Fact Check: တပ်မတော်ရဲ့စစ်လက်နက်ဝယ်ယူတဲ့ဘတ်ဂျက်ကို စစ်ဆေးခွင်ရှိရင် UECက မဲစာရွက်စာတမ်းတွေပြမယ်ဆိုတဲ့ သတင်းအမှား

တပ်မတော်ရဲ့ စစ်လက်နက်ဝယ်ယူတဲ့ ဘတ်ဂျက်ငွေစာရင်းကို စစ်ဆေးခွင့်ရမယ်ဆိုရင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကိုချပြမယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဌဦးလှသိန်းက ပြောတဲ့ပုံစံမျိုးရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်အသုံးပြုသူတွေကြား မျှဝေနေတာတွေ့ရပါတယ်။ ဒီလိုရေးသားမျှဝေနေကြတဲ့ပို့စ်မှာ “ကဲမှတ်ကရော UEC က စစ်လက်နက်ဝယ်ယူထားတဲ့ ဘတ်ဂျက်ငွေစာရင်းကို စစ်ဆေးခွင့်ရရင် ရွေးကောက်ပွဲစာရွက်စာတန်းများကို ချပြပါမယ်တဲ့ဗျာ ကဲရှင်းရော့ Crd #”လို့ရေးသားပြီး UEC ဥက္ကဌဦးလှသိန်းပုံနဲ့ ရေးသားမျှဝေနေကြတာပါ။အောက်ပါလင့်ခ်မှာ ဝင်လေ့လာနိုင်ပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် တပ်မတော်ရဲ့ စစ်လက်နက်ဝယ်ယူတဲ့ ဘတ်ဂျက်ငွေစာရင်းကို စစ်ဆေးခွင့်ရမယ်ဆိုရင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကိုချမယ်ဆိုပြီး ဒီလိုမျိုးရေးသားမျှဝေနေတာနဲ့ပတ်သက်ပြီး ဒါဟာသတင်းအမှား ဖြစ်ကြောင်းကို UECက ဒီဇင်ဘာ ၁၁ရက်နေ့က UECရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာထုတ်ပြန်ကြေငြာထားတာ တွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ […]

Continue Reading

Fact Check: – မဘိမ်းတမြို့နယ်ထဲမှာပဲ မှတ်ပုံတင်မထားသူ ၃ သိန်းဝန်းကျင် မဲပေးခဲ့တယ်လို့ သတင်းမှားဖြန့်ဝေ

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဘိမ်းတမြို့နယ်တစ်ခုထဲမှာပဲ မှတ်ပုံတင်မထားသူ သို့မဟုတ် အထောက်အထားမရှိသူ (၃)သိန်း နီးပါးကို မဲပေးခွင့်ပြုခဲ့တယ်လို့ ရေးသားလျက် ပို့စ်တစ်ခု လူမှုကွန်ယက်မှာ မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။ Radio Free Myanmar လို့ အမှတ်တံဆိပ်တပ်လျက် ရေးသားမျှဝေထားတဲ့ ဒီပို့စ်မှာ မဘိမ်းမြို့နယ်တစ်ခုထဲမှာပဲ မှတ်ပုံတင် သို့မဟုတ် အထောက်အထားမဲ့သူပေါင်း (၂၈၉၉၃၂)ဦး မဲပေးခွင့်ပြုခဲ့ပြီး  ဒီဖြစ်စဉ်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်(NLD) ပါတီအား နိုင်ငံတော်အချုပ်အခြာ အာဏာကို မတရားသောနည်းဖြင့် ရယူနိုင်ရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)ကပြုလုပ်ပေးခဲ့တဲ့ ရာဇဝတ်မှုတွေထဲက တစ်ခု ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။  ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှားသာဖြစ်ပါတယ်။ မဘိမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပေးပိုင်ခွင့်ရှိ သူ  ၃ သောင်းကျော်ပဲရှိပြီး ၂ သောင်း […]

Continue Reading

Fact Check: တပ်မတော်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က အာဏာသိမ်းဖို့ ပြောသလား- မဟုတ်ပါ

ဉပဒေကိုမလိုက်နာတဲ့အတွက် တပ်မတော်က ဝင်ပါနေတာဖြစ်ပြီး အာဏာမသိမ်းချင်လို့ ပြောနေတာဖြစ်တယ်လို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းဝန်းကျင်ကပြန်လည်မျှဝေထားပါတယ်။  တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ သတင်းစာရှင်းလင်းပွဲက ဓာတ်ပုံတစ်ခုနှင့် တကွ ဉပဒေကိုမလိုက်နာတဲ့အတွက် တပ်မတော်က ဝင်ပါနေတာဖြစ်တယ်၊ အာဏာမသိမ်းချင်လို့ ပြောနေ တာဖြစ်ပြီး တပ်မတော်အနေနဲ့ အာဏာသိမ်းချင်ရင် ၂၄ နာရီမကြာဘူးလို့ ရေးသား မျှဝေနေ တာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကိုအောက်ပါအတိုင်း တွေ့ ရ ပါတယ်။ဒီနေရာနေမှာလည်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာစတင်ဖွင့်လှစ်သုံးစွဲခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကတည်းက   live ထုတ်လွှင့်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲ ဗွီဒီယိုတွေကို ပြန်လည်ကြည့်ရှူရာမှာလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဉပဒေမတိုင်းမလိုက်နာလို့ […]

Continue Reading

Fact Check: နိုင်ငံတော်အတိုင်ပင်ခံက တပ်မတော်ခေါင်းဆောင်တွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တွေ့ခွင့်တောင်းတယ်ဆိုတဲ့ သတင်းအမှား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အောင်ဆန်းစုကြည်က တပ်မတော်ခေါင်းဆောင်တွေကို အပူတပြင်းတွေ့ခွင့် တောင်းဆိုတယ်၊ ဒီလိုတောင်းဆိုတဲ့အပေါ်မှာ တပ်မတော်ဘက်က အတွေ့မခံဘူးဆိုတဲ့သတင်းကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “နိုင်ငံတော်အတိုင်ပင်ခံက အဘကို အပူတပြင်းတွေ့ခွင့် တောင်းဆို၊ စစ်တရားရုံးဖွဲ့စည်းပြီးကြောင်း သတင်းက ဥပဒေမဲ့ အစိုးရနဲ့ UECအတွက် ပြေးလမ်းမရှိပါ”နဲ့ “အတိုင်ပင်ခံက အဘဆီအခစားဝင်ချင်သတဲ့ အဘနာယက အတွေ့မခံ…အဘချုပ်ကတော့ အဖြေမပေးဟုသိရ”လို့ရေးသားထားတဲ့ screenshotရိုက်ထားတဲ့ ပုံတွေကို ပြန်လည်ပို့စ်နေတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီလိုပို့စ်နဲ့ပတ်သက်ပြီး အစိုးရအဖွဲ့နဲ့နီးစပ်တဲ့ NLDပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာမျိညွန့်ကို Fact Cfescendo Myanmarက ဆက်သွယ်မေးမြန်းရာမှာတော့ “ဒါက အုပ်ချုပ်ရေးပိုင်းက ကိစ္စပေါ့နော်၊ ဒါပေမဲ့ ကျွန်တော်ကြားသလောက်ကတော့ အစိုးရမှာ ဒီလိုမျိုးရုတ်တရတ်တွေ့ရလောက်တဲ့ အရေးကြီးကိစ္စမရှိဘူး၊ ရွေးကောက်ပွဲနဲ့ဆိုင်တာဆို ပိုပြီးမဖြစ်နိုင်ပါဘူး၊ ရုပ်တိမရှိတဲ့ အခြေအမြစ်မရှိတဲ့ သတင်းပါ၊ […]

Continue Reading

Fact Check: UECက NLDအတွက် မဲ ၃သန်းကျော်ခိုးကြောင်း Defend Europeအဖွဲ့က ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား

Defend Europeအဖွဲ့က NLDပါတီရဲ့ လုပ်ရပ်တွေကို သံသယရှိတာကြောင့် မဲစားရင်းတွေကို လေ့လာရာ ၂၀၂၀ရွေးကောက်ပွဲမှာ အမှန်တကယ်မဲပေးခွင့်ရှိသူမှာ (၃၅.၉၄)သန်းကျော်သာရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UECက ထုတ်ပြန်တဲ့ မဲပေးခွင့်ရှိသူ ၃၈သန်းကျော်ရှိတယ်ဆိုတာက UECက NLDအတွက် မဲ ၃သန်းကျော်လောက် ခိုးပေးခဲ့ကြောင်းကို RFM (Radio Free Myanmar)ကို အတည်ပြုခဲ့တယ်ဆိုတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပြန်လည်ကူးယူတာတွေ ပြန်လည်မျှဝေနေတာတွေ ပြုလုပ်နေကြတာကို တွေ့ရပါတယ်။ အဲ့ဒီ့ပို့စ်မှာ “မဲများပက်ပက်စက်စက်ခိုးခဲ့သည့် NLD”လို့ အညွှန်းတပ်ထားပြီး အောက်မှာတော့ “ RFM : Maryland, 4 – 12 – 2020၊၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တရားဝင်မဲပေးပိုင်ခွင့်ရှိသူသည် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးအတွက် မဲပေးပိုင်ခွင့်ရှိသူ(၃၅.၉၄) သန်းကျော်သာရှိသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က […]

Continue Reading

Fact Check: နန်းယွန်းမှာ NLD ပါတီက နာဂလက်နက်ကိုင်အဖွဲ့နဲ့ပေါင်းပြီး ခြိမ်းခြောက် မဲထည့်ခိုင်းလို့ မဲနိုင်တယ်လို့ သတင်းမှား

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့မှာ နန်းယွန်းမှာ NLD ပါတီက နာဂ လက်နက်ကိုင်အဖွဲ့နဲ့ပေါင်းပြီး ဒေသခံတွေကို ခြိမ်းခြောက်မဲထည့်ခိုင်းတယ်လို့ ရေးသားထားတဲ့ပို့စ်တစ်ခုကို ၃ ရက်အတွင်း လူမှုကွန်ယက် အသုံးပြုသူ ၂၅၀၀ ကျော်က ပြန်လည်မျှဝေထားပါတယ်။ ဒီဇင်ဘာ ၆ ရက်က Ye Myo Sitt အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့မှာ NLD ပါတီက လူထုကိုခြိမ်းခြောက်ပြီး မဲထည့်ခိုင်းဖို့အတွက် နာဂ လက်နက်ကိုင်အဖွဲ့ကို ငွေပေးခဲ့တယ်လို့ ရေးသားထားတာဖြစ်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဉက္ကဌလည်းပါဝင်ပြီး ဒီသတင်းကို ရဲတပ်ဖွဲ့စုံစမ်းနေ တယ်လို့ ရေးသား မျှဝေထားတာဖြစ်ပါတယ်။   ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှားဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။  နာဂဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်း၊ အမျိုးသားဒီမိုရေးစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွှန့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဉက္ကဌ […]

Continue Reading

Fact Check: NLDပါတီက အစိုးရအဖွဲ့အသစ်ကို တံခါးပိတ်ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားဒ္မိုကရေးစီအဖွဲ့ချုပ် NLDပါတီအနေနဲ့ နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တယ်ဆိုပေမဲ့ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ အငြင်းပွားတာတွေ မပြီးပျက်သေးချိန်မှာ NLDပါတီက တံခါးပိတ်(လျိ့ဝှက်)ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ ရေးသားချက်မှုတွေကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ မျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “မဲကိစ္စနဲ့ ဒီလောက်ရှုတ်ထွေးနေချိန်မှာ အစိုးရအဖွဲ့ကို တံခါးပိတ်ဖွဲ့စည်းလိုက်တဲ့ nld ပါတီရဲ့ ခြေလှမ်း – ဒါဟာ နိုင်ငံရေးပါတီတွေကို စိန်ခေါ်လိုက်တဲ့ အနေထားတစ်ခုလား ၊ UEC ကို ပြန်ကယ်ဖို့လား ၊ ဒါမှမဟုတ် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ သဘောဆောင်​လိုက်​တာလား – ?စိန်ခေါ်မှု တစ်ခုလို့မြင်ရမယ်ဆိုရင်တော့… မြန်မာပြည်ကြီးကျန်းမာပါစေလို့ ဆုတောင်းပါတယ် -“လို့ “သူရိယ”ဆိုတဲ့ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးက ဒီဇင်ဘာ ၆ ရက်နေ့က စတင်ရေးသားခဲ့တာတွေ့ရပြီး ဒီပို့စ်ကို တစ်ရက်အတွင်းမှာပဲ ဖေ့စ်ဘွတ်ခ်သုံးစွဲသူပေါင်း ခုနစ်ရာ့ ခုနစ်ဆယ်ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ […]

Continue Reading

Fact Check: မဲစိစစ်တာနဲ့ပတ်သက်ပြီး တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည်က တောင်းပန်တယ်ဆိုတဲ့ သတင်းအမှား

မဲလိမ်တာတွေရှိတာကြောင့် တပ်မတော်အနေနဲ့ ခွင့်လွှတ်ပေးဖို့ တပ်မတော်မဲစိစစ်ရေးကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်ကတောင်းပန်းလိုက်ပြီး တပ်မတော်ဘက်ကလည်း ဥပဒေဘောင်အတွင်းကပဲ စကားပြောမယ်လို့ တုန့်ပြန်လိုက်တယ်ဆိုတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ “မေမေနိုင်ပြီလို့ အောင်ပွဲခံနေတဲ့ ဆရာများ သို့”လို့ ခေါင်းစဉ်တပ်ထားပြီး “ဒီနေ့ ဘာတွေထူးသွားလဲဆိုတာ- လူငယ်တွေရဲ့ ပါတီအပေါ် စေတနာနဲ့ မှားခဲ့တဲ့မဲ လိမ်လည်မှုတွေရှိခဲ့ပါတယ် ဒါကို တပ်မတော်အနေနဲ့ ခွင့်လွှတ်ပေးပါရန် တပ်မတော် မဲစီစစ်ရေးကော်မရှင်အား တောင်းဆိုလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ တောင်းပန်စကား -တပ်မတော်ကလဲ လုပ်စရာရှိတာကို ဥပဒေဘောင်အတွင်းကပဲ စကားပြောပါ့မယ်လို့ တုန့်ပြန်ပြောဆိုလိုက်တဲ့ မဲစီစစ်ရေးကော်မရှင်ရဲ့ တိကျတဲ့စကား -မဲရုံစောင့် ဆရာမတွေကို စစ်ဆေးရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရာမှာ မဲစာရွက်အတုတွေကို ပြည်သူကိုပေးပြီး အစစ်တွေကို သူတို့ကိုယ်တိုင် nld ကိုမဲပေးခဲ့ကြောင်း ၊ ပြည်သူတွေရဲ့ မဲပုံးကို အလုံးလိုက်ချိန်းပြီး ကော်မရှင်ရုံးသို့ […]

Continue Reading

Fact Check: – တောင်ဒဂုံက အမှတ်(၂၃)ရပ်ကွက် မဲရုံအမှတ်(၁)မှာ မဲပေးသူဦးရေထက် ၁၀မဲပိုနေခဲ့တယ်ဆိုတာမဟုတ်ပါ

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂၃)ရပ်ကွက် မဲရုံအမှတ်(၁) မှာ မဲပေးသူ ဦးရေထက် ၁၀မဲပိုနေခဲ့တယ်ဆိုပြီးရေးသားမျှဝေထားတဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံခဲ့တဲ့ပို့စ်ဟာ သတင်းတု သတင်းမှားဖြစ်တာ တွေ့ရပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ မဲရုံတစ်ရုံက မဲစာရင်းရလာဒ် ပုံစံလို့ထင်ရတဲ့ ဓာတ်ပုံတစ်ပုံနဲ့ အတူ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂၃)ရပ်ကွက် မဲရုံအမှတ်(၁) မှာ မဲပေးသူ ဦးရေထက် ၁၀မဲပိုနေခဲ့ တာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က လက်မှတ်ထိုးပြီး အတည်ပြုပေးခဲ့တယ်လို့ ရေးသားမျှဝေထားတာ ဖြစ်ပါတယ်။   ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှား ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ဒီဇင်ဘာ ၇ ရက်ကထုတ်ပြန်ခဲ့ပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ သတင်းပုံစံနဲ့ရေးသားထားတဲ့ ဒီပို့စ်မှာ သတင်းရေးသားတဲ့ရက်ကို ဒီဇင်ဘာ ၂ လို့ ရက်စွဲ တပ်ထားပြီး လူမှုကွန်ယက်မှာ […]

Continue Reading

Fact Check: – အတိုင်ပင်ခံရုံးမှာ နိုင်ငံခြားသားအကြံပေး ၉၀ ခန့်ထားတယ်ဆိုတဲ့ သတင်းမှားဖြန့်

နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ နိုင်ငံခြားသား အကြံပေးတွေ ခေါ်ယူခံထားမှုကြောင့် လျို့ဝှက်ချက်တွေကို ပေါက်ကြားနေရတယ်လို့ ရေးသားမျှဝေလျက်ရှိတဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ ခေါ်ယူ ထားတဲ့ နိုင်ငံခြားသား အကြံပေး ၉၀ ရှိပြီး နိုင်ငံတော် အဆင့် လျှို့ဝှက်ရမည့် ကိစ္စ ၊ စီးပွားရေး ၊ ပညာရေး ၊ လူမှူရေး ၊ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ဆက်ဆံရေး၊ တပ်မတော်ရဲ့ ထိပ်တန်းလျှိုဝှက်၊ နိုင်ငံရေးအခြေနေ ၊ နိုင်ငံတော် ရဲ့ ရှေ့ဆက်သွား မည့် မူဝါဒ လမ်းစဉ်များအား ပေါက်ကြား လျက်ရှိတယ်လို့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။  နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ နိုင်ငံခြားသား အကြံပေး ၉၀ ခန့်ထားတယ်ဆိုတာ မဟုတ်ကြောင်း Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း […]

Continue Reading