Fact Check: ပဲခူးမြို့အထိ AA တိုက်ခိုက်သိမ်းပိုက်တဲ့ သတင်းတု

False နိုင်ငံရေး | Politics

ပဲခူးမြို့အထိ အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ  ပျံ့နှံ့မှု ပြန်လည်အားကောင်းနေတယ်။ သတင်းတုသာဖြစ်တယ်။  

ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ 

 “ပဲခူးမြို့အထိ AA တက်သိမ်းနေပြီ ကျောက်ဖြူမြို့ သိမ်းပိုက်အပြီး ပြည်မဘက်ကို AA စတိုက်ပြီ ၊ အရာရှိတွေအပါဝင် (၅၀၀) ကျော် လက်နက်ချ” 

Original link | Archive link

အချက်အလက်စိစစ်ချက်

ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ ဖော်ပြချက်မရှိပါဘူး။ 

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုထားတဲ့ သတင်းတွေနဲ့ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းကို ရောနှောဖြန့်ချိလေ့ရှိပါတယ်။ ဒီချန်နယ်ကဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နဲ့ အမှတ်တံဆိပ်ကိုလည်း တုပထားပြီ သတင်းတု ဖြန့်ဝေမှုတွေဆောင်ရွက်နေတာဖြစ်တယ်။ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

ဗွီဒီယိုထဲမှာ ‌ဖော်ပြထားတာတွေကတော့ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ နိုင်ငံတဝှမ်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့ တိုက်ပွဲသတင်းတွေကို ပြန်လည်ကောက်နုတ်‌ဖော်ပြပြီး စစ်ရေးသုံးသပ်ချက် ပုံစံပြောလေ့ရှိတဲ့ Breaking Brainwashed က CDM ဗိုလ်ကြီးထက်မြက်ရဲ့  သုံးသပ်ချက်တွေကို ပြန်လည်ဖော်ပြ ထားခြင်းဖြစ်တာတွေ့ရတယ်။ ဒါပေမဲ့ ဒီဗွီဒီယိုတွေထဲမှာ ပဲခူးမြို့ကို AA ကို သိမ်းပိုက်တိုက်ခိုက်မှု အကြောင်း ဒီဗွီဒီယိုထဲမှာ မပါဝင်သလို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိက ကျတဲ့ မီဒီယာတွေမှာလည်း မတွေ့ရပါဘူး။ 

သုံးသပ်ချက်

“Khit Thit Media”ယူကျူ့ချန်နယ်ဟာ ‌လူစိတ်ဝင်စားမှုမြင့်တက်စေမယ့် လုပ်ကြံရေးသားပြောချက် သတင်းခေါင်းစဉ်(clickbaits)တွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ပဲခူးမြို့အထိ AA တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဆိုတာ သတင်းတုသတင်းမှားသာဖြစ်တယ်။

Result Stamp

Title: Fact Check: ပဲခူးမြို့အထိ AA တိုက်ခိုက်သိမ်းပိုက်တဲ့ သတင်းတု

Fact Check By: Zun Zee

Result: False


Leave a Reply

Your email address will not be published. Required fields are marked *