Fact Check: ပင်စင်စနစ်ဖျက်သိမ်းဖို့ စစ်တပ်အမိန့်ထုတ်ဆိုတဲ့ သတင်းတုသတင်းမှား

သက်ကြီးရွယ်အိုပင်စင်စနစ်ဖျက်သိမ်းဟုစစ်တပ်မိန့် ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ယခုလ ပထမအပတ်အတွင်း ပျံ့နှံ့လျက်ရှိပါတယ်။  သို့သော် ယခု လတ်တလော ပျံ့နှံ့နေလျှက်ရှိပို့စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ပျံ့နှံ့ခဲ့တဲ့ ပို့စ် အဟောင်းကို ပြန်လည်အသုံးပြုထားတာ ဖြစ်ပါတယ်။  အောက်ပါစာသားတွေကတော့ ဓာတ်ပုံနဲ့အတူ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါ စာသားအချို့ဖြစ်ပါတယ်။ “ပင်စင်စနစ်ဖျက်သိမ်းပြီဟုစစပ်မိန့် ပြ်တည်သူဘဝတော့သွားပါပြီ” စသည်ဖြင့် ရေးသားပြီး “𝐃𝐫𝐞𝐚𝐦” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဖေဖော်ဝါရီ ၂၀ ရက်က မျှဝေထားတာတွေ့ရပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် နာမည်ဂုဏ်သတင်းရှိပြီး သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ ဒီအကြောင်းအရာကို မတွေ့ရှိရပါဘူး။ စစ်တပ်ထိန်းချုပ်ထားတဲ့ […]

Continue Reading

Fact Check: ၂၀၁၅ ခုနှစ်က KIA တပ်ကြပ်တစ်ဦးအလင်းဝင်ခဲ့တဲ့ပုံကို လက်ရှိအဖြစ် အပျက်အဖြစ်မျှဝေ

စစ်စိမ်းရောင်ပျောက်ကျားအင်္ကျီဝတ်အမျိုးသားတစ်ဦးဓာတ်ပုံနှင့်အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ ၁ လက်အောက်ခံ တပ်ကြပ်ကြီးတစ်ဦးဟာ စစ်ကောင်စီထံ အလင်းဝင်လာတယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က မြစ်ကြီးနားမြို့နေ ဇနီးမောင်နှံကို ပူတာအိုမြို့မှ အပြန် ဆွမ်ပရာဘွမ်မြို့နယ် ခင်ဒူယာန်ကျေးရွာအထွက်မှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့ ကားရပ်ခိုင်းတာ မရပ်လို့ ပစ်သတ်တာကို မကျေနပ်လို့ အခုလို အလင်းဝင်တာလို့လည်း ဒီပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ ဖော်ပြထားပါတယ်။ သို့သော် ဓာတ်ပုံပါအမျိုးသား ၂၀၁၅ ခုနှစ်အတွင်းက KIA ဆီကအလင်းဝင်လာတဲ့ အမျိုးသားဖြစ်တာ တွေ့ရပါတယ်။  အောက်ပါစာသားတွေကတော့ ဓာတ်ပုံနဲ့အတူ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါ စာသားအချို့ဖြစ်ပါတယ်။ “ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ လက်အောက်ရှိ တပ်ရင်း ၇ မှ […]

Continue Reading

Fact Check: ကောလင်းမှာ CDM ၄ ယောက်ကို PDF ကလက်ပြန်ကြိုးတုတ်သတ်တယ် လို့ သတင်းမှားဖြန့်

ကောလင်းတွင် CDM၄ဦးကို PDF တို့လက်ပြန်ကြိုးတုတ်ပြီးအချင်းချင်းသတ်ဖြတ်ခဲ့တယ်လို့ ရေးသားပြီး ဓာတ်ပုံ ၃ ပုံကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။  “ကောလင်းတွင်CDM၄ဦးကိုPDF တို့လက်ပြန်ကြိုးတုတ်ပြီးအချင်းချင်းသတ်ဖြတ်ခဲ့ ဖေဖော်ဝါရီ၂၃၊၂၀၂၂ ကောလင်းမြို့၊မင်းကုန်းရွာထိပ်တောင်ကုန်းတွင်နံနက်ပိုင်းကCDM ထွေအုပ်စာရေးမ အပါအဝင်၄ဦး ဖြစ်ပြီးPDFစခန်းမှထွက်ပြေးခဲ့လို့အားလုံးကိုသတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။  တပ်မတော်စစ်ကြောင်းမှလူသတ် PDFများကိုလိုက်လံရှင်းလင်းနေဟုသိရ”လို့ ရေးသားပြီး “မိုးအက္ခရာ မိုးအက္ခရာ”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ဖေဖော်ဝါရီ ၂၄ ရက်က မျှဝေထားတာတွေ့ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ပထမဆုံး အဓိကကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီး ဖေ့စ်ဘွတ်မှာ အကြောင်းအရာပျံ့နှံ့မှုကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ Khit Thit Media ကဖော်ပြထားတဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။ “စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်ပြင်သာ အုပ်စု […]

Continue Reading

Fact Check: ကျပ် ငါးထောင်တန်များကို ငွေမဲအဖြစ်ကြေငြာတယ်ဆိုတာ မဟုတ်ပါ

မြန်မာငွေ ငါးထောင်တန်များကို ငွေမဲ အဖြစ် ဗဟိုဘဏ် ကြေငြာလိုက်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ဒီသတင်းဟာ မှားယွင်းပါတယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေက သတင်းကြေညာသူ ၂ ဦးရဲ့ဓာတ်ပုံပေါ်မှာ “မြန်မာငွေ ငါးထောင်တန် များကို ငွေမဲ အဖြစ် ဗဟိုဘဏ် ကြေငြာ”လို့ စာတန်းထိုးထားပြီး ဖေဖော်ဝါရီ ၂၅ ရက်က အောက်ပါအတိုင်း ဖေ့စ်ဘွတ်မှာပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ မျှဝေထားတဲ့လင့်ခ်ကို နှိပ်ကြည့်ရာမှာ Love daily အမည်နဲ့ ဘလော့ဂ်ဝက်ဘ်ဆိုဒ်စာမျက်နှာကို ရောက်ရှိသွားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်တွေကို ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။ ယခုရက်ပိုင်းအတွင်းမှာ ကျပ် ၅၀၀၀ တန်တွေကို ငွေမဲကြေညာတဲ့ […]

Continue Reading

Fact Check: မြန်မာစစ်တပ် ဦးမင်းအောင်လှိုင်ကို ထောက်ခံကြောင်း အမေရိကန် ဝါရှင်တန်ဒီစီမှာ ဆန္ဒထုတ်ဖော်ပုံလား-မဟုတ်ပါ

မြန်မာစစ်တပ် ဦးမင်းအောင်လှိုင်ကို ထောက်ခံကြောင်း အမေရိကန် ဝါရှင်တန်ဒီစီမှာ ဆန္ဒထုတ်ဖော်ပုံဆိုပြီးတော့ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ အမေရိကန်အလံကိုင်ဆောင်ထားသူအချို့နဲ့အတူ စစ်တပ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ကိုင်ဆောင်ထားသူအမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံ ၂ ပါဝင်တယ်။  သို့သော် ဒီဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ်အတွင်းက အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ဖို့အတွက် အိမ်ထဲမှာနေဖို့အမိန့်ထုတ်ထားတာကို ဆန္ဒကျင့် ဆန္ဒပြပုံတွေကို ပြုပြင်ပြောင်းလဲထားတာဖြစ်ပါတယ်။ “မြန်မာစစ်တပ် ဦးမင်းအောင်လှိုင် ကို ထောက်ခံကြောင်း..အမေရိကန် ဝါရှင်တန်ဒီစီမှာ ဆန္ဒထုပ်ဖော်နေ ကြပြီ.. မျီုးချစ်အပေါင်းတို့ရေ”စသည်ဖြင့်ရေးသားပြီး “Kwee”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေထားတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  ၂၀၂၁ ခုနှစ် […]

Continue Reading

Fact Check: ဒီဗွီဒီယိုက Non CDM ဆရာမကို PDF က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နေတာလား- မဟုတ်ပါ

ဆရာမတစ်ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နှိပ်စက်နေတယ် ဆိုပြီး ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ ၅၅ စက္ကန့်ရှည်လျား တဲ့ ဗွီဒီယိုတစ်ခုပါဝင်ပြီး ဒီဗွီဒီယိုထဲမှာ အဖြူအစိမ်းဝတ်ထားတယ်လို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ကြိုးကွင်းသွပ်ထားပြီး ကြိုးတစ်စကို လက်နက်ကိုင်အမျိုးသားတစ်ယောက်က ကိုင်ထားတာတွေ့ ရပါတယ်။ ထို့အပြင် အခြားသော အရပ်ဝတ်နဲ့အမျိုးသားတစ်ယောက်က အမျိုးသမီးကို တုတ်တစ်ချောင်းနဲ့ ရိုက်နေဟန်ပါဝင်ပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ PDF ဖွဲ့စည်းချိန်မတိုင်ခင် အနည်းဆုံး ၄ နှစ်စောပြီး အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ “Non CDM ဝန်ထမ်းဆရာမကို PDF က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နှိပ်စက်နေတာပါ။ ဒီလို ကျင့်ဝတ်မရှိ ၊ သိက္ခာမရှိ ၊ ဥပဒေမရှိ၊ လက်နက်အားကိုးနဲ့ […]

Continue Reading

Fact Check:  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုတ်မာမှု ၆ ခုဆိုပြီးတော့ ဝါဒဖြန့် သတင်းမှားဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည် လိမ်ညာ လာဘ်စားထားတဲ့ အချက် ၆ ချက်ကို ပြည်သူလူထုသို့ မကြာခင် အသိပေး တော့မယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာပျံ့နှံ့ခဲ့ပါတယ်။  တကယ်တော့ ဒီစွပ်စွဲချက်တွေဟာ အထောက်အထားမတွေ့ရဘဲ သတင်းတုသတင်းမှား ဖြန့်ချိနေခြင်းဖြစ်ပါ တယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ OIC ထဲကနေ ငွေလက်ခံမှုကို ဦးဖြိုးမင်းသိန်းနဲ့ ဦးရဲမင်းဦး တို့ဖွင့်ဟချက်၊ ရွှေတိဂုံဘုရားကနေ ရွှေပြားတန် ၄၀ ခွာပြီး တန် ၂၀ ပဲ ပြန်ကပ်လှူမှု၊ ဆလုံကျွန်းများကို အင်္ဂလန်ကုမ္ပဏီတွေကို လျို့ဝှက်ရောင်းချမှု၊ ပြင်ဦးလွင်က မြေဧက ၇၀ နဲ့ ဦးသိန်းစိန်လက်ထက် ရွှေစင် ၇ တန်နဲ့ ဘင်္ဂလီအိမ်ဆောက်မှု၊ ဒေါ်အောင်ဆန်းစုကြည်အစစ်မဟုတ်ဘဲ လူပုဂ္ဂိုလ်အတုအစားထိုးထားမှုစတဲ့ စွပ်စွဲချက်တွေပါဝင်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါ စာသားတွေအတိုင်း […]

Continue Reading

Fact Check: ငွေကြေးအလွဲသုံးစားမှုများကြောင့် NUG အကျပ်တွေ့နေကြောင်း RFA Burmese ကရေးသားလို့ သတင်းမှားဖြန့်

ငွေကြေးအလွဲသုံးစားမှုများကြောင့် NUG အကျပ်တွေ့နေကြောင်း စုံစမ်းဖော်ထုတ်ထားတဲ့ ဗွီဒီယိုဆိုပြီးတော့ ပို့စ်တစ်ခုယူကျူ့နဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ RFA သတင်းဌာနက ရေးသားခဲ့တဲ့ “ငွေကြေးအလွဲသုံးစွဲမှု မရှိဟု NUG နိုင်ငံခြားရေး ဝန်ကြီး ပြောကြား”ဆိုတဲ့ ဗွီဒီယိုကိုအသုံးပြုပြီး သတင်းမှားဖြန့်ဝေခြင်းဖြစ်တာတွေ့ရပါတယ်။ “ငွေကြေးအလွဲသုံးစားမှုများကြောင့် NUG အကျပ်တွေ့နေ Shaping Myanmar 10.2.2022 RFA ခင်မောင်စိုးမှ PDF လူငယ်လေးများ ကျည်ဆံမရှိ၊ ရိက္ခာနဲ့ ဆေးဝါး မရှိချိန်မှာ၊ NUG ဝန်ကြီးများရဲ့ ဒေါ်လာ ငွေအလွဲ သုံးစားမှုသတင်းများ ထွက်ပေါ်လာနေတာကို စုံစမ်းဖော်ထုတ် ထားပါတယ်။” လို့ ရေးသားပြီး ၅ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုကို အောက်ပါအတိုင်း “BB Channel”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Youtube […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက ၂၀၁၇ ခုနှစ်က စစ်တပ်ထောက်ခံပွဲက ဓာတ်ပုံတွေသာ ဖြစ်တယ်

ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မှာကျင်းပခဲ့တဲ့ စစ်အစိုးရထောက်ခံပွဲဆိုပြီးတော့ အင်္ကျီအဖြူ လွှမ်းမိုးတဲ့ စီတန်း လှည့်လည်နေတဲ့ ဓာတ်ပုံ ၃ ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  တကယ်တော့ ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်က စစ်တပ်ထောက်ခံပွဲတစ်ခုကဓာတ်ပုံတွေသာဖြစ်ပါတယ်။ ဝါ၊စိမ်း၊နီအလံကိုင်လူအချို့နဲ့ ဆိုင်းဘုတ်ကိုင်လူအချို့လည်းပါဝင်တဲ့ အပေါ်စီး ကနေရိုက်ကူးထားတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ “Yangon မြန်မာ့တပ်မတော်ထောက်ခံပွဲနှင့်အကြမ်းဖက်ရှုတ်ချပွဲ”လို့ ရေးသားပြီး “Naing Thein Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော်ဝါရီ ၁ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၃၀၀ ကျော်ရှိပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ မှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link ဒီကနေ့ ရန်ကုန်မှာ တပ်မတော် အစိုးရအား ပြည်သူလူထုက […]

Continue Reading

Fact Check: ဆန္ဒပြသူတွေကို ရပ်ကွက်ကတုတ်၊ဓါးနဲ့လိုက်ရိုက်နှက်တဲ့ဗွီဒီယိုလား- မဟုတ်ပါ

ရပ်ကွက်အတွင်းလာရောက်ဆူပူအော်ဟစ်ပြီးနောက် ရပ်ကွက်သူ၊ရပ်ကွက်သားတွေက တုတ်၊ဓားတွေနဲ့ လိုက်ရိုက် လို့ ထွက်ပြေးရတယ်ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဇန်နဝါရီ ၁၂ ရက်ကစတင်ပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ၉ စက္ကန့်ကြာတဲ့ ဒီဗွီဒီယိုထဲမှာ ဆန္ဒပြသူတွေဟာ “အောင်ရမည်”လို့ သံပြိုင်ရွတ်သံပါဝင်ပြီး ရှေ့မှာ ဗျောအိုးတစ်ခုက ဗျောက်ပေါက်ကွဲသံလည်းပါဝင်ပြီး “ခွဲ”၊ “ခွဲ”ဆိုပြီးစကားသံလည်းပါဝင်ပြီး အလျှင်အမြန်လူစုခွဲခဲ့ကြတာလည်းတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ မီဒီယာတစ်ခုမှာဖော်ပြပါရှိတဲ့ လျှပ်တပြတ်ဆန္ဒပြဗွီဒီယိုတစ်ခုသာဖြစ်ပြီး ရပ်ကွက်က တုတ်၊ဓားနဲ့လိုက်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။ စစ်တပ်ကဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲမှု တွေကြောင်း ဧပြီလနောက်ပိုင်းမှာ ဆန္ဒပြသူတွေဟာ လျှပ်တပြတ်ဆန္ဒပြပွဲတွေသာ လုပ်ဆောင်လေ့ရှိတာ တွေ့ရပါတယ်။ “ရပ်ကွက်အတွင်း လာရောက်ဆူပူအော်ဟစ်သူများအား  ရပ်ကွက်သူ/ရပ်ကွက်သားများက တုတ်၊ဓါးများဖြင့်  ခြောက်လှန့်မောင်းထုတ်ခဲ့သဖြင့် ဆူပူအ​​​ကြမ်းဖက်သူများအ​​ဖြင့် အောင်ရမည်ဟု ဆုံးအောင် ရွတ်ဆိုနိုင်ခြင်းမရှိပဲ ထွက်ပြေးခဲ့ရ ရန်ကုန်၊ ဇန်နဝါရီ ၁၂ […]

Continue Reading