Fact Check: အစိုးရမဖွဲ့ဖို့ လွှတ်တော်မခေါ်ဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးအမိန့်ပေးတယ်လို့ သတင်းတုသတင်းမှားဖြန့်

အစိုးရမဖွဲ့ဖို့၊လွှတ်တော်မခေါ်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က အမိန့်ထုတ်တယ်ဆိုပြီး လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ “တပ်မတော်မှ နောက်ဆုံးအကြိမ် သတိပေးမိန့်ထုတ်ပြန်ခြင်း”လို့ ခေါင်းစဉ်တပ် ရေးသားထားပြီး ကာကွယ်ရေးဦးစီးချူပ်ရုံး (ကြည်း)က အမိန့်အမှတ် ၅/၂၀၂၁ နဲ့ စာထုတ်လိုက်ပြီး အစိုးရဖွဲ့ ခွင့်မပြုကြောင်းနဲ့ လွှတ်တော်ခေါ်တာခွင့်မပြုကြောင်းရေးသားထားပါတယ်။  ဒီလိုရေးသားမျှဝေနေတာဟာ အတုဖြစ်ကြောင်းနဲ့ တပ်မတော်အနေနဲ့ ထုတ်ပြန်ထားခြင်းမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဉက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုထားတာတွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှာစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ “တပ်မတော်မှ နောက်ဆုံးအကြိမ် သတိပေးမိန့်ထုတ်ပြန်ခြင်း ———————————————————— ၁၅ . ၁ . ၂၀၂၁  ကာကွယ်ရေးဦးစီချုပ်ရုံး (ကြည်း) 10 း 00 AM  အကြောင်းအရာ ။      ။ ၂၀၂၀ […]

Continue Reading

Fact Check: ထိုင်းဘုရင်မူဆလင်ဘာသာကို ကူးပြောင်းလိုက်ရတယ်ဆိုတဲ့ သတင်းအမှား

ထိုင်းဘုရင်ကြီး မူဆလင်ဘာသာကိုကူးပြောင်းလိုက်တယ်ဆိုတဲ့ ရေးသားချက်နဲ့အတူ ဘာသာရေးဆရာတစ်ဦးမှ ရွတ်ဖတ်နေတဲ့ ဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီဗွီဒီယိုဖိုင်နဲ့အတူ “ထိုင်းတပ်မတော်ထဲကို မွတ်တို့ ဗုဒ္ဓဘာသာဟန်ဆောင်ဝင်လာခဲ့တယ်၊ ကာချုပ်အဆင့်ရောက်တော့မှ မွတ်ဆိုတာကိုယ်ထင်ပြတယ် ဘာမှမတတ်နိုင်၊ ထိုင်းမှာ မွတ်အင်အားကြီးထွားလာ၊ ဗုဒ္ဓဘာသာချိုးနှိမ်ကျော်တက်လာ၊ နောက်ဆုံးဗုဒ္ဓကိုးကွယ်ဘုရင်ကြီးကိုဖြုတ်ချ မွတ်နိုင်ငံထူထောင်ဖို့ အထိဂရုံးတေဖြစ်၊ ကာချုပ်က မွတ်တေဘက်က အဲတော့ဘုရင်ကြီး မွတ်ဘာသာပြောင်းမလား၊ နန်းချခံမလား၊ အဲတော့ ထိုင်းဗုဒ္ဓဘာသာဘုရင်ကြီး ထီးနန်းထိမ်းသိမ်းဖို့ မွတ်ဆလင်ဘာသာကူးပြောင်းလိုက်ရရှာ၊ ဤတွင် ထိုင်းဗုဒ္ဓနိုင်ငံ အစ္စလမ်နိုင်ငံအဖြစ်ကူးပြောင်း. ဗုဒ္ဓခံတပ်ပြိုလေသတည်း၊ ျမန္မာတို့ဘယ္လဲဘာလဲ”လို့ အညွှန်းတပ်ထားတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် အခုလိုရေးသားထားတဲ့ဗွီဒီယိုဖိုင်ကို Googleမှာ InVIDဆော့လ်ဝဲနဲ့ အချက်အလက်စစ်ဆေးရာမှာတော့ ဒီဗွီဒီယိုင်ဖိုင်ဟာ Youtubeချန်နယ်တစ်ခုဖြစ်တဲ့ THAITV2 က ထိုင်းဘုရင်နဲ့ မိဖုရားတို့ သဘာပတိ အဖြစ်တက်ရောက်ချီးမြှင့်တဲ့ […]

Continue Reading

Fact Check: ၂၀၁၄ ခုနှစ်က ဟာဝိုင်အီမှာ အသေးစားလေယာဉ်ပျက် ကျမှု မှတ်တမ်းကို အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုအဖြစ်မျှဝေနေ

လေယာဉ်စီးခရီသည်တစ်ဦးက လေယာဉ်ရေထဲပျက်ကျစဉ်မှာ ရိုက်ထားတဲ့ ဗွီဒီယိုတစ်ခုကို အင်ဒိုနီးရှား လေယာဉ် ပျက်မှုအဖြစ်လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ ၂ မိနစ်နဲ့ ၃၀ စက္ကန့်ရှည်လျားတဲ့  ဒီဗွီဒီယိုမှာ လေယာဉ်ရေထဲပျက်ကျသွားတာကို လေယာဉ်ပေါ်မှာ လိုက်ပါလာ တဲ့သူက မှတ်တမ်းရိုက်ကူးထားထားတာလည်းပါဝင်ပြီး လေယာဉ်ပေါ်ပါလာသူ အသက်ရှင်ကျန်ရစ်သူ က ပြန်ပြောနေတဲ့ အပိုင်းလည်းပါဝင်ပါတယ်။  ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ ဒီဗွီဒီယိုဟာ တကယ်တမ်း အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုမှတ်တမ်းမဟုတ်ဘဲ ၂၀၁၄ ခုနှစ်က ဟာဝိုင်အီမှာ အသေးစားခရီးသည်တင်လေယာဉ်ပျက်ကျစဉ်က ဗွီဒီယိုသာဖြစ်ပါတယ်။ “အင်ဒိုနီးရှား လေယာဥ်မှူးရေထဲကိုအညင်သာဆုံးဆင်းတာပဲ လေယဥ်ပေါ်ပါခရီးသည်ရိုက်ထားတဲ့ video file လူသားချင်းစာနာသနားမိပါတယ် M. T. A. Crd”လို့ ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: သမ္မတဦးဝင်းမြင့်ကို တရားစွဲလို့ အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်တာလား- မဟုတ်ပါ

၂၀၂၀ရွေးကောက်ပွဲမှာ မဲမသမာမှုတွေပြုလုပ်တာကြောင့် နိုင်ငံတော်သမ္မတဦးဝင်မြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြည်ထောင်စုတရားလွှတ်တော်ရုံးက ဇန်နဝါရီလ ၂၅ရက်နေ့မှာ အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်ထားတယ်ဆိုပြီး RFM (Radio Free Myanmar)တံဆိပ်နဲ့ ရေးသားထားတာကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာ ပြန်လည်ကူးယူတာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “သမ္မတဝင်းမြင့်ပထမဆုံးသူခိုးအဖြစ်သမိုင်းဝင်ပြီ”လို့ ခေါင်းစဉ်တပ်ထားကာ RFM (Radio Free Myanmar)တံဆိပ်နဲ့ရေးသားထားတာကို ယခုလိုပြန်ရေးသားထားပါတယ်။ “၂၀၂၀ ရွေးကောက်ပွဲတွင် မဲများကို ပက်ပက်စက်စက်ခိုးမှု့များ ပေါ်ပေါက်၍ ၎င်းခိုးမှု့အတွက် အဓိကတရားခံများဖြစ်သောသူခိုးများကို ပြည်ထောင်စု တရားလွှတ်တော်ရုံးက အမှု့ဆင့်ခေါ်စာထုတ်ပြန်၍ ၂၅-၁-၂၀၂၀ နေ့တွင် Zoom meeting မှ တဆင့်အမှု့ရင်ဆိုင်ဖို့ ဆင့်ခေါ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် သမ္မတဝင်းမြင့်နှင့်အဖွဲ့သည် မြန်မာ့သမိုင်းတွင် ပထမဆုံးသူခိုးအဖြစ် သမိုင်းဝင်ပြီဖြစ်သည်။ “မဲခိုးတယ်ဆိုတာကို လူတွေကပေါ့ပေါ့လေးနားလည်တဲ့သဘောရှိနေတယ်။ တကယ်က မဲခိုးတယ်ဆိုတာက နိုင်ငံသားတွေရဲ့အနာဂါတ်ကိုခိုးတာလေ၊ ကိုယ့်ကိုမထောက်ခံဘဲ […]

Continue Reading

Fact Check: မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်တဲ့ မြန်မာနိုင်ငံမှာတွေ့ရတဲ့ “ငေါင်း”ပုံအဖြစ်မျှဝေနေတဲ့ပုံအမှား

မြန်မာနိုင်ငံ ကရင်ပြည်နယ်မှာ တွေ့ရတဲ့ “ငေါင်း”လို့ခေါ်တဲ့ သတ္တဝါအဖြစ် လူတစ်ယောက်ရွှံ့နွံလူးထားဟန်နှင့် သဏ္ဌာန်တူ ဓာတ်ပုံအချို့နှင့်အတူ ဖေ့စ်ဘွတ်နဲ့ ယူကျူချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ  ရေညှိနဲ့ရွှံ့နွံအသုံးပြုပြီး ပြင်သစ်အနုပညာရှင် တစ်ဦးဖန်တီးထားတဲ့ အနုပညာ လက်ရာတွေဖြစ်ပါတယ်။  â€œá€€á€›á€„á€şá€•á€źá€Šá€şá€”á€šá€şá€™á€žá€Źâ€‹á€á€˝á€ąá€ˇá€œá€­á€Żá€€á€şá€›á€á€˛á€ˇ မျိုးသုန်း​ပျောက်ကွယ်လုနီးပါးဖြစ်တဲ့ “​ငေါင်း”လို့ရေးသားပြီး “Today MM”အမည်နဲ့ ယူကျူချန်နယ်က မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  |  Archive link ထို့အပြင် “ဒီကနေ့ပဲ ကမ်မ္ဘောဒီးယား Page တစ်ခုကနေ ပြန့်လာတာခပ်ဆန်းဆန်းလူလိုလိုသရဲလိုလိုနဲ့ သတ္တဝါတစ်ကောင်ပုံကို တော်တော်များများက ဘာကောင်းလဲသိချင်ကြပြီး၊ တစ်ချို့ကတော့ သစ်သားကိုထွင်း ထုထားတာလို့ဆိုကြပါတယ်။ တကယ်တော့ဒီသတ္တဝါဟာ မျိုးတုန်းလုနီးပါး ပျောက်ကွယ်နေသော ငေါင်းဆိုတော့ သတ္တဝါသာဖြစ်ပါတယ်။ ရှေးအခါက ဒေါနတောင်တန်းတွင် အများအပြားတွေ့ရတတ်ပြီး၊ ယခုအခါမှာတော့ မရှိသလောက်ကိုရှားသွားပြီဖြစ်ပါတယ်။ လူတော်တော်များများက […]

Continue Reading

Fact Check: ဧရာဝတီတိုင်းမှာ ကိုဗစ်မျိုးစိပ်အသစ်တွေ့ရှိတယ်ဆိုတာ မဟုတ်ပါ

ဧရာဝတီတိုင်းမှာ ကိုဗစ်မျိုးစိပ်အသစ်တွေ့ရှိရတယ်လို့ ဇန်နဝါရီ ၁၀ ရက်မွန်းလွဲပိုင်းမှာ လူမှုကွန်အသုံးပြု သူများအကြား စတင်ပျံ့နှံ့လာခဲ့တဲ့ ဒီသတင်းဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဧရာဝတီစင်တာ(မန္တလေး)မှာ ကိုဗစ်မျိုးစိပ်အသစ်တွေ့ရှိတယ်လို့ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းမှာ ရွှေမဟာနွယ် သွေးနှင့်ပရဟိတအသင်း ဥက္ကဌ မရွှေမဟာနွယ်အကောင့်ကနေ အတည်မပြုနိုင်တဲ့ သတင်းစတင်ဖြန့်ဝေပြီး နောက်မှာ အခုလို ဧရာဝတီတိုင်းမှာ ကိုဗစ်မျိုးစိတ်အသစ်တွေ့တယ်ဆိုပြီးတော့ ထပ်မံပြန့်နှံ့လျက်ရှိတာ တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများအကြားပျံ့နှံ့ခဲ့သောပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ဒီနေရာ၊ ဒီနေရာ ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ “ကိုဗစ်မျိုးစိတ်ကွဲ ဧရာဝတီတိုင်းတွင် စတင်တွေ့ရှိပါပြီလို့သိရပါတယ်.. အလွန်ကူးစက်မြန်ပါတယ်.. သတိထားကြပါ GSL ”လို့ရေးသားပြီး “Aung Naing Htwe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဇန်နဝါရီ ၁၀ ရက်နေ့လည်ပိုင်းမှာ ထပ်မံ မျှဝေခဲ့ပါတယ်။ မူရင်းလင်ခ့် –  Fb link […]

Continue Reading

Fact Check: “သူခိုး”အမည်နဲ့ ဝတ္ထုစာအုပ်အတွက် ဦးသိန်းထွန်းဦးက တရားစွဲ မယ်ဆိုတာမဟုတ်ပါ

ရွေးကောက်ပွဲကာလအတွင်းက ထင်ယောင်ထင်မှားဖြစ်စေတဲ့ အချက်အလက်တွေနဲ့ သတင်းတုသတင်းမှားတွေ ဖန်တီးမျှဝေခဲ့ကြရာမှာ အချို့သောအကြောင်းအရာတွေကို ရွေးကောက်ပွဲအပြီးမှာ အချိန်ကာလနဲ့ ကိုက်ညီအောင် ရေးသားပြီး ထပ်မံမျှဝေနေတာတွေ့ရပါတယ်။ ဒီအထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ(USDP)က ဦးသိန်းထွန်းဦးက ဟာသဝတ္ထုစာရေးဆရာ အကြည်တော် ကို သူရေးတဲ့ဝတ္ထုအတွက် တရားစွဲမယ်ဆိုတဲ့ ပို့စ်တစ်ခုလည်းပါဝင်ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ NLD ပါတီကို အပြတ်အသတ်ရှုံးနိမ့်ရခြင်းမှာ အဓိက အကြောင်းအရင်းဟာ အကြည်တော်ရဲ့ “သူခိုး”အမည်နဲ့ စာအုပ်ကြောင့်ဖြစ်တယ်လို့ သုံးသပ်ရရှိလို့ ဦးသိန်းထွန်းဦးက တရားစွဲ ဆိုသွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေနေတာဟာ သတင်းတုသတင်းမှားတစ်ခုဖြစ်တာကို Fact Crescendo Myanmar တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါ အတိုင်း တွေ့ရပါတယ်။ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ “#အကြည်တော်ဘက်လှည့်သွားပြန်ပြီ မိမိတို့ပြည်ခိုင်ဖြိုးပါတီ NLD […]

Continue Reading

Fact Check: လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မတက်ရင် ထောင်ကျနိုင်လား- မဟုတ်ပါ

တတိယအကြိမ်လွှတ်တော်ကို ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ကျင်းပဖို့အတွက် ကိုယ်စားလှယ်တွေကို  နှိုးဆော် ခေါ်ယူနေချိန် ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မတက်ရင် ထောင်ကျ နိုင်တယ်လို့ ရေးသားပြီး လူမှုကွန်ယက်မှာ မျှဝေနေတာ တွေ့ ရပါတယ်။ လွှတ်တော်နာယက က လွှတ်တော်ခေါ်ချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်လာမတက်ရင် ထောင်ကျခံရမယ်လို့ရေးသားမျှဝေနေတာဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်ကမှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက အစိုးရဖွဲ့နိုင်တဲ့အရေ အတွက်ထက် ကျော်လွန်ပြီး အနိုင်ရထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီ(USDP) က ၃၃ နေရာသာအရွေး ချယ်ခံထားရပါတယ်။ သို့သော်လည်း လွှတ်တော်မတက်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ထောင်ဒဏ်ချ မှတ်နိုင်တယ်ဆိုတဲ့ ပြဌာန်းချက်မျိုး Fact Crescendo Myanmar အနေနဲ့ မတွေ့ရပါဘူး။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ […]

Continue Reading

Fact Check: ၄ တန်းပဲအောင်တဲ့ လှိုင်မြို့နယ် NLD အမတ်အဖြစ် သတင်းမှား ဖြန့်

ဘွဲ့ရကျောင်းအုပ်ကြီးနှင့် ၄ တန်းအောင်လွှတ်တော်အမတ်ဆိုပြီးတော့ ပို့စ်တစ်ခုရေးသားလျက်လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ “လွှတ်တော်အမတ်လုပ်ချင်တယ်ဝေ့”လို့ ခေါင်းစဉ်တပ်ပြီးရေးသားထားတဲ့ ဒီပို့စ်မှာ နိုင်ငံရေး တိုက်ခိုက်မှု အသုံးအနှုန်းအချို့နှင့်အတူ ၄ တန်းအောင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ တစ်လကို ၁၆ သိန်း လောက်ရနေပေမဲ့လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကတော့ နေ့တွက်သာရကြတဲ့အကြောင်း ရေးသားထားပါတယ်။ ပို့စ်ရဲ့အောက်ခြေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရင်ထိုးတံဆိပ်၊ ပင်နီဝတ် အမျိုးသားတစ်ဦးကို ၄ တန်းအောင်အမတ်လို့ ရေးသားထားပြီး ၄◌င်းနှင့်အတူ ရပ်နေတဲ့ အင်္ကျီအဖြူဝတ် ခပ်ယို့ယို့အမျိုးသား တစ်ဦး ကိုတော့ ဘွဲ့ရကျောင်းအုပ်လို့ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါ အတိုင်းတွေ့ရပါတယ်။ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “လွှတ်တော်အမတ် #ပုံမှန်လစာ တလ….၁၀ သိန်း လွှတ်တော် #နေ့တွက်စားရိတ် တရက်၂ သောင်း(တလလျှင် ၆သိန်း) #စုစုပေါင်း (တလ ၁၆သိန်း× […]

Continue Reading

Fact Check: သတိ- Facebook အမည်နှင့် Messenger အမည်အသုံးပြုပြီး ကိုယ်ပိုင်အချက်အလက်များကို တောင်းယူနေပါသည်

(Facebook )ဖေ့စ်ဘွတ် စာမျက်နှာအများအပြားကို မူဝါဒနှင့်မညီညွှတ်မှုကြောင့်  အတည်ပြုတာ လုပ်ခိုင်းတဲ့ ဖေ့စ်ဘွတ်စာ မျက်နှာတစ်ခုကို Fact Crescendo Myanmar က သတိပြုမိပါတယ်။ အလားတူ Messenger (မက်ဆေ့ဂျာ) နောက်ဆုံးထွက်ဗားရှင်း ရရှိဖို့အတွက် အတည်ပြုချက်ရယူပါလို့ ဖော်ပြနေတဲ့ ပို့စ်တွေကိုလည်း ဒီရက်ပိုင်းအတွင်းမှာတွေ့ရပါတယ်။  ဖေ့စ်ဘွတ်အမှတ်တံဆိပ်နဲ့ “Blue Vèrification Badge Page Security”ဆိုတဲ့ စာမျက်နှာဟာ Fact Crescendo Myanmar အပါအဝင် စာမျက်နှာပေါင်းများစွာကို ဖေ့စ်ဘွတ်ရဲ့ အတုအပပြုလုပ်မှုဆိုင်ရာ မူဝါဒနဲ့ ညှိစွန်းနေတဲ့ အတွက် အောက်ပါလင့်ခ်ကို နှိပ်ပြီး အတည်ပြုချက်ရယူဖို့နဲ့ မလုပ်ရင် အကောင့်ကို ဖျက်သိမ်းမယ်ဆို ပြီးတော့ ရေးသားထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက အဖွဲ့အစည်းများနဲ့ သတင်းဌာနအများစုကို အခုလို ဖော်ပြခဲ့တဲ့ ဒီနာမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ အခုချိန်မှာတော့ ဖေ့စ်ဘွတ်မှာတွေ့ရှိရခြင်း […]

Continue Reading