Fact Check: မင်းမော်ကွန်းကို ရိုက်နှက်ဖမ်းဆီးသွားပြီဆိုတဲ့ သတင်းတုသတင်းမှား

​သရုပ်ဆောင်မင်းသားဘဝမှ တော်လှန်ရေးမင်းသားဖြစ်လာတဲ့ မင်းမော်ကွန်းကို ရိုက်နှက်ဖမ်းဆီးသွားပြီလို့ ရေးသားထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ အတော်များများက မျှဝေခဲ့တာတွေ့ရပါတယ်။ သို့သော်လည်း မင်းမော်ကွန်းဟာ သူ့ရဲ့လူမှုကွန်ယက်အကောင့်ကို ပုံမှန်အသုံးပြုနေဆဲဖြစ်ပြီး အခြားသောယုံကြည်ရတဲ့ သတင်းဌာနတွေမှာလည်း သတင်းဖော်ပြချက်တစ်စုံတစ်ရာမတွေ့ရပါဘူး။ “ကိုမင်းမော်ကွန်းကို မိသွားပြီတဲ့ ဗီဒီယိုဖိုင်တက်လာတာ ဝိုင်းရိုက်နေကြတာ သနားပါတယ်”လို့ရေးသားပြီး “Myanmar Tv News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၇၀၀၀၀ ကျော်ရှိပါတယ်။ ဗွီဒီယိုရဲ့ ရုပ်သေရုပ်ကပ်နေရမှာလည်း မြို့ပြရဲ့လမ်းတစ်ခုမှာ ရဲကားတစ်စီးကန့်လန့်ရပ် ထားတဲ့ ပုံပေါ်မှာ “ည ၇ နာရီထိုး မင်းမော်ကွန်းကို မိသွားပြီတဲ့ လုပ်ကြပါအုံး ဝိုင်းရိုက်နေကြတာဗျာ”လို့ ရေးသားမျှဝေ ထားပါသေးတယ်။ မူရင်းလင်ခ့် – Fb link |  Archive link တူညီတဲ့ရေးသားမျှဝေထားတဲ့ ဘလောဂ့်စာမျက်နှာတွေကို  ဒီနေရာနဲ့ ဒီနေရာ […]

Continue Reading

Fact Check: Silence Strike (အသံတိတ်သပိတ်)လုပ်မယ့်ရက်ဆိုင်ငံ့ကြောင်း NUG နဲ့ CRPH ကြေညာခဲ့ခြင်းမရှိပါ

အသံတိတ်သပိတ်(Silence Strike)လုပ်မယ့်ရက်ကို ဆိုင်းငံ့လိုက်ကြောင်း အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က ကြေညာချက်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိ ပါတယ်။  သို့သော် ဒီလိုထုတ်ပြန်ချက်စာဟာ အတုဖြစ်တာကို Fact Crescendo အနေနဲ့ တွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ NUG နဲ့ CRPH ကဆိုတဲ့ ထုတ်ပြန်ချက်ထဲမှာ ၁-၂-၂၀၂၂ ရက်နေ့မှာ Silence Strike (အသံတိတ်သပိတ်)ပြုလုပ်ဖို့ သတ်မှတ်ထားပေမဲ့ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေကို ကြိုတင် ဖမ်းဆီးခြင်း၊ ဆိုင်များကို ချိတ်ပိတ်ခြင်းလုပ်နေတာကြောင့် အသံတိတ်သပိတ်လုပ်မယ့်နေ့ကို သီးခြား ထုတ်ပြန်ကြေညာပေးသွားမယ်လို့ ရေးသားထားပါတယ်။  တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)ရဲ့ […]

Continue Reading

Fact Check: ဆန္ဒပြသူတွေကို ရပ်ကွက်ကတုတ်၊ဓါးနဲ့လိုက်ရိုက်နှက်တဲ့ဗွီဒီယိုလား- မဟုတ်ပါ

ရပ်ကွက်အတွင်းလာရောက်ဆူပူအော်ဟစ်ပြီးနောက် ရပ်ကွက်သူ၊ရပ်ကွက်သားတွေက တုတ်၊ဓားတွေနဲ့ လိုက်ရိုက် လို့ ထွက်ပြေးရတယ်ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဇန်နဝါရီ ၁၂ ရက်ကစတင်ပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ၉ စက္ကန့်ကြာတဲ့ ဒီဗွီဒီယိုထဲမှာ ဆန္ဒပြသူတွေဟာ “အောင်ရမည်”လို့ သံပြိုင်ရွတ်သံပါဝင်ပြီး ရှေ့မှာ ဗျောအိုးတစ်ခုက ဗျောက်ပေါက်ကွဲသံလည်းပါဝင်ပြီး “ခွဲ”၊ “ခွဲ”ဆိုပြီးစကားသံလည်းပါဝင်ပြီး အလျှင်အမြန်လူစုခွဲခဲ့ကြတာလည်းတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ မီဒီယာတစ်ခုမှာဖော်ပြပါရှိတဲ့ လျှပ်တပြတ်ဆန္ဒပြဗွီဒီယိုတစ်ခုသာဖြစ်ပြီး ရပ်ကွက်က တုတ်၊ဓားနဲ့လိုက်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။ စစ်တပ်ကဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲမှု တွေကြောင်း ဧပြီလနောက်ပိုင်းမှာ ဆန္ဒပြသူတွေဟာ လျှပ်တပြတ်ဆန္ဒပြပွဲတွေသာ လုပ်ဆောင်လေ့ရှိတာ တွေ့ရပါတယ်။ “ရပ်ကွက်အတွင်း လာရောက်ဆူပူအော်ဟစ်သူများအား  ရပ်ကွက်သူ/ရပ်ကွက်သားများက တုတ်၊ဓါးများဖြင့်  ခြောက်လှန့်မောင်းထုတ်ခဲ့သဖြင့် ဆူပူအ​​​ကြမ်းဖက်သူများအ​​ဖြင့် အောင်ရမည်ဟု ဆုံးအောင် ရွတ်ဆိုနိုင်ခြင်းမရှိပဲ ထွက်ပြေးခဲ့ရ ရန်ကုန်၊ ဇန်နဝါရီ ၁၂ […]

Continue Reading

Fact Check: NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ နစက ဗိုလ်ချုပ်တစ်ဦး ငြိမ်းချမ်းရေး ဆွေးနွေးဆိုတဲ့ သတင်းတု

NUG က ဦးရည်မွန်နဲ့ နစက က ဗိုလ်ချုပ်ရာပြည့်တို့ ချင်းမိုင်မြို့မှာ ညှိနှိုင်းကြတယ် ဆိုပြီးတော့ ရေးသား မျှဝေထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေနေတာဟာ မှားယွင်းကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်းရဲ့ ဖေ့စ်ဘွတ်အကောင့်ကတစ်ဆင့် ပြန်လည်ရှင်းလင်းထားပါတယ်။ “ပထမဆုံး အတိကျ နှစ်သစ်ကူးလက်ဆောင်သတင်းကောင်း နှစ်သစ်မှာ ငြိမ်းချမ်းပါစေ နစက နှင့် NUG တို့ ချင်းမိုင်မှာ ညှိနိုင်းကြပါတယ်ခင်ဗျာ… GSL 100% 100% 100% 100% ပါ ခင်ဗျ အန်ယူဂျီ ဉီးရည်မွန်မှ ရရှိသတင်းမှန်ပါ သတင်းမှားလျင် တရားစွဲပါ အခုပင် ချင်းမိုင်မြို့ရဲ့ ဟိုတယ်တခုမှာ ဗိုလ်ချုပ်ယာပြည့်နဲ့ ချီးယား ကြပါတယ် အားလုံးကို ကျေးဇူးတင်ပါတယ် ဂိုလ်ရှယ်လေး […]

Continue Reading

Fact Check: ဒီရဟတ်ယာဉ်နဲ့ပစ်ခတ်မှုဗွီဒီယိုဟာ ၂၀၁၉ခုနှစ်ကတည်းက tiktok မှာ ပျံ့နှံ့လျက်ရှိပါတယ်

မြန်မာစစ်တပ်က လေယာဉ်နဲ့ပစ်ခတ်မှုဗွီဒီယိုဖိုင်ဆိုပြီးတော့ တောင်ကုန်းတစ်ခုကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်နေတဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်မှာ ကြိမ်ဖန်များစွာမျှဝေလျှက်ရှိပါတယ်။ ၅၉ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တောင်ကုန်း တစ်ခုကို ရဟတ်ယာဉ်တစ်စီးပေါ်ကနေ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတဲ့ မြင်ကွင်းပါဝင်ပါတယ်။   သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ RFA Burmese မှာလည်း ဒီဇင်ဘာ ၂၈ ရက်က  အင်တာဗျူးတစ်ခုမှာ လေးကေ့ကော်က ဖြစ်စဉ်ဆိုပြီးတော့ ဒီဗွီဒီယိုရုပ်ကတ်ကိုအသုံးပြု ဖော်ပြခဲ့ တာတွေ့ရပါတယ်။ သို့သော် ဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်ကတည်းက ပျံ့နှံ့လျက်ရှိတာတွေ့ရပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့အထောက် အထားမတွေ့ရပါဘူး။ “ဇော်မိုက်မိုက်ခက်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“ယနေ့ လေးကေ့ကော် ဖြစ်သည်”လို့ ရေးသားထားပြီး ဒီဇင်ဘာ ၂၅ ရက်က အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  ထို့အတူ […]

Continue Reading

Fact Check: သရုပ်ဆောင်မင်းမော်ကွန်းနဲ့ပတ်သက်တဲ့ သတင်းမှားများပျံ့နှံ့

သရုပ်ဆောင် မင်းသားမင်းမော်ကွန်း အဖမ်းခံရတယ်၊ ကျဆုံးသွားပြီဆိုတဲ့ရေးသားမျှဝေမှုတွေ  ပျံ့နှံ့လျက်ရှိ တာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “ပြည်သူ့အချစ်တော် သရုပ်ဆောင် မင်းမော်ကွန်း ကျဆုံးပြိ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို “Burmese Voice News” အမည်နဲ့ ယူကျူ့ချန်နယ်(youtube channel)က ဒီဇင်ဘာ ၂၁ ရက်က မျှဝေထားရာမှာ ဒီဗွီဒီယိုကို ဝင်ရောက်ကြည့်ရှု့သူ ၆ ထောင်ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link  ထို့အပြင် “ပြည်သူ့အချစ်တော် သရုပ်ဆောင် မင်းမော်ကွန်း ဖမ်းဆီးခံရ”လို့ရေးသားလျှက် ဗွီဒီယိုတစ်ခုကို “Gold Myanmar News (GMN)”အမည်နဲ့ ယူကျူ့ချန်နယ်ကလည်း ဒီဇင်ဘာ ၂၁ ရက်မှာ မျှဝေထားရာမှာ ဒီဗွီဒီယို ဝင်ရောက်ကြည့်ရှူ့သူ ၂၅၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: တော်လှန်ရေးမှာပါဝင်နေတဲ့ မင်းမော်ကွန်းအပါအဝင် အနုပညာရှင်များ ဖမ်းဆီးခံရတဲ့ သတင်းမှား

တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေတဲ့ နာမည်ကြီး သရုပ်ဆောင် မင်းသားမင်းမော်ကွန်း အပါအဝင် ဒါရိုက်တာ ကိုပေါက်၊ ထားထက်ထက်စတဲ့ အနုပညာရှင်တွေ လေးကေ့ကော်မှာ အဖမ်းခံရတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့ပါတယ်။ “မင်းမော်ကွန်း၊ ဒါရိုတ်တာ ကိုပေါက် ၊ထားထက်ထက် ၊မြနှင်းရီလွင် ၊ဟားငါးကောင် စတဲ့  တောထဲက အသုံးချခံ အနုပညာရှင်တွေ နှင့် CDM ဝန်ထမ်းများ များစွာကို လေးကေ့ကော်မှာ ဖမ်းမိconfirmပါ ” လို့ ရေးသားလျှက် “ပြည်ချစ် မင်းသား”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူရေးသား မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် တော်လှန်ရေးထဲရောက်သွားတဲ့ သရုပ်ဆောင်မင်းမော်ကွန်းနဲ့ ဒါရိုက်တာကိုပေါက် အပါအဝင် နာမည်ကြီး […]

Continue Reading

Fact Check: နိုင်ငံတော်ငြိမ်းချမ်းအောင်ပြန်လုပ်ပေးပါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ၇ မှုကို ပိတ်သိမ်းပေးမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်ငြိမ်းချမ်းအောင်ပြန်လုပ်ပေးပါက စွဲချက်တင်ထားတဲ့ အမှု ၁၇ ခုမှ ၇ ခုကို ပြန်ရုတ်သိမ်းပေးမယ်လို့ စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောတယ် ဆိုတဲ့အကြောင်းအရာဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်က ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ထဲမှာ“ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် ငြိမ်းချမ်းအောင် ပြန်လုပ်ပေးပါက စွဲချက်တင်ထားသည့် အမှု ၁၇ ခုမှ ၇ ခုကို ပြန်ရုတ်သိမ်းပေးမည်၊ နိုင်ငံတော်အေးချမ်းအောင် ပြန်လုပ်ပေးခြင်းသည် ကုသိုလ်လည်းရပါသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား” လို့ ရေးသားလျှက် “Revolution News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၃၄၀၀ ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  […]

Continue Reading

Fact Check: မြောက်ဉက္ကလာမှာ အမျိုးသမီးပစ်ခတ်လုပ်ကြံခံရမှု NLD နဲ့ PDF ကလုပ်တာလား

မြောက်ဉက္ကလာမှာ ကိုယ်ဝန်သည်တစ်ဦးကို NLD နဲ့ PDF ကလုပ်ကြံသတ်ဖြတ်တယ်လို့ရေးသားပြီးဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီလုပ်ကြံမှုဟာ မူလမီဒီယာတွေဖော်ပြချက်မှာ ဘယ်သူက လုပ်တယ်ဆိုတဲ့ အချက်အလက်မတွေ့ရပါ ဘူး။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ “ဒီနေ့  မြောက်ဉက္ကလာ (င) ရပ်ကွက် က ကိုယ်ဝန်ဆောင်အမျိုးသမီးကို NLD  အ ကြမ်းဖက် PDF တွေက ဒလန်ကို – တ် တာ မှား – တ်မိပါတယ်ဆိုပြီး သေနတ်နဲ့ (၅)ချက်ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့ပါ တယ်”စသည်ဖြင့်ရေးသားထားပြီး သေဆုံးသူဟာ မနီနီရွှေဆိုတဲ့အမျိုးသမီးဖြစ်ပြီး ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်လောင်းဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် မြောက်ဉက္ကလာပ၊ (င) […]

Continue Reading

Fact Check: အသံတိတ်သပိတ်မလုပ်ဖို့ NLD က ထုတ်ပြန်တယ်ဆိုတဲ့ ထုတ်ပြန်ချက်အတု

အစ္စလမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းတဲ့ သောကြာနေ့နဲ့တိုက်ဆိုင်တာကြောင့် မနက်ဖန်(၁၀-၁၂-၂၀၂၁)ရက်မှာ အပြင်မထွက်ကြရေးလှုပ်ရှားမှု မလုပ်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က တိုက်တွန်း စာဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက် ရှိပါတယ်။  သို့သော် ဒီစာဟာ အတုဖြစ်တယ်လို့ NLD ကထုတ်ပြန်ဖြေရှင်းထားပါတယ်။ ထုတ်ပြန်ချက်လို့ဆိုတဲ့စာထဲမှာ Online မှာပျံ့နှံ့လျက်ရှိတဲ့ ၁၀-၁၂-၂၀၁၂ ရက်နေ့ကို အသံတိတ်သပိတ်(Silence Strike Day)လုပ်မယ့်နေ့ဟာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုစုတောင်းတဲ့ သောကြာနေဖြစ်နေပြီး NLD အနေနဲ့လည်း ညွှန်ကြားထားခြင်းမရှိကြောင်း၊ အစ္စလာမ်ဘာသာဝင်တွေ စိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် ပုံမှန်အတိုင်းသွားလာကြဖို့ဆိုပြီးတော့ပါရှိပါတယ်။ ဒီဓာတ်ပုံပို့စ်ကို“Naing Thein Myint”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “သောကြာနေ့နဲ့ တိုက်ဆိုင်နေလို့ ပုံမှန်အတိုင်းသွားလာကြပါတဲ့။”လို့ရေးသားပြီ’ အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၂၂၅ ကြိမ်ရှိပါတယ်။ အလားတူဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading