Fact Check: UEC ဦးလှသိန်း ဖော်ကောင်လုပ်ပြီ၊ မဲမသမူရှိခဲ့ကြောင်းဝန်ခံလို့ သတင်းတုသတင်းမှားဖြန့်

မဲလိမ်စားတဲ့စာရင်း ထုတ်မပြနိုင်တာ NLD ကခိုင်းလို့လုပ်ရတာဖြစ်ပြီး သူ့မှာအပြစ်မရှိပါကြောင်း UEC ဦးလှသိန်းဖော်ကောင် လုပ်ပြီဆိုပြီးတော့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူတွေ ရာဂဏန်းကပြန်လည်မျှဝေ လျက်ရှိတာတွေ့ရပါတယ်။ ဒီပို့စ်မှာပဲ NLD ပါတီ CEC အဖွဲ့နဲ့ UEC တို့ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က နေပြည်တော် NLD ရုံးချုပ်မှာ အစည်းအဝေးလုပ်ခဲ့ပြီး ရွေးကောက်ပွဲမတိုင်ခင် ၅ လအလိုတုန်းကလည်း နေပြည်တော်မှာ UEC အဖွဲ့တွေနဲ့ အစည်းအဝေး လုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “#မောင်လှသိန်းကတော့ကိုယ်လွတ်ရုန်းပြီခွတ်ဒေါင်းသွေးရဲလေပြီ”လို့ အစချီထားပြီး  “ကြားရတဲ့သတင်းအရ ဦးလှသိန်းက ၎င်းအား စစ်ဆေးသည့်အချိန် အာဏာရှိသူလုပ်ခိုင်းလို့လုပ်ရတာကြောင့် သူ့အပြစ်မဟုတ်ကြောင်း မဲစာရင်းများလိမ်ထားသော်လည်း NLD ပါတီက မထုတ်ပြခိုင်း၍ မထုတ်ပြခဲ့ရတာဖြစ်ကြောင်း မထုတ်ပေးရန်ပြောဆိုထားသည့်  သက်သေများလည်းပေးမည်ဟု ပြောဆိုထားကြောင်း မြို့နယ် […]

Continue Reading

Fact Check: မြိုင် PDF က ကလေးတွေကို ခြိမ်းခြောက်ဆန္ဒပြခိုင်းတဲ့ ဓာတ်ပုံလား- မဟုတ်ပါ

မြိုင် PDF တွေက ကလေးသူငယ်တွေကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး ဆန္ဒပြခိုင်းတဲ့ ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူတွေ အတော်များများက ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ ထုတ်ပြန်ခဲ့တဲ့ PDF အစောင့်အရှောက်နဲ့ ဆန္ဒပြပွဲ ဓာတ်ပုံသာဖြစ်တာတွေ့ရပါတယ်။ “***နစက အစိုးရ မြင်နိုင် ကြားနိုင် သိနိုင်ပါစေ*** မြိုင်အကြမ်းဖက်PDFမှ ကလေးသူငယ်များအား လက်နက်ဖြင့်ခြိမ်းခြောက်၍ ဆန္ဒပြခိုင်းကြောင်းသိရ”စသည်ဖြင့်ရေးသားပြီး “–”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး ရှာဖွေရာမှာ ဒီဓာတ်ပုံဟာ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ် ကော်မတီ ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေထဲက ဓာတ်ပုံတစ်ပုံကို အသုံးပြုပြီး လိုသလို ပြန်လည်ရေးသားမျှဝေနေ တာတွေ့ရပါတယ်။ “Basic […]

Continue Reading

Fact Check:  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုတ်မာမှု ၆ ခုဆိုပြီးတော့ ဝါဒဖြန့် သတင်းမှားဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည် လိမ်ညာ လာဘ်စားထားတဲ့ အချက် ၆ ချက်ကို ပြည်သူလူထုသို့ မကြာခင် အသိပေး တော့မယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာပျံ့နှံ့ခဲ့ပါတယ်။  တကယ်တော့ ဒီစွပ်စွဲချက်တွေဟာ အထောက်အထားမတွေ့ရဘဲ သတင်းတုသတင်းမှား ဖြန့်ချိနေခြင်းဖြစ်ပါ တယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ OIC ထဲကနေ ငွေလက်ခံမှုကို ဦးဖြိုးမင်းသိန်းနဲ့ ဦးရဲမင်းဦး တို့ဖွင့်ဟချက်၊ ရွှေတိဂုံဘုရားကနေ ရွှေပြားတန် ၄၀ ခွာပြီး တန် ၂၀ ပဲ ပြန်ကပ်လှူမှု၊ ဆလုံကျွန်းများကို အင်္ဂလန်ကုမ္ပဏီတွေကို လျို့ဝှက်ရောင်းချမှု၊ ပြင်ဦးလွင်က မြေဧက ၇၀ နဲ့ ဦးသိန်းစိန်လက်ထက် ရွှေစင် ၇ တန်နဲ့ ဘင်္ဂလီအိမ်ဆောက်မှု၊ ဒေါ်အောင်ဆန်းစုကြည်အစစ်မဟုတ်ဘဲ လူပုဂ္ဂိုလ်အတုအစားထိုးထားမှုစတဲ့ စွပ်စွဲချက်တွေပါဝင်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါ စာသားတွေအတိုင်း […]

Continue Reading

Fact Check: ဒီဓာတ်ပုံက မင်းကင်းမှာPDF စခန်းအားမီးရှို့ဖျက်ဆီးမှုလား-မဟုတ်ပါ

မင်းကင်းမှာ PDF စခန်းတစ်ခု မီးရှို့ဖျက်ဆီးမှုဆိုပြီးတော့ ဓာတ်ပုံ ၃ ပုံနှင့်အတူ မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံ ၃ ပုံမှာ အဝေးမှာ မီးလောင်နေတဲ့ မြင်ကွင်း၊ လူ ၃ ယောက်မှောက်လျှက်သားဖမ်းဆီးထားပုံနဲ့ လက်လုပ်သေနတ်အနည်းငယ်ကို စီတန်းရိုက်ထားတဲ့ ဓာတ်ပုံတွေပါဝင်ပါတယ်။  သို့သော် မီးလောင်နေတဲ့ဓာတ်ပုံဟာ မင်းကင်းမြို့နယ် ဘင်ကျေးရွာ မီးရှို့ခံရမှုက ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “ဖေဖော်ဝါရီ ၂၊ ၂၀၂၂။ အင်အား၃၀၀ကျော်ရှိသော မင်းကင်းpdf စခန်းတဲတွေကို တပ်တော်မှတိုက်ခိုက်ပီး PDF၃၅ဦးကိုဖမ်းဆီးမိသွား PDFအမျိုးသား၃ဦးနားထင် စနိုက်ပါမှန်သေဆုံး စခန်းအားမီးရှိုဖျက်ဆီးခဲ့ #စွန်ရဲ ”လို့ “အစိမ်းရောင် ချစ်သူ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၄၀၀ ကျော်ရှိပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက ၂၀၁၇ ခုနှစ်က စစ်တပ်ထောက်ခံပွဲက ဓာတ်ပုံတွေသာ ဖြစ်တယ်

ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မှာကျင်းပခဲ့တဲ့ စစ်အစိုးရထောက်ခံပွဲဆိုပြီးတော့ အင်္ကျီအဖြူ လွှမ်းမိုးတဲ့ စီတန်း လှည့်လည်နေတဲ့ ဓာတ်ပုံ ၃ ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  တကယ်တော့ ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်က စစ်တပ်ထောက်ခံပွဲတစ်ခုကဓာတ်ပုံတွေသာဖြစ်ပါတယ်။ ဝါ၊စိမ်း၊နီအလံကိုင်လူအချို့နဲ့ ဆိုင်းဘုတ်ကိုင်လူအချို့လည်းပါဝင်တဲ့ အပေါ်စီး ကနေရိုက်ကူးထားတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ “Yangon မြန်မာ့တပ်မတော်ထောက်ခံပွဲနှင့်အကြမ်းဖက်ရှုတ်ချပွဲ”လို့ ရေးသားပြီး “Naing Thein Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော်ဝါရီ ၁ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၃၀၀ ကျော်ရှိပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ မှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link ဒီကနေ့ ရန်ကုန်မှာ တပ်မတော် အစိုးရအား ပြည်သူလူထုက […]

Continue Reading

Fact Check: တောင်ငူလေတပ်ထဲကို SU-30 SME အစီးရေ ၃၀ ကျော်ဆင်းတဲ့ပုံလား-မဟုတ်ပါ

​တောင်ငူလေတပ်ထဲကို ရုရှားလုပ် SU-30 တိုက်လေယာဉ်အစီးရေ ၃၀ ကျော်ဆင်းလာတဲ့ပုံဆိုပြီးတော့ ဓာတ်ပုံ တစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ အတော်များများက မျှဝေခဲ့တာတွေ့ရပါတယ်။ ဓာတ်ပုံထဲမှာ အပြာရောင်လွှမ်းမိုး တဲ့ တိုက်လေယာဉ် အတော်များများ တန်းစီရပ်ထားတဲ့ မြင်ကွင်းပါတယ်။ သို့သော်လည်း ဓာတ်ပုံဟာ ရုရှားနိုင်ငံထဲက မြင်ကွင်းတစ်ခုသာဖြစ်တာတွေ့ရပါတယ်။ “တပခ. လေတပ်ထဲကို…ည.၉နာရီကတဲ.ဆင်လာတဲ့ SU-30 SME. လေယာဉ်အုပ်စု..အစီး..၃၀.ကျော်နေပြီ အစီးရေ..၅၀ ဆင်းမယ်တဲ့ရုရှားက..ပို့လာတဲ့ လေယာဉ်တွေ 18-1-22 Sittway Thitsar ….ကရင်ပြည်နယ် MinThwe #crd”လို့ရေးသားပြီး “စစ်ပြန် ကို မြင့်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာတွေ့ရပါတယ်။ တပခ ဆိုတာကတော့ တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အတိုခေါက်ခေါ်ဆိုတာဖြစ်ပါတယ်။ တူညီတဲ့ရေးသားဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link […]

Continue Reading

Fact Check: ဒရုန်းကနေ သေနတ်ပစ်တဲ့ဗွီဒီယိုက ၂၀၁၅ ခုနှစ်က အမေရိကန်က ဖြစ်စဉ်သာဖြစ်

မြန်မာနိုင်ငံမှာ ဒရုန်းကိုသေနတ်တပ်ပြီး ပစ်ခတ်စမ်းသပ်အောင်မြင်မှုဆိုတဲ့ ဗွီဒီယိုတစ်ခု ယနေ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံမှုအားကောင်းလာပြီး ဖေ့စ်ဘွတ်အသုံးပြုတွေအကြားမှာနားလည်မှုလွဲစေနိုင်တာတွေ့ရပါ တယ်။  á€—ွဎဒဎယိုထဲမသဏ ဒရုန်းယာဉ်တစ်စင်းဟာ တောတွင်းတစ်နေရာမှာ ရှေ့တိုးနောက် ဆုတ်အနိမ့်အမြင့်နဲ့ သေနတ်ကို တစ်ချက်ချင်းပစ်ခတ်ပြတဲ့ မြင်ကွင်းပါဝင်ပြီး မှတ်ချက်ပေးသူအများအပြားကလည်း ဒီလိုအောင်မြင်မှုအတွက် ချီးကျူးခဲ့ကြပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ၂၀၁၅ ခုနှစ်အတွင်းကတည်း အင်တာနက်မှာပျံ့နှံ့ခဲ့ဖူးပါတယ်။ “Drone နဲ့ ပစ်ခက် စမ်းသပ်မှု့ အောင်မြင် တော်လိုက်တဲ့ အမေ့သားတွေ “လို့ရေးသားပြီး “KĂľ Ĝýî”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၇၀၀ ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် Youtubeမှာအဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ဗွီဒီယိုကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ […]

Continue Reading

Fact Check: ဒီဓာတ်ပုံက NUG ရဲ့ ကိုယ်ပျောက်နည်းပညာသုံး ဒရုန်းလား-မဟုတ်ပါ

တမူးမြို့သို့ လေ့လာရေးရောက်ရှိလာတဲ့ NUG နည်းပညာသုံးကိုယ်ပျောက်ဒရုန်းတစ်စင်းပုံဆိုပြီးတော့ အနီရောင် ဒရုန်းတစ်စင်းဓာတ်ပုံဟာ ပျံ့နှံ့မှုအားကောင်းခဲ့ပြီး ဖေ့စ်ဘွတ်အသုံးပြုတွေအကြားမှာ နားလည်မှုလွဲစေနိုင် တာတွေ့ရပါ တယ်။ တကယ်တော့ ဓာတ်ပုံဟာ လွန်ခဲ့တဲ့ ၂ လကစပြီး တရုတ်ကုမ္ပဏီတစ်ခုက ဈေးကွက်မှာရောင်းချနေတဲ့ စိုက်ပျိုး ရေးလုပ်ငန်းသုံး ဒရုန်းမော်ဒယ်တစ်မျိုးရဲ့ ဓာတ်ပုံဖြစ်ပါတယ်။ “ယနေ့ တမူးမြို့ တမူးခရိုင် အတွင်း လေ့လာရေး ဖြစ်ရောက်ရှိလာတဲ့ ပြည်သူ များ အားကိုးတဲ  NUG technology နည်းပညာ ကိုယ်ပျောက် drone၊…..မိုင်၁၂၀ ထိ ရောက်ရှိ နိုင်ပြီး ၊ ၄၈ နာရီ ထိသုံးပြုနိုင် တဲ နောက်ဆုံးပေါ် drone”လို့ရေးသားပြီး ” Demo Michelle Zora “အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဇန်နဝါရီ ၉ ရက် အောက်ပါအတိုင်းမျှဝေထားရာမှာ […]

Continue Reading

Fact Check: NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ နစက ဗိုလ်ချုပ်တစ်ဦး ငြိမ်းချမ်းရေး ဆွေးနွေးဆိုတဲ့ သတင်းတု

NUG က ဦးရည်မွန်နဲ့ နစက က ဗိုလ်ချုပ်ရာပြည့်တို့ ချင်းမိုင်မြို့မှာ ညှိနှိုင်းကြတယ် ဆိုပြီးတော့ ရေးသား မျှဝေထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေနေတာဟာ မှားယွင်းကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်းရဲ့ ဖေ့စ်ဘွတ်အကောင့်ကတစ်ဆင့် ပြန်လည်ရှင်းလင်းထားပါတယ်။ “ပထမဆုံး အတိကျ နှစ်သစ်ကူးလက်ဆောင်သတင်းကောင်း နှစ်သစ်မှာ ငြိမ်းချမ်းပါစေ နစက နှင့် NUG တို့ ချင်းမိုင်မှာ ညှိနိုင်းကြပါတယ်ခင်ဗျာ… GSL 100% 100% 100% 100% ပါ ခင်ဗျ အန်ယူဂျီ ဉီးရည်မွန်မှ ရရှိသတင်းမှန်ပါ သတင်းမှားလျင် တရားစွဲပါ အခုပင် ချင်းမိုင်မြို့ရဲ့ ဟိုတယ်တခုမှာ ဗိုလ်ချုပ်ယာပြည့်နဲ့ ချီးယား ကြပါတယ် အားလုံးကို ကျေးဇူးတင်ပါတယ် ဂိုလ်ရှယ်လေး […]

Continue Reading

Fact Check: ၂၀၁၇ ခုနှစ်က အင်းဒင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ် ဓာတ်ပုံကို အသုံးပြုပြီး သတင်းတုဖြန့်

ဘင်္ဂလားနယ်စပ်မှာ အာဆာ(ARSA)အကြမ်းဖက်အဖွဲ့က ၃၀ ဦး မနေ့က ဖမ်းဆီးရမိပုံဆိုပြီးတော့ မျှဝေလျှက်ရှိပါ တယ်။ သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာမှာ သတ်ဖြတ်ခံလိုက်ရသူတွေရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။  â€œá€™á€ą မြန် မာ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“ဘဂလ နယ်စပ်မှာ ARSA အကြမ်းဖက်အဖွဲ့(၃၀) ဦး မနေ့က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်”လို့ ရေးသားထားပြီး ဒီဇင်ဘာ ၁၈ ရက်က အောက်ပါအတိုင်း မျှဝေထား ပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ ယခုရက်ပိုင်းအတွင်း ARSA အဖွဲ့ဝင်တွေ ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းဖော်ပြချက်မျိုး သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေက ဖော်ပြချက်မျိုးမတွေ့ရပါဘူး။ Google မှာ […]

Continue Reading