Fact Check: စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ NUG လျှို့ဝှက်တွေ့ဆုံဆိုတဲ့ သတင်းတု

စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် NUG အဖွဲ့လျှို့ဝှက်ညှိုနှိုင်းနေတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့တယ်လီဂရမ်မှာဖြန့်ဝေလျက်ရှိပါတယ်။ သတင်းမှားတစ်ခုသာ ဖြစ်ပါတယ်။ “NUGအဖွဲ့ကတော့ ဘာတွေအပေးအယူလုပ်လိုက်လဲတော့မသိဘူး ကြားရတဲ့သတင်းကတော့  ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုပြီး နစက ကို လာညှိနေတယ် ဒီလိုမှ လာမညှိလည်း နစက ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်ပြီး အရပ်သားအစိုးရတက်လာရင် NUG ခွက်ပျောက်ပြီလေ ဆိုတော့ ဘာတွေ အပေးအယူတွေ လုပ်လိုက်လဲ ဆိုတာတော့ မကြာခင်ကာလမှ လယ်ပြင်မှာ ဆင်ကောင်ကြီးသွားသလို ကားကားနဲ့ မြင်ရတော့မယ် စောင့်ကြည့်ကြအမျိုးတို့ 🇲🇲⭐⭐⭐⭐⭐⭐🇲🇲 မှိုင်းဝေ”လို့ ရေးသားပြီး “စောမှိုင်းဝေ” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို တယ်လီဂရမ်ရဲ့ ဒီလင့်ခ်၊ ဖေ့စ်ဘွတ်ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်းကြည့်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: မိမိ​ဖေ့စ်ဘွတ်အကောင့်ကို ဘယ်သူဝင်ကြည့်သလဲဆိုတာ မသိနိုင်ပါ

မိမိအကောင့်ထဲကို ဘယ်သူတွေ လာသွားလဲဆိုတာ ဖေ့စ်ဘွတ်ကို အဆင့်မြှင့်ခြင်းအားဖြင့်သိနိုင်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။ “ကိုယ့်အကောင့်ထဲကို ဘယ်သူတွေ လာသြားလဲဆိုတာ  ကိုကြည့်နိုင်ဖို့ဆို 😊 ပထမဆုံး မိမိအကောင့်ကို profile page ( professional mode)  ပုံစံအရင်ပြောင်းထားရပါမယ်။ (ပြောင်းနည်းကို ရှေ့မှာ တင်ပေးထားပြီး ဖြစ်ပါတယ်) (professional mode မပေါ်ရင်က fb ကို uptade တင်ပါ)  profile page ပုံစံပြောင်းပြီးမှသာ နောက်ပိုင်း ဘယ်သူတွေ ကိုယ့်အကောင့်ထဲ လာကြည့်လဲဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။  (အရင်က လာကြည့်သူတွေ မြင်ရမှာ မဟုတ်ပါဘူး)  တပုံချင်းစီလေ့လာနိုင်ပါတယ်။ Facebook New Version – https://bit.ly/3tVxeF2 တခြားသူတွေလည်း သိအောင်ပြန်လည်မျှဝေစေလိုပါတယ်…”လို့ ရေးသားပြီး “Fb […]

Continue Reading

Fact Check: ဖေဖော်ဝါရီ ၁ ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်တပ်က ကြေညာဆိုတဲ့သတင်းမှား

အာဏာသိမ်း ၃ နှစ်ပြည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်တပ်က ကြေညာ တယ်ဆိုတဲ့ သတင်းမှားပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။  “အာဏာသိမ်း ၃ နှစ်ပြည့်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်တဲ့ဗျို့”လို့ ရေးသားပြီး “TepPon News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာလည်း “၁၀ရက်နေ့ အ‌ရေးပေါ်သတင်း ရွေးကောက်ပွဲကြောင့် ကြေညာပြီ Feb 1 ရက်နေ့ ရွေးကောက်ပွဲကျင်းမည်”လို့ ရေးသားထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ မှာ ရွေးကောက်ပွဲမှာ မဲစာရင်းဖောင်းပွမှုအကြောင်းပြပြီး စစ်တပ်က ၂၀၀၈ အခြေခံ ဉပဒေနဲ့ မညီပေမဲ့ အာဏာသိမ်းခဲ့ပါတယ်။ […]

Continue Reading

Fact Check: ကုလသမဂ္ဂက မြန်မာကိုစစ်ကြေညာလိုက်ပြီဖြစ်လို့ ရိက္ခာစုဆောင်းခိုင်း တဲ့သတင်းမှား

ကုလသမဂ္ဂက စစ်ကြေညာလိုက်ပြီး ပြည်သူတွေ ရိက္ခာစုဆောင်းထားဖို့ဆိုပြီး သတင်းမှား ပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ “ကုလစစ်ကြေညာပြီ ဒေါ်စုကို အပြီးသတ်လွှတ်ရန် ပြည်သူတွေ စားနပ်ရိက္ခာတွေ စုထားရန် နိုင်ငံခြားသား အမြန်ဆုံးထွက်ခွာရန် ကြေညာ”လို့ ဗွီဒီယိုရဲ့အစမှာရေးသားပြီး “Khit Thit Journal”အမည်နဲ့ ယူကျူ့ချန်နယ်မှာ အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၃၅၀၀၀ ကျော်ရှိတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “ကုလစစ်ကြေညာပြီ ဒေါ်စုကို အပြီးသတ်လွှတ်ရန် ပြည်သူတွေ စားနပ်ရိက္ခာတွေ စုထားရန် နိုင်ငံခြားသား အမြန်ဆုံးထွက်ခွာရန် ကြေညာ”လို့ ဗွီဒီယိုရဲ့ thumbnail ဓာတ်ပုံမှာရေးသားထားပေမဲ့ ၈ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ ဒီလိုကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ် […]

Continue Reading

Fact Check: မြိုင်နယ်က ရွာ ၃ ရွာကို NUG လက်အောက်ခံ PDF များ မီးရှို့ဆိုတဲ့ သတင်းမှား

 အမျိုးသားညီညွှတ်‌ရေးအစိုးရ(NUG ) လက်အောက်ခံ ပြည်သူကာကွယ်ရေးတပ်(PDF )က မြိုင်မြို့နယ်ရှိရွာတွေ ကို မီးရှို့ခဲ့တယ်ဆိုပြီးပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။  သတင်းမှားဖြစ်ပါတယ်။ “မြိုင်နယ်က ရွာ ၃ ရွာကို NUG လက်အောက်ခံ pdf များ မီးရှို့လို့ အိမ်ခြေ ၁၃၀ ကျော် မီးလောင်ပျက်စီး မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲရှိ ကျေးရွာ ၃ ရွာက နေအိမ်အချို့ကို NUG လက်အောက်ခံ pdf များက ဒီဇင်ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၃၄ လုံးပြာကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ NUG လက်အောက်ခံ pdf များကဒီဇင်ဘာလ ၂၉ ရက်နေ့လည် ၂ နာရီလောက်မှာ […]

Continue Reading

Fact Check: လွတ်လပ်ရေးနေ့အခမ်းအနား ဗုံးကြဲခံရလို့ ဝန်ကြီး ၄၅ ဦးသေဆိုတဲ့သတင်းတု

စစ်ကောင်စီက စိန်ရတုလွတ်လပ်ရေးအခမ်းအနားကို သူတို့ထိန်းချုပ်ထားရာ နေပြည်တော်မှာ ကျင်းပခမ်းနားစွာ ကျင်းပခဲ့ပေမဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ကမကထပြုတဲ့ လွတ်လပ်ရေးနေ့ဟာ နိုင်ငံအနှံ့ တိုက်ပွဲတွေကြောင့် အနှစ်သာရကင်းမဲ့ခဲ့ပြီး လူထုပါဝင်မှုလည်းနည်းပါးပါတယ်။ အထူးသဖြင့် လွတ်လပ်ရေးနေ့မှာ KNU က စစ်တပ်တပ်စခန်းအချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ကလည်း လေကြောင်းကနေ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ နစက(နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ)ကကျင်းပတဲ့  လွတ်လပ်ရေးနေ့အခမ်းအနား ဗုံးကြဲခံရလို့ တက်ရောက်လာတဲ့ ဝန်ကြီးအပါအဝင် ၄၅ ဦးသေဆုံးတယ်လို့ဆိုပြီး သတင်းတု ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ “ဝန်ကြီး ၄၅ဦး ဘဝ ကူးပြီ”လို့ ရေးသားပြီး “The News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ က ဇန်နဝါရီ ၄ ရက်မှာ အောက်ပါအတိုင်းမျှဝေထားရာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၅ သိန်းကျော်ရှိတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB […]

Continue Reading

Fact Check: နှစ်သစ်ကူးည တရုတ်သံရုံးပစ်ခတ်ခံရလို့ သံအမတ်နဲ့ ဝန်ထမ်း ၁၈ ဦးသေဆိုတဲ့ သတင်းမှား

နှစ်သစ်ကူးည တရုတ်သံရုံးပစ်ခတ်ခံရလို့ သံအမတ်နဲ့ ဝန်ထမ်း ၁၈ ဦးသေဆုံးခဲ့ပြီး စစ်တပ်က တမင်လုပ်ကြံ တာလို့ တရုတ်ကထုတ်ပြန်လိုက်တယ်လို့ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ သတင်းမှားတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုပေးပြီး လူတွေလှည့်စားထားတဲ့ ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။ “Soha Nar” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာ “နှစ်သစ်ကူးည တရုတ်သံရုံးပစ်ခတ်ခံရ သံအမတ်နဲ့ဝန်ထမ်း ၁၈ ဦးသေဆုံး စစ်တပ် တမင်လုပ်ကြံခြင်းလို့ တရုတ်ထုတ်ပြန် သေခြင်းနဲ့မိတ်ဆက်ပေးမည်ဟု ပြင်းထန်ပေါက်ကွဲ” စသည်ဖြင့် ရေးသားထားပြီး ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တရုတ်ပြည်သွားတောင်းပန်ဖို့လုပ်ပေမဲ့ တရုတ်ကလက်မခံဘူးလို့လည်း ဆိုထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ […]

Continue Reading

Fact Check: ဟား၅ကောင်အလင်းဝင်သွားပြီဆိုတဲ့ သတင်းမှား

ဟား၅ကောင်စစ်တပ်နဲ့ပူးပေါင်းသွားပြီလို့ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပြီး  နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ “ဟား၅ကောင်စစ်တပ်နဲ့ပူးပေါင်းသွားပြန်ပြီ။ကြည့်ကြပါအုံးဟာ။စိတ်ဓာတ်တွေကျနေပြီ”လို့ ရေးသားပြီး “Jolene Mcdonald” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၂၀၀ ကျော်နဲ့ ကြည့်ရှူ့မှုပေါင်း ၃ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုထဲမှာ ဟား ၅ ကောင် အလင်းဝင်သွားပြီလို့ စစ်တပ်ဝါဒဖြန့်ချိရေးအကောင့်တစ်ခုဖြစ်တဲ့ “Aung Min”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကသတင်းမှားဖြန့်ဝေနေတာကို ဟား ၅ ကောင်အဖွဲ့ဝင် တိုးကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် အကောင့်ကနေ ဒီဇင်ဘာ ၂၃ ရက်က တုန့်ပြန်ခဲ့တာကို ဖော်ပြထားခြင်းပါတယ်။ လူရွှင်တော်ကလည်း တိုင်းကျော် ၂၀၂၃ ခုနှစ်၊ […]

Continue Reading

Fact Check: NUG နဲ့ စကစ အာဏာလွှဲပြောင်းသဘောတူစာချုပ်လက်မှတ်ထိုးတဲ့ သတင်းမှား

NUG နဲ့ စကစ အာဏာလွှဲစာချုပ်လက်မှတ်ထိုးလိုက်ပြီလို့ MRTVကနေကြေညာတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ အောက်ပါ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက ဒီလိုဖြန့်ဝေထားတဲ့ ဗွီဒီယိုပုံစံပို့စ်ရဲ မြင်ကွင်း screenshot ဖြစ်ပါတယ်။ “အာဏာလွှဲစာချုပ်MRTVကနေကြေငြာပြီ။အချိန်၃မိနစ်ပေးနားထောင်ကြည့်”လို့ရေးထားသားပြီး ဗွီဒီယိုထဲမှာလည်း “NUG နဲ့ နစက သဘောတူလက်မှတ်ထိုးပြီ ၂၅ ရက် MRTV သတင်းမှာကြေငြာပြီ အာဏာလွှဲစာချုပ် ဝမ်းသာလိုက်တာ”စသည်ဖြင့်ရေးသားရာ ဒီဗွီဒီယိုပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူတွေ ရာဂဏန်းကမျှဝေခဲ့ကြပြီး ကြည့်ရှူ့မှုပေါင်း ၅၀၀၀၀ ကျော်ရှိပါတယ်။ ဒီပို့စ်ဟာဖေ့စ်ဘွတ်အသုံးပြုသူတွေအကြာ ထင်ယောင်ထင်မှားဖြစ်စေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်တပ်က အာဏာပြန်လွှဲပြီ၊ စစ်တပ်နဲ့ NUG သဘောတူညီမှုရပြီ စတဲ့အကြောင်းအရာတွေဟာ မကြာခဏ ဖြန့်ဝေနေတဲ့ သတင်းမှားတစ်ခုဖြစ်ပါတယ်။ […]

Continue Reading

Fact Check: ဗမာအိမ်နဲ့ ရှမ်းအိမ်တွေ မီးရှို့ဖို့ ဗိုလ်ချုပ်ဂွမ်မော်ပြောတဲ့သတင်းမှား

ကချင်လွတ် မြောက်ရေး တပ်မတော် ( KIA )အဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရင် ဗမာအိမ်နဲ့ ရှမ်းအိမ်တွေကို မီးရှို့ဖို့ ဗိုလ်ချုပ်ဂွမ်မော်က  ပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။  သတင်းမှားဖြစ်ပါတယ်။ “KIA သူပုန်တို့ရဲ့ မီးရှို့အကျင့်”လို့ခေါင်းစဉ်တပ်ရေသားထားတဲ့ ဒီပို့စ်တွေမှာ “KIA သူပုန်အဖွဲ့ဟာ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ဗမာရွာတွေ၊ ရှမ်းရွာတွေကို လိုက်လံမီးရှို့နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။  သူတို့မီးရှို့ရတဲ့ရည်ရွယ်ချက်က စစ်ကြောင်းတွေ လိုက်မလာနိုင်ဖို့ရယ်၊ ဗမာ/ရှမ်းတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ဖို့ရယ်၊ KIA စခန်းတွေကို ထိုးစစ်မဆင်နိုင်ဖို့ရယ်ပါ။”စသည်ဖြင့် ရေးသားပြီး “Delta News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  ထို့အပြင် ဗိုလ်ချုပ်ဂွမ်မော်ဓာတ်ပုံနဲ့ အတူ “မင်းတို့ မြဲမြဲမှတ်ထားရမှာက စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရင် ခံမချပါနဲ့။ ထွက်ပြေးကြ။ ပြီးရင် […]

Continue Reading