Fact Check: စစ်ခေါင်းဆောင်ကို လက်ခလယ်ပြနေတဲ့ ဒီဓာတ်ပုံကပြုပြင်ထားတဲ့ ဓာတ်ပုံတစ်ပုံသာဖြစ်တယ်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖမ်းမိတဲ့ PDF ကို စစ်ထဲဝင်ခိုင်းလို့ လက်ခလယ်ပြနေတဲ့ ဓာတ်ပုံဆိုပြီးတောဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားမှာပျံ့နှံ့လျက်ရှိပါတယ်။ “ဖမ်းထားတဲ့ PDF ကိုတပ်ထဲမဝင်ရင်သတ်မယ်ဆိုလို့ လက်ခလယ်ထောင်ပြ”လို့ရေးသားပြီး “News In Burmese”အမည်နဲ့ယူကျူ့အကောင့်က စစ်ခေါင်းဆောင်ကို အမျိုးသားတစ်ဦးလက်ခံလယ်ထောင်ပြနေတဲ့ ဓာတ်ပုံပေါ်မှာ စာရေးသားလျှက်မျှဝေထားရာမှာ ဒီဓာတ်ပုံပါတဲ့ ဗွီဒီယိုကြည့်ရှု့မှုပေါင်း ၈ သောင်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link | Archive link ပြီးခဲ့တဲ့ နှစ်ကတည်းက ပျံ့နှံ့လျက်ရှိတဲ့ ဒီဓာတ်ပုံဟာ စစ်တပ်က PDF တွေကို လက်နက်ချအလင်းဝင်ဖို့ ဖိတ်ခေါ်ချက်သတင်းမှာ မဇ္ဈိမမီဒီယာကအသုံးပြုခဲ့ပြီးနောက် ဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြား ပျံ့နှံ့မှုပြန်လည်အားလာပါတယ်။ ဒီဓာတ်ပုံဟာ တည်းဖြတ်ထားတဲ့ ဓာတ်ပုံအဖြစ်အများအပြားက နားလည်ကြပေမဲ့အချို့သော ဖေ့စ်ဘွတ်အသုံးပြုသူတွေအတွက် နားလည်မှု လွဲစေတာတွေ့ရပါတယ်။ “Mizzima – […]
Continue Reading