Fact Check: စစ်မှုမထမ်းမ ေနရ KIO ထုတ်ပြန်ဆိုတဲ့ စာအတု

၁၉၆၀ ခုနှစ်ေနာက်ပိုင်း ကချင်ပြည်နယ်ေရာက်လာသူေတွကို ဧည့်နိုင်ငံသား သတ်မှတ်ပြီးေနရပ်ပြန်ဖို့၊ ကချင်ပြည်နယ်မှာေနထိုင်သူေတွ စစ်မှုမထမ်းမ ေနရ ကချင်အမျိုးသားလွတ်ေမြာက်ေရးအဖွဲ့(KIO)က ထုတ်ပြန်ခဲ့တယ်လို့ ဆိုပြီး ေဖ့စ်ဘွတ်ပို့စ်တစ်ခုကို မျှ ေဝလျက်ရှိပါတယ်။  သို့သော်လည်း ဒီ KIO ရဲ့ထုတ်ပြန်ချက်ဆိုတဲ့စာဟာ အတုဖြစ်တယ်လို့ အဖွဲ့ရဲ့ ေပြာေရးဆိုခွင့်ရှိသူက မီဒီယာကို ငြင်းဆိုထားပါတယ်။  “၁၉၆၀ နောက်ပိုင်းမှ ကချင်ပြည်နယ်ကိုရောက်ရှိလာတဲ့လူတွေ ကိုယ့်ပစ္စည်းကိုယ်ယူပြီး နေရပ်ပြန်ဖို့ကေအိုင်အေ စာထုတ်သတိပေး”အမည်နဲ့ “Tin Aung Moe” အမည်နဲ့ေဖ့စ်ဘွတ်အသုံးပြုသူက thutacollect.xyz အမည်နဲ့ဝက်ဘ်ဆိုက်လင့်ကိုမျှေဝထားပါတယ်။ ဒီေနရာနဲ့ ဒီေနရာမှာလည်းေတွ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် KIO အမှတ်တံဆိပ်နဲ့အတူ ဒီဓာတ်ပုံစာသားထုတ်ပြန်ချက်ကို မီဒီယာအချို့မှာလည်းေဖာ်ပြခဲ့ပြီးေနာက် ပြန်လည်ဖြုတ်ချခဲ့ပါတယ်။ သို့ေသာ်လည်း အခြားေသာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ အေကြာင်းအရာေတွကို […]

Continue Reading

Fact Check: ဒီပုံတွေက ၂၀၂၀ ခုနှစ်က ပုဂံမှာ ရဲအဖွဲ့ ကင်းလှည့်ပုံဖြစ်တယ်

ပုဂံဘုရားများကို နောက်ခံပြုပြီး သေနတ်ကိုင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်အများအပြား လမ်းလျှောက်နေတဲ့ဓာတ်ပုံနဲ့ ညအမှောင်မှာ ဘုရားတစ်ဆူကို ဓာတ်မီးထိုးနေတဲ့ပုံတွေနှင့်အတူ ပုဂံဘုရားတွေက ပစ္စည်းတွေ ဖြုတ်နေဟန် လက်ရှိအဖြစ်အပျက်သဖွယ်ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူရာဂဏန်း ပြန်လည်မျှဝေ လျှက်ရှိပါတယ်။ သို့ပေမဲ့ ဒီဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ်ထဲမှာ ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။   “ပုဂံဘုရာကိုပုလိပ်ခွေးတွေ့ချီးတတ်လာပြီးဘုရာပစွည်းတွေ့ကုန်ပြီးမအလတွေ့”လို့ေရးသားပြီး “နော် မြသီတာ ဝင်း”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားရာမှာ ပြန်လည်မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၉၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Bing မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။ ၂၀၂၀ ခုနှစ် ဇူလိုင် ၉ ရက်က ဧရာဝတီသတင်းဌာနရဲ့ အင်္ဂလိပ်ပိုင်းက […]

Continue Reading

Fact Check: ထိုင်းက မြန်မာနိုင်ငံအတွက် လှူဒါန်းတဲ့ပိုက်ဆံလားမဟုတ်ပါ-မဟုတ်ပါ

ထိုင်းပိုက်ဆံအ ေမြာက်အများကို တူညီဝတ်စုံဝတ်ဆင်ထားတဲ့ဝန်ထမ်းေတွဝိုင်းဝန်းေရတွက်ေနတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ ထိုင်းက မြန်မာနိုင်ငံေတာ်လှန်ေရးအတွက် လှူဒါန်းမှုလို့ေရးသားမျှ ေဝထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူ ေထာင်ေပါင်းများစွာက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံေတွဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်ပါတယ်။  “ထိုင်းက.ရေတွက်မနိုင်တဲ့ အလှူငွေများ….။ အရေးတော်ပုံအောင်ရမည် Credit photo”လို့ေရးသားပြီး “Kan Naing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဧပြီ ၂၄ ရက်က မျှ ေဝထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှ ေဝသူ ၂ ေထာင် ၆ ရာေကျာ်ရှိပါတယ်။ တူညီတဲ့‌ေရးသားမျှထားပြီး ပျံ့နှံ့မှုအားေကာင်းခဲ့တဲ့ ပို့စ်ေတွကို  ဒီေနရာနဲ့ ဒီေနရာမှာလည်း ေတွ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံေတွကို Google […]

Continue Reading

Fact Check: ဒီပုံက မိတ္ထီလာမှာ ပစ်သတ်ခံရတဲ့ စစ်ဗိုလ်ရဲ့ဓာတ်ပုံ မဟုတ်ပါ

စစ်တပ်က အရာရှိတစ်ယောက်ရဲ့ ရုပ်အလောင်းဘေးမှာ ကလေးငယ်တစ်ယောက်ကိုပွေ့ချီလျက်ငိုနေတဲ့ အမျိုး သမီး ဓာတ်ပုံကို မိတ္ထီလာမှာ လုပ်ဖော်ကိုင်ဖက်ဗိုလ်မှူးက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တဲ့ ဗိုလ်ကြီးအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၈ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ဓာတ်ပုံဖြစ်ပါတယ်။ Khinsabalnyo အမည်နဲ့ ဖေစ့်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီတဲ့ရေး သားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  မိတ္တီလာမှာ စစ်​တပ်က အရာရှိ ၂ ဦးအပြန်အလှန်ပစ်ခတ်မှုမှာ ဒဏ်ရာရ ဗိုလ်ကြီး ​နေပြည်​တော်စစ်​ဆေးရုံတွင် ​သေဆုံးသွားကြောင့် ဧပြီ ၂၆ ရက်က Khit Thit သတင်းဌာနကရေးသားတဲ့သတင်းကို […]

Continue Reading

Fact Check: ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံအတွက် လက်သုံးချောင်းထောင်နေခြင်းလား-မဟုတ်ပါ

အနောက်တိုင်းဝတ်စုံဝတ်အသက်ကြီးပိုင်းအမျိုးသားတစ်ယောက် ဓာတ်ပုံနှင့်တကွ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တက်ချို ဟွန်ဆန်ဟာ မြန်မာနိုင်ငံသားတွေနဲ့အတူ ရပ်တည်ပြီး လက်သုံးချောင်းထောင်နေပုံ အဖြစ် မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး Nguyen Phu Trong ဖြစ်ပြီး လက်သုံးချောင်းထောင်တာကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ခြင်းမရှိတာတွေ့ရပါတယ်။ “ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တက်ချို ဟွန်ဆန်  မြန်မာပြည်သူနဲ့ ရပ်တည် 💗 ဝန်ကြီးချုပ် ကျန်းမာပါစေ 💗”လို့ရေးသားပြီး “ကိုစိုင်း မြတ်သူ”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၆ ရက်က မျှဝေရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၆ ရာရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: မုဒုံမှာ ဆန္ဒပြရင်းဖမ်းဆီးခံရသူများကို ထားဝယ်က သေဒဏ်ပေးခံရသူများအဖြစ်မျှဝေ

ကြမ်းပြင်မှာ လူရွယ်အမျိုးသမီး၊အမျိုးသား ၇ ယောက်ကထိုင်လျက် ရှေ့မှာဖုန်းတစ်လုံးစီချထားတဲ့ ဓာတ်ပုံတစ်ပုံနှင့်အတူ ထားဝယ်မြို့က ဖမ်းဆီးခံထားရပြီး သေဒဏ်ပေးရတဲ့ကလေးတွေလို့ရေးသားပြီး မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ မတ် ၂၇ ရက်က မုဒုံမှာ ဆန္ဒပြသူတွေကို ဖြိုခွဲမှုအပြီး ဖမ်းဆီးခံရသူတွေရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “၁ရက်ပဲကျန်ပါတော့တယ် 😭😭😭 Death Sentence (သေဒဏ်) တဲ့ …. 🤬🤬🤬 အယူခံဝင်ခွင့်မရှိဘဲ 15 ရက်ဘဲ အချိန်ရတယ် သူတို့အသက်ရှင်ဖို့ ကျေးဇူးပြုပြီး ဝိုင်းတင်ပေးကြပါဦး🙏😥 #ထားဝယ်မြို့ မှဖမ်းဆီးခံ ကလေးများအားလုံးကို သေဒဏ်ပေးခြင်းအား လုံးဝ ကန့်ကွက်ပါသည်။ #ပြည်သူများ #WhatsHappeningInMyanmar #SaveMyammar #crd”လို့ရေးသားပြီး “ဗီလိန်”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၃ ရက်မှာ မျှဝေထားရာမှာ […]

Continue Reading

Fact Check: ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအခင်းအတွင်း သေဆုံးခဲ့ရသည့် ကလေးမိခင်ဓာတ်ပုံကို မြိတ်က သေနတ်နဲ့ပစ်သတ်ခံရသည့် အဖြစ်အပျက်အဖြစ်မျှဝေ

မြေပြင်ပေါ်လဲကျနေသည့် အမျိုးသမီးတစ်ဉီးကို ကလေးငယ်က ဖက်တွယ်ထားတဲ့ ဓာတ်ပုံကို လက်ရှိ အရေး အခင်းကာလအတွင်းအဖြစ်အပျက်သဖွယ်ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်း များစွာ ပြန်လည်မျှ ဝေနေပါတယ်။ မိခင်အမျိုးသမီးဟာ သေနတ်ထိမှန်သေဆုံးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ သို့သော်လည်း ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအခင်းအတွင်းက အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးပုံဖြစ်ပြီး ဓာတ်ပုံပါ အမျိုးသမီးဟာ သေနတ်ထိမှန်သေဆုံးခဲ့ခြင်းမဟုတ်ပါဘူး။  “ဘိတ်ခြေနေမကောင်းဘူး ဝိုင်းကူညီပါအုံး ကျနော်တို့ဘိတ်ကို ကူညီပါအုံး အမေကသေနတ်မှန်ပြီးသေနေပြီ 😭 ကလေးလေးကနို့ဆာလို့နေ သနားစရာ ရင်နင့်စရာ  အကျည်းတန်တဲ့ မြန်မာပြည်ကအဖြစ်စနစ်တွေထဲ က တစ်ခု့ပါဗျာ 😭 အော်…..လုပ်ရက်ကြပေ😢😭 (26.3.2021) ဟာ 😭 ရက်စက် လိုက်ကြတာ 😭  မြိတ်မြို့ကပါ”လို့ ရေးသားပြီး “Aung Point”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူရေးသားမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading