Fact Check: ဆန္ဒပြစဉ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ မကြယ်စင်ရဲ့ အလောင်းကို စစ်သားတွေက တူးဖော်နေပုံလား-မဟုတ်ပါ
မန္တလေးမှာ ဆန္ဒပြရင်းပစ်သတ်ခံခဲ့ရတဲ့ မကြယ်စင်ရဲ့ အလောင်းကို စစ်သားတွေက တူးဖော်နေတဲ့အထောက် အထားအဖြစ် စစ်သားတွေမြေကျင်းတူနေဟန်ပုံတွေကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မကြယ်စင်အပါအဝင် မတ် ၁၁ ရက်အထိ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရင်း သေနတ်ထိမှန် သေဆုံးခဲ့ရသူ ၇၀ ကျော်ရှိပြီဖြစ်ပါတယ်။ မကြယ်စင်ဟာ သူ့မသေခင်ဖေ့စ်ဘွတ်မှာ ရေးသားချက်တွေနဲ့ သေနတ်နဲ့ အပစ်ခံရအပြီး သေဆုံးခဲ့ရချိန်မှာ လူမှုကွန်ယက်အသုံးပြုသူများအကြား တမုဟုတ်ခြင်း ပျံ့နှံ့ခဲ့ပါတယ်။ ထို့အပြင် သေဆုံးသူမကြယ်စင်ရုပ်လောင်းကို စစ်တပ်က ပြန်လည်တူးယူခဲ့တာလည်းတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ မကြယ်စင်ရဲ့ အလောင်းကို တူးဖော်နေတဲ့ပုံတွေမဟုတ်ပါဘူး။ “မကြယ်စင် ရုပ်အလောင်းဖွင့်ဖောက်ခြင်း 5-3-2021(ည)”လို့ ရေးသားပြီး “ပြည်တွင်း ပြည်ပ နေ့စဉ်သတင်းများ နှင့် သုတရသ ဗဟုသုတများ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ […]
Continue Reading
