Fact Check: အင်းစိန်ထောင်ပေါက်ကွဲမှု ဒေါ်အောင်ဆန်းစုကြည်သေဆုံးတဲ့ သတင်းတု
အင်းစိန်ထောင်ပေါက်ကွဲမှုဖြစ်ပွားပြီး ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း ထောင်မှူးအတည်ပြုတယ်လို့ ရေးသားထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “အင်းစိန်ထောင်ပေါက်ကွဲမှုဖြစ်ပွား အမေစုသေဆုံးကြောင်းထောင်မှူးအတည်ပြု”စသည်ဖြင့် ဗွီဒီယို အဖွင့် ရုပ်ကတ်မှာ ရေးသားထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဗွီဒီယိုကို ဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေက ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူး ယူပြီး နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်တု ခေါင်းစဉ်မှားတွေ တပ်ကာ ဖြန့်ဝေနေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ ရပါတယ်။ အခုလို အင်းစိန်ထောင် ဗုံးပေါက်မှု ဒေါ်အောင်ဆန်းစုကြည် သေဆုံးတဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုပါ အကြောင်းအရာဟာ မြိုင်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ […]
Continue Reading
