“တပ်မတော်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်”လို့ MRTV ကြေညာခဲ့ခြင်းမရှိပါ

“ဖေမြင့်တို့ ကတော့ လုပ်ချလိုက်ပြီ တပ်မတော် အကြမ်းဖက် သောင်းကျန်းသူများတဲ့ သေပြီဆရာ”ဆိုပြီးတော့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက သတင်းတင်ဆက်မှု ဗွီဒီယိုတစ်ခုကို “Aung Naing Htwe”အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။ ၂၄ စက္ကန့်ကြာမြင့်တဲ့ ဒီဗွီဒီယိုကို နားထောင်ကြည့်မယ်ဆိုရင် အစီအစဉ်ကြေညာသူက“ခွာထွက်ပြေးခဲ့ရကြောင်း တပ်မတော်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် စစ်တွေ-ရန်ကုန်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မင်းပြားရာမောင်တံတားအနီးတဝိုက်ရှိ ပွိုင့် ၁၁၄ တောင်ကုန်း တွင်နေရာယူကာ လမ်းပန်းဆက်သွယ်မှုအား ပြတ်တောက်စေရန် နှောင့်ယှက်တိုက်ခိုက်မှုများ စသည့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်ဆောင်ရွက်ခဲ့ရာ COVID-19 ရောဂါ”ဆိုပြီးတော့ ကြေညာခဲ့ တာတွေ့ရပါတယ်။ Fb link Archive link “တပ်မတော်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်”ဆိုတဲ့စကားလုံးကို MRTV ကဖတ်ကြားခဲ့တာ အမှန်ပဲ လား။ ဒါမှမဟုတ် အစီအစဉ်ကြေညာသူက မှားယွင်းဖတ်ကြားခဲ့သလားဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ပထမဆုံး Google မှာ […]

Continue Reading

ဖိလစ်ပိုင်မွတ်ဆလင်ခွဲထွက်သမားတွေရဲ့ လက်နက်တွေကို AA လက်နက်ကိုင်ဆီက ဖမ်းဆီးရမိပုံအဖြစ်ဖော်ပြနေ

တဖက်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေးကို ဆောင်ရွက်နေရချိန်ဖြစ်ပေမဲ့ ရခိုင်ပြည် နယ်မှာတော့ တပ်မတော်နဲ့ ရခိုင်လက်နက်အဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံမှုတွေ ဆက်လက်ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ဘင်္ဂလာနယ်စပ်bp112/113ကြားကျွဲကျောင်း/နွားကျောင်း/ထင်းခွေ/မျှစ်ချိုး AA အယောင် ဆောင်ရခိုင်လူတော်လူမော်အရောင်းအဝယ်သမား၅၆ယောက်၏ကုန်ပစ္စည်းများနှင့်အရောင်းအဝယ်အထောက်အကူပြုပစ္စည်းများအားမြန်မာ့တပ်မတော်မှတိုက်ခိုက်လုယက်ယူငင်သိမ်းဆည်းထားပါကြောင်းနှင့်ပစ္စည်းယူငင်သိမ်းဆည်းစဉ်အပြစ်မဲ့ကုန်ရောင်းဝယ်သူ၅၆ယောက်သေဆုံးခဲ့ပါ၍မီဒီယာများမှအမြန်တင်ပြနိုင်ပါရန်သတင်းဓာတ်ပုံနဲ့တကွတင်ပြပေးလိုက်ရပါသည်” ဆိုပြီး “သုဘရာဇာကြီး”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “တပ်မတော်ကို ချစ်မြတ်နိုးသူများ” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ မျှဝေထားတာတွေ့ရပါတယ်။ အလားတူ “တိုက်စစ်ကောင်း” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူကလည်း မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပြောထားသလို လက်နက်တွေ အမြောက်အများနဲ့ အရပ်သားအယောက်ဆောင်သူတွေ ရခိုင်မှာ ဖမ်းဆီး ရမိတဲ့သတင်းမျိုး တပ်မတော်ကာကွယ်ရေးဉီးစီး ချုပ်ရုံးရဲ့ ဝက်ဘ်ဆိုဒ်မှာ သတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာ မတွေ့ရှိရပါဘူး။ ဒီပို့စ်က ဓာတ်ပုံကို  Google  မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေတဲ့အခါမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ ၂၀၁၅ ခုနှစ် ဧပြီ […]

Continue Reading

ပျံ့နှံမှုအားကောင်းနေတဲ့ မီတာခတွေအရှုပ်တော်ပုံပို့စ်အကြောင်း

COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီက ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက နေတဲ့ အရေးကြီးကာလအတွင်းမှာ ပြည်သူလူထုအတွက် အိမ်သုံးအမျိုးအစားလျှပ်စစ်ဓာတ် အားသုံးစွဲမှု ၁၅၀ ယူနစ်ကို အခမဲ့ သုံးစွဲခွင့် ဧပြီလအကုန်အထိ ပေးသွားမယ်လို့ ဧပြီ ၆ ရက်ကထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိအချိန်ဟာ ဧပြီလအတွင်းက သုံးစွဲခဲ့တဲ့လျှပ်စစ်ဓာတ်အားခတွေကို တောင်းခံနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဧပြီလ လျှပ်စစ်မီတာခနဲ့ ပတ်သက်ပြီးရေးသားထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်သုံးစွဲ သူတွေအကြားမှာရေပန်းစားနေပါတယ်။ အောက်ပါ screenshot ကတော့ “Crystal Ko”အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူမျှဝေထားတဲ့ ပို့စ်ထဲကဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က အနည်းဈေးနှင့်ပေးဆောင်ရသော ယူနစ်၁၅၀ကင်းလွတ်ခွင့်ပေးပါမည်ဟု မကြေငြာခဲ့ပဲ ယူနစ်၁၅၀ကင်းလွတ်ခွင့်ရမည်ဟုသာကြောငြာခဲ့ကြောင်းနဲ့ ကြေငြာချက်သဘောအရဆိုလျှင် သုံးစွဲခဲ့တဲ့ ယူနစ်၁၅၀ကို အရင်နုတ်ပြီးမှတွက်ရမည်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းအနေနဲ့ လွဲမှားတွက်ချက်ပြီးကောက်ယူနေတယ်ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။ Fb link Archive link ဒီလိုမျိုးတွက်ချက်မှုဟာ ယူနစ် […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်လူနာတွေကို လိုက်လံကြည့်ရှူဆိုတဲ့သတင်းမှား

“၅၂သန်းသောပြည်သူများရဲ့ လက်သန်းလေးတွေ မှင်စွန်းရကျိုးနပ်ပြီ…….. အမေ ကိုယ်တိုင် PPE ဝတ်စုံနဲ့ ကိုဗစ်လူနာတွေကို လိုက်လံကြည့်ရှူ အားပေးနေပြီ ……အမေ့နောက်မှာ ၅၂သန်းသောပြည်သူတွေ ဝိုင်းဆုတောင်း ပေးတဲ့ ဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန်လဲ အတူလိုက်ပါပြီး ဆေးရုံတွေမှာ လိုအပ်တဲ့အရာတွေ လိုက်လံ စစ်ဆေး နေပြီ မကြာခင် ဆေးရုံနဲ့ ဆရာဝန်ကြီးတွေ လူနာတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမှာပါ”ဆိုပြီးတော့ “Zarni tike”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ တရားဝင် လူမှုကွန်ယက်စာမျက်နှာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 လူနာတွေဆီသွားရောက်ခဲ့တဲ့ သတင်းမတွေ့ရှိရပါတယ်။ ပို့စ်ရဲ့အောက်ခြေမှာ ဒီပုံဟာ ၂၀၁၉ ခုနှစ်က သီလဝါကို ဒေါ်အောင်ဆန်းစုကြည်သွားရောက်လည်ပတ်တုန်း ကပုံဖြစ်တယ်ဆိုပြီးတော့လည်း မှတ်ချက်ပေးသူတစ်ချို့က ရေးသားထားပါတယ်။ Google […]

Continue Reading

ငမိုးရိပ်ချောင်းထဲကနေ ဘင်္ဂါလီတွေဝင်လာတယ်ဆိုတဲ့ သတင်းမှား

COVID-19 ရောဂါဖြစ်ပွားမှုများပြားနေတဲ့ တောင်ဉက္ကလာပမြို့နယ်အပါအဝင် မြို့နယ် ၇ ခုမှာ နေအိမ်အတွင်း သာနေထိုင်ရန်နဲ့ လူနှစ်ဉီးထက်ပိုပြီးသွားလာခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကန့်သတ် ထားချိန်မှာ ဧပြီ ၁၉ ရက်ညပိုင်းက လူစုလူဝေးဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး ဒီအခြေအနေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုအပေါ် အမျိုးမျိုးကထင်မြင်ချက်တွေပေးပြီး မျှဝေနေကြတာ တွေ့ရပါတယ်။ “19.4.2020 ညကဖြစ်သည်။nld အစိုးရ၏ဝူဟန်ကပ်ဘေးကိုအသုံးချပြီးနိုင်ငံရေးအမြတ်ထုတ်နေမှုများ ညမထွက်ရအမိန့်ထုတ်ပြီးကုလားများကိုခိုးသွင်းနေသည်။ 19-4-2020 နေ့ညက ငမိုးရိပ်ချောင်းအတိုင်းစက်လှေ (၂)စီးနှင့်ဝင်လာတဲ့ ဘင်္ဂလီ (၂၀၀)ကျော်ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်၏  တိုက်ရိုက်ကွပ်ကဲမှု့ဖြင့်လက်စပျောက် သွားဘီဟု အမည်မဖော်လိုသော NLD ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်က RFM သို့ပြောကြားသည်” ဆိုပြီးတော့ ပို့စ်တစ်ခုကို “Ko Mar Ga” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေလာတာတွေ့ရပါတယ်။ Fb link Archive link “May Yoon […]

Continue Reading

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့တဲ့နိုင်ငံတကာအမျိုးသမီး ခေါင်းဆောင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နံပါတ်(၁)ဆိုတဲ့ သတင်းတု

မြန်မာနှစ်သစ်ကူးနေ့ (ဧပြီ ၁၇ ရက်မနက် ၂ နာရီအချိန်အထိထုတ်ပြန်)မှာ COVID-19 အတည်ပြုလူနာ မတွေ့ရှိရဘဲ မင်္ဂလာရှိသော နှစ်သစ်ကူးဖြစ်ခဲ့ပေမဲ့ သင်္ကြန်ကာလအတွင်းမှာအတည်ပြုလူနာတွေ့ ရှိမှုများပြားခဲ့တာကြောင့် လက်ရှိအချိန်မှာ အတည်ပြုလူနာ ၈၅ ဉီးအထိရှိနေပါတယ်။  သို့သော်လည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာဖြစ်ပွားနေတဲ့ ကူးစက်မှုနှုန်းနဲ့ အတည်ပြုလူနာအရေအတွက်ကို ကြည့်မယ် ဆိုရင် မြန်မာနိုင်ငံဟာ ကူးစက်ခံရမှု နည်းပါးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ဆက်လက်ရပ်တည်နေပါတယ်။ ဒီလိုအခြေအနေမှာ“ကိုရိုနာ ဖြစ်ပွားနေချိန်မှာ အကောင်းဆုံးပြည်သူလူထုကို တုန့်ပြန်‌နေတဲ့ နိုင်ငံတစ်ကာ အမျိုးသမီးတွေထဲမှာ အမေစုက နံပါတ် (၁) တဲ့”ဆိုပြီး “Mg Nge” အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက “ပြည်တွင်း ပြည်ပ နေ့စဉ် သတင်းများ”အမည်နဲ့ဖေစ်ဘွတ်အုပ်စုထဲမှာ မျှဝေလာတာတွေ့ရပါတယ်။ Facebook Archive အချက်အလက်စိစစ်ချက် ပထမဉီးစွာ Google မှာ ဓာတ်ပုံပြောင်းပြန်ရှာနည်းအသုံးပြု ရှာဖွေကြည့်ရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။  ဧပြီ […]

Continue Reading