Fact Check: AmCham ဉက္ကဌနဲ့ ပတ်သက်တဲ့ သတင်းမှား

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်အသင်း(The American Chamber of Commerce in Myanmar -AMCHAM) ရဲ့ ဥက္ကဌ Max Talcott ဟာ စစ်တပ်ကခန့်ထားတဲ့ ဟိုတယ်ခရီးဝန်ကြီးနဲ့ မကြာခင်က တွေ့တယ်လို့ ဖေ့စ်ဘွတ်မှာ ရေးသားမျှ ဝေလျက်ရှိပါတယ်။ Max Talcott ဟာ အခြားသောဝန်ကြီးတွေနဲ့လည်း အပြင်မှာတွေ့ဆုံမှုရှိတယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။ “The American Chamber of Commerce in Myanmar (AMCHAM)က လက်ရှိစစ်ကောင်စီနဲ့ တွေ့ဆုံမှုတွေ မလုပ်ဘူးလို့ပြောထားပေမယ့် လက်ရှိ AMCHAM ဒုဥက္ကဌ Max Talcott ဟာစစ်အုပ်စုရဲ့ ဟိုတယ်ခရီးသွားဝန်ကြီး ဦးမောင်မောင်အုန်း နဲ့ မကြာခင်က တွေ့ဆုံခဲ့ပါတယ် ဒါ့့အပြင် တခြားဝန်ကြီးတွေနဲ့လဲ ပြင်ပမှာတွေ့ဆုံမှု တွေရှိတယ်လို့ သိရပါတယ်။AMCHAM  […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လျှောက်လာတင်တုန်းကပုံကို နေပြည်တော်မှာရုံးထုတ်လာတဲ့ မြင်ကွင်းအဖြစ် မျှဝေနေ

ဧပြီ ၁၂ ရက်က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်လာတဲ့ပုံအဖြစ် ဓာတ်ပုံ ၅ ပုံနှင့်အတူ မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  မျှဝေလျက်ရှိတဲ့ပို့စ်တွေမှာ အရပ်ဝတ် လုံခြုံရေးများဝိုင်းရံလျက် မရမ်းရောင်လွှမ်းမိုးတဲ့ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကားအနက်တစ်စီးပေါ်မှာ ထိုင်လျက်ပုံ၊ ကားဆီကနေ လမ်းလျှောက်ထွက် လာပုံတွေပါဝင်ပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်းလျှောက်လွှာသွားရောက်တင်စဉ်က ပုံဖြစ်ပါတယ်။ “၁၂.၄.၂၀၂၁ တနင်္လာ မနေ့က အမေစု နဲ့ သမ္မတ္တကြီးကို ရုံးထုတ်တဲ့ ပုံများ”စသည်ဖြင့်ရေးသားပြီး “Daw Hnin” အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၁၃ ရက်က မျှဝေရာမှာ ၅ နာရီအတွင်း ဖေ့စ်ဘွတ်အသုံးပြုသူ ၄ ရာဝန်းကျင်မှ ပြန်လည်မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို […]

Continue Reading

Fact Check: ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံအတွက် လက်သုံးချောင်းထောင်နေခြင်းလား-မဟုတ်ပါ

အနောက်တိုင်းဝတ်စုံဝတ်အသက်ကြီးပိုင်းအမျိုးသားတစ်ယောက် ဓာတ်ပုံနှင့်တကွ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တက်ချို ဟွန်ဆန်ဟာ မြန်မာနိုင်ငံသားတွေနဲ့အတူ ရပ်တည်ပြီး လက်သုံးချောင်းထောင်နေပုံ အဖြစ် မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး Nguyen Phu Trong ဖြစ်ပြီး လက်သုံးချောင်းထောင်တာကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ခြင်းမရှိတာတွေ့ရပါတယ်။ “ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တက်ချို ဟွန်ဆန်  မြန်မာပြည်သူနဲ့ ရပ်တည် 💗 ဝန်ကြီးချုပ် ကျန်းမာပါစေ 💗”လို့ရေးသားပြီး “ကိုစိုင်း မြတ်သူ”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၆ ရက်က မျှဝေရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၆ ရာရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအခင်းအတွင်း သေဆုံးခဲ့ရသည့် ကလေးမိခင်ဓာတ်ပုံကို မြိတ်က သေနတ်နဲ့ပစ်သတ်ခံရသည့် အဖြစ်အပျက်အဖြစ်မျှဝေ

မြေပြင်ပေါ်လဲကျနေသည့် အမျိုးသမီးတစ်ဉီးကို ကလေးငယ်က ဖက်တွယ်ထားတဲ့ ဓာတ်ပုံကို လက်ရှိ အရေး အခင်းကာလအတွင်းအဖြစ်အပျက်သဖွယ်ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်း များစွာ ပြန်လည်မျှ ဝေနေပါတယ်။ မိခင်အမျိုးသမီးဟာ သေနတ်ထိမှန်သေဆုံးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ သို့သော်လည်း ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအခင်းအတွင်းက အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးပုံဖြစ်ပြီး ဓာတ်ပုံပါ အမျိုးသမီးဟာ သေနတ်ထိမှန်သေဆုံးခဲ့ခြင်းမဟုတ်ပါဘူး။  “ဘိတ်ခြေနေမကောင်းဘူး ဝိုင်းကူညီပါအုံး ကျနော်တို့ဘိတ်ကို ကူညီပါအုံး အမေကသေနတ်မှန်ပြီးသေနေပြီ 😭 ကလေးလေးကနို့ဆာလို့နေ သနားစရာ ရင်နင့်စရာ  အကျည်းတန်တဲ့ မြန်မာပြည်ကအဖြစ်စနစ်တွေထဲ က တစ်ခု့ပါဗျာ 😭 အော်…..လုပ်ရက်ကြပေ😢😭 (26.3.2021) ဟာ 😭 ရက်စက် လိုက်ကြတာ 😭  မြိတ်မြို့ကပါ”လို့ ရေးသားပြီး “Aung Point”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူရေးသားမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကပုံတွေကို လက်ရှိအဖြစ် အဖြစ်ဖော်ပြ

လမ်းမထက်မှာ သံဃာတော်အများအပြား ဆီတန်းလမ်းလျှောက်နေတဲ့ ဓာတ်ပုံ ၃ ပုံနှင့်တကွ ပျံလွန်တော်မူသော ဆရာတော် အတွက် အခဲမကြေတဲ့သံဃာသပိတ်စစ်ကြောင်းကြီးလို့ရေးသားလျက် ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေပါတယ်။  မေ ၁၃ ရက်က မန္တလေး စိန်ပန်း ရပ်ကွက်မှာ ဆန္ဒပြရင်း သေနတ်နဲ့အပစ်ခံရပြီး အနည်းဆုံး ၄ ဦးထက်မနည်း သေဆုံး ကာ အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ ထိုအထဲမှာ ဆရာတော်တစ်ပါး ရင်ဘတ်ထိမှန်ခဲ့ပြီး စိုးရိမ်ဒဏ်ရာရရှိခဲ့ပါတယ်။  ဒီလိုအခြေအနေမှာ  “ပျံလွန်တော်မူသော မ န္တလေးစိန်ပန်း ဆရာတော်အတွက် အခဲမကြေ မန်းလေး သံဃာသပိတ်စစ်ကြောင်းကြီး။”လို့ရေးသားပြီး “Chan Mon Chan Nei”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြု သူက မျှဝေထားရာမှာ ၁ ရက်အတွင်း ပြန်လည်မျှဝေမှု ၂ သောင်း ၂ ထောင်ကျော်ရှိပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: ဆီရီးယားမှာရဟတ်ယာဉ် ပြစ်ချခံရမှုကို မြန်မာနိုင်ငံက အဖြစ်အပျက်အဖြစ်ဖော်ပြ

ကရင်အမျိုးသားအစည်းအရုံး(KNU)က ရဟတ်ယာဉ်တစ်စီးပစ်ချခဲ့တယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေပါတယ်။ “#ယနေ့ KNU မှ ပုဇင်းတကောင် ဖမ်းမိသွားကြောင်း”လို့ရေးသားပြီး “Bay Gyi”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြု သူက မျှဝေထားရာမှာ ၁၂ နာရီအတွင်း ပြန်လည်မျှဝေမှု ၅ ထောင်ကျော်ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပြီး KNU ဘက်က ရဟတ်ယာဉ်ပစ်ချခဲ့တဲ့ အထောက်အထား မတွေ့ရပါဘူး။ အချက်အလက်စိစစ်ချက် ကရင်အမျိုးသား အစည်းအရုံး(KNU)ရဲ့ သတင်းနှင့်ပြန်ကြားရေးဌာနဖြစ်တဲ့ KIC သတင်းစဉ်မှာ သတင်း ဖော်ပြချက်မတွေ့ရပါဘူး။ အခြားသောသတင်းဌာနတွေမှာလည်း ဒီလိုရဟတ်ယာဉ်ပျက်ကျတဲ့ ဖြစ်စဉ် သတင်းဖော်ပြချက် […]

Continue Reading

Fact Check: ဆန္ဒပြစဉ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ မကြယ်စင်ရဲ့ အလောင်းကို စစ်သားတွေက တူးဖော်နေပုံလား-မဟုတ်ပါ

မန္တလေးမှာ ဆန္ဒပြရင်းပစ်သတ်ခံခဲ့ရတဲ့ မကြယ်စင်ရဲ့ အလောင်းကို စစ်သားတွေက တူးဖော်နေတဲ့အထောက် အထားအဖြစ် စစ်သားတွေမြေကျင်းတူနေဟန်ပုံတွေကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မကြယ်စင်အပါအဝင် မတ် ၁၁ ရက်အထိ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရင်း သေနတ်ထိမှန် သေဆုံးခဲ့ရသူ ၇၀ ကျော်ရှိပြီဖြစ်ပါတယ်။ မကြယ်စင်ဟာ သူ့မသေခင်ဖေ့စ်ဘွတ်မှာ ရေးသားချက်တွေနဲ့ သေနတ်နဲ့ အပစ်ခံရအပြီး သေဆုံးခဲ့ရချိန်မှာ လူမှုကွန်ယက်အသုံးပြုသူများအကြား တမုဟုတ်ခြင်း ပျံ့နှံ့ခဲ့ပါတယ်။ ထို့အပြင် သေဆုံးသူမကြယ်စင်ရုပ်လောင်းကို စစ်တပ်က ပြန်လည်တူးယူခဲ့တာလည်းတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ မကြယ်စင်ရဲ့ အလောင်းကို တူးဖော်နေတဲ့ပုံတွေမဟုတ်ပါဘူး။ “မကြယ်စင် ရုပ်အလောင်းဖွင့်ဖောက်ခြင်း 5-3-2021(ည)”လို့ ရေးသားပြီး “ပြည်တွင်း ပြည်ပ နေ့စဉ်သတင်းများ နှင့် သုတရသ ဗဟုသုတများ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ  ၁ […]

Continue Reading

Fact Check: မြန်မာရေတပ်က သင်္ဘောတစ်စီးကို ရေမြှုပ်ပစ်တဲ့ပုံလား-မဟုတ်ပါ

ဖေဖော်ဝါရီ ၈ ရက်မှာ မြန်မာရေတပ်က မသင်္ကာစရာသင်္ဘောအုပ်စုကို ပစ်ဖောက်မြှုပ်ပစ်လိုက်တယ်ဆိုပြီးတော့ သင်္ဘောအပျက်အစီးပုံတစ်ခုနှင့်တကွမျှဝေနေတာတွေ့ရပါတယ်။   “#တပ်မတော်(ရေ)ကတော့ဆော်လိုက်ပြန်ပြီ 8-3-21 ယနေ့ နံနက် ၁၁ း ၄၅ ချိန်ခန့် – မြန်မာ အိန္ဒိယ ရေလက်ခြား ၄၅ ကီလိုမီတာ ခန့် မသင်ကာစရာ သင်္ဘောအုပ်စု တွေ့ရှိရသဖြင့် – သိသိခြင်း ကင်းထောက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ပြင်ဆင်နေချိန် ဘယ်ကဘယ်လိုရောက်လားမှန်းမသိတဲ့  စတက် ဒုံးကျည်တစ်စင်း ၎င်းသင်္ဘောပေါ်သို့ ကျ ရောက်ပေါက်ကွဲသွားခဲ့ပြီး သင်္ဘောနစ်မြုတ်သွားကြောင်း သိရ… မြန်မာ့တပ်မတော်ကတော့အနော်ပစ်ဖူးနော်လို့ပြောလိုက်တယ်”လို့ ရေးသားထားတဲ့ပို့စ်ကို “ThaeChit”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ တူညီစွာရေးသားထားတဲ့ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  […]

Continue Reading

Fact Check: ၂၀၁၅ ခုနှစ်က လက်ပတန်းကျောင်းသားသပိတ်ဖြိုခွင်းမှုပုံကို မြောက်ဉက္ကလာမှာ စစ်တပ်က ဖြိုခွင်းမှုအဖြစ်ဖော်ပြ

လူတွေကို ရဲတပ်ဖွဲ့က ရိုက်နက်နေပုံ၊ အမျိုးသမီးတွေငိုနေပုံ၊ ရဲတွေရှေ့မှာ လက်နှစ်ဘက်ကို ခေါင်းပေါ်တင်ထားပြီး ခေါင်းငုံ ဒူးကွေးထိုင်နေတဲ့ လူအုပ်ပုံတွေနဲ့အတူ မြောက်ဉက္ကလာပမှာဖြစ်သွားတဲ့ ယနေ့ဖြစ်လို့ ရေးသားမျှ ဝေထားရာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။  မတ် ၃  ရက်နေ့က ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းမှုအပြီးမှာ မြောက်ဉက္ကလာပမြို့နယ်မှာ အနည်းဆုံး ၁၀ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒီကနေ့လည်း စစ်တပ်နဲ့ ရဲအဖွဲ့က ဝင်ရောက်ဖြိုခွင်းခဲ့ရာမှာ ဆန္ဒပြသူ အများအပြားအဖမ်းခံခဲ့ရပါတယ်။  “ဆန္ဒပြ ပြည်သူအား စစ်သုံ့ပန်းမျာကဲ့ သို့ ဆက်ဆံတဲ့ မြောက်ဥက္ကလာပုံရိပ်(10.3.21) “လို့ ရေးသားပြီး “U Myint Wai”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို  ၇ နာရီအတွင်းမှာ ပြန်လည်မျှဝေသူ ၅ထောင်ကျော်ရှိခဲ့ပါတယ်။ မူရင်းလင်ခ့် – Fb link  | […]

Continue Reading

Fact Check: ၂၀၁၇ ခုနှစ်ကအာဖဂန်နစ္စတန်ကဘူးမြို့က ရှော့တိုက်ဒုံးကို မြန်မာနိုင်ငံကအဖြစ်အပျက်သဖွယ်ဖော်ပြ

သထုံမှာ တပ်မတော်စစ်စခန်းတစ်ခုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှုအဖြစ် People Media အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဓာတ်ပုံ ၃ ပုံနှင့်တကွရေးသားဖော်ပြထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။  သို့သော်လည်း ရှော့တိုက်ဒုံးဓာတ်ပုံဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။  “မွန်ပြည်နယ်၊သထုံမြို့နယ်ရှိ တပ်မတော် အခြေစိုက် စခန်းကို လက်နက်ကိုင် အဖွဲ့တစ်ခုက ယနေ့ နံနက် ၆ နာရီခန့်မှာ ရှော့ဒုံးဖြင့် ပစ်ခတ်လိုက်ပါတယ်။ အဆိုပါ ပစ်ခတ်မှုကြောင့် အဆောက်အဦးအချို့ ပျက်စီးသွားတယ်လို့ တပ်မတော် တာဝန်ရှိသူတစ်ဦးက  PeopleMedia ကို ပြောသည်။ လက်ရှိအချိန်၌ တပ်မတော်က မပေါက်ကွဲသေးသည့် ရှော့ဒုံး တစ်လုံး သိမ်းဆည်းနိုင်ခဲ့ပါတယ်။”လို့လည်း “People Media”ဖေ့စ်ဘွတ်စာမျက်နှာကရေးသားထားပါတယ်။ ဒီနေရာမှာလည်း အလားတူရေးသားမျှဝေထား တာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  | […]

Continue Reading