လွန်ခဲ့တဲ့ ၄ နှစ်က သရက်သီးကောက်ရင်း ဓာတ်လိုက်သေဆုံးခဲ့သည့် မောင်နှမ၄ဦး၏ ကြေကွဲဖွယ်အဖြစ်အပျက်ကို လက်ရှိဖြစ်ပျက်သဖွယ်မျှဝေနေခြင်း

“သရက်သီး ကောက်ရင်း ဓာတ်လိုက် သေဆုံးခဲ့သည့် မောင်နှမ ၄ဦး၏ ကြေကွဲဖွယ် နောက်ဆုံးမြင်ကွင်း” ဆိုပြီး WT Kaung အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ Fb link Archive link သရက်သီးကောက်ရင်းကလေးငယ် ၄ ဉီးဓာတ်လိုက်သေဆုံးခဲ့ရသည့် ဒီသတင်းကို အွန်လိုင်းသုံးစွဲသူ အသီးသီး ကလည်း အောက်ပါအတိုင်းမျှဝေထားပါတယ်။ အချက်အလက်စိစစ်ကြည့်တဲ့အခါမှာ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့ ၄ နှစ်ကတကယ့် ကြေကွဲဖွယ်အဖြစ် အပျက်တစ်ခုဖြစ်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ “သရက်သီးကောက်ရင်း ဓာတ်လိုက်သေဆုံးခဲ့သည့် မောင်နှမ၄ဦး”လို့ အဓိကကျတဲ့စကားလုံးတွေကို အသုံးပြုရှာဖွေရှာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ ၂၀၁၆ ခုနှစ် မေ၂၀ ရက်က မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့ မြို့ကွက်သစ် ၁ မှာ ဒီကနေ့ နေ့လယ်ပိုင်းက ကလေးငယ် ၄ ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့တဲ့သတင်းကို […]

Continue Reading

ဓာတ်ခွဲစမ်းသပ်ချက်အရ ရန်ကုန်လေထုထဲမှာ COVID-19 ရောဂါပိုးတွေ ပျံ့နှံ့နေတယ် ဆိုတဲ့ သတင်းမှား

COVID-19 ကူးစက်မြန်ကပ်ရောဂါပိုးဟာ မေ ၇ ရက်အထိ ကမ္ဘာတစ်လွှာမှာ လူပေါင်း လေးသန်းနီးပါးကို ကူးစက်ပျံ့နှံ့ခဲ့ပြီး ကူးစက်ခံရသူပေါင်း ၂ သိန်း ၆ သောင်းကျော်အထိ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လည်း မတ် ၇ ရက်အထိ ကူးစက်ခံရမှုအတည်ပြုလူနာပေါင်း ၁၆၂ ဉီးအထိရှိပြီး ၆ ဉီးသေဆုံးခဲ့ရပါတယ်။ ဒီလိုအခြေအနေအမျိုးမှာ “အထူးသတိပြုပါ ရန်ကုန်လေထုဓါတ်ခွဲစမ်းသပ်ချက်အရ လေထုထဲတွင် COVID-(19) ပိုးရှိကြောင်း သိရပါသည်။ ကိုယ်ခံအားနည်းသူကို အလွယ်တကူကူးဆက်နိုင်သည် အပြင်ထွက်ရင် (MASK) တပ်ပါ”ဆိုပြီး “U Tint Lwin” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ပို့စ်တစ်ခုမျှဝေထားရာမှာ လူမှုကွန်ယက်သုံးစွဲသူ ၇ ထောင်ကျော်က ပြန်လည်မျှဝေခဲ့ကြပြီး ဒီပို့စ်ကို ၂၄ နာရီအတွင်းမှာလူပေါင်း  ၃သိန်းနီးပါးဆီကို ပျံ့နှံ့ခဲ့ပါတယ်။  Fb link Archive […]

Continue Reading

ထိုင်းနိုင်ငံချင်ရိုင်းခရိုင်က ကောက်ရိုးဘန်ဂလိုတွေကို မိတ္ထီလာကဘန်ဂလိုတွေအဖြစ် မျှဝေနေကြ

“မိတ္ထီလာရောက်ရင် ဝင်ခဲ့ပါ ရှန်တဲလေတပ်စခန်း ရဲ့ ဘေးက သရက်ခြံက ကျနော့်တို့ခြံပဲ ထန်းရေနဲ့ ဆိတ်သား ခြောက်ဖုတ် free ကြွေးမယ် ခွေးသားလည်းရတယ် အတွဲးတွေလာမယ်ဆိုရင် ဘိကောင်းတယ်နော်ဂစ်တာတီး မလား ဖဲရိုက်မလား နောက်ဆုံး fa ဖြစ်ပါစေ အားငယ်စရာမလိုဘူး…..(မှတ်ချက်-စကားလုံးအသုံးအနှုန်းကြမ်း တမ်းမှုကြောင့် ချန်လှပ်ထားခဲ့ပါသည်)မီထီလာ စီးပွားရေး တက္ကသိုလ်က ကျောင်းသား#သူများ အပြင် GTC ပါမကျန် အခြားမေဂျာပေါင်းစုံက ကျောင်းသား/သူတွေအတွက် ကျနော်တို့ ခြံလေးက လုံးဝနတ်ပြည် အိုအေ စစ်လေးပါ တစ်ချို့မန်လေးသားတွေတောင် တစ်လကိုးသီတင်း လာနေကြပါတယ်ဗျ။ ခြံအကျယ်ဝန်း ကတော့ ၁၂ဧကရှိပါတယ် အားလုံးလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျ”ဆိုပြီး “Kyaw Htet Naing”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ဘန်ဂလိုပုံကို Google […]

Continue Reading

Bollywood ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်းက ဂျုံကြမ်းထုတ်တွေ မလှူခဲ့ပါ

COVID-19 ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်ချက်တွေကြောင့် လူထုရဲ့နေ့စဉ်ဘဝလုပ်ဆောင်တာတွေနဲ့ စီးပွား ရေးလုပ်ငန်းပုံမှန်လည်ပတ်နိုင်ဖို့ ရုံးကန်နေရချိန်မှာ နေ့စဉ်လူမှုဘဝဖူလုံရေးအတွက် ရုန်းကန်နေရသူကို သက် ဆိုင်ရာအစိုးရတွေအပါအဝင် ငွေရကြေးတက်ပုဂ္ဂိုလ်တွေက ပုံစံမျိုးစုံနဲ့ လောကအတွက်ကောင်းကျိုးအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်နေကြတာတွေရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “အိန္ဒိယနိုင်ငံ နယူဒေလီမြို့ကြီးမှာ တကမ္ဘာလုံးက သိတဲ့ bollywood ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်း နေထိုင်သတဲ့။ သူက အရမ်းလည်းချမ်းသာတယ်ဆိုပဲ။ အခုလို covid ကာလမှာ သူက လူတွေကို ကြေငြာသတဲ့။ “သူ ဂျုံကြမ်းအထုပ်ကလေးတွေ အများကြီးထုပ်ထားတယ် လာယူကြပါဆိုပြီး ။ မြို့နေလူထုက လည်း အံဩသွားပြီး ဝေဖန်မှု့တွေမြင့်တက်လာ သတဲ့ ” ဒီလောက်ချမ်းသာတာ ဂျုံကြမ်းမှုန့်ပဲပေးတာလား? စေတနာမကောင်းဘူး… ပေးချင်တယ်ဆို ဂျုံအနုမှုန့်ကောင်းတာပေးပါလား ပိုက်ဆံပေးပါလား ပေါ်ပင်လုပ်တာ ဘာလား ညာလားနဲ့… မကောင်းဘူးထင်ပြီး သွားမယူခဲ့ကြသူတွေလည်းများစွာရှိခဲ့ကြသတဲ့။ […]

Continue Reading

ဒေါက်တာရှီကျန်းလီ ထွက်ပြေးလွတ်မြောက်ခြင်း လည်းမရှိသလို သေဒဏ်ကျခံရခြင်း လည်းမရှိပါ

မေလ ၂ ရက်နေ့မှာ လူမှုကွန်ယက်မှာ ဒေါက်တာရှီကျန်းလီဟာ လျို့ဝှက်ဖိုင်တွေနဲ့အတူ တရုတ်နိုင်ငံကနေ ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပြီး မတ် ၃ ရက်နေ့မှာ သူ့ကို သေဒဏ်ပေးတော့ မယ်ဆိုတဲ့ သတင်းတွေ ဖေ့စ်ဘွတ် သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  အင်္ဂလိပ်လို့ Dr Shi Zhengli လို့စကားလုံးပေါင်းတဲ့ သူဟာ COVID-19 ရောဂါပိုးဟာ လူက ဖန်တီးထားတာ ဖြစ်တယ်လို့ ယုံကြည်ကြတဲ့ နိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေအကြာမှာ ရေပန်းစားနေတဲ့ ဝူဟန် ဇီဝဓာတ်ခွဲခန်းရဲ့ ဉီးဆောင်သူ တစ်ဉီးဖြစ်ပါတယ်။ လင်းနို့တွေမှာ တွေ့ရှိရတဲ့ ရောဂါပိုးမွှားတွေကို သုတေ သနပြု လုပ်သူဖြစ်သလို ယခုရောဂါပိုးနဲ့ မျိုးနွှယ်တူ SARS ရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်လိုမျိုး ရောဂါပိုးမွှားတွေကို ရှာဖွေ တွေ့ရှိတဲ့သူလည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “‎ပြည်တွင်း ပြည်ပ […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်လူနာတွေကို လိုက်လံကြည့်ရှူဆိုတဲ့သတင်းမှား

“၅၂သန်းသောပြည်သူများရဲ့ လက်သန်းလေးတွေ မှင်စွန်းရကျိုးနပ်ပြီ…….. အမေ ကိုယ်တိုင် PPE ဝတ်စုံနဲ့ ကိုဗစ်လူနာတွေကို လိုက်လံကြည့်ရှူ အားပေးနေပြီ ……အမေ့နောက်မှာ ၅၂သန်းသောပြည်သူတွေ ဝိုင်းဆုတောင်း ပေးတဲ့ ဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန်လဲ အတူလိုက်ပါပြီး ဆေးရုံတွေမှာ လိုအပ်တဲ့အရာတွေ လိုက်လံ စစ်ဆေး နေပြီ မကြာခင် ဆေးရုံနဲ့ ဆရာဝန်ကြီးတွေ လူနာတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမှာပါ”ဆိုပြီးတော့ “Zarni tike”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ တရားဝင် လူမှုကွန်ယက်စာမျက်နှာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 လူနာတွေဆီသွားရောက်ခဲ့တဲ့ သတင်းမတွေ့ရှိရပါတယ်။ ပို့စ်ရဲ့အောက်ခြေမှာ ဒီပုံဟာ ၂၀၁၉ ခုနှစ်က သီလဝါကို ဒေါ်အောင်ဆန်းစုကြည်သွားရောက်လည်ပတ်တုန်း ကပုံဖြစ်တယ်ဆိုပြီးတော့လည်း မှတ်ချက်ပေးသူတစ်ချို့က ရေးသားထားပါတယ်။ Google […]

Continue Reading

ဖေ့စ်ဘွတ်မှာ Hug Reaction ရဖို့အတွက် ဖေ့စ်ဘွတ်အုပ်စု ၅ ခုမှာ မျှဝေရမယ်ဆိုတဲ့ သတင်းမှား

“ရပြီ ဒီလိုမန့်တာ ဒီ react လုံးဝမရသေးတဲ့သူများအတွက် 1. ယခုစာကိုကူးယူပြီး Group 5ခု Share တင်ပေးပါ 2 . အောက်ကစာသားလေးcopy ယူပြီးမန့်မှာပြန်မန့်ယုံနဲ့ရပြီနော် 3. Page ကို Like လုပ်ပါ….။အဆင့်အားလုံး ပြီးပါကအလိုလိုရရှိလာပါမည် မရသူများအနေဖြင့် Page Massage မှ Hi ပေးပါတစ်ချို့အကောင့်များ ၂၄နာရီ ကြာနိုင်သည်”ဆိုပြီး “BKP”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာတွေ့ရပါတယ်။ ဧပြီ ၃၀ ရက်ကမျှဝေထားတဲ့ ဒီပို့စ်ကို ဖေ့စ်ဘွတ်သုံးစွဲသူ ၉၀၀၀ ကျော်က ပြန်လည်မျှဝေခဲ့ကြပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဖေ့စ်ဘွတ်ရဲ့ နည်းပညာပိုင်းဆိုင်ရာ ဆက်သွယ်ရေးမန်နေဂျာ Alexandru Voica က ဖေ့စ်ဘွတ်ရဲ့ ဂရုစိုက်ကြောင်း ပြတဲ့အနေနဲ့ သုံးတဲ့ဒီ ပြုံးနေတဲ့မျက်နှာနဲ့ […]

Continue Reading

မာဒါဂတ်စကာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ပျောက်ဆေးတွေ့ပြီးဆိုတဲ့ သတင်းမှား

“ကိုရိုနာဗိုင်းရပ် ပျောက်ဆေးကို တကမ္ဘာလုံး ဖြန့်ချီတော့မယ့် နိုင်ငံ ပေါ်ထွက်လာ”ဆိုပြီးတော့ ဧပြီ ၃၀ ရက်စပြီး ဖေ့စ်ဘွတ်သုံးစွဲသူက ပြန်လည်မျှဝေနေကြတာတွေ့ ရပါတယ်။ ဖေ့စ်ဘွတ်အုပ်စုတော်များများနဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ချို့မှာမျှဝေနေကြတဲ့ သတင်းကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။ “အိန္ဒိယ သမုဒ္ဒရာ အတွင်းက ကျွန်းနိုင်ငံ မာဒါဂတ်စကာနိုင်ငံ သမ္မတ Andry Rajoelina က သူ့နိုင်ငံကနေ ထုတ်လုပ်ရောင်းချနေတဲ့ COVID ပိုးနိုင် အောဂင်းနစ် တိုင်းရင်းဆေးကို ပြည်ပနိုင်ငံတွေကို ဖြန့်ဖြူးရောင်းချ တော့မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။လူဦးရေ ၂၆ သန်းကျော် 26,262,313 ရှိနေတဲ့ သူ့နိုင်ငံမှာ တရုတ် နိုင်ငံ ဝူဟန် ကလာတဲ့ ကိုဗစ်-၁၉ ပိုးတွေ့ ရောဂါရှင် ၁၂၈ ဦး မှာ ပြန်ကောင်း ၈၂ ဦးနဲ့သေသူ မရှိတာဟာ […]

Continue Reading

လက်ရှိမြန်မာ့ဈေးကွက်မှ လုပ်ငန်း ၁၀၀ ကျော်ဘင်္ဂလားဒေ့ရှ်သို့ ရွှေ့တယ်ဆိုတဲ့ သတင်းမှား

အနည်းဆုံး လုပ်ငန်း ၃ ခုလောက်က ကုမ္ပဏီဖျက်သိမ်းကြောင်း နိုင်ငံပိုင် သတင်းစာတွေမှာကြေညာပြီးတဲ့နောက် “လက်ရှိမြန်မာ့ဈေးကွက်မှ လုပ်ငန်း ၁၀၀ ကျော်ဘင်္ဂလားဒေ့ရှ်သို့ ရွှေ့ကြောင်း ကြားလိုက်ရသည်”ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာအောက်ပါအတိုင်းတွေ့ရပါတယ်။ ပို့စ်ရဲ့အောက်ခြေမှာ ကိုရီယားနိုင်ငံက လုပ်ငန်း ၁၀၀ ဟာ မြန်မာနိုင်ငံကနေဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြောင်းရွှေ့လိုကြောင်းပြောကြား တယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုက သတင်းကိုလည်းဖော်ပြထားတွေ့ရပါတယ်။ Fb link Fb link Fb link Archive link Archive link Archive link အချက်အလက်စိစစ်ချက် ဒီလို ဖေ့စ်ဘွတ်မှာ သတင်းပျံ့နှံ့ပြီး သိပ်မကြာခင်မှာပဲ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဉီးအောင်နိုင်ဉီးက “ဘာ​ကြောင့်မှန်းမသိ လုံဝဥသုံမမှန်တဲ့ သတင်း​ဟောင်းတစ်ပုဒ် ဒီ​နေ့ပြန်​ပေါ်လာ​တော့ ကိုရီးယားစက်ရုံ ၁၀၀ မြန်မာပြည်က​နေ ဘင်္ဂလား​​ဒေ့ကို ​ရွှေ့မယ်ဆိုတာမှန်သလားလို့ […]

Continue Reading

ဖြူစင်မေတ္တာပရဟိလုပ်ငန်းတွေရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းမှား

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကို ဧပြီလ ၂၅ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူကကြေညာခဲ့ပါတယ်။ ဒီကြေညာချက်အပြီးမှာ“ကျွန်တော်တို့ “ဖြူစင်မေတ္တာ”လူမှုကူညီရေးအဖွဲ့သည် ဒေါ်စုဦးဆောင်သော စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ လက်အောက်တွင်ပါဝင်ဆောင်ရွက်မည်မဟုတ်ပါ”ဆိုပြီး “Min Naing” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက ဧပြီ ၂၆ ရက်က ဖေ့စ်ဘွတ်မှာ ပို့စ်တစ်ခုတင်လာပါတယ်။ Fb link Archive link ဒီပို့စ်ကိုပဲ “Nang Than Nwet” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက screenshot ရိုက်ပြီးအောက်ပါအတိုင်း မျှဝေထား တာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီလို လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ပို့စ်နဲ့ ပတ်သက်ပြီး ဖြူစင်မေတ္တာပရဟိတအသင်း(ရန်ကုန်)ကို ဧပြီ ၂၆ ရက်က Fact Crescendo Myanmar က ဆက်သွယ်မေးမြန်းရာမှာ “Min Naing” အမည်နဲ့သူ ဖြူစင်မေတ္တာ […]

Continue Reading