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေလျက်ရှိပြီး ပျံ့နှံ့အားကောင်းနေပါတယ်။ သတင်းမှား သာဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၂၁)ရက်နေ့ အရေးပေါ်သတင်း တနိုင်ငံလုံးစစ်မှုမထမ်းမနေရအမိန့် မင်းအောင်လှိုင်ထုတ်ပြန်ကြေညာ ”စသည် ဖြင့်ရေးသားထားတဲ့ပို့စ်ကို “Share Local Media” အမည်နဲ့ ယူကျု့ချန်နယ်မှာ ဇွန် ၂၁ ရက်က ဖြန့်ဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၇၅၀၀၀ ရှိပါတယ်။ အလားတူစွာ ဆယ်တန်းအောင်တဲ့သူတွေကို စစ်မှုထမ်းဖို့ အမိန့်ထုတ်တယ်ဆိုပြီးတော့လည်း ဒီချန်နယ်က ရေးသားမျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းခေါင်းစဉ်မှာ တပ်ထားသလို တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့်  မင်းအောင်လှိုင်ကြေညာဆိုတဲ့ […]

Continue Reading

Fact Check: နစကအစိုးရဖျက်သိမ်းလိုက်ကြောင်းမင်းအောင်လှိုင်ကြေညာတဲ့ သတင်းတု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) အစိုးရကို ဖျက်သိမ်းလိုက်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကြေညာဆိုတဲ့ ပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၂၂)ရက်နေ့ အထူးသတင်း နကစအစိုးရ ဖျက်သိမ်းလိုက်ကြောင်း မင်းအောင်လှိုင် ရှုံးမဲမဲနဲ့ ကြေညာပြီ” လို့ဆိုပြီး  “Share Local Media” အမည်နဲ့ယူကျု့ချန်နယ်ကနေ ရေးသားဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ အလားတူ တူညီတဲ့ ဗွီဒီယိုပို့စ်ကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းခေါင်းစဉ်မှာ တပ်ထားသလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နကစ) အစိုးရကို ဖျက်သိမ်းလိုက် ကြောင်း မင်းအောင်လှိုင်ကြေညာဆိုတဲ့ အကြောင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာနတွေက ဖော်ပြချက်ကို မတွေ့ရှိရပါဘူး။  ဗွီဒီယိုထဲမှာလည်း ဒီအကြောင်းအရာမပါဝင်ပါဘူး။ ဗွီဒီယိုထဲမှာပါဝင်တဲ့ သတင်းအကြောင်းအရာတွေက […]

Continue Reading

Fact Check: ရွှေတိဂုံဘုရား ဒုံးနဲ့ထုခံရပြီး သံဃာအားလုံးသေဆုံးမှု သတင်းတု

ရွှေတိဂုံဘုရား ဒုံးနဲ့ထုခံရပြီး သံဃာအားလုံးသေဆုံးခဲ့တယ်ဆိုတဲ့ ယူကျူ့ဗွီဒီယိုတစ်ခု News In Burmese အမည်နဲ့ ယူကျူ့ချန်နယ်က ဇွန် ၂၁ ရက်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတုတစ်ခုသာဖြစ်တယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ “News In Burmese”အမည်နဲ့ ယူကျူ့ချန်နယ်မှာ မျှဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “21 June 2023, ရွှေတီဂုံစေတီ RPGနဲ့ထုခံရလို့ ပွဲဆူကုန်ပြီ။” မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုဖြန့်ဝေနေတဲ့ News in Burmese ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ‌ခေါင်းစဉ်တု ခေါင်းစဉ်မှားတပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိပါတယ်။ Fact Crescendo Myanmar အနေနဲ့ ဒီယူကျူ့ချန်နယ်က ခေါင်းစဉ်တုတပ်ဖြန့်ဝေမှုတွေကို […]

Continue Reading

Fact Check: ‌ဒေါ်အောင်ဆန်းစုကြည် ဇူလိုင် ၁၈ ရက်ပြန်လွှတ်မယ်ဆိုတဲ့ သတင်းတု

ဇူလိုင် ၁၂ ရက်နေ့က စစ်ကောင်စီထိပ်တန်းခေါင်းဆောင်အချို့ဟာ ထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို လျှို့ဝှက်တွေ့ဆုံခဲ့ပြီးနောက် ဇူလိုင် ၁၈ ရက်နေ့မှာ ပြန်လွှတ်မယ်ဆိုတဲ့ သတင်းပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူ တွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၁၂)ရက် စစ်ခေါင်းဆောင်တစ်ချို့ အမစုကို လျှို့ဝှက်‌တွေ့ဆုံ ဇူလိုင် ၁၈ ရက် ပြန်လွှတ်မယ်တဲ့ “ လို့ဆိုတဲ့ စာသားကို “News of Myanmar”အမည်နဲ့ ယူကျု့တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် မြန်မာစစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးတို့ဟာ မေလ ၂၇ ရက်နေ့ နှင့် ဇွန်လ […]

Continue Reading

Fact Check: လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သူလို့ စွပ်စွဲခံရသူ မိသားစုကို PDF က သတ်ဖြတ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

စစ်တပ်ထောက်ခံသူ လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သူလို့ စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးထားသူ ကောင်းဇာ နည်ဟိန်းရဲ့ မိသားစုကို PDF က သတ်ဖြတ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိ တာတွေ့ရပါတယ်။ အမှန်တကယ်မှာ  စစ်တပ်ထောက်တိုင် ပျူစောထီးအဖွဲ့ဝင်တွေက လာရောက်သတ်ဖြတ်သွားတာဖြစ်တယ်လို့ မီဒီယာတွေမှာဖော်ပြပါတယ်။ အောက်ပါစခရင်‌ရှော့ခ်ကတော့ ဖေ့စ်ဘွတ်မှာဖြန့်ဝေထားတဲ့ ပို့စ်ဖြစ်ပါတယ်။ အလားတူဖြန့်ဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ဖမ်းမိချိန်ဖော်ကောင်လုပ်လို့ဆိုပြီး အကြမ်းဖက် NUG pdfက  လိုက်ရှင်းနေပြီ ဒေါ်လီလီနိုင်ကျော် အား သတ်ဖြတ်ခဲ့သည့် ကောင်းဇာနည်ဟိန်း ၏ အမေ နှင့် အမ ဖြစ်သူ နှစ်ဦးကို ယမန်နေ့ညနေ့က ၎င်းတို့နေထိုင်ရာ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာရှိ ၎င်း နေအိမ်တွင် အသတ်ခံရ ။” မူရင်းလင်ခ့် […]

Continue Reading

Fact Check: ‌အမေရိကန်ဆီက ထောက်ပံကြေး ဒေါ်လာ ၂ ဘီလီယံ NUG ရရှိတဲ့ သတင်းတု

အမျိုးသားညီညွှတ်ရေး အစိုးရ(NUG) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဆာဆာ ဟာ အမေရိကန်နဲ့ သဘောတူညီချက်ရပြီး အမေရိကန်ဆီက ထောက်ပံကြေး ဒေါ်လာ ၂ ဘီလီယံ NUG ရတယ်ဆိုတဲ့ ပို့စ် အွန်လိုင်းအသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့  Khit Thit Channel အမည်နဲ့ ယူကျူ့အကောင့်ကနေ ဇွန် ၃ ရက်က မျှဝေထားတာကို စခရင်ရှော့ ရိုက်ထားခြင်းဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ NUG က ဝန်ကြီး ‌ဒေါက်တာ ဆာဆာနဲ့ အမေရိကန်အစိုးရတို့ တွေ့ဆုံမှု သို့မဟုတ် သဘောတူညီချက်အကြောင်း သတင်းဖော်ပြချက်မျိုး မရှိပါဘူး။ […]

Continue Reading

Fact Check: နေပြည်တော်ထောင်ခါလို့ အမေစုနဲ့ သမ္မတကြီးလွတ်မြောက်ဆိုတဲ့ သတင်းမှား

နေပြည်တော်ထောင်ခါလို့ အမေစုနဲ့ သမ္မတကြီးလွတ်မြောက်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုဖြစ်ပါတယ်။  မူရင်းလင်ခ့် – Fb link  | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုလေ့လာကြည့်ရာမှာ ခေါင်းစဉ်တုခေါင်းစဉ်လွဲတပ်ပြီး ရန်ကုန်ခေတ်သစ်မီဒီယာက သတင်းဗွီဒီယို ဖိုင်တစ်ခုကို မျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ မူလကရန်ကုန်ခေတ်သစ်မီဒီယာက မေ ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်ဖော်ပြခဲ့တဲ့ ဗွီဒီယိုကို ဒီလင့်ခ်မှာကြည့်ပါ။  ၆ မိနစ်ကျော်‌ကျော်သာရှည်လျားတဲ့ ဒီမူလဗွီဒီယိုထဲမှာ  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမှာ မုန်တိုင်းသင့်ပြည်သူ တွေကို တစ်ဦးလျှင် ဆန် ၂ ဘူးစီ စစ်တပ်ကပေးအပ်တာမှာ မယူသူများပြားတဲ့အကြောင်း၊ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ တရုတ် ဝမ်ပေါင်ကြေးနီ စီမံကိန်းက ရဲကင်းဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကနေ […]

Continue Reading

Fact Check: တောင်ငူထောင်မှာအကျဉ်းသား ၉၀ ထွက်ပြေးတယ်ဆိုတဲ့ချဲ့ကားထားတဲ့ သတင်းမှား

တောင်ငူထောင်ကနေ အကျဉ်းသား (၉၀ )ထွက်ပြေးလွတ်မြောက်သွားပြီး စစ်ကောင်စီဘက်မှ စစ်သား (၃၀)ပစ်သတ်ခံရကာ သေနတ် (၄)လက် လုယူသွားတယ်ဆိုတဲ့ ဗီဒီယိုပို့စ်တခု လူမူကွန်ယက်စာမျက်နှာမှာ ယနေ့ ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ မူရင်းသတင်းအမှန်ကို ချဲ့ကားပြီး သတင်းတု ပြန်လည် ဖန်တီးထားတာကို တွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့  ဗွီဒီယိုရုပ်ကတ်ထဲမှာ “၁၉ ရက်နေ့တောင်ငူထောင် မီးလောင်ပြီ အကျဉ်းသား (၉၀)ထွက်ပြေးလွတ်မြောက် စစ်ခွေး (၃၀)ပစ်သတ် သေနတ် (၄)လက်လုယူ” စသဖြင့် Bestss Videos အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာ အောက်ပါတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် –FB link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာတော့ တောင်ငူထောင်မှာ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ ၁ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးက […]

Continue Reading

Fact Check: PDFတွေလက်နက်နဲ့ပြန်ဝင်လာရင်ကားစီးနဲ့ တိုက်တလုံးပေးမည်လို့ စစ်ကောင်စီဖိတ်ခေါ်တဲ့ သတင်းမှား

ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF )‌တွေ လက်နက်နဲ့ အလင်းဝင်ရင် ကားတစီးနဲ့ တိုက်တလုံး ပေးမည်ဆိုပြီး စစ်ကောင်စီကဖိတ်ခေါ်နေတယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု ယူကျု့ချန်နယ်မှာ ဖြန့်ဝေထားရာမှာ  ပျံ့နှံ့မှုအား ကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိမှုဖြစ်တယ်။ ဒီပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုရုပ်ကတ်ထဲမှာ “PDFတွေ လက်နက်နဲ့ ပြန်ဝင်လာရင် ကားတစ်စီးနဲ့ တိုက်တစ်လုံး ပေးမည်ဟု စစ်ကောင်စီက အထူးဖိတ်ခေါ် မနိုင်တော့တာ ဝန်ခံလိုက်ပြီ” လို့ စသဖြင့် ရေးသား ထားပါတယ်။ 7days media အမည်နဲ့ ယူကျု့ချန်နယ်က  မျှဝေထားတဲ့ ဗွီဒီယိုကို အောက်ပါတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် –Youtube link  | Archive link အချက်အလက်စိစစ်ချက် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF )‌တွေ လက်နက်နဲ့ ပြန်ဝင်လာရင်ကားတစ်စီးနဲ့ တိုက်တစ်လုံး ပေးမည်ဆိုပြီး စစ်ကောင်စီကဖိတ်ခေါ်နေတယ်ဆိုတဲ့သတင်းကို […]

Continue Reading

Fact Check: အာဆီယံအစည်းအဝေး NUG ကိုယ်စားလှယ်တက်ရောက်တဲ့ သတင်းမှား

NUG ကိုယ်စားလှယ် အာဆီယံအစည်းအဝေးတက်ရောက်ခဲ့တယ်ဆိုပြီး ဗွီဒီယိုတစ်ခု ပျံ့နှံ့မှုအားကောင်းနေပါ တယ်။ သတင်းမှားသာဖြစ်ပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာထိုင်ခုံနေရာ လစ်လပ်နေခဲ့ပါတယ်။  “အာဆီယံဆွေးနွေးပွဲ NUG ကိုယ်စားလှယ်တက်ရောက်#အဖွဲ့ဝင် ၁၀နိုင်ငံ ဝမ်းပန်းသာ ကြိုဆို”လို့ ဗွီဒီယိုခေါင်းစီး စာသားမှာရေးသားထားသလို ဗွီဒီယိုထဲမှာလည်း အလားတူ ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တနှစ် ၂ ကြိမ် အာဆီယံနိုင်ငံ တွေအကြား အလှည့်ကျစနစ်နဲ့ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံမှာ မေ ၉ ရက်က ၁၁ ရက်အထိ ကျင်းပခဲ့ပြီး ဒီအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စား ပြုနေရာနဲ့ ပတ်သက်ပြီး ချန်လှပ်ခဲ့တာ တွေ့ပါတယ်။  […]

Continue Reading