Fact Check : ကင်ဂျုံအန်းကို လေဆိပ်အထိ တရုတ်သမ္မတ မိသားစုနဲ့ လာကြိုခဲ့သလား- မဟုတ်ပါ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း တရုတ်နိုင်ငံလာလည်တုန်းက လေဆိပ်အထိ တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် မိသားစုနဲ့ လာကြိုခဲ့တယ်လို့ ဆိုပြီး ဓာတ်ပုံပို့စ်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေ တာတွေ့ရတယ်။ မှားယွင်းပြောဆိုမှုတခုသာဖြစ်တယ်။ ကင်ဂျုံအန်းလာရောက်စဉ်မှာ ရှီကျင့်ဖျင်လေဆိပ် ဆင်းကြိုတာမရှိခဲ့ပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  အလားတူတဲ့ ပြောဆိုမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း လာလည်တုန်းက မိသားစုလိုက် လေဆိပ်အထိ ဖက်လှဲတကင်း လာကြိုခဲ့တဲ့ ရှီကျင့်ဖျင်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အလည်လာတဲ့ အခါမှာတော့ ဒုသမ္မတနဲ့ အဖွဲ့ကိုသာ ဧည့်ခံ ကြိုဆိုဖို့ လေဆိပ်ကို စေလွှတ်ခဲ့တာ တွေ့ရပါတယ်။  နိုင်ငံတော်အဆင့် ခေါင်းဆောင်တစ်ဦး လာရောက်မှုကို အိမ်ရှင်နိုင်ငံရဲ့ […]

Continue Reading

Fact Check: အမေရိကန်လေယာဉ်တင်သင်္ဘောကို IRGC တိုက်ခိုက်မှု ဗွီဒီယိုလား -မဟုတ်ပါ

ဟော်မုဇ်(Hormuz)ရေလက်ကြားကို ဖြတ်သန်းရန်ကြိုးစားစဉ် အမေရိကန် လေယာဉ်တင် သင်္ဘော‌ကို အီရန်ရဲ့ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တဲ့ ဗွီဒီယိုလို့ဆိုပြီး ဗွီဒီယိုပို့စ်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။   “အီရန်ရဲ့ IRGC က အမေရိကန်ရေတပ်သင်္ဘော ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန်ကြိုးစားစဉ် ဒုံးကျည် ၂ စင်းဖြင့် ပစ်ခတ်ခဲ့သည်။” Original link | Archive link အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြု ရှာဖွေရာမှာ ဗွီဒီယိုဟာ လက်ရှိ အရှေ့အလယ်ပိုင်းစစ်ရေးဖြစ်ရပ်တွေနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။ တကယ်တမ်းမှာ ဒီဗွီဒီယိုပါမြင်ကွင်းတွေကို ၂၀၁၆ ခုနှစ်ကတည်း အင်တာနက်မှာ တွေ့ရပြီး အမေရိကန်ရဲ့ […]

Continue Reading

Fact Check: ဧပြီ ၂၀ ရက်က ဂျပန်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား  ၇ ဒသမ ၅ ရှိတဲ့ ငလျင်က မြင်ကွင်းတွေလား – မဟုတ်ပါ

ဧပြီ ၂၀ ရက်က ပြင်းအား  ၇ ဒသမ ၅ ရှိတဲ့ ငလျင်ကြီး ဂျပန်နိုင်ငံ ဆန်ရီကူ(Sanriku)ဒေသမှာ လှုပ်ခတ်ခဲ့ပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာ ဂျပန်မှာ ဧပြီ ၂၀ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွင်း မြင်ကွင်းတွေဆိုပြီး ဗွီဒီယိုတွေ အွန်လိုင်းမှာ  ပျံ့နှံ့မှုအားကောင်းနေတယ်။ ဒါပေမဲ့ တချို့ ဗွီဒီယိုတွေဟာ လတ်တလော အဖြစ်အပျက်နဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။  ကျေးလက်လမ်းမတခုပေါ်က ကင်မရာမှတ်တမ်းဗွီဒီယိုထဲမှာ အမျိုးသမီးတယောက်ဟာ ကြောက်လန့်အော်ဟစ်နေပြီး ကင်မရာမြင်ကွင်းထဲမှာ မြေပြင်နဲ့ မြင်ကွင်းဟာ ယိမ်းထိုးနေတာတွေ့ရတယ်။  “ဧပြီ ၂၀ ရက်နေ့ ဂျပန်အရှေ့မြောက်ပိုင်းကို ၇.၅ […]

Continue Reading

Fact Check: အီရန် ခေါင်းဆောင်သစ် မိုဂ်ျတာဘာ ခါမေနီ စစ်ဆင်ရေးကွပ်ကဲနေပုံဟာ AI ပြုလုပ်ချက်သာဖြစ်တယ်

အစ္စ‌‌ရေးရဲ့ ဒီမိုနာ(Dimona) နျူး ကလီးယား ဓာတ်ပေါင်းဖိုတိုက်ခိုက်မယ့် အစီအစဉ်မှာ ပထမဆုံးအကြိမ်အဖြစ် ရုပ်လုံးထွက်ပြပြီး အနီးကပ်ကွပ်ကဲနေတဲ့ အီရန် ခေါင်းဆောင်သစ် မိုဂ်ျတာဘာ ခါမေနီ(Mojtaba Khamenei)လို့ ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းခဲ့တာ တွေ့ရတယ်။ တကယ်တော့ ဗွီဒီယိုဟာ AI နဲ့ပြုလုပ်ထားတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။  မြန်မာဘာသာနဲ့ ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “အီရန်က မိုတာဘက်ချ်ခါမေနီ​၏ video ကို ပထမဆုံးထုတ်ပြန်။ စစ်ဆင်ရေးခန်းမအတွင်း ဝင်ရောက်လာပုံဖြစ်ပြီး နံရံတွင်ဖော်ပြထားသော မြေပုံသည် အစ္စရေးနူကလီးယားဓာတ်ပေါင်းဖိုဖြစ်သည်။” Original link | Archive link […]

Continue Reading

Fact Check: စောင့်ကြည့်ကင်မရာတွေကတဆင့် အီရန်တိုက်ခိုက်မှာစိုးရိမ်ပြီး အစ္စရေးမှာ  ကင်မရာတွေကို လိုက်လံဖျက်ဆီးနေတာလား- မဟုတ်ပါ

အီရန်က စောင့်ကြည့်ကင်မရာတွေကို အသုံးပြုပြီး တိုက်ခိုက်မှာ စိုးရိမ်ပြီး အစ္စရေးက စောင့်ကြည့် ကင်မရာတွေ လိုက်လံဖြုတ်ပစ်နေတယ်လို့ ပြောဆိုဖြန့်ဝေနေတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းခဲ့တာ တွေ့ရတယ်။ ယူနီဖောင်းဝတ် လုံခြုံရေးတဦးလို့ ယူဆရတဲ့ သူက စောင့်ကြည့်ကင်မရာတွေကို ဖျက်ဆီး နေတာကို ဒီဗွီဒီယိုထဲမှာ တွေ့ရတယ်။ ဒီ စောင့်ကြည့်ကင်မရာတွေ ဖျက်ဆီးနေတဲ့ ဗွီဒီယိုဟာ  ၂၀၂၅ ခုနှစ်အတွင်းက အစ္စရေးမှာ ဖြစ်ပျက်ခဲ့တဲ့  ဖြစ်စဉ်တခုက ဖြစ်ပြီး လက်ရှိ စစ်ပွဲနဲ့ သက်ဆိုင်ခြင်း မရှိတာတွေ့ရတယ်။   ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ vdo တွေအရ Israel ရဲတပ်ဖွဲ့‌တွေဟာ Iran မှ ပစ်ခတ်သော မစ်ဆိုင်းများ  Israel […]

Continue Reading

Fact Check: အီရန်တိုက်ခိုက်မှုကြောင့် အမေရိကန် လေယာဉ်တင်သင်္ဘော‌ ပျက်စီးသွားတဲ့ မြင်ကွင်းလား-မဟုတ်ပါ

အမေရိကန် လေယာဉ်တင် သင်္ဘော‌ကို အီရန်က တိုက်ခိုက်ပြီးနောက် မီးလောင်နေတယ်လို့ ဆိုထားတဲ့ စခရင်ရှော့ ဓာတ်ပုံတချို့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တာတွေ့ရပြီး မြင်ကွင်းတွေဟာ ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ မြင်ကွင်းတွေ ရယူထားခြင်းဖြစ်တာတွေ့ရတယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “အမေရိကန်လေယာဥ်တင် သင်္ဘောတစ်စီးရဲ့ဖြစ်ပျက်နေတဲ့ အခြေအနေ” Original link | Archive link အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ အချက်အလက်စိစစ်ချက်  ပထမဆုံးဓာတ်ပုံဟာ တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ မီဒီယာနဲ့ လူမှုကွန်ယက်တွေမှာ အဓိကအားဖြင့် ပျံ့နှံ့ခဲ့တာတွေ့ရတယ်။  အထူးသဖြင့် အီရန်က အမေရိကန်လေယာဉ်တင်သင်္ဘော ‌အေဗရာဟမ်လင်ကွန်း (Abraham Lincoln ) ကို ဒုံးကျဉ် ၄ […]

Continue Reading

Fact Check:အီရန်တိုက်လေယာဉ်ကို အမေရိကန်လေယာဉ်တင်သင်္ဘောက ပစ်ချနေတဲ့ ဗွီဒီယိုလား -မဟုတ်ပါ

အမေရိကန် လေယာဉ်တင် သင်္ဘော‌က အီရန်တိုက်လေယာဉ်တစီးကို ပစ်ချနေတဲ့ ဗွီဒီယိုလို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တာတွေ့ရပြီး ဗွီဒီယိုဟာ တိုက်ခိုက်ရေးသရုပ်ပြဂိမ်း တခုဖြစ်တယ်။ အမေရိကန်နဲ့ အစ္စရေးဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို လေကြောင်းက ရုတ်တရက်ဝင်ရောက်ခိုက်ခဲ့ပြီး အီရန်ခေါင်းဆောင် ခါမေနီအပါအဝင် အီရန်ခေါင်းဆောင်တချို့ကို သုတ်သင်ရှင်းလင်းခဲ့သလို စစ်ရေးအရ အရေးပါတဲ့နေရာတွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “အမေရိကန် Air carriers Group မှ အီရန် Jet fighter ပစ်ချ ဗီဒီယို” Original link | […]

Continue Reading

Fact Check: အီရန်ခေါင်းဆောင် ခါမေနီ ပြည်ပကို ထွက်ပြေးသွားပြီလား- အထောက်အထားမရှိပါ

သီတင်းပတ် ၂ ပတ်ထက်မနည်း ကြာမြင့်လာပြီဖြစ်တဲ့ အီရန် လူထုအုံကြွမှုမှာ လူအများအပြား သေဆုံးခဲ့ရ ပြီးနောက် အီရန်ရဲ့ သက်တော်ရှည် အာဏာရှင် ခါမေနီ ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားပြီဆိုတဲ့ ပြောဆိုချက်တွေ ပျံ့နှံ့နေတာတွေ့ရတယ်။ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မဟုတ်ဘဲ ကောလာဟလ ဖြန့်ဝေမှုတွေသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇန်နဝါရီ ၁၂ ရက်မှာ စတင်ပျံ့နှံ့လာတဲ့ ဒီတူညီတဲ့ ပြောဆိုချက်ကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာတွေမှာလည်း တွေ့ရတယ်။  “အီရန် အီစလမ်မစ် ခေါင်းဆောင် အီရန်ကနေ ထွက်ပြေးသွားပြီဟုသိရ” Original link | Archive link အချက်အလက်စိစစ်ချက် အီရန်နိုင်ငံသုံးငွေကြေးဟာ ရုတ်တရက် တန်ဖိုးကျဆင်းသွားပြီးနောက် ဒီဇင်ဘာ […]

Continue Reading

Fact Check: ဘေဂျင်းရေကြီးမှုမှာ သရုပ်ဆောင် ဂျက်ကီချမ်း သေဆုံးခဲ့ဆိုတဲ့ သတင်းတု

ဘေဂျင်းရေကြီးမှုမှာ သရုပ်ဆောင် ဂျက်ကီချမ်း သေဆုံးသွားတယ်တဲ့ ဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရပါတယ်။  နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး သတင်းတု တခုဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့နေတဲ့ ဓာတ်ပုံနဲ့ ပို့စ်စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ မှာလည်းတွေ့ရပါတယ်။ “Beijing ရေကြီးမူ လူ30 ကျော်သေတဲ့ ထဲ ဂျက်ကီချန်း ပါသွားတယ် တဲ့ စိတ်မကောင်းလိုက်တာ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဂျက်ကီချမ်းသေဆုံးမှု သတင်းကို နိုင်ငံတကာသတင်းတွေနဲ့ တခြားသော သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ ဒါပေမဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဂျက်ကီချမ်း သေဆုံးမှုကောလဟာလတွေ ဖြစ်ပြီး အခြေအမြစ်မရှိဘူးလို့ မီဒီယာတွေနဲ့ အချက်အလက်စိစစ်သူတွေက  […]

Continue Reading

Fact Check: ရုရှား ငလျင်ကြောင့် ဆူနာမီလှိုင်းလုံးကြီးတွေ ဂျပန်နိုင်ငံကို ဝင်ရောက်လာပုံလား – မဟုတ်ပါ

ဇူလိုင် ၃၀ ရက်က ရုရှားနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်အပြီး ဆူနာမီလှိုင်းလုံးကြီးတွေ ဂျပန်နိုင်ငံကို ရောက်လာပုံဆိုပြီး ဓာတ်ပုံတချို့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  ဓာတ်ပုံဟောင်းတွေသာဖြစ်ပြီး လက်ရှိအဖြစ်အပျက်က မဟုတ်ပါ။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီပို့စ်ဟာဟာ ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၇ သိန်းကျော်ရရှိထားပြီး ပြန်လည်မျှဝေမှု‌ပေါင်း ၂၂၀ ကျော်ရှိထားတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ရုရှားနိုင်ငံ ပြင်းအား ၈ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ် ပြိးနောက် ဆူနာမီလှိုင်းလုံးကြီးများ ယနေ့ ဇူလိုင် ၃၀ ရက်၊ ဂျပန်နိုင်ငံ ရေတက်လာတည့်မြင်ကွင်း #မြေငလျင်သတိပေးချက် #ဆူနာမီသတိပေးချက် […]

Continue Reading