Fact Check: ဒီဓာတ်ပုံတွေက ၂၀၁၇ ခုနစ်ကရန်ကုန်နဲ့ မန္တလေးကသင်္ကြန်ကျခဲ့တဲ့ မြင်ကွင်း ဓာတ်ပုံတွေသာဖြစ်တယ်
ယခုနှစ် မြန်မာနှစ်ကူး သင်္ကြန်ကို စစ်တပ်က စည်စည်ကားကားကျင်းပဖို့ ကြံရွယ်ပြီး အထင်ကရမြို့ကြီးတွေမှာ မဏ္ဍပ်ကြီးတွေဆောက်လုပ်နေပေမဲ့ အများပြည်သူက သပိတ်မှောက်ထားတာကြောင့် လူသူကင်းမဲ့နေပါတယ်။ ဒီလိုအခြေအနေမှာ ရန်ကုန်နဲ့ မန္တလေးက မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်စည်ကားနေပုံဆိုပြီးတော့ ဓာတ်ပုံပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူ တွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ “ဟစ်တိုင် – အွန်လိုင်းသတင်းဌာန”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက“ရန်ကုန် မြို့တော်ဝန်သင်္ကြန် မဏ္ဍပ်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ” စသည်ဖြင့် ရေးသားပြီး ဓာတ်ပုံ ၅ ပုံကို ယနေ့ (ဧပြီ ၁၃ ရက်)က အောက်ပါအတိုင်းမျှဝေ ထားရာမှာ ၈ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၁၉၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link ထို့အတူ ဒီစာမျက်နှာကပဲ“မန္တလေး မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ”လို့ရေးသားပြီး ဓာတ်ပုံ ၁၄ […]
Continue Reading