Fact Check: ရခိုင်ပြည်နယ်မြို့နယ်အချို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတယ်လို့ ဖြန့်ဝေ
ရခိုင်ပြည်နယ်မြို့နယ်အချို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်တယ် ဆိုပြီးတော့ လူမှုကွန်ယက်မှာ ရေးသားမျှဝေလျက်ရှိတာတွေ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၅ ရက်က အခုလိုပြောခဲ့တာလို့ ရေးသားထားပါတယ်။ အာဏာသိမ်းပြီးဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီနဲ့ပတ်သက်တဲ့ သတင်းတွေမျှဝေနေတဲ့ “Done New Chance”အမည်နဲ့စာမျက်နှာက “စစ်ဗိုမှူးချုပ်ကြီး မင်းအောင်လှိုင် သည် ဒီနေ့ ၁၅.၂.၂၁ နေ့က ရခိုင်ပြည်နယ် ၏ မြို့ အနည်းငယ်ကို ကိုယ်ပိုင် အုပ်ချုပ် ခွင့် နှင့် လွတ်လပ်ခွင့် ပေးရန် AA နှင့် ကန့်လန့် ထားကြောင်းသိရှိရပါသည်။”(မူရင်းအရေးအသား) လို့ ရေးသားမျှဝေထားပါတယ်။ “နှလုံးသားထဲက ရခိုင် Arakan Music”အမည်နဲ့စာမျက်နှာကလည်း screenshot ရိုက်ပြီးပြန်လည်မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၇၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link | Archive […]
Continue Reading