မင်းဝန်တောင်ဘုန်းကြီး ဒေါက်ဖိနပ်စီးပြီး ယတြာချေပေးတာဆိုတဲ့ သတင်းမှား

ဘုန်းကြီးတစ်ပါးဒေါက်ဖိနပ်စီးနေတဲ့ပုံကို မင်းဝန်တောင်ဘုန်းကြီး ဒေါက်ဖိနပ်စီးပြီး ယတြာချေပေးတာဆိုပြီး သတင်းမှားတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ “U Naing Win”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ၂၃ နာရီအတွင်း လူမှု ကွန်ယက်အသုံးပြုသူ ၁ ထောင်ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ Link Archive link မင်းဝန်တောင် စိန္တာမုနိကျောင်းက ကျမ်းဂန်တွေနဲ့ မညီတဲ့  á€›á€Żá€•်တုတွ္ဖယ်ရသဏးခဲအတဲအသတင်းတွ္နဲအဥတူ အခုလို အချိန်ကိုက် မျှဝေလာတာဖြစ်ပါတယ်။  ပို့အောက်မှာ မှတ်ချက်ရေးသားသူတစ်ချို့က ထိုင်းနိုင်ငံ ဖြစ်တယ်လို့လည်း မှတ်ချက်ပေးခဲ့တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Goolge မှာ မျှဝေထားတဲ့ပုံကို ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။  ၂၀၁၉ ခုနှစ် ဇူလိုင်မှာ  ထိုင်းဘာသာနဲ့ရေးသားထားတဲ့သတင်းအများအပြားမှာ  ဒီပုံကို တွေ့ရပါတယ်။ Google Translate  ကို အသုံးပြုပြီး ထိုင်းဘာသာကနေ မြန်မာဘာသာကို ပြန်ဆိုကြည့်ရာမှာ ဘုန်းကြီးတစ်ပါးရဲ့ […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကိုရောင်းစားခဲ့တာ အတည်ပြုသတင်းထွက်လာပြီးဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကိုရောင်းစားခဲ့တာ အတည်ပြုသတင်းထွက်လာပြီဆိုတဲ့ ပို့စ်တစ်ခုကို “Too Mg” အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက မျှဝေထားပါတယ်။ “မြန်မာကိုစုကြည်ရောင်းပြီးကြောင်းအတည်ပြုသတင်းထွက်လာပီ တိုင်းပြည်ကိုတိုင်းတပါးလက်သို့ထိုးအပ်ရာ ဝယ် 1/စုကြည်အစိုးရဟာ oicနဲ့ကိုနီအကြံအတိုင်း အခြေခံဉပဒေကို မွတ်ဆလင်အလိုကျအသစ်ဆွဲပီး တိုင်းပြည် ကိုoicလက်အပ်မလား2/ပြည်ပကျုးကျော်စစ်ဖြင့်ဝင်ရောက်သိမ်းပိုက်ခါတိုင်းပြည်ကိုoicလက်အပ်မလား ဒီနှစ်ချက်ကိုကြည့်ရင်ပထမအချက်ကတော့တပ်မတော်တောင့်ခံနေသည့်အတွက်ခြေဉကိုထိလို့မရမှန်းသဘော ပေါက်သွားပီ ဒုတိယအချက်ကျူးကျော်စစ်ခင်းဖို့ပြင်ဆင်လျှက်ရှိရာတွင်အတော်ခရီးပေါက်လျှက်ရှိလေပြီ အကြံပေးသူလျှို90အားခေါ်ယူခါဌါနပေါင်း42ဌါနမှထိပ်တန်းလျှို့ဝှက်များအား4နစ်ကျော်စုဆောင်းရယူပီနောက်ကိုဗစ်အကြောင်းပြ ဌါနပြန်ခါစစ်ပလင်ချလျှက်ရှိချေပီ အရံဆန် စက်သုံး ဆီအားလုံးပြောင်အောင်ကြို ကိုရှင်းထားပီး ဖြစ်သည် မကြာခင်က ယူကြုတွင်ထွက်ပေါ်လာသည့်သတင်းအရ အမေရိကန်သမ္မတ အပြောင်းအလဲတွင် မြန်မာ ကိုoic 42နိုင်ငံမှဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရန်nldနှင့်ချိတ်ဆက်ထားကြောင်းသိရ nldသည်ရွေးကော် အားနိုင်ကိုနိုင်ရမည်ဟုညွှန်ကြားထားကြောင်းသိရ ရွေးကောက်ပွဲရှုံးပါကစစ်ခင်းရန်အဆင်သင့်မို့ မြန်မာပြည်သူ များမွေပွေးခါးပိုက်ပိုက်မိလျှက်သားဖြင့် ကိုင်ထားသည့်ပဒိုင်းသီး စားလည်းရူးဆုတ်လဲဆူး နမ်းလည်းမူး အဖြစ်တော့ဆိုက်နေပါပီ ဘယ်သူတေဘယ်လိုဒုက္ခဝေပါစေ ပန်းပန်လျှက်ကစုကြည်သူ့သားသမီးမြေး မြစ်များ လုံခြုံသည့်နေရာမှာထားနိုင်ပီစစ်ပွဲစသည်နှင့်ပြေးရန်လေယာဉ်အဆင်သင့်စီစဉ်ထားသည် စုကြည်မြန်မာပြည် ကိုရောင်း သန်းကြွယ်သူဌေးဘွဲ့ခံယူသွားတာထမိန်ခြုံအနီလော်ဘီများသိပါလေစ မြန်မာကိုစုကြည်ရောင်းပြီး ကြောင်းအတည်ပြုသတင်းထွက်လာပီ အနီးကပ်ဆုံးရန်သူအားလက်ဉီးမှုရယူချေဖျက်ကြလော့”စသည်ဖြင့် ရေးသားထားပြီး […]

Continue Reading

မာ့ခ်ဇူကာဘက်က သူ့မိန်းမကို မလှဘူးပြောတဲ့သူတွေကို တုန့်ပြန်ခဲ့ရေးသားခဲ့သလား-မဟုတ်ပါ

ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဇူကာဘက်က  သူ့မိန်းမကို မလှဘူးပြောတဲ့သူတွေကို တုန့်ပြန်ခဲ့ရေးသားခဲ့တဲ့ ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့ခဲ့ပါတယ်။ “သူ့ရဲ့ မိန်းမကို မလှမပ တရုတ်မလို့ ဝေဖန်ကြတဲ့အပေါ် တုန့်ပြန်လာတဲ့ မက်ဇူကာဘတ် ( ဖေ့စ်ဘုတ်တည်ထောင်သူ ) ကျနော့်မိန်းမ မလှမပတရုတ်မ/မက်ဇူကာဘတ်၏ “MY WIFE CHINA AND NOT PRETTY” ကို ပြန်ဆိုသည်/ တော်တော်များများမေးကြတယ်ဗျ။ (သူတို့အပြောအရပေါ့လေ) ဒိတ်ဒိတ်ကြဲသူဋ္ဌေးကြီးက မလှမပတရုတ်မ တစ်ယောက်ကို ဘာအတွက် ယူရတာလဲတဲ့။ ကျနော်ဟာ (သူတို့အမြင်အရပေါ့) ကျနော့်ရဲ့လက်ရှိမိန်းမ ပရက်စီလာချန်ထက် ပိုသာတဲ့အမျိုးသမီးတစ်ယောက် ရနိုင်သလို ရလည်းရသင့်တယ်ပေါ့။ ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ဦးဆုံးအနေနဲ့ လှတဲ့အမျိုးသမီးဆိုတာဘယ်လို မလှတဲ့အမျိုးသမီးဆိုတာဘယ်ပုံ ဆွေးနွေးချင်ပါတယ်။ ပြောရရင် ကျနော့်အနေနဲ့ လှပါတယ်ဆိုတဲ့အမျိုးသမီးတော်တော်များများနဲ့ ဆုံဖူးပါတယ်။ အတော်များများ ကလည်း ကျနော့်ဇနီးမယား […]

Continue Reading

ရွှေပုပ္ပါးသွေးဆေး ကြော်ငြာကားကို ပြည်ခိုင်ဖြိုးပါတီဝင်တွေက ထွက်ရိုက်တယ်ဆိုတဲ့ သတင်းတု

ရွှေပုပ္ပါးသွေးဆေး ကြော်ငြာကားကို ပြည်ခိုင်ဖြိုးပါတီဝင်တွေက ထွက်ရိုက်တယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ “သွေးလေခြောက်ချားနေသလား ရွှေပုပ္ပါးသွေးဆေးကိုစား နာမည်ဖြင့်သွေးဆေးလှည့်လည်ကြေငြာသည့်ကား ပြည်ခိုင်ဖြိုးပါတီ ရုံးရှေ့တွင်ဆေးကြေငြာနေသဖြင့် ပါတီရုံးထဲမှ ပါတီဝင်များ ထွက်ရိုက်မှုဖြစ်ပွား”ဆိုတဲ့ ခေါင်းစဉ်ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ နေပြည်တော်ပြည်ခိုင်ဖြိုးပါတီရုံးချုပ်ရှေ့မှာ ရွှေပုပ္ပါးသွေးဆေးကုမ္မဏီရဲ့ သွေးဆေးကြေငြာသည့်ကားသည် ပါတီရုံးရှေ့အလွန်၌ ကားကိုရပ်တန့်၍ သွေးဆေးကြေငြာနေစဥ် ပြည်ခိုင်ဖြိုး ပါတီဝင်များ မှဒုတ်များကိုင်ဆောင်၍ ဝိုင်းရိုက်ခဲ့တယ်ဆိုပြီးတော့ “Wai Wai”၊ “Ko Pauk”စတဲ့ အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဉီးအောင်ချိုဉီးကို Fact Crescendo Myanmar က တယ်လီဖုန်းနဲ့ ဆက်သွယ်အတည်ပြုခဲ့ရာမှာ အောက်ပါအတိုင်း ပြောကြား ပါတယ်။ […]

Continue Reading

နှစ် ၁၀၀ မှာတစ်ကောင်ဘဲမွေးတဲ့ နတ်ငါးတဲ့လား-မဟုတ်ပါ

ဉီးခေါင်းမှာ ပုံမှန်မြင်နေကြငါးတွေရဲ့ အကြေးခွံနဲ့မတူဘဲဖြစ်နေတဲ့ ငါးတစ်ကောင်ရဲ့ပုံကို နှစ် ၁၀၀ မှာတစ်ကောင်ဘဲမွေးတဲ့ နတ်ငါး ဆုတောင်းပြီး ရှဲလ်ပါ တစ်ပတ်အတွင်း ငွေဝင်လိမ့်မယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ မျှဝေမှု များပြားခဲ့ပါတယ်။  â€œá€œá€„်း ဟေသာ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “သတင်းစုံ နိုင်ငံတကာသတင်း”၊ “နေ့စဉ် သတင်းစုံ သတင်းမှန်”စတဲ့ဖေ့စ်ဘွတ်အုပ်စုတွေမှာ အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link cele.fastmyanmar.com ကရေးသားမျှဝေတဲ့ပို့စ်တစ်ခုကို ပြန်လည်မျှဝေနေတာဖြစ်ပါတယ်။ အချက်အလက်စိစစ်ချက် လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတဲ့ ဒီပို့စ်က ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာ ဖွေမယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရပါတယ်။  ၂၀၁၉ ခုနှစ် ဇန်နဝါရီလထဲမှာ ဗီယက်နမ်မှာလည်း ဒီငါးပုံပါတဲ့ ဓာတ်ပုံနှစ်ပုံကို လူမှုကွန်ယက်အသုံးပြု သူ့တစ်ယောက်က “ဘာလုပ်ရင်ကောင်းမလဲ”ဆိုပြီးတော့ သူ့ ကိုယ်ပိုင်အကောင့်နဲ့ […]

Continue Reading

COVID-19 လူနာအမှတ် ၃၁၁ ဟာ လာအိုက ခိုးပြန်လာသူဖြစ်ပြီး YBS-90 စီးနင်းခဲ့တယ်ဆိုတဲ့ သတင်းမှား

မြန်မာနိုင်ငံမှာ ဇူလိုင် ၆ ရက်နေ့အထိ COVID-19 အတည်ပြုလူနာ ၃၁၃ အထိရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီအရေအတွက်ထဲမှာ ပြည်တွင်းကူးစက်မှုနည်း ပါးပြီး များစုဟာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူတွေဖြစ်တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်ပကပြန်လာသူတွေနဲ့ ပတ်သက်တဲ့ COVID-19 သတင်းတွေဟာ လူမှုကွန်ယက်မှာ ရေးပန်းစားလေ့ရှိပါတယ်။ အခုတစ်ခါမှာလည်း လူနာအမှတ် ၃၁၁ ဟာ လာအိုကနေ တရားမဝင်ဝင် ရောက်လာပြီး၊ ရန်ကုန်မှာ အများပိုင်သယ်ယူပို့ဆောင်ရေးယာဉ်ကို အသုံးပြုခဲ့ကြောင်း မျှဝေခဲ့တာတွေ့ရှိပါတယ်။ “Wai Yan Aung”၊ “Zaw Zaw Oo”စတဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတဲ့ COVID-19 လူနာအမှတ် C-311 […]

Continue Reading

မြွေပွေးကိုက်ခံရရင် ကျောက်ချဉ်ကြွေးရတယ်ဆိုတဲ့ အချက်အလက်မှား

မြွေပွေးကိုက်ခံရရင် ကျောက်ချဉ်ကြွေးရတယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့ လျက်ရှိပါတယ်။ ဖိတ်စာပုံစံကို ဓာတ်ပုံရိုက်ထားတဲ့ ဒီပို့စ်မှာ မြွေပွေးကိုက်ခံရလျှင် ကျောက်ချဉ်ကို ချိုချဉ်လုံး ၃ လုံးစာလောက် ရွေးဖို့၊ပြီးမှ ဆေးခန်းသွားဖို့ဆိုပြီးတော့ ပြောထားတွေ့ရပြီး ရေပြည့်ကျေးရွာမှာ ကျောက်ချဉ်စားကာကွယ်လို့ မြွေကိုက်ခံရပေမဲ့ တစ်ယောက်မှ အသက်မဆုံးရှုံးခဲ့ကြောင်း ရေးသားမျှဝေထားတာဖြစ်ပါတယ်။ ဒီပို့စ်မှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေလည်းပါထားတာတွေ့ရပါတယ်။ Fb link Archive link ၂၀၁၈ ခုနှစ် ြသဂုတ် ၂၁ ရက်က “Han Win Naing”အမည်နဲ့ အမည်နဲ့​ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတဲ့ပို့စ်ကို ပြန်လည်မျှဝေခြင်းဖြစ်ပြီး ပြီးခဲ့တဲ့တစ်နှစ်ကျော်ကြာလအတွင်းမှာ လူမှုကွန်ယက်သုံးစွဲသူ ၁ သိန်း ၆ သောင်းကျော်က ဒီအချက်အလက်ကို ပြန်လည်မျှဝေခဲ့ကြပြီးဖြစ်ပါတယ်။ အချက်အလက်စိစစ်ချက် မြွေပွေးကိုက်ခံရရင် ကျောက်ချဉ်ကြွေးရတယ်ဆိုတဲ့အချက်အလက်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းကျန်းမာရေးဉီးစီးဌာနမှူး […]

Continue Reading

ပုသိမ်ငဝန်မြစ်ကူးတံတားကိုဆေးအနီရောင်မှု ရွေးကောက်ပွဲကော်မရှင်ထံ ထပ်မံ တိုင်ကြားမယ်ဆိုတဲ့ သတင်းမှား

ပုသိမ်ငဝန်မြစ်ကူးတံတားကိုဆေးအနီရောင်ခြယ်သည့်ကိစ္စအပါအဝင်ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ NLD က်ပွဲကော်မရှင်ထံ ထပ်မံတိုင်ကြားမယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ NLD အစိုးရဟာ ဧရာဝတီမြစ်ကူးတံတားမှန်သမျှကို သူတို့ NLD ကိုယ်စားပြုအနီရောင်ကို အသုံးပြုပြီး ပြည်သူတွေစိတ်ထဲအနီရောင်စွဲလာအောင်နိုင်ငံရေးလုပ်ကြံမှု့အကြီးစားတစ်ခုကိုကျူးလွန်နေတယ်လို့ နေပြည်တော်ပြည်ခိုင်ဖြိုးရုံးချုပ်တွင်မီဒီယာများအားပြောကြားလိုက်ကြောင်းသိရပါတယ်ဆိုပြီးတော့ “ရဲ ဇော်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားမျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး “နေပြည်တော် ပြည်ခိုင်ဖြိုး ရုံးချုပ်တွင်မီဒီယာများအားပြောကြားလိုက်ကြောင်း သိရသည်” ဆိုပြီး တော့ရေးသားချက်အရ မီဒီယာတစ်ခုခုက ဒီလိုခေါင်းစဉ်မျိုးတပ်ရေးသားခဲ့သလားရှာ ဖွေကြည့်ရာမှာ သတင်း တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ Google မှာ အဓိကကျတဲ့ စကားလုံးတွေဖြစ်တဲ့ “ပုသိမ်ငဝန်မြစ်ကူးတံတား ဆေးအနီရောင်ခြယ်သည့်ကိစ္စ”၊ “ဆေးအနီရောင်ခြယ်သည့်ကိစ္စ”စသည်ဖြင့် အသုံးပြုပြီးရှာဖွေရာမှာ တရားဝင်ရပ်တည်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်အသုံးပြုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီလိုရေးသား ချက်နဲ့ […]

Continue Reading

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဉက္ကဌနဲ့ ပါတီတာဝန်ရှိသူတွေ အချင်းချင်း ချကုန်ပြီးဆိုတဲ့ သတင်းတု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဉက္ကဌ ဦးသန်းဌေးက ၂၀၂၀ မှာ အစိုးရမဖွဲ့နိုင်ရင် ပါတီကို လေလံ တင်မယ်လို့ ရေးသားထားပြီး ပါတီပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တွေက ဒီလိုရေးသားချက်ကို တုန့်ပြန်ခဲ့ဟန် screenshot တစ်ခုကို “ကို ကြီး”အမည်နဲ့လူမှုကွန်ယက်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။ “ဟာ အချင်းချင်းတေဖဲ့ကုန်ကြပြီ ပွဲကတော့လှချက်”ဆိုပြီးတော့ အောက်ပါအတိုင်းမျှဝေထားတာဖြစ်ပါတယ်။ Fb link Archive link အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီဉက္ကဌ ဦးသန်းဌေးရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာမှာ “လာမယ့် ၂၀၂၀ ရွေးကော်ပွဲမှာ အစိုးရ မဖွဲ့နိုင်ရင် ပြည်ခိုင်ဖြိုးပါတီကို လေလံတင်တော့မယ်လို့ စိတ်မကောင်းစွာ အသိပေး လိုက်ပါသည်”ဆိုတဲ့ ရေးသားချက် တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။  Link ပြည်ခိုင်ဖြိုးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်အသုံးပြုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ပါတီကို လေလံတင်ရ အောင် အမွေရထားတဲ့ […]

Continue Reading