Fact Check: CRPH NUG PDF တို့နဲ့ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်ဆိုပြီးတော့ သတင်းတု ပျံ့နှံ့ခဲ့

False နိုင်ငံရေး | Politics

CRPH NUG PDF တို့ဟာ တရားမဝင်ကြောင်းနဲ့ မူလ NLD ပါတီနဲ့မပတ်သတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို ပြောကြားခဲ့တယ်ဆိုပြီးတော့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတု သာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က တစ်စုံတစ်ရာပြောကြားခဲ့တယ် ဆိုတဲ့ မှတ်ချက်မတွေ့ရှိရပါဘူး။ 

အောက်ပါစာသားတွေကတော့ ပျံ့နှံ့လျှက်ရှိတဲ့ လူမှုကွန်ယက်ပို့စ်ပါစာသားများဖြစ်ပါတယ်။

“အမေလာမှကျောင်းတက်မယ်ရုံးတက်မယ်ဆိုပြီးတောထဲရောက်အကြမ်းဖက်PDFလေးတွေကြားကြပြီလား

====================

နိုင်ငံတကာရောက်..တောတွင်းရောက်..NUG/pdf.တွေ

သေလို့ရပြီ

တရားမဝင်ကြောင်း..မူလNLD.ပါတီနဲ့မပတ်သက်ကြောင်း..ထောင်တွင်းနေ.ဒေါ်စုကြည်က..နစကကိုပြောကြားခဲ့.

May..9..ရက်.NCA..နောက်ဆုံးရာဇသံက…NUG..pdf.

တွေသွေးပျက်စရာ..ပြေးနိုင်လဲလွတ်မယ်မထင်…ဒေါ်စုကြည်၏ ယနေ့ပြောစကား

CRPH ရှိပြီးသားကို ဘာလို့

NUG အဖွဲ့ PDF အဖွဲ့ထပ်ဖွဲ့နေရတာလဲ 

NLD ထိပ်ပိုင်းတွေအထဲရောက်နေသဖြင့်

NLD လိုဂို NLD တံဆိပ်တုံးသုံးပြီးမည်သူမှ အမိန့်မထုတ်ရ 

သူတို့ပြန်မလာမချင်းမည်သူမှ ပြောဆိုရေးသားအမိန့်ထုတ်ခွင့်မရှိပါတီအတွက်မလုပ်ရဟု

CRPH NUG PDF ကို ဒေါ်စုကြည်မှ အသိအမှတ်မပြုလက်မခံကြောင်း ပြောကြားလိုက်ပါသည်

     NLD..ပါတီမှ..ကောင်းမွန်နေကြသူတွေ..ထောင်ကျနေသူတွေ.

ကျန်ရစ်မိသားုတွေအတွက်..နောက်ဆုံးအကြိမ်…ဒေါ်စုကြည်..

ကယ်တင်လိုက်ခြင်းဖြစ်ကြောင်း…အသိပေးလိုက်ပါတယ်

 Sittway Thitsar @ကရင်ပြည်နယ်”လို့ ရေးသားထားပြီး “ကို ပိုက် ထွေး”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူကအောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

အလားတူတဲ့မျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

NUG ကိုလက်မခံဘူးဒေါ်အောင်ဆန်းစုကြည်က လက်မခဲဘူးဆိုတဲ့သတင်းမှားဟာ ထပ်ခါတလဲဖြန့်ဝေနေတဲ့ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ ၂၀၂၁ ခုနစ် စက်တင်ဘာလထဲမှာလည်း ဒီသတင်းမှားဖြန့်ဝေခဲ့ပြီး Fact Crescendo ကအချက်အလက်စိစစ် ထားတာကို ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။ 

အဲဒီနောက်ပိုင်းမှာ သူမရဲ့ ရှေ့နေတွေကိုလည်း တရားခွင်အခြေအနေတွေကို ပြင်ပနဲ့ဆက်သွယ်ပြောဆိုခြင်းမပြုဖို့ စစ်တပ်က ပိတ်ပင်ခံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့မရဲ့ ရှေ့နေအဖွဲ့က တရားရုံးချိန်းမတိုင်ခင် အမှုနဲ့ ပတ်သက်ပြီး ခဏတာတွေ့ ဆုံးခွင့်ရတာကလွဲလို့ အပြင်လောကနဲ့အဆက်အသွယ်မရှိဘူးလို့ Fact Crescendo အနေနဲ့နားလည်ပါတယ်။ 

အဓိကကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီးအကြောင်းအရာကို ရှာဖွေကြည့်ရာမှာလည်း ဒေါ်အောင်ဆန်း စုကြည်ဟာ CRPH၊ NUG၊ PDF တို့နဲ့ပတ်သက်တဲ့ မှတ်ချက်တစ်စုံတစ်ရာမတွေ့ရပါဘူး။ သို့သော်လည်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းဖြစ်တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစည်းအဝေးတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေ့နေတွေကတစ်ဆင့် NUG CRPH တို့နဲ့ပတ်သက်ပြီး သိရှိထားပြီးဖြစ်လိမ့်မယ်လို့ ယူဆကြောင်း၊ ဒီအဖွဲ့အစည်းတွေပေါ်မှာမှတ်ချက်ပေးနိုင်တယ်လို့လည်း လမ်းကြောင်းပေးတဲ့စကားပြောကြားခဲ့ တာတွေ့ရပါတယ်။ ဧရာဝတီသတင်းဌာနရဲ့ ဒီလင့်ခ်မှာ လည်းတွေ့ရပါတယ်။

ထို့အပြင် သူမရဲ့ ရှေ့နေတွေဟာ ပြောရေးဆိုခွင့်မပိတ်ခင်မှာ ပြည်သူရှိနေသရွှေ့ပါတီရှိနေမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်ဆိုတာတွေ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဒေါ်အောင်ဆန်း စုကြည်ထံက မှတ်ချက်တစ်စုံတစ်ရာမတွေ့ရှိရတော့ပါဘူး။

၂၀၂၂ ခုနှစ် မေလဝန်းကျင်က တရားရုံးချိန်းတွေကို ရှာဖွေကြည့်မယ်ဆိုရင် မေ ၂ ရက်မှာဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိမှုနဲ့ အမှု ၂ မှုထပ်တိုးတရားစွဲဆိုခဲ့တယ်ဆိုတဲ့ သတင်းကလွဲလို့ အခုလို CRPH၊ NUG၊ PDF တို့နဲ့ပတ်သက်တဲ့ မှတ်ချက်တစ်စုံတစ်ရာမတွေ့ရပါဘူး။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည်က CRPH၊ NUG၊ PDF တို့နဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တယ်ဆိုတဲ့ အချက်ဟာ အထောက်အထားကင်းမဲ့ပြီး သတင်းတုဖြန့်ချိနေတာတွေ့ရပါတယ်။

Avatar

Title:Fact Check: CRPH NUG PDF တို့နဲ့ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်ဆိုပြီးတော့ သတင်းတု ပျံ့နှံ့ခဲ့

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *