Fact Check: ကင်ညာနိုင်ငံ NLD ထောက်ခံသူများမဲဆွယ်လှုပ်ရှားမှုကို ဂမ်ဘီယာနိုင်ငံကထောက်ခံမှုအဖြစ်ဖော်ပြနေ

အာဖရိကန်လူမျိုးတစ်ချို့ NLD အင်္ကျီဝတ်ဆင်ပြီး ဓာတ်ပုံရိုက်နေပုံနဲ့ ဗွီဒီယိုကို ဂမ်ဘီယာနိုင်ငံသူတွေက ထောက်ခံမှု အဖြစ်ဖော်ပြလျက်ရှိတဲ့ ပို့စ်ကို လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲပြီး ပြည်သူတွေက NLD ဒီကိုထောက်ခံပြနေတာဟာ NLD နဲ့ ပြည်ပနိုင်ငံတွေရဲ့ ကြိုတင်ကြံစည်မှုကိုဖော်ပြနေတယ်ဆိုပြီးတော့ ရေးသားမျှဝေနေကြတာဖြစ်ပါတယ်။ သို့သော်လည်း ဓာတ်ပုံပို့စ်ထဲမှာပါတဲ့ NLD အင်္ကျီဝတ် အာဖရိကန်လူမျိုးတွေဟာ ကင်ညာနိုင်ငံကဖြစ်ပြီး ဂမ်ဘီယာနိုင်ငံက မဟုတ်တာတွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားအမျိုးမျိုးနဲ့ ဓာတ်ပုံပို့စ်ကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာနဲ့ ဒီနေရာတွေမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံတွေကို အခြားအချက်အလက်စိစစ်တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ Boom၊ AFP စတဲ့အချက်အလက်စိစစ်တဲ့ အဖွဲ့အစည်းတွေကလည်း ဂမ်ဘီယာနဲ့သက်ဆိုင်ခြင်းမရှိကြောင်းစိစစ်ထားပြီးဖြစ်ပါတယ်။ Google မှာပုံရှာနည်း၊ […]

Continue Reading

Fact Check: သာသနာရေးဝန်ကြီးသူရဦးအောင်ကို ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းအမှား

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို ကျန်းမာရေးအခြေနေ မကောင်းဘူးဆိုတဲ့ ပို့စ်ဟာ ဖေ့ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “သာသနာရေးဝန်ကြီးသူရအောင်ကို အခြေနေမကောင်းဘူး..သတင်းရရှိပါတယ် 5.10.2020”နဲ့ “ဟော..ဖြစ်ပြန်ပြီနောက်တစ်ယောက် မျိုးတုံးတော့မယ်ထင်တယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ သူရဦးအောင်ကို ဆေးရုံကုတင်ပေါ်မှာ ဆေးကုသမှုခံယူနေတဲ့ပုံနဲ့အတူ ပို့စ်တင်နေကြတာတွေ့ရပါတယ်။ အလားတူ ထမိန်ခြုံများအားနှိပ်ကွပ်ရေးမျိုးချစ်တပ်ပေါင်းစု ဆိုတဲ့ ဂရုမှာလည်း ပြန်လည်မျှဝေနေကြပါတယ်။ မူရင်းလင်ခ့် –FB Link  |  Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပတ်သက်ပြီး ပို့စ်မှာသုံးထားတဲ့ပုံကို googleမှာ ပုံရှာနည်းနဲ့ ရှာမယ်ဆိုရင် ဒီပုံဟာ ၂၀၁၅ခုနစ်က ပုံအဟောင်းဖြစ်တာကိုတွေ့ရပြီး ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ မြန်မာသံတော်ဆင့်သတင်းဌာနက အသုံးပြုခဲ့တဲ့ ပုံဖြစ်နေတာတွေ့ရပါတယ်။ မူရင်းပုံမှာတော့ အဲ့ဒီအချိန်က အတိုက်အခံခေါင်းဆောင်ဖြစ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ကိုယ်ရေးအရာရှိဖြစ်သူ ဒေါက်တာဒေါ်တင်မာအောင်တို့က သူရဦးအောင်ကိုရဲ့ ကျန်းမာရေးသတင်း လာမေးနေတဲ့ပုံ ဖြစ်ပါတယ်။ဒီပုံက ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးပုံကို လှီးဖြတ်ပြီး […]

Continue Reading

Fact Check: ပြည်ပက ကြိုတင်မဲအရည်အတွက် သိရပြီလား

ပြည်ပရောက်မြန်မာနိုင်ငံသားတွေ မဲပေးထားတဲ့ ကြိုတင်မဲ အရေအတွက်တွေနဲ့ပတ်သက်တဲ့ကိန်းဂဏန်းအဖြစ် လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ထိုင်းကြိုတင်မဲ၊ ကိုရီးယားကြိုတင်မဲ၊ ဘရှုနိုင်ကြိုတင်မဲစသည်ဖြင့် နိုင်ငံအသီးသီးက ကြိုတင်မဲရလာဒ်တွေအဖြစ်ဖော်ပြနေတာတွေ့ရပါတယ်။  ဒီအချက်အလက်ဟာ အချက်အလက်မှားဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ လက်ရှိအချိန်(အောက်တိုဘာ ၈ ရက်နေ့)အထိ နိုင်ငံရပ်ခြားရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေဟာ ဆန္ဒမဲပေးခြင်းပြီးဆုံးခြင်းမရှိသေးသလို ကြိုတင်မဲဆန္ဒပြုထားတဲ့ စာအိတ်ဟာ သံရုံးတွေမှာ ဖွင့်ဖောက် ရေတွက်မှာမဟုတ်ဘဲ သက်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေထံ ရောက်ရှိသွားမှာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို ထင်ယောင်ထင်မှားဖြစ်စေတဲ့ ဒီအချက်အလက်တွေကို “ဒီအတိုင်းသာ မှန်လို့ကတော့ ၂၀၂၀မှာ မွှေစိန်မ သား/သမီးတွေ ခွက်ပျောက်ပြီမှတ်။ crd#”စသည့်ဖြင့် ရေးသားပြီး ပြည်ပကြိုတင်မဲစုစုပေါင်းနဲ့ နိုင်ငံအလိုက်ရရှိတဲ့ကြိုတင်မဲ အရေအတွက်အဖြစ် Screenshotရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ ပို့စ်တင်ထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် –FB Link  |  Archive Link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: NLDကို အားပေးသင့်တယ်လို့ ဦးစိုင်းညွန့်လွင်ပြောခဲ့သလား

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLDပါတီရဲ့ ဒုတိယဥက္ကဌဖြစ်သူဦးစိုင်းညွန့်လွင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီကို အားပေးသင့်တယ်လို့ ပြောဆိုခဲ့တယ်ဆိုတဲ့ ပို့စ်ဟာ လူမှုကွန်ယက်အသုံးပြုသူများအကြားပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ကဲ စပြီးနော်ငါတို့တောင်ပေါ်သားတွေကနေပြီးအမေ့ဖက်မှာစပြီးရပ်တည်လိုက်ပြီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကတော့NLDပါတီဘက်ကအတိအလင်းရပ်တည်ပြီ”လို့ ခေါင်စဉ်တပ်ထားပြီး “တစ်ခုက NLD အစိုးရဖြစ်မယ်ဆိုတော့ ကျနော်တို့က အတိုက်အခံလုပ်ဖို့ ခက်မယ်လေ။ အရင် ပြည်ခိုင်ဖြိုးအစိုးရ ဆိုရင်တော့ အတိုက်အခံလုပ်ရတာပြဿနာမရှိဘူး။ နောက်ပြီးတော့ ပြည်နယ်ကိစ္စ ထားလိုက်ဦး ပြည်ထောင်စုမှာက ဒီအချိန်မှာ ဘာပဲဖြစ်ဖြစ် NLD ကို အားပေးသင့်တယ်လို့ ထင်တယ်…”စသဖြင့် ရေးသားထားတာတွေကို ဦးစိုင်းညွန့်လွင်ပြောခဲ့သလို ရေးသားမျှဝေနေကြတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB Link | Archive link အချက်အလက်စိစစ်ချက်  ဒီပို့စ်နဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLDပါတီရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ NLDပါတီကို အားပေးသင့်တယ်လို့ အဓိပ္ပာယ်ရတဲ့ စကားစာသားတွေကို ရေးသား ပြောကြားထားတာမတွေ့ပါဘူး။ ဒါပေမဲ့ […]

Continue Reading

Fact Check: အစိုးရ ဒီထက်လိုလာရင် တပ်ကို ထုတ်သုံးရမယ်လို့ ဦးခင်ရီပြောခဲ့သလား

အစိုးရအနေနဲ့ ဆေးရုံနဲ့မဲရုံ ဘယ်ဟာပိုအရေးကြီးနေလည်း ဒီထက်လွန်လာရင် တပ်ကိုသုံးရလိမ့်မယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌဦးခင်ရီသတိပေးဆို့တဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာပြန့်နှံ့နေတာတွေ့ရပါတယ်။ ဦးခင်ရီပုံမှာ “အစိုးရအနေနဲ့ ဆေးရုံနဲ့မဲရုံ ဘယ်ဟာပိုအရေးကြီးနေလည်း ဒီထက်လွန်လာရင် တပ်ကိုသုံးရလိမ့်မယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌဦးခင်ရီသတိပေး”ဆိုတဲ့ စာသားကိုထည့်သွင်းထားတဲ့ ဓာတ်ပုံနဲ့အတူ ဦးခင်ရီကို ပုတ်ခတ်တဲ့ စာတွေရေးသားပြီးပို့စ်တင်နေတာကိုတွေ့ရပါတယ်။ ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်ဟာ သတင်းမှားဖြစ်တာ တွေ့ရှိရပါတယ်။ မူရင်းလင်ခ့် – FB Link | Archive Link အချက်အလက်စိစစ်ချက် Google မှာ “အစိုးရအနေနဲ့ မဲရုံနဲ့ဆေးရုံ ဘယ်ဟာကပိုအရေးကြီးနေလဲ”၊ “ဒီထက်လွန်လာရင် တပ်ကိုသုံးရလိမ့်မယ်”စတဲ့အဓိကကျတဲ့စကားလုံးတွေအသုံးပြုပြီး သတင်းဌာနတစ်ချို့မှာဖော်ပြချက်ရှိ မရှိရှာဖွေရာမှာ တစ်စုံတစ်ရာဖော်ပြချက် မတွေ့ရှိရပါဘူး။  ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့တိုက်တွန်းထားတဲ့ ဉီးခင်ရီရဲ့ ပြောကြားချက်ဗွီဒီယိုဖိုင်ကို အကုန်သိသတင်းဌာနက ဖော်ပြထားတာတွေ့ရပါတယ်။ သို့သော်လည်း ၁၁ မိနစ်ကျော်ကြာတဲ့ ဒီဗွီဒီယိုဖိုင်မှာလည်း ဦးခင်ရီက အထက်ပါပို့စ်တွေမှာပြောကြားခဲ့သလို […]

Continue Reading

Fact Check: နှင်းဆီပါတီ UDP ဥက္ကဌပြန်လွတ်လာတယ်ဆိုတဲ့ သတင်းအမှား

ညီညွတ်သောဒီမိုကရတ်တစ်ပါတီ(နှင်းဆီပါတီ)UDP ဥက္ကဌဦးကျော်မြင့်(ခ) ဇခုန်ဇုန်းဆောင်ကို စက်တင်ဘာ ၂၉ရက်နေ့က ထောင်ပြေးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ နဲ့ ဖမ်းဆီးခဲ့ပြီးနောက် ဖေ့စ်ဘွတ်ခ်စာမျက်နှားတွေမှာ ဦးကျော်မြင့်ပြန်လည်လွတ်မြောက်လာကာ နေအိမ်မှာ အေးချမ်းစွားပြန်လည်နေထိုင်နေတယ်ဆိုတဲ့ ပို့စ်တွေဟာ အောက်တိုဘာလ ၁ရက်နေ့က စတင်ပျံ့နှံ့နေတာတွေ့ရပါတယ်။  ဦးကျော်မြင့်ပြန်လွတ်လာပြီဆိုတဲ့ အဓိပ္ပာယ်ရတဲ့ “ဥက္ကဋ္ဌ ကြီးကျန်းမာစွာဖြင့်ပြန်လည်​ ရောက်ရှိလာပါပြီ။ နှင်းဆီအပေါင်း သူတော်ကောင်းတို့”နဲ့“UDP ဥက္ကဌကြီး ဦးကျော်မြင့် ပြန်ရောက်ပါပြီ အပြုံး အမုန်းသမားများကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်”စသဖြင့်ရေးသားနေတာတွေ့ရပါတယ်။ ဒါ့အပြင် UDPပါတီရဲ့ မြိုနယ်ပါတီခွဲလို့ ယူဆရတဲ့ RaKhine StateTaunggoke United Democratic Party UDPဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောက်ကနေ ဖေ့စ်ဘွတ်ခ်ဂရုတွေမှာ မျှဝေနေတာတွေ့ရပါတယ်။ ဒီနေရာ ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေ့မှာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် အထက်ပါရေးသားချက်တွေဖြစ်တဲ့ […]

Continue Reading

Fact Check: ဓာတ်ပုံဟောင်းတွေကို အသုံးပြုပြီး မြန်မာရေတပ်က ခိုးဝင်ဘင်္ဂလီတွေကို ပစ်ခတ်ပုံနေသယောင်ဖော်ပြနေတဲ့ သတင်းမှား

COVID-19 ကူးစက်မဖြစ်စေဖို့အတွက် တပ်မတော်(ရေ)က ဘင်္ဂလား-မြန်မာနယ်စပ်မှာ ခိုးဝင်ဘင်္ဂလီတွေကို ပစ်ခတ်ပုံနေ သယောင် ဓာတ်ပုံတွေနဲ့တကွ ဖော်ပြနေတဲ့ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “နောက်ဆုံးတော့လည်း တပ်မတော်ကပဲ အမုန်းခံလိုက်ပါပြီ လက်ခံဖို့ချပြထားသော ဘင်္ဂါလီများအား Covid 19 သံသယဖြင့် ပြည်ထဲမဝင်ရန် တပ်မတော်မှ ဖိဖိစီးစီး တားဆီးကာ Navy စစ်သင်္ဘောများမှ တားဆီးပစ်ခတ်မှုစတင်ပါပြီ တိုင်းပြည်ချစ်သူမှန်ရင် နားလည်ကြပါ မြန်မာပြည်သားများ အန္တရာယ်အတွက်သာ ဦးစားပေးပါမည် ဘင်ဂါလီ မဝင်ရ ပိုးမပြန့်စေရ်”စသည်ဖြင့် ရေးသားထားပြီး “Win Htein Oo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ Link Archive link စက်တင်ဘာလထဲမှာ လူမှုကွန်ယက်အသုံးပြုသူထောင်နဲ့ချီပြီး မျှဝေထားတဲ့ အလားတူပို့စ်ကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာတွေမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တပ်မတော်ရဲ့ […]

Continue Reading

Fact Check: ကိုဗစ်ပြန်ဖြစ်တာ အနောက်တံခါးမလုံလို့ဖြစ်တာလို့ ဒေါက်တာဇော်ဝေစိုးပြောခဲ့သလား

ကိုဗစ်နိုင်တင်းပြန်ဖြစ်တာဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် မောင်တောနယ်စပ် အနောက်တံခါးမလုံလို့ဖြစ်တဲ့ အကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခ၊ ရန်ကုန်တိုင်းကိုဗစ်နိုင်တင်းထိန်းသိမ်းရေးကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်ဝေစိုးကပြောကြောင်း လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ခုလိုဖြစ်ကုန်တာ အနောက်တံခါး မလုံလို့  ဖြစ်ကုန်တာ ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်၊ ရခိုင်ကနေ ရန်ကုန် အကုန်ကူးစက်ကုန်ကုန်တာပါဟု ဒေါက်တာဇော်ဝေစိုးကရှင်းလင်းပြောကြားခဲ့။ ခုလိုမဖြစ်ခင်ထဲက တနိုင်ငံလုံးက အနောက်တံခါးကို LOCK DOWNချဖို့ ဝိုင်းအော်နေတာ  ပိတ်မှမပိတ်တာဗျာ၊ ခုလိုဖြစ်တော့ကျွန်တော့်မှာ တာဝန်ရှိပါတယ်လို့  ဘယ်သူကမှ ဝန်မခံတော့ဘူး”လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ‌ဒေါက်တာဇော်ဝေစိုးက ဒီလိုပြောတယ်ဆိုတာနဲ့ပတ်သက်ပြီး သတင်းမီဒီယာမှာ ဖော်ပြချက်တစ်စုံတရာ မတွေ့ရပါ ဘူး။ ဒေါက်တာဇော်ဝေစိုးရဲ့ အင်တာဗျူးဖြေဆိုထားတာတွေမှာလည်း မတွေံရပါဘူး။ ဒါ့ကြောင့် ဒေါက်တာဇော်ဝေစိုးကို […]

Continue Reading

Fact Check: ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးလုပ်ဆောင်နေတဲ့ တပ်မတော်သားတွေကို ဒေါ်အောင်ဆန်းစုကြည်ဂုဏ်ပြုတဲ့ စာအတု

ရခိုင်ပြည်နယ်အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်ရေးဆောင်ရွက်နေသော မြန်မာတပ်မတော်အားချီးကျူးဂုဏ်ပြုခြင်း နှင့် ထပ်ဆင့်တာဝန်ပေးအပ်ခြင်းဆိုတဲ့ သမ္မတရုံးတံဆိပ်နဲ့ ရုံးစာတစ်စောင်ဟာ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ “ရခိုင်ပြည်နယ်က NLDပါတီက ကိုယ်စားလှယ်တွေ၊ NLDပါတီဝင်တွေ၊ NLDထောက်ခံသူတွေကို ဘယ်လိုခေါ်ရမလဲ။ နောက်ဆုံးမင်းတို့လည်း ရခိုင်လူမျိုးကို သတ်တဲ့ပူးပေါင်းတရားခံဖြစ်လိမ့်မယ်”လို့ ရခိုင်ဘာသာနဲ့ ရေးသားထားတဲ့စာအညွှန်းနဲ့အတူ ဒီစာကိုတင်ထားတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်သုံးသပ်ချက် ပထမဦးဆုံးအနေနဲ့ဒီစာကို နိုင်ငံတော်သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံ့ရုံးတို့ရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ ဝဘက်ဆိုဒ်တို့မှာ ဒီစာကိုတင်ထားတာမတွေ့ရပါဘူး။စာရဲ့ အပေါ်မှာ နိုင်ငံတော်သမ္မတရုံးအမှတ်တံဆိပ်ပါဝင်ပြီ အောက်က လက်မှတ်ထိုးသူနေရာမှာတော့ သမ္မတဦးဝင်းမြင့်လက်မှတ်နဲ့ အမည်မဟုတ်ပဲ နိုင်ငံတော်အတိုင်ပင်ခံ့ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမည်နဲ့ ဖြစ်နေတာကို တွေ့ရပါတယ်။တကယ်ဒီရုံနှစ်ခုက မတူပါဘူး။ပြီးခဲ့တဲ့ ဧပြီလကတော့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တွေကို ချီူကျူးဂုဏ်ပြုကြောင်း စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ဒီစာနှစ်ခု မတူညီကြောင်း အောက်ပါလင့်ခ်မှာ လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ဒီစာက အတုဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ […]

Continue Reading

Fact Check: မုံရွာက ပြည်ခိုင်ဖြိုးပါတီထောက်ခံပွဲအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံသတင်းမှား

COVID-19 ကူးစက်ပျံ့နှံ့မှုမြင့်တက်နေခြင်းနဲ့အတူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပါတီတွေဟာ မဲဆွယ်စည်းရုံးမှုကို ကျန်းမာရေးစည်းကမ်းတွေနဲ့အညီဆောင်ရွက်ချိန် လည်းဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအင်္ကျီဝတ်လူအုပ်ကြီးက အလံဝှေ့ယမ်းနေပုံကို “ယနေ့ မုံရွာ မြင်ကွင်း လေးစားပီလေ” ဆိုပြီးတော့ “‎Myo Ko‎”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မုံရွာ သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ် အုပ်စုမှာ စက်တင်ဘာ ၈ ရက်က အောက်ပါ အတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၂ ရာကျော်ရှိပါတယ်။ Fb link Archive link ဒီပို့စ်ရဲ့အောက်မှာ မှတ်ချက်တွေဖတ်ကြည့်မယ်ဆိုရင် မုံရွာမှာ ဖြစ်ပျက်ခဲ့ခြင်းမရှိဘူးလို့လည်း မှတ်ချက်ပေး ထားတာမျိုးတွေ တွေ့ရသလို မယုံကြည်သူတွေလည်းရှိပါတယ်။ ဒီပုံထဲမှာပါတဲ့ သူတွေမှာ COVID-19 ကာလအတွင်းစည်းရုံးရေးဓာတ်ပုံတွေလိုမျိုး ပါးစပ်နဲ့ နှာခေါင်းစည်းမပါဝင်တာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံမှာ gettyimages ဆိုပြီးတော့ […]

Continue Reading