၂၀၁၄ ခုနှစ်တုန်းက တရုတ်-အိန္ဒိယနယ်စပ်ပြဿနာဗွီဒီယိုကို မကြာသေးခင်ကဖြစ်တဲ့ ပဋိပက္ခအဖြစ်ဖော်ပြနေ

၂၀၂၀ ခုနှစ် ဇွန်လလယ်မှာ တရုတ်-အိန္ဒိယနယ်စပ်မှာ နှစ်ဖက်စစ်သားတွေကြား အပြန်အလှန် တိုက်ခိုက်ကြရာ ကနေ နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး နှစ်နိုင်ငံတင်မားမှုဖြစ်ခဲ့ပါတယ်။ အိန္ဒိယနဲ့ တရုတ်နယ်စပ်မှာ အငြင်း ပွားမှုမကြာခဏဖြစ်ပေါ်ခဲ့တာတွေ့ရပြီး ဇွန်လ ၁၅ ရက်နေ့က တစ်ဖက်နဲ့တစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုမှာ အိန္ဒိယ စစ်သည်အနည်းဆုံး ၂၀ ဦး သေဆုံးပြီး တရုတ်စစ်သည် ၄၃ ဦးလည်း သေဆုံးနိုင်တယ်လို့ အိန္ဒိယမီဒီ ယာတွေကရေးသားခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ အိန္ဒိယ နဲ့ တရုတ်လက်ရှိ အခြေနေအဖြစ်ဗီဒီယိုတစ်ခု ဖေ့စ်ဘွတ်ပေါ်မှာ ပျံ့နှံ့ခဲ့တာတွေ့ရ ပါတယ်။  “New Mc Sport”၊ “ဒေါ်နန့်ခိုင် သဇင်ဝင်း”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်း အသီးသီးမျှမျှဝေထားကြပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် အမှန်တော့ ဒီဗီဒီယိုတွေဟာ […]

Continue Reading

ပုသိမ်ငဝန်မြစ်ကူးတံတားကိုဆေးအနီရောင်မှု ရွေးကောက်ပွဲကော်မရှင်ထံ ထပ်မံ တိုင်ကြားမယ်ဆိုတဲ့ သတင်းမှား

ပုသိမ်ငဝန်မြစ်ကူးတံတားကိုဆေးအနီရောင်ခြယ်သည့်ကိစ္စအပါအဝင်ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ NLD က်ပွဲကော်မရှင်ထံ ထပ်မံတိုင်ကြားမယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ NLD အစိုးရဟာ ဧရာဝတီမြစ်ကူးတံတားမှန်သမျှကို သူတို့ NLD ကိုယ်စားပြုအနီရောင်ကို အသုံးပြုပြီး ပြည်သူတွေစိတ်ထဲအနီရောင်စွဲလာအောင်နိုင်ငံရေးလုပ်ကြံမှု့အကြီးစားတစ်ခုကိုကျူးလွန်နေတယ်လို့ နေပြည်တော်ပြည်ခိုင်ဖြိုးရုံးချုပ်တွင်မီဒီယာများအားပြောကြားလိုက်ကြောင်းသိရပါတယ်ဆိုပြီးတော့ “ရဲ ဇော်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားမျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး “နေပြည်တော် ပြည်ခိုင်ဖြိုး ရုံးချုပ်တွင်မီဒီယာများအားပြောကြားလိုက်ကြောင်း သိရသည်” ဆိုပြီး တော့ရေးသားချက်အရ မီဒီယာတစ်ခုခုက ဒီလိုခေါင်းစဉ်မျိုးတပ်ရေးသားခဲ့သလားရှာ ဖွေကြည့်ရာမှာ သတင်း တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ Google မှာ အဓိကကျတဲ့ စကားလုံးတွေဖြစ်တဲ့ “ပုသိမ်ငဝန်မြစ်ကူးတံတား ဆေးအနီရောင်ခြယ်သည့်ကိစ္စ”၊ “ဆေးအနီရောင်ခြယ်သည့်ကိစ္စ”စသည်ဖြင့် အသုံးပြုပြီးရှာဖွေရာမှာ တရားဝင်ရပ်တည်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်အသုံးပြုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီလိုရေးသား ချက်နဲ့ […]

Continue Reading

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဉက္ကဌနဲ့ ပါတီတာဝန်ရှိသူတွေ အချင်းချင်း ချကုန်ပြီးဆိုတဲ့ သတင်းတု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဉက္ကဌ ဦးသန်းဌေးက ၂၀၂၀ မှာ အစိုးရမဖွဲ့နိုင်ရင် ပါတီကို လေလံ တင်မယ်လို့ ရေးသားထားပြီး ပါတီပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တွေက ဒီလိုရေးသားချက်ကို တုန့်ပြန်ခဲ့ဟန် screenshot တစ်ခုကို “ကို ကြီး”အမည်နဲ့လူမှုကွန်ယက်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။ “ဟာ အချင်းချင်းတေဖဲ့ကုန်ကြပြီ ပွဲကတော့လှချက်”ဆိုပြီးတော့ အောက်ပါအတိုင်းမျှဝေထားတာဖြစ်ပါတယ်။ Fb link Archive link အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီဉက္ကဌ ဦးသန်းဌေးရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာမှာ “လာမယ့် ၂၀၂၀ ရွေးကော်ပွဲမှာ အစိုးရ မဖွဲ့နိုင်ရင် ပြည်ခိုင်ဖြိုးပါတီကို လေလံတင်တော့မယ်လို့ စိတ်မကောင်းစွာ အသိပေး လိုက်ပါသည်”ဆိုတဲ့ ရေးသားချက် တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။  Link ပြည်ခိုင်ဖြိုးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်အသုံးပြုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ပါတီကို လေလံတင်ရ အောင် အမွေရထားတဲ့ […]

Continue Reading

ဘင်္ဂလီဒုက္ခသည် (၄၂)သိန်းအားမြန်မာနိုင်ငံကလက်ခံရန် လုံခြုံရေးကောင်စီဆုံးဖြတ်ဆို တဲ့သတင်းမှား

ဘင်္ဂလီဒုက္ခသည် (၄၂)သိန်းအားမြန်မာနိုင်ငံကလက်ခံရန် လုံခြုံရေးကောင်စီက ဇွန် ၂၂ရက်က ဆုံးဖြတ်ဆို တဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ “နိုင်ငံခြားရေးဝန်ကြီးကြောင့် ဒုက္ခရောက်ကြရပြီ ဘင်္ဂလီဒုက္ခသည် (၄၂)သိန်းအား မြန်မာနိုင်ငံမှ လက်ခံရန်အတွက် ဇွန်(၂၂)ရက်က ကျင်းပခဲ့သော ကုလသမဂ္ဂဆိုင်ရာ လုံခြုံရေးကောင်စီက ထောက်ခံမဲ (၃၈)မဲဖြင့် အတည်ပြုလိုက်ပါပြီ။ မြန်မာနိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီး ရှိနေပါလျှက်နဲ့ ၂၀၁၇ခုနှစ် ဘင်္ဂလီအရေးအခင်း ဖြစ်သည့်အချိန်မှ ယနေ့အချိန်အထိ ကုလသမဂ္ဂ အစည်းအဝေးများကို ကြောက်ရွံ့စွာဖြင့် ရှောင်တိမ်းခဲ့သော အဆိုပါနိုင်ငံခြားရေးဝန်ကြီး၏ ညံ့ဖျင်းသိမ်နုပ်မှု့ အကျိုးဆက်များကို ယနေ့ခံစားနေရပါပြီ” ဆိုပြီး “အဲ့ဒေါဏီ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတာပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစည်းအဝေးမှတ်တမ်းတွေနဲ့ သတင်းထုတ်ပြန်ချက်တွေကို ဖော်ပြပေးနေတဲ့ un.org  မှာဝင်ရောက်ရှာဖွေကြည့်ရာမှာ ဇွန် ၂၂ ရက်ကမြန်မာနိုင်ငံနဲ့ […]

Continue Reading

လူစုလူဝေးမလုပ်ရဆိုတဲ့ အမိန့်ကို ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်နေတယ်ဆိုတဲ့ သတင်းမှား

ဇွန် ၁၉ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါ တယ်။ ဒီလိုအချိန်မှာ “လူစုလူဝေးမလုပ်ရဆိုတဲ့ အမိန့်ကို ဆန့်ကျင်နေတဲ့ nld ပါတီဝင်များနှင့် အားပေးထောက်ခံသူများ မြန်မာနိုင်ငံတွေ ပြဌာန်းထားသော အသက်ဝင်ဆဲ ဥပဒေများသည် nld ပါတီဝင်များနှင့် အားပေးထောက်ခံသူများ အတွက် အကျုံးမဝင်ပေ။ပုံတွေကတော့ တည်ဆဲဥပဒေများကို ချိုးဖောက်၍ လူစုလူဝေးကျင်းပနေတဲ့ ပုံများဖြစ်ပါတယ်။နိုင်ငံတော်သမ္မတ နိုင်ငံတော်၏အတိုင်ဖင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့ဝင်လူကြီးမင်းများကိုယ်တိုင် တည်ဆဲဥပဒေများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြပါတယ်”ဆိုပြီးတော့ “မိုက်ကယ်”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်တွေမှာပါတဲ့ အထပ်မြင့်အအောက်အဉီတွေနဲ့ လမ်းမဘေးမှာ ကားတွေ ရေမြှုပ်နေတဲ့ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်း တွေ့ရပါတယ်။ ဒီငြိမ်းချမ်းရေး ဂျိုးဖြူတွေလွှတ်နေတဲ့ပုံဟာ ၂၀၁၈ ခုနှစ်ကကျင်းပခဲ့တဲ့ […]

Continue Reading

၂၀၂၀ မှာ NLD ကဝင်ပြိုင်ဖို့ရွေးချယ်ထားတဲ့ အမတ်တွေအဖြစ် မျှဝေနေတဲ့သတင်းမှား

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးအရတိုက်ခိုက်မှုတွေတွေ၊ စွပ်စွဲပြစ်တင်မှုတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ သတင်းတု၊ သတင်းမှာတွေ ဖြန့်ဝေမှုများပြားလာနေပါတယ်။  ၂၀၂၀ မှာ NLD ကရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်ဖော်ပြနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက် သုံး စွဲသူတွေ အကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  “၂၀၂၀ အတွက် NLDလွှတ်တော်ကိုယ်စားလှယ်တွေ မြင်ဖူးအောင်လို့ ပါ ဒီတစ်ခါ NLDကို မဲပေးရင် အိမ်မှာ ကိုးကွယ်နေကြတဲ့ ဘုရားစင် ပျောက်ပါပြီလို့ မှတ်လိုက်ကြပေတော့ ဗုဒ္ဓဘာသာ မြန်မာမှန်ရင် NLDပါတီကိုလုံးဝ (လုံးဝ) မဲမပေးကြပါနှင့်လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ အကောင့် ပိတ်ခံရမှာကို ကြောက်ပြီးမ Share သွားလည်းရပါတယ်၊၊NLD ကိုတော့ မဲမပေးပါနဲ့….”ဆိုပြီးတော့  အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “(ပအိုဝ်ႏတိုင်းရင်းသားများဆုံဆည်းရာ)”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရပါတယ်။ ဒီလိုပဲစတဲ့ သူ့ရဲ့ ကိုယ်ပိုင်စာမျက်နှာမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link […]

Continue Reading

NLD နောက်ကျောကို ဓားနဲ့ထိုးသလိုဖြစ်လို့ ဦးဇော်ဌေးကို မယုံဘူးလို့ မုံရွာအောင်ရှင် ပြောတယ်ဆိုတဲ့ သတင်းတု

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ အစိုးရအဖွဲ့နဲ့ ပတ်သက်တဲ့ ပြောကြားချက်တစ်ချို့နဲ့ ပတ်သက်ပြီး NLD အစိုးရနဲ့ NLDပါတီရဲ့နောက်ကျောကိုဓါးနဲ့ထိုးနေသလို ဖြစ်နေတဲ့အတွက် သူ့ကိုမယုံဘူးလို့မုံရွာအောင်ရှင်က ပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု “Forward Media Group”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်ပါအတိုင်း မျှဝေထား ပါတယ်။ ကျည်ကာကားဝယ်တဲ့ ကိစ္စ၊ရဟတ်ယာဉ်ဝယ်တဲ့ကိစ္စနဲ့ မြေကွက်ကိစ္စတွေမှာ NLD ကဖုံးဖုံးဖိဖိလေးလုပ်နေတာကို ဖွင့်ချပြောလိုက်တဲ့အတွက် သူ့လုပ်ရပ်တွေကအစိုးရနဲ့ ကျနော်တို့ NLD ပါတီရဲ့ နောက်ကျောကို ဓါးနဲ့ထိုးနေ တာတာဖြစ်တဲ့အတွက် ဉီးဇော်ဌေးက လုံးဝမယုံဘူးလို့ ပြောကြောင်း မုံရွာအောင်ရှင်က ပြောတယ်ဆိုပြီးတော့ ရေးသားထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီလို ပျံ့နှံ့ခဲ့တဲ့ ပို့စ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ အတွင်းရေး မှူးမုံရွာအောင်ရှင်ကို Fact Crescendo Myanmar […]

Continue Reading

အသစ်ထွက်မယ့် ကျပ် ၅၀၀ တန်မှာ NLD အလံထည့်သွင်းထားပါသလား-မဟုတ်ပါ

လာမယ့် ဇူလိုင်လ ၁၉ ရက် ( အာဇာနည်နေ့ )မှာ စတင်ထုတ်ဝေမယ် ဗိုလ်ချုပ်ပုံနဲ့ အသစ်ထုတ်ဝေမယ့် ၅၀၀ ကျပ်တန်ငွေစက္ကူမှာ NLD အလံပါတီတံဆိပ်ပါတယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ “နိုင်ငံရေး&လူမူ့ပတ်ဝန်းကျင်ဆွေးနွေးခြင်း”၊“The Sixth Sense”အမည်နဲ့စာမျက်နှာတွေမှာအောက်ပါအတိုင်း မျှဝေထားပါတယ်။ Fb link Fb link Archive link Archive link အလားတူ “ဖိုက်တာမျိုးချစ်ဒေါ်သီရိ” အမည်နဲ့​ဖေ့စ်ဘွတ်သုံးစွဲသူကလည်း မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အသစ်ထုတ်ဝေမယ့် ဗိုလ်ချုပ်ပုံပါ ၅၀၀ ကျပ်တန်ငွေစက္ကူမှာပါတဲ့ အလံဟာ နိုင်ငံတော်အလံနဲ့ ဗဟိုဘဏ်အလံ ၂ ခုသာဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌဦးစိုးမင်းက O Media ကို ပြောထားတာ တွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။ Link Archive Link […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည်က Dr. Wakar Uddin ဆီရေးခဲ့တယ်ဆိုတဲ့ အီးမေးလ် အတု

ဒေါ်အောင်ဆန်းစုကြည်က အာရန်ရိုဟင်ဂျာအဖွဲ့(ARU)ခေါင်းဆောင်တစ်ဉီးဖြစ်တဲ့ အမေရိကန် ပင်ဆယ် ဗေးနီးယား တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဝါကာအူဒင်(Wakar Uddin) ဆီကို ရွေးကောက်ပွဲမှာ ဝိုင်းရံဖို့နဲ့ ရိုဟင်ဂျာအခွင့်အရေးလုပ်ပေးမယ်လို့ အီးမေးလ်တစ်စောင် ပို့ခဲ့တယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို့ အီးမေးလ်မှာလိပ်စာမှာဖော်ပြပြီး အီးမေးလ်မှာ Dr. Wakar Uddin ကို ခေါင်းစဉ်တပ်ဖော်ပြခဲ့တဲ့အီးမေးလ်ကို ဘာသာပြန်ဆိုထားတဲ့ပို့စ်ကို “Yuzana Phyo”အမည်နဲ့​ဖေ့စ်ဘွတ်သုံး စွဲသူက ဇွန် ၉ ရက်က မျှဝေထားတဲ့ပို့စ်ရဲ့ ကောက်နှုတ်ချက်အချို့က အောက်ပါအတိုင်းဖြစ်ပါတယ်။ “ကျွန်မဒီစာကိုကော့မှုးမြို့နယ်ရဲ့ပြည်သူ့လွှတ်တော်ကိုစားလှယ်အဖြစ်ရော၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးရဲ့ခေါင်းဆောင်အဖြစ်နဲ့ပါကိုယ်စားပြုပြီးရေးလိုက်ခြင်းဖြစ်ပါတယ်။လာမယ့်နိုဝင်ဘာလမှာကျွန်မတို့ရွေးကောက်ပွဲဝင်ပြိုင်ပါတေ့ာမယ်။ဒီလိုရွေးကောက်ပွဲကိုဝင်ပြိုင်ရတဲ့ရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံမှာလူမျိုးရေးနဲ့ဘာသာရေးကိုးကွယ်မှု့မတူညီတာကိုအခြေခံပြီးတော့ခွဲခြားချိုးနှိမ်ပြီးဆက်ဆံခံနေရတဲ့လူမျိုးစုတစ်ခုအတွက်အခွင့်အရေးတွေအပြည့်အဝရရှိဖို့သာလျှင်ဖြစ်ပါတယ်။ကျွန်မကိုယ်တိုင်ယုံကြည်ထားတာကတော့၊မြန်မာလူမျိုးတွေရဲ့မတရားအနိုင်ကျင့်ခြင်းကိုခံနေရတဲ့၊အချိုးနှိမ်ခံလူတန်းစားတရပ်ဖြစ်တဲ့၊ကျွန်မတို့ရဲ့ခိုကိုးရာမဲ့တိုင်းရင်းသား(ရိုဟင်ဂျာ)လူမျိုးစုတွေကိုအခွင့်အရေးတွေအပြည့်အဝပေးပြီးကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက်ဥပဒေသစ်တစ်ခုပြဌာန်းနိုင်ဖို့ကျွန်မတို့ပါတီဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ်”စသည်ဖြင့် ရေးသားထားပါတယ်။ Fb link Archive link ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က “စောထိပ်တင် စောထိပ်တင်”အမည်နဲ့ အမည်နဲ့​ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတဲ့စာကို ပြန်လည်မျှဝေထားတာဖြစ်ပါတယ်။ အချက်အလက်စိစစ်ချက် ဒီလိုမျိုးစာပို့ခဲ့တယ်ဆိုပြီးတော့ […]

Continue Reading