Fact Check: USDP ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မန္တလေး PDF တွေကို တောင်းပန်တဲ့ သတင်းတု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မန္တလေး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(PDF)တွေကို တောင်းပန်တဲ့စာဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ ဖေ့စ်ဘွတ်ပို့စ်တွေမှာ “ပြည်ခိုင်ဖြိုးပါတီပြောခွင့်ရပုဂ္ဂိုလ်ဦးသိန်းထွန်းဦးမှ မန္တလေး PDF များအားမေတ္တာရပ်ခံတောင်းပန်ကြောင်း လူမှုကွန်ယက်တွင်ရေးသား” လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး စာကိုယ်အနေနဲ့ ဦးသိန်းထွန်းဦးဟာ စစ်ကောင်စီအတွက် ဒလန်မလုပ်ကြောင်းနဲ့ မိခင်အိုကြီးကို လုပ်ကိုင် ကြွေးမွေးနေသူဖြစ်တာကြောင့် သူ့အသက်အန္တရာယ် မပြုကြဖို့ မန္တလေး PDF ကို သူ့ရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာကနေ တောင်းပန်ထားတယ်လို့ ရေးသာထားပါတယ်။ အထက်ဆိုလိုရင်းပါတဲ့ “Thein Myint” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၁ ထောင် ၃ ရာကျော်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: ဖိလစ်ပိုင်မှာရေကြီးနစ်မြုပ်မှုမှ ကလေးငယ်ကယ်ဆယ်မှု မှတ်တမ်း ဓာတ်ပုံကို မြန်မာနိုင်ငံက အဖြစ်အပျက်အဖြစ်မျှဝေ

မြန်မာနိုင်ငံက ရေဘေးဒုက္ခတစ်ခုမှာ ဖခင်ဟာ သူ့ရဲ့ကလေးကို ဇလုံတစ်ခုထဲမှာထည့်ပြီး သယ်ဆောင် လာတဲ့ဓာတ်ပုံဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။ ဒီလို ဓာတ်ပုံပျံ့နှံ့ လာချိန်ဟာ မြန်မာနိုင်ငံမှာ ဇူလိုင်လကုန်ပိုင်းမှာ နေရာအတော်များများ ရေကြီးနစ်မြှုပ်မှု အချို့ဖြစ်ပေါ်ခဲ့ချိန်နဲ့ ကိုက်ညီနေပြီး လူအများအကြာရေပန်းစားခဲ့တာဖြစ်ပါတယ်။ သို့သော် ဒီဓာတ်ပုံဟာ မြန်နိုင်ငံနဲ့သက်ဆိုင်ခြင်းမရှိဘဲ ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းက ဖိလစ်ပိုင်ရေကြီးမှု ဖြစ်စဉ်က ဓာတ်ပုံဖြစ်ပါတယ်။ “မြန်မာနိုင်ငံရေဘေးဒုက္ခတွေကြားက ဖခင်တစ်ယောက်ရဲ့ဖြူစင်လှပလွန်းတဲ့ ပေးဆပ်သော ချစ်ခြင်း မေတ္တာ….Photo crd”လို့ရေးသားပြီး “စွယ်စုံသုတ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၂၀၀ ဝန်းကျင် ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: မင်္ဂလာဒုံလေဆိပ်မှာဆင်းသက်ခဲ့တဲ့ UN တံဆိပ်ပါလေယာဉ်လား- မဟုတ်ပါ

မင်္ဂလာဒုံလေဆိပ်မှာဆင်းသက်ခဲ့တဲ့ UNအလံပါလေယာဉ်တစ်စီးအဖြစ် ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ တောင်ဆူဒန်နိုင်ငံက ဂျူဘာ(Juba)လေဆိပ်မှာရိုက်ကူးထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။ “TMHlaing” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၃၅၇ ကြိမ်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် Tineye မှာ ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံပျံ့နှံ့ခဲ့ပုံကို ပြန်လည်ရှာဖွေကြည့်ရာမှာ ဇူလိုင် ၂၁ ရက်မနက်ပိုင်းက ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဆင်းသက်လာတဲ့ UN လေယာဉ်အဖြစ်ဖော်ပြနေတဲ့ ပုံဟာ ၂၀၁၂ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။  ဒီဓာတ်ပုံတွေကို တောင်ဆူဒန်နိုင်ငံ ဂျူဘာမြို့အကြောင်းရေးသားထားတဲ့ဝီကီပီဒီယားက ဆောင်းပါးက ဆောင်းပါးတစ်ပုဒ်မှာ  အစောတွေ့ရှိရပြီး ဂျူဘာမြို့နဲ့အခြားသော […]

Continue Reading

Fact Check: အင်းစိန်ထောင်မီးလောင်ပြီး အကျဉ်းသားတွေထွက်ပြေးတဲ့ သတင်းတုသတင်းမှား

အင်းစိန်ထောင်မီးလောင်ပြီး အကျဉ်းသားတွေ ထွက်ပြေးတယ်လို့ ရေးသားပြီး ဘလော့ဂ်စာမျက်နှာ၊ ယူကျူ့(youtube)စာမျက်နှာနဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တဲ့ အခြားလွတ်လပ်သော သတင်းဌာနတွေမှာ ဒီသတင်းကို မတွေ့ရပါဘူး။  “ပညာ ပန်း ခင်း”ဖေ့စ်ဘွတ်အသုံးပြုသူက အထက်ပါဆိုလိုရင်းပါတဲ့ ဘလော့ပို့စ်တစ်ခုကို အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၁၁၂ ကြိမ်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  “Myanmar Life Channel” အမည်နဲ့ youtube စာမျက်နှာမှာလည်း “အင်းစိန်ထောင် လောင်ပြီ ထောင်သားတွေ ထွက်ပြေး”လို့ ရေးသားပြီး ဇူလိုင် ၂၃ ရက်က ဗွီဒီယိုတစ်ခုကို မျှဝေထားရာမှာ ဒီဗွီဒီယိုကို […]

Continue Reading

Fact Check: ဗီယက်နမ်မှာ လက်ဖက်ရည်ထဲမှာ သံပုရာရည်ထည့်သောက်တဲ့အတွက် ကိုဗစ်ဗိုင်းရပ်စ်နဲ့ သေဆုံးသူမရှိဆိုတဲ့ သတင်းမှား

ဗီယက်နမ်မှာ လက်ဖက်ရည်နဲ့ သံပုရာရည်သောက်တဲ့အတွက် ဗိုင်းရပ်စ်အသစ်(ကိုဗစ်-၁၉)ကြောင့် သေဆုံး သူမရှိဘူးလို့ ရေးသားပြီး သတင်းမှားတစ်ခုကို လူမှုကွန်ယက်အသုံးပြုသူတွေက မျှဝေလျှက်ရှိပါတယ်။ အမှန်တကယ်မှာ ဗီယက်နမ်နိုင်ငံမှာ ဇူလိုင် ၂၁ ရက်အထိ ကိုဗစ်ကြောင့် သေဆုံးမှုအရေအတွက် ၃၃၄ ယောက်ရှိပြီး လက်ဖက်ရည်နဲ့ သံပုရာရောသောက်တာဟာ ကိုဗစ်ကို ကာကွယ်နိုင် ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ “အခုဗိုင်းရပ်စ်အသစ်မှာ သေဆုံးသူလုံးဝမရှိတဲ့ ဗီယက်နမ်နိုင်ငံမှ ဆေးနည်းကောင်း”လို့ ခေါင်းစဉ်တပ်ထားပြီး တူညီစွာရေးသားမျှဝေထားတဲ့ သက်ဆိုင်ရာဝက်ဘ်ဆိုဒ်စာမျက်နှာအသီးသီးကို ဖေ့စ်ဘွတ်အသုံးပြုသူတွေက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဝက်ဘ်ဆိုဒ်စာမျက်နှာက သတင်းကို ဝင်ရောက်ဖတ်ရှု့မယ်ဆိုရင် “Vietnam ဗီယက်နမ်နိုင်ငံတွင် ဗိုင်းရပ်စ်သစ် သည်သေဆုံးနှုန်းလုံးဝသုညရှိသည်။သက်ဆိုင်ရာအပြည်ပြည်ဆိုင်ရာလူများသည်စူပါနိုင်ငံဗီယက်နမ်၏လျှို့ဝှက်ချက်ကိုရရှိခဲ့ကြသည်။ သင်သည် ဗိုင်းရပ်စ်အသစ်နှင့်အတူကူးစက်ရင်တောင်သေမှာမဟုတ်သည်မှာ သေချာသည်။ အချက်အလက်များစွာကဖော်ပြချက်သည်အလွန်ရိုးရှင်းသည်ဟုသက်သေပြသလိုလည်းအထူးသဖြင့်ထိရောက်မှုရှိသည်။ အပြည်ပြည်ဆိုင်ရာစူပါကုထုံး၏လျှို့ဝှက်ပုံသေနည်းမှာအောက်ပါအတိုင်းဖြစ်သည် – ၁။ လက်ဖက်ရည်ကြမ်းကိုရေပွက်ပွက်ဆူတွင်ပြုလုပ်ပါ။ ၂။ သံပုရာဖျော်ရည်ကိုရောစပ်ပြီးနောက်လက်ဖက်ရည်ပူသောက်ပါ။ ၃။ ဤလျှို့ဝှက်ချက်သည် ဗိုင်းရပ်စ်သစ်ကိုချက်ချင်းသေစေနိုင်သည်။ […]

Continue Reading

Fact Check: ၂၀၁၈ ခုနှစ်က KIA က ပြန်လွှတ်ပေးခဲ့တဲ့ တပ်မတော်သား ၃ ဦးကို လက်ရှိအဖြစ်အပျက်သဖွယ် ပြန်လည်မျှဝေ

ကချင်လက်နက်ကိုင်အဖွဲ့(KIA)က စစ်သား ၃ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ရေးသားပြီး ဓာတ်ပုံ ၃ ပုံနှင့်အတူ ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ်အတွင်းက KIA က ပြန်လွှတ်ပေးလိုက်တဲ့ စစ်သားသုံးယောက်ရဲ့ ဓာတ်ပုံ ဖြစ်တာတွေ့ရပါတယ်။  â€œSoe Thiha”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ မျှဝေထားတဲ့ စာသားတဲ့ ကောက်နှုတ်ချက်အချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ “KIA ဘက်က ဖမ်းမိထားတဲ့  စကစစစ်သား ၃ ယောက်ကို  သတ်မပစ်တဲ့အပြင် လမ်းစရိတ် ၅၀၀၀၀ စီ ပေးပြီး ပြန်လွှတ်ပေးလိုက်တယ် ဘယ်လောက် လူသားဆန်လဲ”စသည်ဖြင့် စအချီ ရေးသားပြီး မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၅ထောင် ၆ ရာကျော်ရှိပါတယ်။ အလားတူ ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ […]

Continue Reading

Fact Check: မန္တလေးဆန္ဒပြခေါင်းဆောင် ကိုတေဇာဆန်း ပစ်သတ်ခံရလို့ သတင်းတု သတင်းမှားဖြန့်

မန္တလေးဆန္ဒပြခေါင်းဆောင်ကိုတေဇာဆန်းကို ဖမ်းဆီးပြီး သေနတ်နဲ့ပစ်သတ်တယ်လို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ တကယ်တော့ ဒီသတင်းဟာ မှားယွင်းပါတယ်။  â€œá€Ąá€á€Żá€œá€ąá€¸á€á€„်ဖဟစ်သွဏးတဏ ကိုတေဇဆန်း ကောင်းရာ ဘဝ ရောက်ပါစေဗျာ”လို့ ရေးသားပြီး ကိုတေဇာဆန်းကို ဖမ်းဆီးပြီး ပစ်သတ်လိုက်တယ်လို့လည်း “News218Media”အမည်နဲ့ ဘလော့စာမျက်နှာက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် မေ ၂၉ ရက်က ကိုတေဇာဆန်းကိုဖမ်းဆီးပြီး ပစ်သတ်ခံရတယ်လို့ ရေးသားထားပေမဲ့ မန္တလေးက သပိတ် စစ်ကြောင်းဦးဆောင်သူ ကိုတေဇာဆန်းဟာ သူ့ရဲ့ဖေ့စ်ဘွတ်မှာ မေ ၃၀ ရက်အထိ မန္တလေးမှာ ပုံမှန်သပိတ်စစ်ကြောင်းတွေ ထွက်နေဆဲဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ […]

Continue Reading

Fact Check: ဂျိုးဖြူရေပိုက်လိုင်းပေါက်တာကို ဆန္ဒပြသူတွေဖောက်တာဆိုပြီး ပြန်လည်ဖြန့်ဝေ

ဆန္ဒပြသူတွေက ဂျိုးဖြူရေပိုက်လိုင်းဖောက်လိုက်တာလို့ ရေးသားပြီးပိုက်လိုင်းတစ်ခုနံဘေးမှာ ရေလျှံနေတဲ့ ဓာတ်ပုံတစ်ပုံနဲ့ ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ တစ်လကျော်ကဖြစ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပြီး ရေပေးဝေရေးဌာနက ထုတ်ပြန်ချက်မှာ ပိုက်လိုင်းပေါက်တယ်လို့သာဖော်ပြထားပြီး ဆန္ဒပြသူတွေ က လုပ်ဆောင် တယ်ဆိုတဲ့ ဖော်ပြချက်မျိုးမတွေ့ရပါဘူး။  â€œ#ဂျိုးဖြူရေပိုက်လိုင်းကွဲသွားတယ်… ဒါဟာ ဆန္ဒပြတာမဟုတ်တောပါဘူး…  ဖျက်ဆီးနေလို့ခေါ်ပါတယ်…”စသည်ဖြင့်ရေးသားပြီး “ခန့်သူရ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် Water Resources and Water Supply Authority, YCDC အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာ ဧပြီ ၇ ရက်က “ရန်ကုန်ရေချစ်သူများသို့”စသည်ဖြင့် အစချီရေးသားပြီး ဓာတ်ပုံ ၁၀ […]

Continue Reading

Fact Check: ဒီမောဆိုမှာ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တိုက်ခိုက်ဖျက်ဆီးခံရတဲ့ တင့်ကားတွေလား-မဟုတ်ပါ

ဒီမောဆိုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ရဲ့ တိုက်ခိုက်ခံရတဲ့ တင့်ကားတွေလို့ ရေးသားပြီး ကွင်ပြင်တစ်ခုမှာ တင့်ကားတစ်စီး မီးလောင်နေတဲ့ဓာတ်ပုံနဲ့ နောက်ထပ်တင့်ကားတစ်စီး လမ်းဘေးထိုးကျနေတဲ့ ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။ သို့ေသာ်လည်း ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းကတည်းက အင်တာနက်မှာ ပျံ့နှံ့နေခဲ့ပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။  â€œá€’ဎမ္ဏအဆို PDF လက်ချက်ကြောင့်မီးလောင်ပျက်ဆီး သွားသော..အိုဟောင်းနေသောတင့်ကားများ”လို့ေရးသားပြီး “Ro Kyaw Zan Htet”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီမောဆိုမှာ တင့်ကား ၂ စီး ပြည်သူ့ကာကွယ်ရေးတပ်က ဖျက်စီးနိုင်ခဲ့တဲ့ သတင်းကို ခေတ်သစ်သတင်းဌာနရဲ့ […]

Continue Reading

Fact Check: ဒီပုံက မော်လိုက်မှာ စစ်ကားတစ်စီးထိုးကျမှု ဓာတ်ပုံလား-မဟုတ်ပါ

မော်လိုက်မှာ စစ်တပ်ကကားချောက်ထဲကျ စစ်သားအများအပြားသေဆုံးတယ်လို့ရေးသားထားပြီး စစ်ကားတစ်စီး တိမ်းမှောက်နေပုံဓာတ်ပုံနဲ့အတူ ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိရာမှာ ဒီပို့စ်ကို လူထောင်ပေါင်းများစွာက မျှဝေလျက် ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ ြသစတေးလျနိုင်ငံမှာ ၂၀၁၂ ခုနှစ်အတွင်းက စစ်ကားတစ်စီးတိမ်းမှောက်ခဲ့တဲ့ ပုံဖြစ်ပါတယ်။  “အကြိမ်ကြိမ် အလေးပြုပါ၏။ ။  စစ်ခွေး ၆၅ ကောင်ကို အသက်နှင့်ရင်း၍ ဇီဝိန်ချွေကာ သတ္တိသွေး ရဲရဲနီခဲ့သည် မော်လိုက် (ကို) အောင်ဆန်းအား အလေးပြု ဦးညွှတ်ပါ၏။ ကျန်ရစ်သူ ဇနီးနှင့်မိသားစုကိုလည်း တတ်နိုင်သမျှ ထောက်ပံ့ကြစေလိုပါ၏။”လို့ရေးသားပြီး “Nay Linn Aung”အမည်နဲ့အကောင့်ကမျှဝေထားတာတွေ့ရပါတယ်။ အလားတူရေးသားထားပြီး ပျံ့နှံ့မှု အားကောင်းခဲ့တဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading