Fact Check: ကျပ် ၁၀၀၀၀ တန်များကို ငွေမဲအဖြစ်ကြေညာတယ်ဆိုတာ မဟုတ်ပါ

မြန်မာငွေ ငါးထောင်တန်များကို ငွေမဲ အဖြစ် ဗဟိုဘဏ် ကြေငြာလိုက်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ဒီသတင်းဟာ မှားယွင်းပါတယ်။ စစ်တပ်တပ်ပိုင် မီဒီယာက သတင်းကြေညာသူအမျိုးသားနဲ့အမျိုးသမီးဓာတ်ပုံနှင့်အတူ ၎င်းဓာတ်ပုံပေါ်မှာ “မြန်မာငွေ ၁၀၀၀၀ တန်များကို ဗဟိုဘဏ်မှအခုပဲ ငွေမဲ ကြေညာလိုက်ပြီ”လို့ စာတန်းထိုးထားပြီး မတ် ၂၄ ရက်က အောက်ပါအတိုင်း မျှဝေထားထားတွေ့ပါတယ်။ လင့်ခ်စာသားနေရာမှာတော့ “မြဝတီမာကြေညာသွားတာ သွားပြီးဗျာ”လို့ရေးသားထားပါတယ်။  တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  ဖေ့စ်ဘွတ်မှာ ယခုလိုမျှဝေထားတဲ့လင့်ခ်နှိပ်ကြည့်ရာမှာ bmnews အမည်နဲ့ ဘလော့ဂ်ဝက်ဘ်ဆိုဒ် စာမျက်နှာကို ရောက်ရှိသွားပြီး ယခုဓာတ်ပုံနဲ့ စာသားကိုပဲ ၃ ကြိမ်ထက်မနည်းထပ်တွေ့ရပြီး အောက်ခြေမှာတော့ ဗွီဒီယိုတစ်ခု ကိုတွေ့ရပါတယ်။ ဒီဗွီဒီယိုကို ထပ်မံနှိပ်ကြည့်ရာမှာ […]

Continue Reading

Fact Check: ဒီဓာတ်ပုံက စစ်ကိုင်းက PDFရန်ကြောင့် ဘုန်းကြီးကျောင်းကို ထွက်ပြေးလာရသူတွေလား-မဟုတ်ပါ

စစ်ကိုင်းမှာ PDFရန်ကြောင့် ဘုန်းကြီးကျောင်းသို့ ထွက်ပြေးလာရသူတွေများပြားလာပြီဆိုပြီးတော့ စစ်ဘေးရှောင် မိသားစုလို့ ယူဆရတဲ့ ဓာတ်ပုံတစ်ပုံနှင့် ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့လျက်ရှိပါတယ်။ သို့သော် ပြောဆိုချက်ဟာ မှားပါတယ်။ ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် မေလအတွင်းက ကရင်စစ်ဘေးရှောင်မိသားစု ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “PDFရန်ကြောင့် ဘုန်းကြီးကျောင်းသို့ထွက်ပြေးသူများပြားလာ မတ် ၂၃/၂၀၂၂ စစ်ကိုင်းတိုင်းကျေးလက်ဒေသအများတွင် PDF. မွေးတဲ့စစ်မီးကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး နေစရာအခက်ခဲဖြစ်သောကြောင့် ကျေးရွာရှိဘုန်းကြီးကျောင်းများနှင့် စစ်ကိုင်း မုံရွာစတဲ့မြို့ပေါ်ဘုန်းကြီး ကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရှိရပါသည် ရွာလည်းမပြန်ရဲ မြို့ပေါ်မှာနေပြန်တော့လည်း လက်တစ်လောဘာလုပ်ကိုင်စားသောက်ရမှန်း မသိသေးသော ကြောင့်ဘုန်းကြီးကျောင်းတွေမှာ ခေတ္တနေနေရသည်ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ ပြောကြားလိုက်ပါတယ်။”လို့“မလေးသူဇာ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ ယခုအချိန်ဟာ စစ်ကိုင်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်တွေအကြား ထိတွေမှုတိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေချိန်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  […]

Continue Reading

Fact Check: ၂၀၁၃ ခုနှစ် ဖိလစ်ပိုင်မုန်တိုင်းက ဓာတ်ပုံကို လပွတ္တာမှာ မုန်တိုင်း ဝင်ရောက်ပုံအဖြစ်ဖော်ပြနေတဲ့သတင်းမှား

လပွတ္တာမှာ မုန်တိုင်းဝင်သွားပြီးနောက်အခြေအနေဆိုပြီးတော့ အပျက်အစီးမြင်ကွင်းဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားပါတယ်။ ဓာတ်ပုံဟာလည်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ဖိလစ်ပိုင်နိုင်ငံမှာ မုန်တိုင်းဝင်ရောက်ခဲ့တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “ညနေ ၃နာရီ အခြေအနေပါလပွတ္တာပါ 🥺 အိမ်တွေ တော်တော်များများ အကုန်ပါကုန်ပြီဗျာ😢 ဂရုစိုက်ကြပါအမျိုးတို့ 💔 Photos Crd” စသည်ဖြင့် ရေးသားပြီး “PyaePhyo Zaw”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၁၃ ခုနှစ်က အင်အားပြင်း ဆူပါတိုက်ဖွန် မုန်းတိုင်း ဟိုင်ယန်(Haiyan)ကြောင့် […]

Continue Reading

Fact Check: ပင်စင်စနစ်ဖျက်သိမ်းဖို့ စစ်တပ်အမိန့်ထုတ်ဆိုတဲ့ သတင်းတုသတင်းမှား

သက်ကြီးရွယ်အိုပင်စင်စနစ်ဖျက်သိမ်းဟုစစ်တပ်မိန့် ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ယခုလ ပထမအပတ်အတွင်း ပျံ့နှံ့လျက်ရှိပါတယ်။  သို့သော် ယခု လတ်တလော ပျံ့နှံ့နေလျှက်ရှိပို့စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ပျံ့နှံ့ခဲ့တဲ့ ပို့စ် အဟောင်းကို ပြန်လည်အသုံးပြုထားတာ ဖြစ်ပါတယ်။  အောက်ပါစာသားတွေကတော့ ဓာတ်ပုံနဲ့အတူ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါ စာသားအချို့ဖြစ်ပါတယ်။ “ပင်စင်စနစ်ဖျက်သိမ်းပြီဟုစစပ်မိန့် ပြ်တည်သူဘဝတော့သွားပါပြီ” စသည်ဖြင့် ရေးသားပြီး “𝐃𝐫𝐞𝐚𝐦” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဖေဖော်ဝါရီ ၂၀ ရက်က မျှဝေထားတာတွေ့ရပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် နာမည်ဂုဏ်သတင်းရှိပြီး သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ ဒီအကြောင်းအရာကို မတွေ့ရှိရပါဘူး။ စစ်တပ်ထိန်းချုပ်ထားတဲ့ […]

Continue Reading

Fact Check: Box No. 88 ဇာတ်ကားရိုက်ကွင်းက မြင်ကွင်းဓာတ်ပုံတစ်ခုကို ယနေ့ထောင်ကလွတ်လာတဲ့ အိန္ဒြာကျော်ဇင်ပုံအဖြစ်ပျံ့နှံ့မှုအားကောင်းနေ

သရုပ်ဆောင် အိန္ဒြာကျော်ဇင်အပါအဝင် အနုပညာရှင်အချို့ ဒီကနေ့ ထောင်ကနေပြန်လည် လွတ်မြောက်လာတဲ့ သတင်းနဲ့ အတူ အိန္ဒြာကျော်ဇင် ကားပေါ်က ဆင်းလာတဲ့ ဓာတ်ပုံ ၁  ပုံကို အိမ်ပြန်ရောက်တဲ့ ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအား ကောင်းလျက်ရှိပါတယ်။  တကယ်တော့ ဒီဓာတ်ပုံဟာ ဓာတ်ပုံဟောင်းတစ်ပုံဖြစ်ပြီး ရုပ်ရှင်ရိုက်ကွင်းက ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။  â€œá€…á€­á€á€şá€‘á€Źá€¸á€”á€žá€œá€Żá€śá€¸á€žá€Źá€¸á€œá€žá€á€˛á€ˇá€›á€˝á€žá€ąá€™á€„á€şá€¸á€žá€™á€Žá€¸ ရဲ့  အိမ်အပြန် ခြေလှမ်း အောင်မြင်ပါစေ တိုင်းပြည်နဲ့ မိသားစုကို ဦးဆောင်နိုင်ပါစေ Maung Tun Wai 2-3-2022”လို့ရေးသားပြီး “Maung Tun Wai”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  ဒီဓာတ်ပုံကိုပဲ “ပြန်ရောက်ပါပြီ တဲ့.. ၂၊၃၊၂၀၂၂ Photo .Sai Zwe […]

Continue Reading

Fact Check: မြန်မာစစ်တပ် ဦးမင်းအောင်လှိုင်ကို ထောက်ခံကြောင်း အမေရိကန် ဝါရှင်တန်ဒီစီမှာ ဆန္ဒထုတ်ဖော်ပုံလား-မဟုတ်ပါ

မြန်မာစစ်တပ် ဦးမင်းအောင်လှိုင်ကို ထောက်ခံကြောင်း အမေရိကန် ဝါရှင်တန်ဒီစီမှာ ဆန္ဒထုတ်ဖော်ပုံဆိုပြီးတော့ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ အမေရိကန်အလံကိုင်ဆောင်ထားသူအချို့နဲ့အတူ စစ်တပ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ကိုင်ဆောင်ထားသူအမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံ ၂ ပါဝင်တယ်။  သို့သော် ဒီဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ်အတွင်းက အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ဖို့အတွက် အိမ်ထဲမှာနေဖို့အမိန့်ထုတ်ထားတာကို ဆန္ဒကျင့် ဆန္ဒပြပုံတွေကို ပြုပြင်ပြောင်းလဲထားတာဖြစ်ပါတယ်။ “မြန်မာစစ်တပ် ဦးမင်းအောင်လှိုင် ကို ထောက်ခံကြောင်း..အမေရိကန် ဝါရှင်တန်ဒီစီမှာ ဆန္ဒထုပ်ဖော်နေ ကြပြီ.. မျီုးချစ်အပေါင်းတို့ရေ”စသည်ဖြင့်ရေးသားပြီး “Kwee”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေထားတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  ၂၀၂၁ ခုနှစ် […]

Continue Reading

Fact Check: ငွေကြေးအလွဲသုံးစားမှုများကြောင့် NUG အကျပ်တွေ့နေကြောင်း RFA Burmese ကရေးသားလို့ သတင်းမှားဖြန့်

ငွေကြေးအလွဲသုံးစားမှုများကြောင့် NUG အကျပ်တွေ့နေကြောင်း စုံစမ်းဖော်ထုတ်ထားတဲ့ ဗွီဒီယိုဆိုပြီးတော့ ပို့စ်တစ်ခုယူကျူ့နဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ RFA သတင်းဌာနက ရေးသားခဲ့တဲ့ “ငွေကြေးအလွဲသုံးစွဲမှု မရှိဟု NUG နိုင်ငံခြားရေး ဝန်ကြီး ပြောကြား”ဆိုတဲ့ ဗွီဒီယိုကိုအသုံးပြုပြီး သတင်းမှားဖြန့်ဝေခြင်းဖြစ်တာတွေ့ရပါတယ်။ “ငွေကြေးအလွဲသုံးစားမှုများကြောင့် NUG အကျပ်တွေ့နေ Shaping Myanmar 10.2.2022 RFA ခင်မောင်စိုးမှ PDF လူငယ်လေးများ ကျည်ဆံမရှိ၊ ရိက္ခာနဲ့ ဆေးဝါး မရှိချိန်မှာ၊ NUG ဝန်ကြီးများရဲ့ ဒေါ်လာ ငွေအလွဲ သုံးစားမှုသတင်းများ ထွက်ပေါ်လာနေတာကို စုံစမ်းဖော်ထုတ် ထားပါတယ်။” လို့ ရေးသားပြီး ၅ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုကို အောက်ပါအတိုင်း “BB Channel”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Youtube […]

Continue Reading

Fact Check: အာဏာပြန်လွှဲပြီ၊ ဒါရိုက်တာဝိုင်းသေဆုံး၊ရန်ကုန်တရားရုံးချုပ်ဗုံးပေါက်ကွဲ စတဲ့ သတင်းတုများစွာနဲ့ Truenewsu ဝက်ဘ်ဆိုဒ်

မင်းအောင်လှိုင်မရှိတုန်း ဒုဗိုလ်ချုပ်ကြီးစိုးဝင်း တရားဝင်လက်မှတ်ထိုးပြီး အာဏာပြန်လွှဲလိုက်ပြီ ဆိုပြီးတော့  ဖေဖော်ဝါရီ ၈ ရက်ကဖေ့စ်ဘွတ်မှာ မျှဝေခဲ့တဲ့အကြောင်းအရာဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့မှု အားကောင်း ခဲ့ပါတယ်။ဒီသတင်းဟာ သတင်းတုတစ်ခုသာဖြစ်ပါတယ်။  â€œTruenewsu”အမည်နဲ့ဝက်ဘ်ဆိုဒ်က “MWDမှာအခုကြေငြာလိုက်ပြီ”လို့လည်းရေးသားထားသလို “မင်းအောင်လှိုင်မရှိတုန်း ဒုဗိုလ်ချုပ်ကြီးစိုးဝင်း တရားဝင် လက်မှတ်ထိုးပြီဟေ့ အာဏာပြန်ရပြီဗျို့ ” လို့ရေးသားထားတဲ့ ဓာတ်ပုံလည်းပါဝင်ပါတယ်။ တူညီတဲ့မျှဝေမှုတွေဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် စစ်တပ်ပိုင်မြဝတီသတင်း ဌာနက ဒီလိုကြေညာခဲ့ခြင်းမရှိပါဘူး။ ဒီလင်ခ့်မှာကြည့်ပါ။  “Truenewsu” အမည်နဲ့ ဒီဝက်ဘ်ဆိုဒ်မှာတွေ့ရတဲ့  အကြောင်းအရာတွေကို လေ့လာကြည့်ရာမှာ အင်တာနက်ကနေ လူစိတ်ဝင်စားစေမယ့် သတင်းခေါင်းစဉ်တုတွေပေးပြီး ဗွီဒီယိုတစ်ခုကို ကြည့်ရှု့သူအရေ အတွက်ပေါ်မူတည်စီးပွားရှာနေတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ ဗွီဒီယိုပါအသံဖိုင်ထဲမှာတော့ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့ သတင်းနဲ့ အကြောင်းအရာတွေကို […]

Continue Reading

Fact Check:  ဟိုဖိတ်ရွာမှာ KNPP နဲ့ PDF က အမျိုးသမီးတစ်ဦးကို မျက်လုံးဖောက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းမှား

 á€œá€˝á€­á€Żá€„်က္ဏ် ဟိုဖိတ်ကျေးရွာမှာ KNPP နဲ့ PDF က အမျိုးသမီးတစ်ဦးကို မျက်လုံးဖောက်သတ်ဖြတ်ခဲ့တယ်ဆိုပြီး ဓာတ်ပုံ ၃ ပုံကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။  သို့သော် ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီလုပ်ရပ်ဟာ သူတို့နဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုထားတာ တွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “KNPP, PDF ၏  War Crime (စစ်ရာဇဝတ်မှု) ကျူးလွန်ခြင်း”လို့ ခေါင်းစဉ်တပ် ရေးသားထားပါတယ်။ “KNPP+PDF အဖွဲ့တွေဟာ လွိင်ကော်မြိုနယ်၊ ဂေါ်ရခါးရွာမှာ ခိုအောင်းနေရာကနေ တပ်မတော်ရဲ့ တိုက်ခိုက်မှုကြောင့်  ဟိုဖိတ်ရွာသို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ထပ်မံလိုက်လံတိုက်ခိုက်ရာမှာ လူနေအဆောက်အဦ၊ ပြည်သူပိုင်အဆောက်အဦနဲ့ ဘာသာရေး အဆောက်အဦ များတွင် ပစ်ကျင်း၊ ပစ်ကုတ်များတူးပြီး ခံစစ်ပြင်ဆင်တပ်စွဲခြင်းနှင့် ရပ်ကွက်များ အတွင်း ဆက်သွယ်ရေး မြောင်းများ၊ သဲအိတ် ဘန်ကာများ၊ […]

Continue Reading

Fact Check: ဓမ္မစေတီခေါင်းလောင်းပေါ်လာပြန်ပြီလား-မဟုတ်ပါ

ဓမ္မစေတီခေါင်းလောင်းကြီး ပြန်ပေါ်လာပြီဖြစ်လို့ ပြန်လည်ဖော်ယူတော့မယ်ဆိုပြီးတော့ ဓာတ်ပုံ ၁ပုံနဲ့အတူ ရေးသားထားတဲ့ ပိုစ့်တစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ပုံထဲမှာ သောင်တူးစက်ပါဝင်တဲ့ ကူးတို့ဇက်သင်္ဘောတစ်စီးလို့ ယူဆရတဲ့ မြင်ကွင်းပါဝင်ပြီး ဒီလိုပြန်လည်တူးဖော်နိုင်ရေး အလှူငွေထည့်ဝင်ကြဖို့နဲ့ ဒီသတင်းကို ကိုယ့်မိတ်ဆွေတွေဆီမျှဝေကြဖို့လည်း လည်းတိုက်တွန်းထားပါတယ်။ သို့သော် ဓာတ်ပုံနဲ့ အကြောင်းအရာဟာ ၂၀၁၄ ခုနှစ်အတွင်းက ရေပန်းစားခဲ့တဲ့အကြောင်းအရာကို ပြန်လည် ကူးယူဖော်ပြနေခြင်းဖြစ်တာတွေ့ရပါတယ်။ “ဒေါပုံချောင်းထဲ၌ အင်္ဂလိပ်မင်းလက်ထက်က တိုင်းတပါးရန်ကြောင့် ရေထဲမှာပင် ကွယ်ပျောက်နေသော ကမ္ဘာ့အကြီးဆုံး ဂင်းနစ်စံချန်တင် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးမှာ ပြာသိုလပြည့်ကျော် ၄ ရက် ညနေ သုံးနာရီမှာ ပြန်လည်ပေါ်လာပြီ ဖြစ်ပါကြောင်း သတင်းကောင်းပို့အပ်ပါသည်။ အများကြည်ညိုနိုင်ရန် ပြန်လည်ဆယ်ယူမည်ဖြစ်ကာ အလေးချိန်မှာ ကြီးမားသောကြောင့် ဆစ်ဒနီမှ စက်များဖြင့် ဆည်ယူနိုင်ရေး ရန်ပုံငွေများ ကောက်ခံပါမည်။ ငွေ လက်ခံဌာနများကိုဖြင့် […]

Continue Reading