Fact Check: ရန်ကုန်မှာ ယနေ့ပေါက်ကွဲမှုဓာတ်ပုံလား- မဟုတ်ပါ

ဂုံးတံတားအောက်ကနေ မီးခိုးတွေ ထွက်နေတဲ့ ဓာတ်ပုံတစ်ခုကို ရန်ကုန်မှာ ယနေ့ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အဖြစ် ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ မတ်လအတွင်းဓာတ်ပုံဟောင်းဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “Wow Wow အဖွင့်လှပြီ ရွှေရန်ကုန်ရေ👏👏👏👏#Unl👦Sep 7”လို့ ရေးသားထားပြီး ဂုံတံတား အောက်ကနေ မီးခိုးတွေ ထွက်နေတဲ့ ဓာတ်ပုံလည်းပါဝင်ပါတယ်။ “U Ngel Lay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ရေးသားထားတဲ့ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ၁ သောင်း ၆ ထောင်ကျော်က ၃နာရီအတွင်း ပြန်လည်မျှဝေခဲ့ကြပါ တယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်အချို့ကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက်  Yandex မှာဓာတ်ပုံကို ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို […]

Continue Reading

Fact Check: NUGက ပိုက်ဆံထုတ်မယ်ဆိုတာ မဟုတ်ပါ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နိုင်ငံတကာ အဆင့်မီ တန်ဖိုးမြင့် ငွေကြေးတစ်ရပ် ထုတ်ဝေရန် စီစဉ်နေတယ်ဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။  ဒီပို့စ်ဟာ ဖေ့စ်ဘွတ်သုံးစွဲသူတွေကို နားလည်မှုလွဲစေနိုင်တာ တွေ့ရပါတယ်။ NUG ပညာရေးနှင့် ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ဒီသတင်းဟာ မှားယွင်းကြောင်း မဇ္ဈိမမီဒီယာကို ဖြေကြားထားတာတွေ့ ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ “NUG money ထုတ်ဝေတော့မည်”လို့ ခေါင်းစဉ်တပ်ထားပြီး ငွေစက္ကူထုတ်လုပ်မှုမှာ ဒေါက်တာဇော်ဝေစိုးက ဉက္ကဌအဖြစ် တာဝန် ယူမှာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ ငွေစက္ကူမှာ အနီရောင် တောက်ပသော ကြိုးအလယ်တွင် နွေဦးတော်လှန်ရေးစာသား လုံခြုံရေးကြိုးပါဝင်မှာဖြစ်ပြီး ရေစာ(Water Mark) နေရာတွင် လက်သုံးချောင်းသင်္ကေတနှင့် CDM အမှတ်အသားအား ဂုဏ်ပြုထည့်သွင်း သွားမည်ဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာသုံး၍ ကမ္ဘာမကြေဘူး သီချင်းအား ကြိုးပြားတွင် လျှပ်စစ်သံလိုက် […]

Continue Reading

Fact Check: PDF တွေနဲ့ပူးပေါင်းဖို့ ယုန်လေး လက်နက်ဝယ်စုနေသလား- မဟုတ်ပါ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေနဲ့ပူးပေါင်းဖို့ အဆိုတော်နဲ့ ဒါရိုက်တာ ယုန်လေးက လက်နက်ဝယ်စုနေ တယ်ဆိုပြီးတော့ ဗွီဒီယိုဖိုင် တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ ယုန်လေးက “–”စသည်ဖြင့် ပြောကြားခဲ့တာတွေ့ရပါတယ်။ သို့သော် ဒီဗွီဒီယိုဖိုင်ဟာ ၂၀၁၉ ခုနှစ်က ယုန်လေးရဲ့ မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းမှု ဗွီဒီယို ဖြစ်တာ တွေ့ရပါတယ်။ “PDFလူငယ်များနဲ့ ပူးပေါင်းရန် လက်နက်များစုဆောင်းနေသည့် ယုန်လေး  ကိုယုန်လေးကို အထင်မသေးကြပါနဲ့လို့ ငါမပြောခဲ့ဘူးလား  :))”လို့ရေးသားပြီး “Thet Paing Oo” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါအတိုင်းမျှဝေထားပါတယ်။တူညီတဲ့ ဗွီဒီယိုဖိုင်ကို အလားတူရေးသား မျှဝေထားတာ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link ဒီလိုပြောကြားချက်ကို အသံဖိုင်အနေနဲ့ ဒီနေရာနဲ့ဒီနေရာမှာလည်း […]

Continue Reading

Fact Check: တက္ကသိုလ်ဝင်တန်းလျှောက်လွှာတွေ စက်တင်ဘာ ၂၁ ရက်စတင်ရမယ် ဆိုတာ မဟုတ်ပါ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့်သူတွေအနေနဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ ဖြေဆိုခွင့်လျှောက်လွှာ တင်ရမယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီလိုမျှဝေထားတဲ့အ ေကြာင်းအရာဟာ မှားယွင်းေကြာင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ “၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်သူများအားလုံး၂၁. ၉. ၂၀၂၁ မှ စ၍ဖြေဆိုခွင့်ဖောင်များတင်ရမှာ ဖြစ်ပါတယ်”လို့ ရေးသားပြီး “For Education”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ြသဂုတ် ၃၀ ရက်က မျှဝေထားရာမှာ တစ်ရက်အတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၈ ထောင် ၃ ရာရှိ ပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ်သူေတွဟာ စက်တင်ဘာ ၂၁ ရက်က […]

Continue Reading

Fact Check: ဒီပုံတွေက ပြည်ပကလှူတဲ့ လက်နက်တွေလား- မှားယွင်းနေသည်

လက်နက်တွေနဲ့ ကျည်အိမ်တွေအများအပြားပါဝင်တဲ့ ဓာတ်ပုံတွေကို မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ပြည်ပက လှူတဲ့ လက်နက်တွေလို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။  သို့သော် ဓာတ်ပုံအချို့ဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့  မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံတွေဖြစ် တာတွေ့ရပါတယ်။ “ပြည်ပမှအလှူရှင်များ ရောက်ပါပြီ”လို့ရေးသားပြီး “ကချင်မြေ Global Media” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link ဒီပို့စ်ပါဓာတ်ပုံတွေကိုပဲ “ရဲနိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကလည်း “ဟျောင့်! (စောက်ပု) မီးကျိုးမောင်းပျက်တွေမဟုတ်ဘူးနော် အသစ်စက်စက်တွေကွ 😁😁😁”လို့ရေးသားမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အခန်းကျယ်တစ်ခုမှာ သေနတ်တွေ တန်းစီထားတဲ့ ဓာတ်ပုံကို […]

Continue Reading

Fact Check: KNLA က ဗုဒ္ဓဘာသာရွာတွေကို မီးရှို့တယ်ဆိုတဲ့ သတင်းတုသတင်းမှား

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က ဗုဒ္ဓဘာသာရွာတွေကို မီးရှို့နေတဲ့ ဗွီဒီယိုအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူအများအပြားက မျှဝေလျှက်ရှိပါတယ်။ မျှဝေထားတဲ့ ဗွီဒီယိုမှာ ပျောက်ကျားဝတ်စုံဝတ် လက်နက်ကိုင် အချို့က တောတွင်းတစ်နေရာက တဲအိမ်တွေကို မီးရှို့နေတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်တပ်စွန့်ခွာသွားတဲ့ ခုတ်ခွားစခန်းကို မီးရှို့ဖျက်စီးမှု ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ “KNLAတပ်မဟာ5နယ်မြေရှိ ထေရဝါဒကိုးကွယ်သူရွာများ စာသင်ကျောင်းများကို GZများPDFများKNLAမှအကြမ်းဖက်များမီးရှို့ဖျက်ဆီး”လို့ရေးသားပြီး “ဇာတိမာန်” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၅၀၀ ဝန်းကျင်ရှိပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link တူညီစွာမျှဝေထားတဲ့ ဗွီဒီယိုတွေထဲက ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်အချို့ကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာမျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာမြင်တွေ့ရတဲ့ မြင်ကွင်းတွေအရ ရွာဟုတ်မဟုတ်၊ […]

Continue Reading

Fact Check: တူရကီတောမီးလောင်မှု ဗွီဒီယိုကို KNLA တပ်မဟာ ၆ မှာဖြစ်ပွားနေတဲ့ အခြေအနေအဖြစ်သတင်းမှားဖြန့်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်မဟာ ၆ မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေလို့ ရေးသားထားတဲ့ ဗွီဒီယို သတင်းမှားတစ်ခုကို ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိပါတယ်။  သို့သော် ဒီဗွီဒီယိုဟာ ဇူလိုင်လအတွင်းက တူရကီနိုင်ငံမှာ တောမီးလောင်မှုကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖြစ်တာ တွေ့ရပါတယ်။ “တပ်မဟာ ၆ အခြေအနေပါ။ ဒါ့ထက်ဆိုးတာတွေ ရှိသေးတယ်။ထပ်တင်ပေးမယ်။ စစ်ဆိုတာ အာ့လိုပဲ ကြည့်ထား။”လို့ရေးသားပြီး “Воздушный” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါ အတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ဒီနေရာ မှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် တပ်မဟာ ၆ အခြေအနေလို့ ရေးသားမျှဝေထားတဲ့ ပို့စ်အောက်မှာ အသံဟာ ကရင်သံမဟုတ်ဘူး၊ တောမီးလောင် တာလို့ မှတ်ချက်ပြုထားတာတွေလည်းတွေ့ရပြီး အများအပြားက […]

Continue Reading

Fact Check: USDP ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မန္တလေး PDF တွေကို တောင်းပန်တဲ့ သတင်းတု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မန္တလေး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(PDF)တွေကို တောင်းပန်တဲ့စာဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ ဖေ့စ်ဘွတ်ပို့စ်တွေမှာ “ပြည်ခိုင်ဖြိုးပါတီပြောခွင့်ရပုဂ္ဂိုလ်ဦးသိန်းထွန်းဦးမှ မန္တလေး PDF များအားမေတ္တာရပ်ခံတောင်းပန်ကြောင်း လူမှုကွန်ယက်တွင်ရေးသား” လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး စာကိုယ်အနေနဲ့ ဦးသိန်းထွန်းဦးဟာ စစ်ကောင်စီအတွက် ဒလန်မလုပ်ကြောင်းနဲ့ မိခင်အိုကြီးကို လုပ်ကိုင် ကြွေးမွေးနေသူဖြစ်တာကြောင့် သူ့အသက်အန္တရာယ် မပြုကြဖို့ မန္တလေး PDF ကို သူ့ရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာကနေ တောင်းပန်ထားတယ်လို့ ရေးသာထားပါတယ်။ အထက်ဆိုလိုရင်းပါတဲ့ “Thein Myint” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၁ ထောင် ၃ ရာကျော်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: PDF တွေကို NUG ကပံ့ပိုးတဲ့ လက်နက်တွေလား- မဟုတ်ပါ

အမျိုးသားညီညွတ်ရေးအစိုးရ(National Unity Government of Myanmar- NUG)က ထောက်ပံ့မယ့် လက်နက်တွေအဖြစ် လက်နက်နဲ့ ကျည်ဆံဓာတ်ပုံတွေကို ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ NUG ဖွဲ့စည်းချိန်မတိုင်ခင်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။ “NUGကထောက်ပံ့ပေးမဲ့လက်နက်တွေပါ ပြည်သူတွေအားတင်ထားပါ ညနေ6:00ဆိုရင်လိုအပ်မှအပြင်ထွက်ပေးပါလို့မေတ္တာရပ်ခံအပ်ပါတယ် မြို့တိုင်းနယ်တိုင်းတွေပါပြောတာပါ အရေးတော်ပုံအောင်ရမည်”လို့ရေးသားပြီး “MDYPDFBLACKMandalay” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီပို့စ်ကို အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူ ဓာတ်ပုံတစ်ချို့ကို “PDF တပ်ဖွဲ့ဝင်တွေအတွက် ထပ်ရောက်လာ”လို့ရေးသားပြီး “Kar Yan Ko Ko”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကလည်း ဒီနေရာမှာမျှဝေ ထားပါတယ်။အခြားသောရေးသားမျှဝေမှုကို ဒီနေရာ မှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ […]

Continue Reading

Fact Check: ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခအတွင်းက ဓာတ်ပုံကို တောင်ငူလေတပ်က ထွက်ပြေးတဲ့ စစ်သားများအဖြစ်မျှဝေ

တောင်ငူ လေတပ်စခန်းမှ အရာရှိနှစ်ဦးနှင့် တပ်သားနှစ်ဦးထွက်ပြေးတဲ့ ဓာတ်ပုံအဖြစ်ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၂ ခုနှစ် ဇွန်လကတည်းက အင်တာနက်မှာ ပျံ့နှံ့နေခဲ့တာတွေ့ရပြီး ရခိုင်လူမျိုးရေး ပဋိပက္ခအတွင်းက ဓာတ်ပုံ ဖြစ်တာတွေ့ရပါတယ်။ “😘 အလှဆုံး ဓာတ်ပုံ 😘 တောင်ငူ လေတပ်စခန်းမှ အရာရှိနှစ်ဦးနှင့် တပ်သား နှစ်ဦး လက်နက်၄ လက် ယူဆောင်၍ သံတောင်မြို့.  KNUနယ်မြေ ဆီသို့ယနေ့ နံနက်ပိုင်း. ၈နာရီ ၄၅ မိနစ်ခန့် က ထွက်ပြေး #crd”လို့ရေးသားပြီး “Hein Htet San” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၅၀၀ ကျော်ရှိပါတယ်။ တူညီစွာရေးသားမျှဝေနေကြတာကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း […]

Continue Reading