ဉက္ကာခဲကြီး ကမ္ဘာမြေပေါ်ကျလာနေတယ်လို့ နာဆာရဲ့ အရေးကြီးသတိပေးချက်ဆိုတဲ့ Facebook Live ဗွီဒီယိုသတင်းမှား

“ဉက္ကာခဲကြီး ကမ္ဘာမြေပေါ်ကျလာနေတယ်လို့ နာဆာရဲ့ အရေးကြီးသတိပေးချက်”ဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုက ဧပြီ ၂၉ ရက်မှာ Live ဗွီဒီယိုတစ်ခုထုတ်လွှင့်ခဲ့ပါတယ်။ ၇ နာရီကျော်ကြာမြင့်တဲ ဒီဗွီဒီယိုမှာ နောက်ခံအသံတစ်ချို့ပါဝင်ပြီး ဉက္ကာခဲလို့ထင်ရတဲ့ ကောင်းကင်ပေါ်က ကျလာတဲ့ အလင်းတန်းကြီးတစ်ခုကို အနီးအဝေးသုံးပေါင်းစပ်ရိုက်ကူးထားတာတွေ့ရပါတယ်။နောက်ပိုင်းမှာ ဗွီဒီယိုအတိုအဖြစ်ပြန်လည်ဖော်ပြခဲ့ပါတယ်။ “ချစ်တက် သူ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မြန်မာ့ သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ “Ava page” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက လွှင့်တင်တဲ့ ဒီဗွီဒီယိုကို မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link “Ava page” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဒီဗွီဒီယိုရဲ့အပေါ်မှာ ““ဉက္ကာခဲကြီး ကမ္ဘာမြေပေါ်တဲ့ အန္တရာယ်ကြီး နာဆာရဲ့ အရေးကြီးသတိပေးချက်”လို့ ဘာသာပြန်ဆိုနိုင်တဲ့ “Urgent direct from NASA… Oberseving and photographing a huge asteroid, […]

Continue Reading

နိုင်ငံသားဉပဒေသစ်ကို ကန့်ကွက်ဆန္ဒပြပွဲကပုံကို ကိုရိုနာဗိုင်းရပ်စ်သံသယ လူနာရဲ့ နာရေးမှာ ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ အချင်းများပုံအဖြစ်ဖော်ပြနေတဲ့ သတင်းဓာတ်ပုံအမှား

“ကိုရိုနာဗိုင်းရပ်စ်သံသယ လူနာတစ်ဦးရဲ့နာရေးမှာ ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ အချင်းများအိန္ဒိယနိုင်ငံ ကျေးရွာလေး တစ်ရွာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါသံသယနဲ့ သေဆုံးခဲ့ရတဲ့ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးရဲ့ နာရေးမှာ ဒေါသ ထွက်နေတဲ့ရွာသားတွေကို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရကြောင်း CNNသတင်းကဖော်ပြခဲ့ပါတယ်။  အိန္ဒိယနိုင်ငံ ဟာယန(Haryana)ပြည်နယ်က ချန့်ဒ်ပူရာ လို့အမည်ရတဲ့ ကျေးရွာလေးမှာ တနင်္လာနေ့က ဖြစ်ပွား ခဲ့တဲ့ ဒီပြဿနာတွေ ကြောင့် ရွာသားအယောက် ၃၀ ဖမ်းဆီးခံခဲ့ရပါတယ်။ ပြဿနာဖြစ်ရတဲ့ အဓိကအကြောင်း အရင်းကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးရတယ်လို့ထင်ရတဲ့ အဲဒီအမျိုးသမီးဟာ သူတို့ရွာ ကမဟုတ်လို့ နာရေး ကို ချန့်ဒ်ပူရာ ရွာသင်္ချိုင်းမှာ လာမလုပ်ဖို့ ဆန့်ကျင်ကြရာကနေ နောက်ဆုံးမှာ ရွာသားတွေက ရဲတွေကို ခဲနဲ့ပေါက် တဲ့အဆင့်အထိ ရောက်ခဲ့တာဖြစ်ပါတယ်။  ခရိုင်ရဲမှူး ဂျော်ဝယ်လ်က “ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ဆေးရုံမှာသေဆုံးခဲ့သူတွေကို ဘယ်မှာမီးသင်္ဂြိုလ်ရမလဲ […]

Continue Reading

မြန်မာ ကို ၃ ရက်ထဲနဲ့ အပြီးသိမ်းနိုင်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြောကြားဆိုတဲ့ သတင်းတု

“မြန်မာ ကို ၃ ရက်ထဲနဲ့ အပြီးသိမ်းနိုင်ကြောင်း ထိုင် ဝန်ကြီးချုပ်ပြောကြာ”ဆိုပြီး ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန် ယက်မှာ ပျံ့နှံ့ပါတယ်။ “မင်း ကြီး ကြိုက်”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “ပဲခူးမြို့ကသတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ ဧပြီ ၂၆ ရက်ကမျှဝေထားပါတယ်။ Fb link Archive link အခြားသော ဖေ့စ်ဘွတ်အုပ်စုတွေမှာလည်း မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ “Zarni Tike”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်းဘန်ကောက်ပို့စ်မှာပါတဲ့ Mr.Kushima Asharay ၏ 3 Days to Myanmar ကိုဆီလျှော်အောင်ဘာသာပြန်ဆိုသည်ဆိုပြီးတော့ အလားတူပို့စ်တစ်ခုကို မျှဝေထားတာတွေ့ရ ပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး Google မှာ ““မြန်မာ ကို ၃ ရက်ထဲနဲ့ အပြီးသိမ်းနိုင်ကြောင်း ထိုင် ဝန်ကြီးချုပ်ပြောကြာ”ဆိုပြီး အဓိကကျတဲ့ စကားလုံးတွေအသုံးပြုပြီးရှာဖွေရာမှာ […]

Continue Reading

ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်ဓာတ်ခွဲခန်းကလုပ်တာလို့ နိုဗယ်ဆုရ ဂျပန်ဇီဝကမ္မ ဗေဒပါမောက္ခ Tasuku Honjoကပြောတယ်ဆိုတဲ့ သတင်းတု

ဂျပန်ဇီဝကမ္မဗေဒသို့မဟုတ်ဆေးပညာပါမောက္ခဒေါက်တာ Tasuku Honjo ဟာကိုရိုနာဗိုင်းရပ်စ်က “သဘာဝ မဟုတ်သောအရာ”လို့ ယနေ့မီဒီယာများရှေ့တွင်ဖွင့်ဟခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် သုံးစွဲသူ တွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။အောက်ပါစာသားတွေကတော့ လူမှုကွန်ယက်သုံးစွဲသူတွေမျှဝေထားတဲ့ ပို့စ်ထဲက ကောက်နှုတ်ထား တဲ့စားသားအချို့ဖြစ်ပါတယ်။ “အကယ်၍သာ ၎င်းသည်သဘာဝအတိုင်းဖြစ်ပေါ်လာသည်ဆိုပါက ကမ္ဘာတစ်ခုလုံးကိုဆိုးဆိုးရွားရွားထိခိုက်လိမ့် မည်မဟုတ်ပါ။ဘာကြောင့်လဲဆိုတော့ နိုင်ငံများတွင် အပူချိန်များသည် ကွဲပြားခြားနားသောကြောင့် ဖြစ်ပါသည်။  အကယ်၍သာ ၎င်းဗိုင်းရပ်စ်သည် သဘာဝအလျှောက်ဖြစ်ပေါ်လာပါက တရုတ်နိုင်ငံနှင့်အပူချိန်တူသော နိုင်ငံများ ကိုသာ ထိခိုက်ပေလိမ့်မည်။  ၎င်းအစား ဆွစ်ဇာလန်နိုင်ငံကဲ့သို့သော နိုင်ငံတစ်နိုင်ငံတွင်ပျံ့နှံ့နေသည်၊ သဲကန္တာရ ဒေသများတွင်ပျံ့နှံ့နေသည်။  ၎င်းသည်သဘာဝအလျှောက်ဖြစ်ပေါ်ခဲ့လျှင် ၎င်းသည်အအေးခန်းများ တွင်ပျံ့နှံ့သွား သော်လည်းပူသောနေရာများတွင်သေဆုံးသွားပေမည်။ကျွန်တော်သည်နှစ်ပေါင်း 40ကြာသည့်တိုင်အောင် တိရိစ္ဆာန်များနှင့်ဗိုင်းရပ်စ်များအပေါ်သုတေသနပြုခဲ့ပြီးပါပြီ။  ဒါဟာ သဘာဝမဟုတ်ပါဘူး။  ၎င်းဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းမှထုတ်လုပ်ထားပြီး လူများဖန်တီးလိုက်သောဗိုင်းရပ်စ်အတုသာလျှင် ဖြစ်ပါသည်။ ကျွန်တော်သည် တရုတ်နိုင်ငံရှိ Wuhan ဓာတ်ခွဲခန်းတွင် ၄ နှစ်ကြာအောင် အလုပ်လုပ်ခဲ့ပါသည်။”  […]

Continue Reading

ဖုန်းနံပါတ်သာပေး ဆန် ဆီ ကြက်သွန်တွေကို ကားနဲ့ကိုယ်တိုင်ပေးဝေမယ့် သူဌေးကြီး လင်မယားဆိုတဲ့ သတင်းတု

Covid-19 ရောဂါ ရှိမရှိ အမြန်စစ်ပေးနိုင်တဲ့ Roche Cobas 6800 Analyzer စက်လှူဒါန်းခဲ့တဲ့ AA Medical Product ကုမ္ပဏီပိုင်ရှင်ဟာ ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ သူတို့ရဲ့ ဒီလိုအလှူကြောင့် လူမှုကွန်ယက်မှာ နာမည် ကြီးနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ“သင့်ရဲ့ share တစ်ခုက အဆင်မပြေသူမိသားစုများအတွက်ကုသိုလ်ဖြစ်စေနိုင် ပါတယ်…မြန်မာပြည်မှာ ဘယ်နေရာမာပဲနေ နေ ဖုန်းနံပါတ်သာပေး ဆန် ဆီ ကြက်သွန်များကို ကားနဲ့ကိုယ်တိုင်ပေးဝေလှူဒါန်းမည့် သူဌေးကြီးလင်မယား….လေးစားစရာပါ…သတင်းအပြည့်အစုံ”ဆိုပြီးတော့ neomyanmar အမည်နဲ့ ဝက်ဘ် ဆိုဒ်မှာရေးသားထားတဲ့ သတင်းကို Modori Mitsuke အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက “သတင်းစုံ” အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စု၊ “ရန် နိုင် သိန်း”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မှု့ခင်းနှင့်သတင်းစုံ” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရပါတယ်။ Mandalay Daily အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာလည်း အလားတူဖော်ပြထား တာတွေ့ရပါတယ်။ […]

Continue Reading

ခရစ်ယာန်မိန်းကလေးတွေ ဆရာဒေးဗစ်လားပုံတွေကို ကိုင်ပြီးမျက်ရည်ကြီးငယ် ကျနေတာလား…မဟုတ်ပါ…အမှန်က ဒီလိုပါ

COVID-19 ရောဂါးကူးစက်ခံရအပြီးမှာ အငြင်းပွားဖွယ်ရာဟောပြောချက်တွေကြောင့် လူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာ တမုတ်ချင်းနာမည်ကြီးလာသလို သူဉီးဆောင်ကျင်းပခဲ့တဲ့ ဘာသာရေး အခမ်း အနားတစ်ခုကြောင့် အခြားသူတွေပါ ကူးစက်ခံရခဲ့ရပြီးနောက် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဉပဒေနဲ့အမှုဖွင့်အရေးယူခံ ထားရတဲ့ ခရစ်ယာန်တရားဟောဆရာဒေးဗစ်လားနဲ့ ပတ်သက်တဲ့သတင်းတွေဟာ လူမှုကွန်ယက်မှာ ရေပန်းစားနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “အခု ဝေဘါဂီဆေးရုံရှေ့မှာ ခရစ်ယာန် မိန်းကလေးတွေ ဆရာဒေးဗစ်လား ပုံတွေကို ကိုင်ပြီးမျက်ရည်ကြီးငယ်ကျပြီး ငိုနေကြတယ် ကိုယ်တို့ယုံကြည်သူတွေလဲ စိတ်ပူလို့ စုံစမ်းကြည့်တာပေါ့ အားလုံး ပဲ ဘုရားသခင်ဆီမှာ ဆုတောင်း ပေးကြပါ ဆရာဒေးဗစ်လား အသက်ရှုရတာ အရမ်းအခက်အခဲ ဖြစ်နေပါတယ် လည်ချောင်းကို ဖောက်ပြီး အသက်ရှုပိုက် သွင်းထားရပါတယ် ခုအချိန်မှာ ဘာသာခြားတွေနဲ့ ငြင်းခုန် ရန်ဖြစ်နေ မယ့်အစား ဆရာဒေးဗစ်လား အတွက် ဆုတောင်းပေးကြရအောင်လား ယုံကြည်သူအပေါင်းတို့ God […]

Continue Reading

အီရန်နိုင်ငံမှာ Covid-19 ရောဂါကြောင့်လူတွေသေတာ မြှုပ်လို့မနိုင်တော့လို့ လမ်းပေါ်ထွက် ဆန္ဒပြကုန်ပြီဆိုတဲ့သတင်းမှား

ဧပြီ ၂၂ ရက်အထိ ကမ္ဘာတစ်လွှားမှာ COVID-19 ပိုးကူးစက်ခံရသူ အတည်ပြုလူနာပေါင်း ၂ ဒသမ ၅ သန်းကျော် လာပြီး သေဆုံးသူ ၁ သိန်း ၇ သောင်းကျော်ရှိလာပြီဖြစ်ပါတယ်လို့ worldmeters.info က ဖော်ပြပါတယ်။ အာရှမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံထက် ကူးစက်ခံရသူနဲ့ သေဆုံးသူ ပိုမိုများပြားတဲ့ အီရန်နိုင်ငံဖြစ်ပြီး ဧပြီ ၂၂ ရက်အထိ စုစုပေါင်း အတည်ပြုလူနာ ၈၄၈၀၀ ကျော်နဲ့ သေဆုံးသူ ၅၃၀၀ နီးပါးရှိလာပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “အီရန်နိုင်ငံမှာ Covid-19 ရောဂါကြောင့် လူတွေသေတာ မြှုပ်လို့မနိုင်တော့လို့တဲ့ဗျာ မကယ်နိုင်တဲ့အလ္လာဟ်ကို လမ်းပေါ်ထွက် ဆန္ဒပြကုန်ကြပါပြီ အလ္လာဟ်ထွက်ခဲ့ပါတော့တဲ့”ဆိုပြီး ဗွီဒီယိုဖိုင် တစ်ခုကို“နေ ထက် လင်း”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ အလားတူပဲ “Myo […]

Continue Reading

ညကအုပ်စုဖွဲ့ရမ်းကားသူများအားထိန်းသိမ်းဆိုတဲ့ သတင်းတု

COVID-19 ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံတစ်ဝှမ်းမှာ လူ ၅ ဉီးထပ်ပိုစုဝေးခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားပြီး ရောဂါကူးစက်မှုများပြားတဲ့ မြို့နယ်တွေမှာ အိမ်အတွင်းပဲနေထိုင်ဖို့ ညွှန်ကြားထားပါတယ်။ ဒီလိုပဲ ညမ ထွက်ရအမိန့်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အလိုက် အစိုးရက ကောင်ထည်ဖော်နေချိန်မှာ “Kozawgyimps Kozawgyimps” အမည်နဲ့ဖေ့စ်ဘွတ်သုံး စွဲသူက “ညကအုပ်စုဖွဲ့ရမ်းကားသူများအားထိန်းသိမ်း”ဆိုပြီး ပို့စ်တစ်ခုကို မျှဝေလာပါတယ်။ Link Archive link ဘယ်နေရာ ဘယ်အချိန်မှာဖြစ်ပျက်ခဲ့သလိုဆိုတာကို ဖော်ပြထားခြင်းမရှိပေမဲ့ ဒီသတင်းကို ဖေ့စ်ဘွတ်သုံးစွဲသူ ၂ ထောင်ကျော်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံးဉီးစွာ Google မှာပုံပြောင်းပြန်ရှာနည်းနဲ့ ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒေသတွင်းမူးယစ်ဆေးဝါးနှင့်ဆက်နွယ်သောအကြမ်းဖက်မှုများတွင်ပါဝင်ပတ်သက်မှုရှိသည်ဟုသံသယရှိသူ ၈ ဦး အားဖမ်းဆီးခဲ့တဲ့သတင်းကို Cambodia News English အမည်နဲ့သတင်းဝက်ဘ်ဆိုက်က […]

Continue Reading

ဘင်္ဂလာဒေ့ရှ်မှာ မြန်မာပြည်က ခိုးဝင်လာသူ ဘင်္ဂလီတွေနဲ့ဒေသခံ တွေ ဆော်ကုန်ကြပြီး ဆိုတဲ့ သတင်းမှား

COVID-19 ဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ နယ်မြေဒေသအသီးသီးကို ပျံ့နှံ့လျက်ရှိပါတယ်။ လူဉီးရေထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဧပြီ ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်မှာ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ ၂၁၄၄ ဉီးနဲ့ သေဆုံး ၈၄ ဉီးရှိပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ဘင်္ဂလာဒေ့ရှ် မွာ မြန်မာပြည်က ခိုးဝင်လာသူ ဘင်္ဂလီတွေ နဲ့ဒေသခံ တွေ ဆော်ကုန်ကြပြီ၊ အဝင်မခံဘူး ၊   Covid 19 ဟာဘာသာတူခြင်းတောင် ကြောက်ရွံ့စေတယ်၊ ဆလမ်မာလေကွမ်း ”ဆိုပြီးတော့ Myo Min အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက အောက်ပါအတိုင်းမျှဝေလာပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ဗွီဒီယိုကို InVID ဗွီဒီယိုဆန်းစစ်ရေးဆော့ဖ်ဝဲလ်ကို အသုံးပြုပြီး […]

Continue Reading

ဆေးရုံကြမ်းခင်းပေါ်မှာ အိပ်ပျော်သွားတဲ့ ဆရာဝန်က လက်ရှိ COVID-19 နဲ့ ပတ်သက်ခြင်းမရှိ

COVID-19 ရောဂါဟာ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါဆိုးတစ်ခုအဖြစ် ကမ္ဘာ့ကျန်မားရေးအဖွဲ့က မတ် ၁၁ ရက်မှာပဲ ကြေညာခဲ့ပြီး ဧပြီ ၁၇ ရက်အထိ ကမ္ဘာတစ်ဝှမ်းကူးစက်ခံရသူ နှစ်သန်းကျော်နဲ့ ဒီရောဂါနဲ့သေဆုံးသူ ၁၄၀၀၀၀ ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ ဒီအထဲမှာ လူနာတွေနဲ့ နေ့စဉ်နဲ့အမျှ ထိတွေ့ဆက်ဆံနေရတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေလည်း အပါအဝင်ဖြစ်ပြီး အများအကျိုးအတွက် သူတို့ရဲ့ ဘဝတွေကို စတေးထားကြရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ သာမန်ထက် ပင်ပန်းပြီး သာမန်အလုပ်ချိန်ထက်ပိုမိုတဲ့ အလုပ်ဖိအားနဲ့လည်းရင်ဆိုင်နေကြရတာမို့ ကမ္ဘာတစ်လွှာမှာ သူတို့ကို လေးစားချစ်ခင်ကြ၊ အားပေးကြ၊ ချီးမွှမ်းကြပါတယ်။ ဒီလိုပဲ “Kyaw Htun” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “Today News MM” စာမျက်နှာက ပို့စ်ကို “မြန်မာ့ သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရပါတယ်။  “သူတို့လေး တွေအရမ်းပင်ပမ်းနေကြပြီ ဒါပေမယ့် သူတို့ […]

Continue Reading