Fact Check: ရေနံချောင်း NLD အမတ်လောင်းကို တိုက်ခိုက်တဲ့ အချက်အလက်မှား ဖြန့်ဝေ

အင်းစိန်ရွာမဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ စာသင် ရဟန်းနဲ့ သင်္ဃာ ၇၅ မှာ COVID-19 ကူးစက်ခံရတဲ့ သတင်းနောက်ဆက်တွဲရေးသားပြောဆိုချက်တွေ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဒီလိုအခြေအနေမှာ ရေနံချောင်းမဲဆန္ဒနယ်မှာ NLD ပါတီက ဝင်ပြိုင်မယ့် အမတ်လောင်း ဉီးခင်မောင်လင်းက အင်းစိန်ရွာမကျောင်း ပိုးတွေ့ရှိမှုအပေါ် မှတ်ချက်ရေးသားခဲ့တဲ့ ပို့စ်တစ်ခုအဖြစ် လူမှုကွန်ယက် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ “ခင် စစ်သွေး နိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဝန်ကြီးလုပ်မယ့် nld လွှတ်တော်အမတ်လောင်း ရေးတဲ့မန့်ကိုကြည့် ခင်မောင်ဝင်း ဆိုတဲ့ကောင်ကို စောက်ရမ်း ရွံတယ် “လို့ ရေးသားမျှဝေထားပါတယ်။ Fb link Archive link “ရွှေ နန်း ထက်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကလည်း အလားတူမျှဝေထားပါတယ်။ ဒီလိုချိတ်ဆက်ပြီး မျှဝေနေတဲ့ screenshot ပို့စ်တွေကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ရေနံချောင်းမြို့နယ် […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းမှား ဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူး၊ COVID 19 ကူးစက်ခံရတယ်ဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  “နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တတိယအကြိမ် ဆေးစစ်ချက် COVID 19 ရောဂါပိုး Positive အဖြေထွက်ဟုဆို” ခေါင်းစဉ်တပ်ပြီး “နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ထမ်းအချို့နှင့် သမ္မတရုံး ဝန်ထမ်းများအပါအဝင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိစပ်မှု့ရှိခဲ့သည့် အသိုင်းအဝိုင်းများမှ လူပုဂ္ဂိုလ်အချို့မှာ COVID 19 ရောဂါပိုးတွေ့ရှိ ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်အား COVID 19 ရောဂါ ပိုးကူးစက်ခံရမှုရှိမရှိ စစ်ဆေးခဲ့ရာ ပထမ အကြိမ်နှင့် ဒုတိယအကြိမ်များတွင် Nagative အဖြေထွင်ခဲ့သော်လည်း စက်တင်ဘာ ၁၉ ရက် ညနေပိုင်း တွင်တတိယအကြိမ် ပြန်လည်စစ်ဆေးခဲ့ရာ Positive အဖြေထွက်ခဲ့သည့်အတွက် အထူးကုသမားတော်ကြီး များဖြင့် သီးသန့်ကုသနေကြောင်း […]

Continue Reading

Fact Check: တပ်မတော်ရဲ့မိတ်ဖက်ပါတီအောင်နိုင်ရေးအတွက် ကော်မတီဖွဲ့ဖို့ ထိတ်တန်းလျှို့ဝှက်ဆိုတဲ့ စာအတု

လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ မိတ်ဖက်ပါတီအောင်နိုင်ရေးအတွက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီတွေ ဖွဲ့စည်းပြီး သက်ဆိုင်ရာကော်မတီတွေကို သေချာကြပ်မတ်ဆောင်ရွက်နိုင်ရန်ဆိုတဲ့ တပ်မတော်ရဲ့ ထိတ်တန်း လျှိုဝှက်စာဆိုတဲ့ ပို့စ်တစ်ခုပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “စစ်တပ်ဟာပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်း ပြဌာန်းထားပါတယ်။ ဒါပေမဲ့တပ်ချုပ်ကိုယ်တိုင် ကြံ့ခိုင်ရေးအတွက် မဲဆွယ်ပါတယ်။”စသဖြင့်အညွှန်းတပ်ထားပြီး ၂၀၂၀ရွေးကောက်ပွဲမှာ မိတ်ဖက်ပါတီအောင်နိုင်ရေးအတွက် ဦးစီးကော်မတီနဲ့ ဆပ်ကော်မတီတွေ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှု အကြောင်းကြားခြင်းဆိုတဲ့ တပ်မတော်ရဲ့ထိတ်တန်းလျှို့ဝှက်စာဆိုတာကို ဓာတ်ပုံရိုက်တင်ထားတာတွေ့ရပါတယ်။ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ပြန်လည်မျှဝေကြတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းအမှားဖြစ်ကြောင်းကို BBC Burmesနဲ့ အင်တာဗျူးမှာ ပြန်လည်ဖြေဆိုထားတာတွေ့ရပါတယ်။ “ဒါက စာအတုဖြစ်တယ်၊ ဒီလိုအချိန်မျိုးမှာ ဒီလိုစာထွက်လာတာက တပ်မတော်နဲ့ အစိုးကြား၊ တပ်မတော်နဲ့ နိုင်ငံရေးအဖွဲ့စည်းတွေကြားမှာ […]

Continue Reading

Fact Check : နေအိမ်/ရပ်ကွက်ပြင်ပသို့ထွက်ရင် ထောင်ဒဏ် ၁ နှစ် (သို့) ဒဏ်ကြေး ၃ သိန်းပေးဆောင်ရမယ်ဆိုတာ မဟုတ်ပါ

COVID-19  ကူးစက်ပျံ့နှံ့မှု ဆက်တိုက်မြင့်တက်လျက်ရှိရာမှာ အထူးသဖြင့် လူဉီးရေထူထပ်တဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာ ကူးစက်ပျံ့နှံမှုအဓိကဖြစ်ပေါ်နေတာတွေ့ရပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  ကိုကိုးကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်နေပြည်လူထုကို အိမ်တွင်သာနေထိုင်ရန် စက်တင်ဘာ ၂၀ ရက်ကအမိန့်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ “24 ရက်နေ့နောက်ပိုင်း ကျန်းမာရေးကထုတ်ပြန်သတ်မှတ်ထားတဲ့ အပြင်ထွက်ခွင့် ရှိတဲ့ သူမဟုတ်ဖဲ နေအိမ်/ရပ်ကွက်ပြင်ပသို့ထွက်ရင် ထောင်ဒဏ် ၁ နှစ် (သို့) ဒဏ်ကြေး ၃ သိန်းပေးဆောင် ရမယ်(အခုလိုလုပ်တာ ဖြစ်သင့်တဲ့ကိစ္စပါ။ ထိထိရောက်ရောက်ကိုင်တွယ်မှ ရန်ကုန်မြို့ကြီးအမြန်ဆုံး ပြန်လည်ကျန်းမာလာမှာပါ)#Crd #ကြည်သာဟန် — feeling thankful in Mawlamyine..” စသည်ဖြင့် ရေးသားပြီး ‎”Oo Lay Yan Myo” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထား တာတွေ့ရပါတယ်။ အလားတူ ပို့စ်ကို […]

Continue Reading

မကျေနပ်ရင် ရွေးကောက်ပွဲဝင်မပြိင်ဖို့ရွေးကောက်ပွဲကော်မရှင်ပြောသလား-မဟုတ်ပါ

ရွေးကောက်ပွဲကို ရက်အတိအကျလုပ်မယ်၊ မကျေနပ်ရင် ဝင်မပြိုင်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က ပြောတယ် ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခု လူမှုကွန်ယက် သုံး စွဲသူတွေ အကြားမှာ ပျံ့နှံလျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ရွေးကောက်ပွဲကို အတိအကျလုပ်မယ်။ မကျေနပ်ရင် ဝင်မပြိင်လို့ရတယ်။ ကျွန်တော် စကားကို ဖင်တစ်ခွန်း ခေါင်းတစ်ခွန်းမပြောဘူး။ ဦးမြင့်နိုင်(UEC ဉက္ကဌ)”ဆိုပြီး မျှဝေထားပါတယ်။  “Canda Siri”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူရဲ့ပို့စ်ကို “Sandar Aung” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။အလားတူပို့စ်ကို “Ko Pyae”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် စက်တင်ဘာ ၁၉ ရက်ကမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်း မီဒီယာတာဝန်ရှိသူတွေနဲ့ အွန်လိုင်းက ဆွေးနွေးမှုအစီတစ်ခုအပြီးမှာ ဒီလိုမျိုး မျှဝေမှုတွေ […]

Continue Reading

ဘွဲ့တံဆိပ်ပြန်ရုပ်သိမ်းခဲ့သည့်ဆရာတော်အဖြစ်ဖော်ပြနေတဲ့ သတင်းမှား

အဆောက်အဦးတစ်ခုရှေ့မှာ ဘုန်းကြီးတစ်ပါး လူတွေကို ဆွမ်းဟင်းခပ်ပေးနေတဲ့ပုံကို အစိုးရရဲ့ ဘွဲ့တံဆိပ် တော်ပြန်လည်ရုပ်သိမ်းခံခဲ့ရသည့် ဆရာတော်အဖြစ်မျှဝေနေတဲ့ သတင်းမှားတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။  “Ko Ko Mg”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “NLD ကိုမထောက်ခံတဲ့ဆရာတော်၏ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် ကို သမ္မတဦးဝင်းမြင့်မှပြန်ရုတ်သိမ်း ရုတ်သိမ်းခံရသည့် ဆရာတော်မှ လူထုကိုကူညီရင်ထဲမချိပြီ..” စသည်ဖြင့် ရေးသားပြီး ဆွမ်းဟင်းခပ်ပေးနေတဲ့ ဘုန်းကြီးကိုလည်း  အဂ္ဂမဟာ ပဏ္ဍိ တဘွဲ့တံဆိပ်တော်ပြန်လည်ရုပ်သိမ်းခံရ သည့် ဆရာတော် ဘဒ္ဒန္တဣန္ဒာစာရအဖြစ် အောက်ပါအတိုင်းမျှဝေ ထားရာမှာ လူမှု ကွန်ယက်အသုံးပြုသူ ၁ ထောင်ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။  Fb Link Archive link အလားတူ “နေဝင်းထွန်း”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူကလည်း မျှဝေထားတာတွေ့ရပါတယ်။ “Ko Ko Mg”ပို့အောက်မှာ မှတ်ချက်ရေးသားသူတစ်ချို့က ဒီသတင်းမှားလို့ မှတ်ချက်ပေးနေကြတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် မွန်ပြည်နယ် […]

Continue Reading

ကိုဗစ်နိုင်တင်းကြောင့် ရွေးကောက်ပွဲမလုပ်တော့ဘူးဆိုတဲ့ သတင်းအမှား

လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်နိုင်တင်းရောဂါကြောင့် နိုင်ဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမဲ့ရွေးကောက်ပွဲကို မကျင်းပတော့ဘူးဆိုတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြန့်နှံ့နေတာတွေ့ရပါတယ်။ အဲ့ဒီပို့စ်မှာ “ကိုမြင့်နိုင်(Covid-19) လုပ်ရက်ကြောင့် ရွေးကောက်ပွဲ မလုပ်ဖြစ်တော့ပါ လက်ရှိ့ NLD အစိုးရပဲ အုပ်ချုပ်ခွင့် ပြုလိုက်ပီး သဘောတူလား ဘော်ဒါတို့ရေ”လို့ရေးသားထားတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် အထက်ပါရွေးကောက်ပွဲ မလုပ်တော့ဘူးဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို တာဝန်ယူဦးစီးကျင်ပပေးရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမဲ့နိုင်ဝင်ဘာ ၈ရက် ရွေးကောက်ပွဲကို ရပ်ဆိုင်းတာ၊ ရက်ရွှေ့တာစသဖြင့် တစ်စုံတရာကြေငြာတာမျိုး မရှိသေးပါဘူး။ UEC FB Link UEC Web Link ဒါအပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း စက်တင်ဘာလ ၁၅ ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုဖြစ်တဲ့ Chair NLDပေ့ချ်ကနေ “ပြည်သူသို့ […]

Continue Reading

ရုရှားကဗျာဆရာ မာယာကော့ဗ် စကီရဲ့ကဗျာဆိုတဲ့ အချက်အလက်မှား

ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဗျာလေလံ အပြီး ကဗျာနဲ့ ပတ်သက်တဲ့ သတင်းမှားတွေ ထုတ်လွှင့်မှုတွေ လူမှုကွန် ယက်မှာ ဆက်တိုက်ပျံ့နှံ့လျက်ရှိပါတယ်။ စက်တင်ဘာ ၁၆ ရက်က စတင်ပျံ့နှံ့လျက်ခဲ့တဲ့ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာဟာ ရုရှားကဗျာဆရာ Vladimir Mayakovsky ရဲ့ ကဗျာတစ်ပုဒ်ကို ကူးယူထားခြင်းဖြစ်တယ်ဆိုပြီးအောက်ပါအတိုင်းမျှဝေထားပါတယ်။  Fb link Archive link အလားတူပို့စ်တွေကို  “May Myat Noe”၊ “Myanmar Hard Talk”၊ “သူရ ခိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေ က  Mayakovsky ကဗျာအဖြစ်မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီကဗျာလေလံနဲ့ပတ်သက်ပြီး သတင်းမှားတွေ ပျံ့နှံ့ခဲ့တာကို Fact Crescendo Myanmar က အချက် အလက် စိစစ်ခဲ့တာကို ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ မျှဝေလျက်ရှိတဲ့ ရုရှားနာမည်ကြီးကဗျာဆရာ ဗလာဒီမာ မာယာကော့ဗ်စကီ(Vladimir Mayakovsky) […]

Continue Reading

NLD ထက်ကောင်းတဲ့အစိုးရမရှိဘူးလို့ ဓာတ်ပုံထဲက ရဲအရာရှိက ပြောခဲ့သလား-မဟုတ်ပါ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပုံနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တံဆိပ်ပါ ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ သတင်းရဲတပ်ဖွဲ့မှ အရာရှိနှစ်ဦးကို နယ်‌ပြောင်းနဲ့ ရာထူးတိုးမြှင့်ခန့်ပယ်ဖျက်နဲ့ ရဲတပ်ဖွဲ့က မကြာသေးခင်က အရေးယူခဲ့ တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရဲအရာရှိတစ်ဦးက ဓာတ်ပုံမှာ “NLD ထက်ကောင်းတဲ့အစိုးရမရှိဘူး။စဉ်းစားမနေနဲ့”လို့ ရေးသားမျှဝေထားတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ “ဝန်ထမ်းအားလုံး မကြောက်ကြပါနဲ့ ဘယ်ပါတီကိုဘဲထောက်ခံထောက်ခံ သတ္တိရှိကြပါ အလုပ်ဖြုတ်မရပါဘူး အာဏာနဲ့ ကြက်ဆူစိုက်ခိုင်းတဲ့ခေတ် ကုန်ခဲ့ပါပြီ ဒါတောင် ပြည်ထဲရေးက အစိုးရ လက်အောက်မရောက်သေးလို့ ရောက်လာရင်အားလုံး တရားကိုနတ်စောင့်လိမ့်မယ်” ဆိုပြီးတော့ “‎ကိုဇော် နိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ “သတင်းထူး သတင်းဦး သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အောက်ပါ အတိုင်းမျှဝေထားပါတယ်။ Fb link Archive link အလားတူ ပို့စ်မျိုးကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ […]

Continue Reading

သမိုင်းမှတ်တမ်းဓာတ်ပုံတစ်ခုကို ပုံဖျက်ပြီး ဒေါ်အောင်ဆန်းစုကြည် အဖိုးအဖြစ်ဖော်ပြနေ တဲ့ အချက်အလက်မှား

ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖိုးမာမွတ်စူလတန်ဆိုတဲ့ ကာလာအဖြူအမည်းဓာတ်ပုံ ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “ဒေါ်ခင်ကြည်ရဲ့အဖေ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖိုးမာမွတ်စူလတန်ဆိုတာ ပြည်သူတွေ သိအောင်ဖော်ပြပေးတာပါဒေါ်အောင်ဆန်းစုကြည်ကုလားကိုထိရင်ဘာကြောင့်နာနေတာလဲဆိုတာသိအောင်ပြလိုက်တာဒေါ်အောင်ဆန်းစုကြည်ကိုဗုဒ္ဓဘာသာလို့ပြောနေကြတဲ့ထမိန်ခြုံတွေသတိထားသက်သေအထောက်ထားတွေအများကြီးရှိတယ်အမျိူးသားရေးလုပ်တယ်ဆိုတာထမိန်ခြုံတွေအများကြီးပိုသိနေလို့အမျိူးသားရေးသမားဆိုတာဖြစ်လာတာမသိရင်ငါတို့လဲမင်းတို့ဖင်ပိတ်ပြီးပြောခဲ့ဘူးပါတယ်ထမင်းစားနေတာမှန်ရင်စဉ်းစားကြည့်ပါသူလုပ်နေတဲ့လုပ်ရပ်တွေသူပြောနေတဲ့စကားတွေကိုပေါ့ဒီတခါရွေးကောက်ပွဲကနိူင်ငံကိုကာကွယ်ပြီးသာသနာတော်ကိုကာကွယ်တဲ့ပွဲဆိုတာဗုဒ္ဓဘာသာလူမျိူးတိုင်းသိထားကြဖို့အထူးအရေးကြီးပါတယ်ထမင်းစားပြီးစဉ်းစားပေးပါရွှေမြန်မာတို့”ဆိုပြီးတော့“မြန် မာ့ သွေး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါအတိုင်းမျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံရဲ့ မူရင်းစာအညွှန်းမှာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးချိန် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နှင့်ရင်သွေးများ အတွက် ဘာဘူကြီးတစ်ဦးက နွားငါးကောင် လာရောက်လှူဒါန်းကြောင်းခဲ့ကြောင်းရေးသားထားတဲ့ သမိုင်းဝင် ဓာတ်ပုံတစ်ခုဖြစ်တာတွေ့ရပါတယ်။ “ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးချိန် ကျန်ရစ်သူ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်နှင့် ရင်သွေးများ အတွက် စာနာထောက်ထားမှုဖြင့် ဘာဘူကြီးတစ်ဦးက နွားငါးကောင် လာရောက်လှူဒါန်းကြောင်း စာထဲသာ ဖတ်ဖူးခဲ့ကြပြီး အခုလိုသမိုင်းကိုမှတ်တမ်းသက်သေထူနိုင်သောဓါတ်ပုံမှာ တန်ဖိုးကြီးမားလှပါသည်”ရေးသားပြီး “Bogyoke ဗိုလ္ခ်ဳပ္ -General Aung San”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသ၂၀၁၉ ခုနှစ်အတွင်းက မျှဝေခဲ့ တာတွေ့ရပါတယ်။  ဒီလင့်ခ်မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သုံးသပ်ချက် အထက်ပါအချက်အလက်အရ […]

Continue Reading