Fact Check: တော်လှန်ရေးကာလပြီးဆုံးပြီလို့ NUG သမ္မတကြေညာဆိုတဲ့သတင်းမှား

တော်လှန်ရေးကာလပြီးဆုံးပြီလို့ NUG သမ္မတကြေညာလိုက်လို့ မြို့နယ် ၅ ခုမှာ အောင်ပွဲခံကြတယ် ဆိုတဲ့သတင်းမှားဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။  ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “အမေရိကန်နဲ့ NUG အရေးပေါ်ကြေညာ”စသည်ဖြင့်ရေးသားထားသလို “တော်လှန်ရေးကာလပြီးဆုံးပြီဟု ယာယီသမ္မတအရေးပေါ်ကြေညာ မြို့နယ် ၅ ခုမှာ အောင်ပွဲခံပြီ ““The Mercerneries ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ NUG ယာယီသမ္မတနဲ့ EU ကိုယ်စားလှယ်တို့ အွန်လိုင်းတဆင့် ဆွေးနွေးမှုနဲ့ သတင်းကို သတင်းခေါင်းစဉ်လွဲနဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အမေရိကန်နဲ့ NUG ပူးတွဲကြေညာချက်မတွေ့ရသလို ဒီလို EU ကိုယ်စားလှယ်နဲ့ဆွေးနွေးမှုဟာ မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်ဆိုတဲ့ သတင်းတုသတင်းမှား

ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်ဆိုတဲ့ သတင်းမှား ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ မိုးကောင်းမှာ ဗိုလ်ကြီးတစ်ယောက် PDF ရဲ့ ပစ်ခတ်ခံရပြီး သေဆုံးမှုသတင်း ကို လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်နဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “အမေစုနာရေးသတင်းစစ်တပ်ထုတ်ပြန်။သေချာလားစုံစမ်းနေဆဲပါ”လို့ ရေးသားပြီး “Was was” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေခဲ့တာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာလည်း “ဒေါ်စုသေပြီဟု စစ်တပ်ဘက်ကထုတ်ပြန် တကယ်လားစုံစမ်းနေဆဲပါ”လို့ ရေးသားထားပါတယ်။ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၈၀ ဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ချိရာမှာ ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်လို့ ရေးသားထားပေမဲ့ ဒီလိုမျိုးသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မတွေ့ရသလို စစ်တပ်ထိန်းချူပ်ထားတဲ့ မီဒီယာတွေမှာလည်းဖော်ပြချက်မတွေ့ရပါဘူး။  ထို့အပြင် ဗွီဒီယိုကိုလေ့လာရာမှာ […]

Continue Reading

Fact Check:  NLD မပါတဲ့ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ တရုတ်ပြောတဲ့သတင်းမှား

NLD မပါတဲ့ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ တရုတ်ပြောပြီး စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို ငြင်းပယ်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “တရုတ်က ငြင်းပယ်လိုက်ပြီ NLD မပါတဲ့ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ အပြတ်ပြော” စသည်ဖြင့်ရေးသားပြီး “N G V”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၉ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ရဲ့ အဖွင့်စာသားနေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီ၊တရုတ်ဝန်ကြီးချုပ် လီခကျန်းဓာတ်ပုံတွေနဲ့အတူ NLD မပါတဲ့ရွေးကောက်ပွဲ တရုတ်ငြင်းပယ်လို့ တရုတ်ဘက်က အပြတ်ပြောပြီလို့ ဆိုထားပေမဲ့ ဒီဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာမပါဝင်ဘူး။ ဒီလို တရုတ်က မြန်မာစစ်တပ်က […]

Continue Reading

Fact Check: KNUခေါင်းဆောင်တွေအကုန်အဖမ်းခံဆိုတဲ့သတင်းမှား

ကရင်အမျိုးသားအစည်းအရုံး(KNU)ခေါင်းဆောင်တွေ အဖမ်းခံရပြီလို့ နိုင်ငံခြားရေးတာဝန်ခံဖြစ်တဲ့ ပဒိုစော တာနီးကထုတ်ပြန်လိုက်တယ်လို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ရှိခဲ့ပါ တယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်အဖွင့်မှာ “ပြသနာတက်ကုန်ပြီ‌‌‌‌‌ဟေ့၊မင်းအောင်လှိုင်ဘောမနေတဲ့ KNUခေါင်းဆောင်တွေ အကုန်အဖန်းခံရပြီ၊ပဒိုစောတောနီးထုတ်ပြန်လာပြီဗျို့“လို့ စသည် ဖြင့် ရေးသားကာ “အကုန်သိသတင်းဌာန” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် –Youtube link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင် အဖွင့်မှာပါဝင်တဲ့ “KNUခေါင်းဆောင်တွေ အကုန်အဖမ်းခံရပြီ၊ပဒိုစောတောနီး ထုတ်ပြန် လာပြီ ဗျို့”ဆိုတဲ့ သတင်းအကြောင်းအရာနဲ့ ပတ်သက်လို့  မပါ ဝင်ပါဘူး။  ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေ အဖမ်းခံရခြင်းနဲ့ […]

Continue Reading

Fact Check: ကျောက်ဆည်အချုပ်ထောင်ကို အချုပ်သားများ မီးရှို၊သေနတ်လုပစ်ခတ်မှု ၅၈ ဦးသေဆုံးဆိုတဲ့နားလည်မှုလွဲစေနိုင်တဲ့သတင်းမှား

ကျောက်ဆည်အချုပ်ထောင်မီးရှို့လိုက်ပြီ၊အချုပ်သားများက သေနတ်လုပြီးပစ်ကုန်ပြီ၊စစ်ခွေး (၅၈) ဦး သေဆုံးဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်း ခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “ကျောက်ဆည်အချုပ်ထောင်မီးရှို့လိုက်ပြီ၊အချုပ်သားများက သေနတ်လုပြီး ပစ်ကုန်ပြီ၊ စစ်ခွေး (၅၈) ဦး သေဆုံး “စသည် ဖြင့် ရေးသားကာ “Get the Light”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် –FB link|  Archive link အလားတူ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာမှာ တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၁၀မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်တစ်ခုလုံးမှာ ဗွီဒီယိုဖိုင် အဖွင့်မှာပါတဲ့ “ကျောက်ဆည်အချုပ် ထောင်မီးရှို့ လိုက်ပြီ၊အချုပ်သားများက သေနတ်လုပြီးပစ်ကုန်ပြီ၊စစ်ခွေး (၅၈) ဦး သေဆုံး”ဆိုတဲ့ အကြောင်းအရာ […]

Continue Reading

Fact Check: မင်းကိုနိုင်ကို ဖမ်းမိပြီ၊ကြိုးပေးသတ်မယ်ဆိုတဲ့ သတင်းမှား

စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာ MRTV သတင်းနောက်ခံနဲ့ ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင် ကိုမင်းကိုနိုင်ကို စစ်ကောင်စီက ဖမ်းမိပြီ ၁၈ ရက်နေ့ ပြည်သူရှေ့မှာ ကြိုးပေးသတ်ပြမယ် ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ယူကျု့ချယ်နယ်တစ်ခုမှာ ဖြန့်ဝေရာမှာ ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ တကယ်တော့ သတင်းတုဖြန့်ချိ နေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “စိတ်ခိုင်မှကြည့်ကြပါ။ မင်းကိုနိုင်ကိုဖမ်းမိသွားပြီ၊ကိုဂျမီတို့လိုကြိုးမိန့်တဲ့” “ပြည်သူတွေရင်ကြိုးရပြန်ပြီ မင်းကိုနိုင်ကိုဖမ်းမ်ပြီ ၁၈ ရက်နေ့ ပြည်သူရှေ့ ကြိုးပေးသတ်ပြမယ်တဲ့”စသည် ဖြင့် ရေးသားကာ “Daily  News Myanmar”အမည်နဲ့ ယူကျု့ချယ်နယ်က အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် –Youtube link|  Archive link အချက်အလက်စိစစ်ချက် ၆မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်တစ်ခုလုံးမှာ ဗွီဒီယိုဖိုင် အဖွင့်မှာပါတဲ့ “မင်းကိုနိုင်ကိုဖမ်းမိပြီ၊ […]

Continue Reading

Fact Check: ပုသိမ်အကျဉ်းထောင် ထောင်ဖောက်ခံရ အကျဉ်းသားအားလုံးပျောက်ဆုံး သတင်းတု

ပုသိမ်အကျဉ်းထောင် ဖောက်ခံရပြီး အကျဉ်းသားအားလုံလွတ်မြောက်သွားတယ်ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ“၁၄ ရက်နေ့ ပုသိမ်အကျဉ်းထောင် အရေးပေါ် ထောင်ဖောက်ခံရ အကျဉ်းသား အားလုံး ပျောက်ဆုံး“လို့ စသည် ဖြင့် ရေးသားထားပါတယ်။ “KAKA Drama”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link|  Archive link  အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာ၊ဒီနေရာ၊ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ထဲမှာ ပုသိမ်အကျဉ်းထောင် အရေးပေါ် ထောင်ဖောက်ခံရ အကျဉ်းသား အားလုံးပျောက်ဆုံး တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။  အမှန်တကယ် အသံဖိုင်ထဲမှာ ပါဝင်တဲ့ သတင်းအကြောင်းအရာတွေကတော့“ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့် ပြန်လွတ်လာပြီဆိုတဲ့ သတင်းမှား

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့သမတကြီးဦးဝင်းမြင့်တို့ကို ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြန်လွတ်မြောက်လာပြီလို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်း ခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “ဖေဖော်ဝါရီလ ၉ ရက် ၊ ညနေ ၉နာရီ သမ္မတဦးဝင်းမြင့်နဲ့ဒေါ်စုလွှတ်ရလာပြီ ၊ပျော်လွန်းလို့မျက်ရည်တေညင်ကျမိတယ်“လို့ စသည် ဖြင့် ရေးသားကာ “NGV”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link|  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၂၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင် အဖွင့်မှာပါတဲ့ “ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ညနေ ၉ နာရီ၊ သမ္မတဦးဝင်းမြင့်နဲ့ဒေါ်စုလွှတ်ရလာပြီ”ဆိုတဲ့ အကြောင်းအရာ […]

Continue Reading

Fact Check: နေပြည်တော်ကို PDF ကသိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းမှား

စစ်ကောင်စီရဲ့ အဓိက အုပ်ချုပ်ရေးနေရာဖြစ်တဲ့ နေပြည်တော်ကို ပြည်သူ့ ကာကွယ်ရေးတွေကသိမ်းပိုက်လိုက်ပြီး ရေ၊မီးဖြတ်တောက်ပစ်လိုက်တယ်လို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “အကုန်သိသတင်းဌာန၏ဖေဖော်ဝါရီလ ၉ ရက်နေ့၊နံနက်ခင်းသတင်း”၊ “နေပြည်တော်ကိုသိမ်းပိုက်လိုက်ပြီ မအလနဲ့အာဏာရူးအုပ်စုကိုPDFတပ်များမှရေ၊မီး အကုန်ဖြတ်တောက် ပစ်လိုက်ပြီ“လို့ စသည် ဖြင့် ရေးသားကာ “Man Media”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link|  Archive link  အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ယူကျူ့ချန်နယ်ရဲ့  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင် အဖွင့်မှာထဲမှာပါဝင်တဲ့ “ နေပြည်တော်ကို သိမ်းပိုက်လိုက်ပြီ မအလနဲ့အာဏာရူးအုပ်စုကိုPDFတပ်များမှ ရေ၊မီးအကုန်ဖြတ်တောက် ပစ်လိုက်ပြီ”ဆိုတဲ့ […]

Continue Reading

Fact Check: ချင်းပြည်နယ်မှာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ကို ဟုမ္မလင်းမှာ ပစ်ချခံရတဲ့ လေယာဉ်အဖြစ် မျှဝေ

ဟုမ္မလင်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မြန်မာစစ်တပ် ရဟတ်ယာဉ် ၁ စီးကို ပျက်ကျအောင် ပစ်ချခဲ့တဲ့ အပိုင်းအစပုံတွေလို့ဆိုထားတဲ့ ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)က ကာကွယ်ရေးဝန်ကြီးဌာနက အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဉ် တစ်စီး ပစ်ချနိုင်ခဲ့တယ်လို့ သူတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာဖော်ပြခဲ့အပြီး အခုလို သတင်းဓာတ်ပုံ မှားတစ်ခုပျံ့နှံ့ လာတာပဲဖြစ်ပါတယ်။ “ဖေဖော်ဝါရီ ၃ ရက် နေ့လည် (၃:၄၅)နာရီခန့်တွင် ဟုမ္မလင်းမြို့နယ် ဖြစ်ပွားသော တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ  စကစ ရဟတ်ယာဉ် ၁ စီးကို ပျက်ကျအောင် ပစ်ချခဲ့သည့် လေပျံ အပိုင်းအစ ပုံရိပ်။ Feb 3”လို့ ရေးသားပြီး “People’s Power” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာကို အောက်ပါအတိုင်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – […]

Continue Reading