ဗစ်တိုးရီးယားအမှုမှာ စွပ်စွဲခံကလေးတွေဘက်က ရပ်တည်ဖို့ ပြည်ခိုင်ဖြိုး ဥက္ကဌ စာထုတ်ခဲ့တယ်ဆိုတဲ့ သတင်းတု

ဗစ်တိုးရီးယားမှုဟာ လူထုကြားမှာ ရေပန်းစားပြီး ဝိုင်းရံမှုအားကောင်းခဲ့တဲ့ သက်ငယ်မုဒိန်းမှုဖြစ်ပေမဲ့ တရားခံလို့ စွပ်စွဲဖမ်းဆီးခဲ့တဲ့ ကျောင်းကားမောင်းသူ ကိုအောင်ကြီးကို တရားရှင်လွှတ်ပေးအပြီးမှာ နောက်ထပ် တရားခံ မရှိတော့ဘဲ အမှုဟာ လိပ်ခဲတည်းလဲနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။  ဒီအမှုမှာ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်စဉ်မှာ ဥပဒေအရ လျို့ဝှက်ထားရမယ့် ကလေးငယ်နဲ့ မိဘတွေရဲ့ ကိုယ်ရေးအ ချက်အလက်တွေကို ရဲတပ်ဖွဲ့အကြီးအကဲ တွေက အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့တဲ့ ရဲအရာရှိကြီး ၃ ဉီးကို ရာထူးတိုးရပ်ဆိုင်းနဲ့ အရေးယူခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ဘာကြောင့်..Victoria..လေးရဲ့ အမှု့ နဲ့ ပါတ်သက်ပြီး..ရာထူး တိုးခြင်း ရပ်ဆိုင်း ဆိုတဲ့ အပြစ်သေးသေး လေးကို ပေးရတာလဲဆိုတာ သိချင်ရင်..ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ပါ….ဥပဒေကို ကျောသား နဲ့ ရင်သား ခွဲခြားတက်တဲ့ ပါတီကို.. ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ မဲပေးရမှာလဲ”ဆိုပြီးတော့ […]

Continue Reading

ဆန္ဒပြသူတွေရှေ့မှာ အမေရိကန်ကရဲတွေ ဒူးထောက်တာဟာ တောင်းပန်တာမဟုတ်ပါ

မေ ၂၅ ရက်က အမေရိကန်နိုင်ငံ မီနီယာပိုလိစ်မှာ ရဲဖမ်းဆီးစဉ်အတွင်း အာဖရိကဖွားအမေရိကန်အမျိုးသား ဂျော့ဖလွိုက်(George Floyd) သေဆုံးခဲ့ရမှုအပေါ် စိတ်ဆိုးဒေါသထွက်နေကြသူတွေက အမေရိကန်တစ်ဝှမ်းမှာ ဆန္ဒပြနေကြပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံမှုတစ်ချို့ရှိသလို အကြမ်းဖက်ဖျက်ဆီးမှုတွေလည်းရှိခဲ့ပါတယ်။ ဝါရှင်တန်၊လော့အိန်ဂျလိစ်၊ချီကာဂို၊မီယာမီ၊ဒက်ထရွိုက်၊ဖိလဒယ်ဖီးယားစတဲ့ မြို့ကြီးပေါင်း ၄၀ ထက်မနည်းမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ဖလော်ရီဒါပြည်နယ် မီယာမီမြို့က ရဲတပ်ဖွဲ့ဝင်တွေဟာ ဒေါသထွက်နေတဲ့ဆန္ဒပြည်သူ တွေကို ငြိမ်းချမ်းစွာ ဒူးထောက်၍ အသနားခံတောင်းပန်နေ”ဆိုတဲ့ ပို့စ်တစ်ခုကို  extramm.com အမည်နဲ့ဝက်ဘ်ဆိုဒ်မှာ ရေးသားထားတာတွေ့ရပါတယ်။ Link Archive link “ခွန်အားရှိသော စာပေများ” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ “WT Kaung”အမည်နဲ့ လူမှုကွန်ယက်သုံးစွဲသူလည်း ပြန်လည်မျှဝေထားသလို “Su Su San” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်း မျှဝေထားတာတွေ့ရပါတယ်။ ဓာတ်ပုံထဲမှာတော့ ရဲအရာရှိကြီးငယ်တွေက အုပ်စုလိုက် ဒူးထောင်နေကြတာတွေ့ရပါတယ်။ ဒီလိုမျှဝေထားတဲ့ […]

Continue Reading

ဝန်ကြီးတွေ ကျပ်ဘီလီယံနဲ့ချီ လာဘ်စားတာကို ဒေါ်အောင်ဆန်းစုကြည်က အရေးမယူဖို့ ဖိအားပေးခဲ့တယ်ဆိုတဲ့ သတင်းမှား

လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ ဝန်ကြီးတွေ ကျပ်ဘီလီယံနဲ့ချီ လာဘ်စားတာကို ဒေါ်အောင်ဆန်းစုကြည်က အရေးမယူဖို့ ဖိအားပေးခဲ့တယ်လို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။  Fb link Archive link ဒီပို့စ်ဟာ ၂၀၁၉ ခုနှစ်မှာ ဇူလိုင်လထဲမှာ“Aung Thu Soe”အမည်နဲ့ ဖေ့စ်ဘွတ် သုံးစွဲသူက စတင်ဖြန့်ဝေခဲ့တာ တွေ့ရပြီး ယခုရက်ပိုင်းအတွင်းမှာလည်း ပြန်လည်မျှဝေနေတာအောက်ပါအတိုင်း တွေ့ရပါတယ်။ ပို့စ်မှာ အနားပေးလိုက်ပြီးဖြစ်တဲ့ စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီးဌာန ဝန်ကြီးဟောင် ဉီးကျော်ဝင်းကို ဒေါ်အောင်ဆန်း စုကြည်က ဖိအားပေးလို့ အရေးမယူခဲ့ဘူးဆိုတာ အဓိကရေးသားထားပြီး တနင်္သာရီ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့ မော်ရဲ့ ကျပ်ဘီလီယံ ၈၀ လာဘ်စားမှုကို စောင့်ကြည့်ရမယ်လို့ ရေးသားထားပါတယ်။ အချက်အလက်စိစစ်ချက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဒေါ်လဲ့လဲ့မော် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရတဲ့ သတင်းကို […]

Continue Reading

NLD အမတ်တွေ လာဘ်စားတာကို စစ်ဆေးခွင့်မရှိဘူးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ပြောဆိုတဲ့ သတင်းတု

လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ “NLD အမတ်တွေ လာဘ်စားတာကို စစ်ဆေးခွင့်မရှိကြောင်း အဂတိကော်မရှင်ပြော”လို့ရေးသားထားပြီး RFA သတင်းဌာနတံဆိပ်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဉက္ကဌ ဉီးအောင်ကြည်ပုံကို အသုံးပြုထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။  ဒီဓာတ်ပုံကို “ဦးဦး မြင့် အောင်”အမည်နဲ့ ဖေ့စ်ဘွတ် သုံးစွဲသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link ဒီဓာတ်ပုံပို့စ်ဟာ လူမှုကွန်ယက်သုံးစွဲသူတွေအကြားမကြာခဏပေါ်လာတဲ့ ဓာတ်ပုံပို့စ်တစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ “ဒီမိုကရေစီရဲ့အရသာ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့သလို ၂၀၂၀ ဧပြီ ၆ ရက်မှာ “နော် ဇေ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်း ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ ဒီအချက်ဟာ ဖြစ်နိုင်ပါသလား။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဉက္ကဌ ဉီးအောင်ကြည်က တကယ်ပဲ RFA သတင်းဌာနကို ပြောကြားခဲ့ပါသလား။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ပထမဆုံး RFA […]

Continue Reading

Facebook သုံးတဲ့သူတွေ ပိုက်ဆံပေးရတော့မယ်ဆိုတဲ့ သတင်းမှား

Facebook သုံးတဲ့သူတွေဟာ ပိုက်ဆံပေးရတော့မယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံလျက်ရှိတာတွေ့ရပါတယ်။ “အရင်က Facebook အကောင့်တခု ဖွင့်ဖို့ ဆိုတာ အင်မတန်မှ လွယ်လှပါတယ်။သင့်မှာ email တခုသို့မဟုတ် ဖုန်းနံပါတ်တခု ရှိတာနဲ့ fb Acc ရပါပြီ။ခုတော့ဖြင့် မတ်က လွယ်လွယ်နဲ့ အကောင့်တခု မပေးတော့ပါဘူး။ နိုင်ငံငွေကြေးအရ လေးဒေါ်လာဝန်းကျင်ကောက်ခံပါတယ်။ အဲ့သလို မြန်မာငွေ ငါးထောင်ကျော်သွင်းလိုက်မှ acc ရပါတော့မယ်”ဆိုပြီးတော့ “Linn Khant Paing”အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက မေ ၂၄ ရက်ကမျှဝေထား တာတွေ့ရပါတယ်။ ထပ်ပြီးတော့ post တခု စာသားသက်သက်ဆို မြန်မာငွေ ၁၀၀၀ ကျပ် ဝန်းကျင် ကျသင့်မှာဖြစ်ပြီး ပုံတင်ရင်တော့ ၂၀၀၀ ကျပ်ကျသင့်မှာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။  á€•ိုအစ်ဥ္ဏက်က မှတ်ချက်တွေကို ကြည့်ရင် […]

Continue Reading

Facebook ပေါ်မှာအွန်လိုင်းရှော့ပင်ရောင်းတဲ့သူတွေကို ဖမ်းဆီးဆိုတဲ့ သတင်းက ဓာတ်ပုံတွေက ပြည့်တန်ဆာလုပ်ငန်းဖမ်းဆီးမှုပုံတွေဖြစ်နေ

“Facebookပေါ်တွင်အိပ်ရာခင်းခေါင်းအုံးများ ရောင်းချနေသော onlineshopping အကောင့်ပိုင်ရှင် အမျိုးသမီး များနှင့် နိုင်ငံတော်ထံ အခွန်မဆောင်သော တရားမဝင်အွန်လိုင်းစျေးသည်များကို စီမံချက်ဖြင့် ဖမ်းဆီး”ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ “မြန်မာပြည် Facebook ပေါ်တွင် အခွန်မဆောင်ပဲ အလွန်အကြူး ရောင်းချနေသော တရားမဝင် အွန်လိုင်းရှော့ပင် ဒိုင်ကြီးများကို မနေ့ကဖမ်းဆီးရာမှ ပစ္စည်းပို့အမျိူးသားတစ်ဦးအပါဝင် တရားခံအမျိူးသမီးများစွာဖမ်းမိလိုက် တယ်လို့ သတင်းရရှိပါသည်။ အဆိုပါ အွန်လိုင်းစျေးရောင်းသူတွေဟာရန်ကုန်မြို့ မှဖြစ်ပြီး အိပ်ရာခင်း ခေါင်းအုံး မွေ့ရာများကို အဓိကထားရောင်းချသူများ ဖြစ်ကြောင်း သိရပါသည်။ ခေါင်းအုံးနှစ်လုံး အိပ်ရာခင်းဆယ်ခု ဖက်လုံး တစ်လုံးနဲ့ ပစ္စည်းရောင်းချငွေ လေးသောင်းလောက် ဖမ်းမိတယ်လို့ သိရှိရသည်။ မြန်မာပြည်ကိုဗစ်ကာလ နောက် ပိုင်း တစ်လကျော်အတွင်း အခုလို အွန်လိုင်းစျေးရောင်သူအဆမတန်များပြားလာပြီး ရဲတပ်ဖွဲ့ကဖမ်းမိတဲ့ အွန် လိုင်းရှော်ပင်သမား ၈၆ […]

Continue Reading

“တပ်မတော်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်”လို့ MRTV ကြေညာခဲ့ခြင်းမရှိပါ

“ဖေမြင့်တို့ ကတော့ လုပ်ချလိုက်ပြီ တပ်မတော် အကြမ်းဖက် သောင်းကျန်းသူများတဲ့ သေပြီဆရာ”ဆိုပြီးတော့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက သတင်းတင်ဆက်မှု ဗွီဒီယိုတစ်ခုကို “Aung Naing Htwe”အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။ ၂၄ စက္ကန့်ကြာမြင့်တဲ့ ဒီဗွီဒီယိုကို နားထောင်ကြည့်မယ်ဆိုရင် အစီအစဉ်ကြေညာသူက“ခွာထွက်ပြေးခဲ့ရကြောင်း တပ်မတော်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် စစ်တွေ-ရန်ကုန်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မင်းပြားရာမောင်တံတားအနီးတဝိုက်ရှိ ပွိုင့် ၁၁၄ တောင်ကုန်း တွင်နေရာယူကာ လမ်းပန်းဆက်သွယ်မှုအား ပြတ်တောက်စေရန် နှောင့်ယှက်တိုက်ခိုက်မှုများ စသည့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်ဆောင်ရွက်ခဲ့ရာ COVID-19 ရောဂါ”ဆိုပြီးတော့ ကြေညာခဲ့ တာတွေ့ရပါတယ်။ Fb link Archive link “တပ်မတော်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်”ဆိုတဲ့စကားလုံးကို MRTV ကဖတ်ကြားခဲ့တာ အမှန်ပဲ လား။ ဒါမှမဟုတ် အစီအစဉ်ကြေညာသူက မှားယွင်းဖတ်ကြားခဲ့သလားဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ပထမဆုံး Google မှာ […]

Continue Reading

စိမ်းစိုလာတဲ့ သစ်တောတွေဓာတ်ပုံက ပါကစ္စတန်က မဟုတ်ပါ

သစ်တောမရှိသလောက်ဖြစ်နေတဲ့ ကွင်းပြင်နဲ့ စိမ်းစိုနေတဲ့ တောအုပ်နှစ်ခုကို ယှဉ်ပြထားတဲ့ ဓာတ်ပုံတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီဓာတ်ပုံကို “အလုပ်လက်မဲ့ ၆သောင်းကျော်ကို သစ်ပင်စိုက်ခိုင်းလိုက်တဲ့ ပါကစ္စတန်”ဆိုတဲ့သတင်းမှာ ပြန်လည် မျှဝေနေ တာတွေ့ရပါတယ်။ “ကိုဗစ် ၁၉ ကြောင့် အလုပ်အများစုရပ်တန့်သွားတာကြောင့် ကမ္ဘာတဝှမ်းမှာ အလုပ် လက်မဲ့လူဦး ရေဟာလည်း အဆမတန် တိုးပွားလာခဲ့ပါတယ်။ ပါကစ္စတန်အစိုးရကတော့ ဒီအကြပ်အတည်းကို အခွင့်အရေး တခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဝန်ကြီးချုပ် Imran Khan ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတွင်း က အလုပ် လက်မဲ့ ၆သောင်းကျော်ကို သစ်ပင်စိုက်ပျိုးရေးစီမံကိန်းမှာ နေ့စားအလုပ်သမားတွေအဖြစ် ငှားရမ်း ခန့်အပ် လိုက်ပါတယ်။ á€”ိုင်ငလဥနသလအက နေရာအသီးသီးမှာ သစ်ပင်ပေါက်များ ပျိုးခြင်း ၊ ရေလောင်းခြင်း စတဲ့ အလုပ် တွေကို လုပ်ကြရမှာဖြစ်ပါတယ်”ဆိုပြီးရေးသားထားပါတယ်။ […]

Continue Reading

တစ်လီမုန်တိုင်းတုန်းက ကုန်ကားကြီးတွေ လဲခဲ့အဖြစ်အပျက်ကို လက်ရှိအမ်ဖန်မုန်တိုင်း က အဖြစ်အပျက်လိုဖော်ပြနေတဲ့ သတင်းမှား

တစ်နာရီ ၁၀၅ မိုင်နှုန်းနဲ့တိုက်ခိုက်တဲ့ ဟာရီကိန်းအဆင့် ၃ ရှိတဲ့ အင်းအားပြင်း အမ်ဖန်မုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့ (မေ ၂၁ ရက်)က အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းဒေသတွေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး လူ ၁၄ ဉီးထက် မနည်းသေဆုံးခဲ့ရကာ နေအိမ်ထောင်ပေါင်းများစွာပျက်စီးခဲ့ရပြီး အိမ်ထောင်စုပေါင်းများစွာကို သက်ဆိုင်ရာ အာဏာပိုင်တွေက ကယ်ထုတ်ခဲ့ရပါတယ်။ အသေအပျောက်နဲ့ ကြီးကြီးမားမားပျက်ဆီးဆုံးရှုံးမှုမျိုး မတွေ့ရပေမဲ့ ဒီမုန်တိုင်းအရှိန်ဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတမ်းမှာလည်း သက်ရောက်မှုရှိခဲ့ပြီး မိုးသက်လေ ပြင်းကျပြီး ပင်လယ်ပြင်မှာ လှိုင်းကြီးခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “တန်ချိန် ၃၀ ကျော် ကားကြီးတွေတောင် ဆွဲလှဲပစ်တဲ့ အမ်ဖန်”ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ “မြန်မာပြည်အနှံအပြားကယဉ်တိုက် မှု ကားတိုက်မှု သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ၁ မိနစ်နဲ့ ၁၈ ကြာတဲ့ ဒီဗီဒီယိုဖိုင်ထဲမှာ ကုန်တင်အဝေးပြေးလမ်းမကြီးလို့ […]

Continue Reading

Trump ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတု

ကမ္ဘာတစ်လွှားမှာ မေ ၂၀ ရက်နေ့အထိ COVID-19  ရောဂါဟာ လူ ၅ သန်းဝန်းကျင်ကူးစက်ခဲ့ပြီး ကူးစက်ခံရသူတွေထဲမှာ လူ ၃ သိန်း ၂ သောင်းထက်မနည်းသေဆုံးခဲ့ရပြီဖြစ်ပါတယ်။ COVID-19 ရောဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်မြန်ဗိုင်းရပ်စ်အမျိုးအစားတစ်ခုဖြစ်ပြီး ဆင်းရဲချမ်းသာ အဆင့်အတန်းမရွေးကူးစက်နိုင်တယ်ဆိုတဲ့ သာဓကအနေနဲ့  ဗြိတိန်ဝန်ကြီးချုပ်အပါအဝင် နိုင်ငံများရဲ့ အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်တစ်ချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာတွေရှိပါတယ်။ ဒီလိုအခြေအနေမျိုးကြောင့်ပဲ “Trump တော့ posstive ဖြစ်သွားပြီ”ဆိုပြီးတော့ ဗွီဒီယိုတစ်ခုကို “Win Myat”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ဖော်ပြထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် Google မှာ “fox news trump tested with covid-19”လို့ရိုက်ရှာရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ အမေရိကန်သမ္မတထရမ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတစ်စုံတစ်ရာမတွေ့ရဘဲ […]

Continue Reading