Fact Check: ဒီဓာတ်ပုံက စစ်ကိုင်းက PDFရန်ကြောင့် ဘုန်းကြီးကျောင်းကို ထွက်ပြေးလာရသူတွေလား-မဟုတ်ပါ

စစ်ကိုင်းမှာ PDFရန်ကြောင့် ဘုန်းကြီးကျောင်းသို့ ထွက်ပြေးလာရသူတွေများပြားလာပြီဆိုပြီးတော့ စစ်ဘေးရှောင် မိသားစုလို့ ယူဆရတဲ့ ဓာတ်ပုံတစ်ပုံနှင့် ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့လျက်ရှိပါတယ်။ သို့သော် ပြောဆိုချက်ဟာ မှားပါတယ်။ ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် မေလအတွင်းက ကရင်စစ်ဘေးရှောင်မိသားစု ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “PDFရန်ကြောင့် ဘုန်းကြီးကျောင်းသို့ထွက်ပြေးသူများပြားလာ မတ် ၂၃/၂၀၂၂ စစ်ကိုင်းတိုင်းကျေးလက်ဒေသအများတွင် PDF. မွေးတဲ့စစ်မီးကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး နေစရာအခက်ခဲဖြစ်သောကြောင့် ကျေးရွာရှိဘုန်းကြီးကျောင်းများနှင့် စစ်ကိုင်း မုံရွာစတဲ့မြို့ပေါ်ဘုန်းကြီး ကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရှိရပါသည် ရွာလည်းမပြန်ရဲ မြို့ပေါ်မှာနေပြန်တော့လည်း လက်တစ်လောဘာလုပ်ကိုင်စားသောက်ရမှန်း မသိသေးသော ကြောင့်ဘုန်းကြီးကျောင်းတွေမှာ ခေတ္တနေနေရသည်ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ ပြောကြားလိုက်ပါတယ်။”လို့“မလေးသူဇာ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ ယခုအချိန်ဟာ စစ်ကိုင်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်တွေအကြား ထိတွေမှုတိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေချိန်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  […]

Continue Reading

Fact Check: ၂၀၁၃ ခုနှစ် ဖိလစ်ပိုင်မုန်တိုင်းက ဓာတ်ပုံကို လပွတ္တာမှာ မုန်တိုင်း ဝင်ရောက်ပုံအဖြစ်ဖော်ပြနေတဲ့သတင်းမှား

လပွတ္တာမှာ မုန်တိုင်းဝင်သွားပြီးနောက်အခြေအနေဆိုပြီးတော့ အပျက်အစီးမြင်ကွင်းဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားပါတယ်။ ဓာတ်ပုံဟာလည်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ဖိလစ်ပိုင်နိုင်ငံမှာ မုန်တိုင်းဝင်ရောက်ခဲ့တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “ညနေ ၃နာရီ အခြေအနေပါလပွတ္တာပါ 🥺 အိမ်တွေ တော်တော်များများ အကုန်ပါကုန်ပြီဗျာ😢 ဂရုစိုက်ကြပါအမျိုးတို့ 💔 Photos Crd” စသည်ဖြင့် ရေးသားပြီး “PyaePhyo Zaw”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၁၃ ခုနှစ်က အင်အားပြင်း ဆူပါတိုက်ဖွန် မုန်းတိုင်း ဟိုင်ယန်(Haiyan)ကြောင့် […]

Continue Reading

Fact Check: ငွေချေးလုပ်ငန်းအယောင်ဆောင်စာမျက်နှာအတု

တရားဝင်လိုင်စင်ရထားတဲ့ ချေငွေလုပ်ငန်းက အတိုးနှုန်းထားသက်သက်သာသာနဲ့ ချေးငွေတွေ ထုတ်ချေးနေပြီး ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာပို့စ်တင်ရေးသားပြီး လိမ်ညာနေတာတာတွေ မကြာခဏတွေ့ရပါတယ်။ အောက်ပါစာသားကတော့ မြစိမ်းရောင် ချေးငွေလုပ်ငန်းအမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖော်ပြထားတဲ့ စာသားတစ်ချို့ကို ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။  “မြစိမ်းရောင် ချေငွေလုပ်ငန်းမှ တရားဝင်လိုင်စင်ရ ငွေချေး ဝန်ဆောင်မူ ကုမ္ပဏီမှ လူကြီးမင်းတို့ လိုအပ်သလောက် အရင်းနှီးငွေကို onlineမှ တစ်ဆင့် လွယ်ကူလျှင်မြန်စွာ ချေးယူနိူင်ပါပီ လုပ်ငန်းရှင်များ 5သိန်း.မှစပြီး သိန်း.500.အထိ  ချေးယူနှိင်ပါတယ်  “အတိုးနူန်းမှာ”1″ကျပ်တိုးဖြစ်ပါတယ် 10/သိန်းမှ10/သိန်းအောက်ချေးယူသူများ (1)နှစ်အသုံးပြု၍1/နှစ်အတွင်းအတိုးအရင်းအကျေပြန်ဆပ်ရပါမည်10/သိန်းမှ10/သိန်းအထက်500/သိန်းထိအဆင့်ဆင့်ချေးယူသူများ1/နှစ်မှ5/နှစ်အတွင်းအဆင့်ဆင့်သုံး၍အတိုးအရင်းအကျေပြန်ဆပ်ရပါမည် အတိုးကိုတစ်လတစ်ခါလစဉ်ပုံမှန်ပြန်ဆပ်သွားရပါမယ်အရင်းကိုတော့မိမိအစဉ်ပြေသလိုအရစ်ကျခွဲဆပ်သွားရပါမယ် (ဥပမာ)ဒီလမှာအတိုးဆပ်ပြီးတော့/အရင်းကို (10)သိန်းခွဲလိုက်ပြီဆိုရင်နောက်လမှာ10/သိန်းစာအတိုးရော့သွားမှာပဲဖြစ်ပါတယ်နော် ” စသည်ဖြင့် ရေးသားပြီး မျှဝေထားပါတယ်။ ထို့အပြင် နားမလည်တာတွေရှိရင် ( 09684252961)  ဖုန်းခေါ်ပြီးဖြစ်စေ Viber ကတစ်ဆင့်ဖြစ်စေဆက်သွယ်နိုင်တယ်လို့လည်းရေးသားထားပါတယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: Box No. 88 ဇာတ်ကားရိုက်ကွင်းက မြင်ကွင်းဓာတ်ပုံတစ်ခုကို ယနေ့ထောင်ကလွတ်လာတဲ့ အိန္ဒြာကျော်ဇင်ပုံအဖြစ်ပျံ့နှံ့မှုအားကောင်းနေ

သရုပ်ဆောင် အိန္ဒြာကျော်ဇင်အပါအဝင် အနုပညာရှင်အချို့ ဒီကနေ့ ထောင်ကနေပြန်လည် လွတ်မြောက်လာတဲ့ သတင်းနဲ့ အတူ အိန္ဒြာကျော်ဇင် ကားပေါ်က ဆင်းလာတဲ့ ဓာတ်ပုံ ၁  ပုံကို အိမ်ပြန်ရောက်တဲ့ ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအား ကောင်းလျက်ရှိပါတယ်။  တကယ်တော့ ဒီဓာတ်ပုံဟာ ဓာတ်ပုံဟောင်းတစ်ပုံဖြစ်ပြီး ရုပ်ရှင်ရိုက်ကွင်းက ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။  “စိတ်ထားနှလုံးသားလှတဲ့ရွှေမင်းသမီး ရဲ့  အိမ်အပြန် ခြေလှမ်း အောင်မြင်ပါစေ တိုင်းပြည်နဲ့ မိသားစုကို ဦးဆောင်နိုင်ပါစေ Maung Tun Wai 2-3-2022”လို့ရေးသားပြီး “Maung Tun Wai”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  ဒီဓာတ်ပုံကိုပဲ “ပြန်ရောက်ပါပြီ တဲ့.. ၂၊၃၊၂၀၂၂ Photo .Sai Zwe […]

Continue Reading

Fact Check: အိန္ဒိယနိုင်ငံက ဆင်ပုံသဏ္ဌာန် ရဟတ်ယာဉ် ဓာတ်ပုံဟာ မြန်မာနိုင်ငံက ဖြစ်စဉ်အဖြစ် ပျံ့နှံ့မှုအားကောင်းခဲ့သည်

လေယာဉ်တွေပျက်မကျအောင်လို့ ဆင်ပျံ့နဲ့ စစ်တပ်က ယတြာချေနေတဲ့ဓာတ်ပုံဆိုပြီးတော့ ဓာတ်ပုံ ၂ ပုံဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံမှု အားကောင်းခဲ့တာတွေ့ရပါတယ်။ ရဟတ်ယာဉ်မှာ ဆင်ပုံသဏ္ဌာန်အလှဆင်ထားပြီး ပျံသန်းနေတဲ့ အဖြူအမည်းဓာတ်ပုံ ၂ ပုံ ဒီပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာပါဝင်ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄၀ ကျော်က အိန္ဒိယလေတပ်က လွတ်လပ်ရေးနေတဲ့ အခမ်းအနားမှာ ဆင်ယင်ပျံသန်းပြခဲ့တဲ့ ရဟတ်ယာဉ်သာဖြစ်ပါတယ်။ “ဗုဒ္ဓဟူးနံ လိန်ဗျံတွေ ထပ်မပျက်အောင် ဗုဒ္ဓဟူးဂြိုဟ် ဆင်ပျံနဲ့ ဗဗယတြာချေတာတဲ့။  မိုမိုရေ ……ဝူး 😁😁😁 ဆင်ကြီးကို ဂဠုံအချီခံရတော့မယ် ဗဗ😂”စသည်ဖြင့်ရေးသားပြီး “စောအာဲ ဆိုဒ်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေထားတာတွေ့ရပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: CDM ကျရှုံးသွားပြီဖြစ်ကြောင်း ဦးမင်းကိုနိုင် ပြောတယ်ဆိုတဲ့ သတင်းမှား

CDM ကျရှုံးသွားပြီဖြစ်ကြောင်း ဦးမင်းကိုနိုင် ပြောတယ်လို့ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူတွေ အတော်များများက ပြန်လည်မျှဝေလျက်ရှိတာတွေ့ရပါတယ်။ ဒီစကားကို ဦးမင်းကိုနိုင်က Sprin g Flowers International ပွဲတော်မှာပြောကြားခဲ့တာလို့လည်း ဖော်ပြထားပါတယ်။ တကယ်တော့ ဦးမင်းကိုနိုင်နဲ့ ဒီလိုပြောကြားခဲ့ခြင်းမရှိပါဘူး။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “CDM ကျရှုးသွားပြီဖြစ်ကြောင်း ဦးမင်းကိုနိုင် ဝန်ခံလိုက်ပြီ”လို့ရေးသားသလို ဓာတ်ပုံမှာ လည်း “Keynote Address by U Min Ko Naing at Spring Flowers International Conference on Myanmar”၊ “CDM ကျရှုံးသွားပြီလို့ မင်းကိုနိုင်ပြောပြီ”စတဲ့စာသားတွေ ရေးသားထားပါတယ်။ “သူကတော့ အဲဒီလိုလေးပဲ ပြောလိုက်တာ သူ့စကားတွေကိုယုံပြီး CDM လုပ်ခဲ့ကြတဲ့သူတွေရဲ့ ဘဝတွေ ဘယ်လောက်တောင် ပျက်ဆီးသွားကြပြီလဲဆိုတာ ပြေးကြည့်စရာတောင်မလိုဘူး […]

Continue Reading

Fact Check: UEC ဦးလှသိန်း ဖော်ကောင်လုပ်ပြီ၊ မဲမသမူရှိခဲ့ကြောင်းဝန်ခံလို့ သတင်းတုသတင်းမှားဖြန့်

မဲလိမ်စားတဲ့စာရင်း ထုတ်မပြနိုင်တာ NLD ကခိုင်းလို့လုပ်ရတာဖြစ်ပြီး သူ့မှာအပြစ်မရှိပါကြောင်း UEC ဦးလှသိန်းဖော်ကောင် လုပ်ပြီဆိုပြီးတော့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူတွေ ရာဂဏန်းကပြန်လည်မျှဝေ လျက်ရှိတာတွေ့ရပါတယ်။ ဒီပို့စ်မှာပဲ NLD ပါတီ CEC အဖွဲ့နဲ့ UEC တို့ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က နေပြည်တော် NLD ရုံးချုပ်မှာ အစည်းအဝေးလုပ်ခဲ့ပြီး ရွေးကောက်ပွဲမတိုင်ခင် ၅ လအလိုတုန်းကလည်း နေပြည်တော်မှာ UEC အဖွဲ့တွေနဲ့ အစည်းအဝေး လုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “#မောင်လှသိန်းကတော့ကိုယ်လွတ်ရုန်းပြီခွတ်ဒေါင်းသွေးရဲလေပြီ”လို့ အစချီထားပြီး  “ကြားရတဲ့သတင်းအရ ဦးလှသိန်းက ၎င်းအား စစ်ဆေးသည့်အချိန် အာဏာရှိသူလုပ်ခိုင်းလို့လုပ်ရတာကြောင့် သူ့အပြစ်မဟုတ်ကြောင်း မဲစာရင်းများလိမ်ထားသော်လည်း NLD ပါတီက မထုတ်ပြခိုင်း၍ မထုတ်ပြခဲ့ရတာဖြစ်ကြောင်း မထုတ်ပေးရန်ပြောဆိုထားသည့်  သက်သေများလည်းပေးမည်ဟု ပြောဆိုထားကြောင်း မြို့နယ် […]

Continue Reading

Fact Check: မြိုင် PDF က ကလေးတွေကို ခြိမ်းခြောက်ဆန္ဒပြခိုင်းတဲ့ ဓာတ်ပုံလား- မဟုတ်ပါ

မြိုင် PDF တွေက ကလေးသူငယ်တွေကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး ဆန္ဒပြခိုင်းတဲ့ ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူတွေ အတော်များများက ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ ထုတ်ပြန်ခဲ့တဲ့ PDF အစောင့်အရှောက်နဲ့ ဆန္ဒပြပွဲ ဓာတ်ပုံသာဖြစ်တာတွေ့ရပါတယ်။ “***နစက အစိုးရ မြင်နိုင် ကြားနိုင် သိနိုင်ပါစေ*** မြိုင်အကြမ်းဖက်PDFမှ ကလေးသူငယ်များအား လက်နက်ဖြင့်ခြိမ်းခြောက်၍ ဆန္ဒပြခိုင်းကြောင်းသိရ”စသည်ဖြင့်ရေးသားပြီး “–”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး ရှာဖွေရာမှာ ဒီဓာတ်ပုံဟာ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ် ကော်မတီ ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေထဲက ဓာတ်ပုံတစ်ပုံကို အသုံးပြုပြီး လိုသလို ပြန်လည်ရေးသားမျှဝေနေ တာတွေ့ရပါတယ်။ “Basic […]

Continue Reading

Fact Check: စစ်တပ်ဆန့်ကျင်ရေးဗီနိုင်းချိတ်လို့ အပစ်ခံရတဲ့ လူငယ်တစ်ဦးပုံကို အင်းလျားမှာပြန်ဖြုတ်စဉ်ဗုံးပေါက်ကွဲသေတဲ့PDF လို့ သတင်းမှားဖြန့်ဝေ

အင်းလျားမှာဗုံးထောင်တာ စစ်တပ်က ကင်းပုန်းနဲ့မိလို့ ကိုယ်ထောင်တဲ့ ဗုံးကို ပြန်ဖြုတ်ခိုင်းရာမှာ ဗုံးကွဲပြီး သေဆုံးတဲ့ PDF ဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူတွေ အတော်များများ ဖြန့်ဝေလျှက်ရှိပါတယ်။  တကယ်တော့ ဓာတ်ပုံဟာ စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြဗီနိုင်းချိတ်ဆွဲမှုကြောင့် စစ်တပ်ကပစ်ခတ်လိုက်တဲ့ ကျည်ဆံထိမှန်ခဲ့တဲ့ ဗကသကျောင်းသားတစ်ဦးဖြစ်တယ်လို့ မီဒီယာတွေမှာဖော်ပြပါတယ်။ “အင်းလျားမှာ ဗုံးထောင်နေတဲ့PDFအကြမ်းဖက်ကောင် ရွှေဘ ကင်းပုန်းနဲ့မိ ကိုယ်ထောင်တဲ့ဗုံးကို ပြန်ဖြုတ်ခိုင်းတော့ ကွဲပြီး​ေT နားအေး မှိုင်းဝေ”စသည်ဖြင့်ရေးသားပြီး “Yadanar Maung” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ဓာတ်ပုံနှင့်အတူ ရေးသားမျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က ဆန္ဒပြလူငယ်တစ်ဦး […]

Continue Reading

Fact Check: သရုပ်ဆောင် ပိုင်တံခွန်နဲ့ အိန္ဒြာကျော်ဇင် လွတ်မြောက်လာတဲ့ ကောလာဟလပျံ့နှံ့

သရုပ်ဆောင်ပိုင်တံခွန်နဲ့အိန္ဒြာကျော်ဇင်တို့ ဖေဖော်ဝါရီ ၁၂ ရက်မှာလွတ်မြောက်လာပြီဆိုပြီးတော့ အတည်မပြု နိုင်တဲ့သတင်းဟာ ဖေ့စ်ဘွတ်အသုံးပြုသူများ အကြားပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဒီသတင်းဟာ လက်ရှိ အချိန်အထိ အတည်မပြုနိုင်သေးကြောင်း သူတို့နှစ်ဦးရဲ့ ဆွေမျိုးသားချင်းတွေက ရှင်းလင်းထားပါတယ်။ “ပြည်ထောင်စုနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်တွင် သရုပ်ဆောင် ပိုင်တံခွန် နှင့် အိန္ဒြာကျော်ဇင်တို့ ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရပါတယ်။ ထိုသတင်းနှင့်ပတ်သက်ပြီး The Burmese Post အနေဖြင့် ထပ်မံအတည်ပြုဖို့ ကြိုးစားနေပါတယ်။ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက ​ေတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား (၈၁၄) ယောက် ပြန်လွှတ်ပေးခဲ့ပြီး အင်းစိန်အကျဉ်းထောင်က အကျဉ်းသား (၈၄)ဦး လွတ်မြောက်ခဲ့ပါတယ်။ #TheBurmesePost”စသည်ဖြင့် “The Burmese Post”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေခဲ့ရာမှာ ပြန်လည်မျှဝေမှုပေါင်း ၁ ထောင်ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb […]

Continue Reading