Fact Check: ၂၀၂၀ ခုနှစ်အတွင်းက ဆူဒန်နိုင်ငံလောင်စာပြတ်လပ်မှု မြင်ကွင်း ဓာတ်ပုံဟာ မြန်မာနိုင်ငံကအဖြစ် ပျံ့နှံ့မှုအားကောင်းနေ

ရန်ကုန်က ဓာတ်ဆီဆိုင်တစ်ဆိုင်ရှေ့မှာ ဆီဖြည့်ဖို့ တမျှော်တခေါ် တန်းစီနေကြရတဲ့ကားတန်းကြီးဆိုပြီး ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာ ယနေ့(ဧပြီ ၁၉ ရက်)ကစပြီး ဓာတ်ဆီအကြပ်အတည်းဖြစ်ပေါ်နေပြီး အချို့ဆိုင်တွေမှာ ကန့်သတ်ရောင်းချမှုတွေရှိပါတယ်။ (သတင်းတွေကို ဒီနေရာ၊ဒီနေရာမှာတွေ့ရပါတယ်) ဒီလိုအခြေအနေမှာပဲ ဓာတ်ဆီဆိုင်တစ်ဆိုင်လို့ ယူဆရတဲ့ နေရာတစ်ခုရှေ့မှာ ကားတွေ ဘေးပတ်ပတ်လည်က စီတန်းနေတဲ့ ဓာတ်ပုံနဲ့အတူ “The Modern Cook”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက“ရန်ကုန်မြို့ရဲ့ ဓာတ်ဆီ ဆိုင်တစ်ဆိုင်ရှေ့ နွေနေပူပူမှာ ဆီဖြည့်ဖို့ တမျှော်တခေါ် တန်းစီနေကြရတဲ့ ကားတန်းကြီး … Photo – Aung Myo Htay” စသည်ဖြင့် ရေးသားပြီး ဓာတ်ပုံကိုအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၁၀ ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက ၂၀၁၇ ခုနစ်ကရန်ကုန်နဲ့ မန္တလေးကသင်္ကြန်ကျခဲ့တဲ့ မြင်ကွင်း ဓာတ်ပုံတွေသာဖြစ်တယ်

ယခုနှစ် မြန်မာနှစ်ကူး သင်္ကြန်ကို စစ်တပ်က စည်စည်ကားကားကျင်းပဖို့ ကြံရွယ်ပြီး အထင်ကရမြို့ကြီးတွေမှာ မဏ္ဍပ်ကြီးတွေဆောက်လုပ်နေပေမဲ့ အများပြည်သူက သပိတ်မှောက်ထားတာကြောင့် လူသူကင်းမဲ့နေပါတယ်။ ဒီလိုအခြေအနေမှာ ရန်ကုန်နဲ့ မန္တလေးက မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်စည်ကားနေပုံဆိုပြီးတော့ ဓာတ်ပုံပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူ တွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ “ဟစ်တိုင် – အွန်လိုင်းသတင်းဌာန”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက“ရန်ကုန် မြို့တော်ဝန်သင်္ကြန် မဏ္ဍပ်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ” စသည်ဖြင့် ရေးသားပြီး  ဓာတ်ပုံ ၅ ပုံကို ယနေ့ (ဧပြီ ၁၃ ရက်)က အောက်ပါအတိုင်းမျှဝေ ထားရာမှာ ၈ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၁၉၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  ထို့အတူ ဒီစာမျက်နှာကပဲ“မန္တလေး မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ”လို့ရေးသားပြီး ဓာတ်ပုံ ၁၄ […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက စစ်ကိုင်းတိုင်း ပုလဲက မီးရှို့ခံရတဲ့ ဓာတ်ပုံဖြစ်တယ်

မီးတောက်များစွဲလောင်နေသည့် မြင်ကွင်းဓာတ်ပုံ  ၂ ပုံကို ကယားဖြစ်စဉ်အဖြစ် ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ် အသုံးပြုအချို့က ပြန်လည် မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံ ၂ ပုံဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “ကယားရေ😓💔ရင်နာလိုက်တာ” စသည်ဖြင့် ရေးသားပြီး “Wa Na Kyaw Htain”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါ အတိုင်းမျှဝေထားပြီး လိုက်ခ် ပြုလုပ်ထားသူပေါင်း ၂ ထောင်ကျော်နဲ့ ပြန်လည်ဖြန့်ဝေထားသူ ၂ ရာကျော်ရှိတာ တွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ပထမဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ Eleven […]

Continue Reading

Fact Check: ဒီပုံတွေက ၂၀၁၈ ခုနှစ် ထိုင်ဝမ်ငလျင်က အပျက်အစီး ဓာတ်ပုံတွေဖြစ်တယ်

ထိုင်ဝမ် ၅ မိနစ်အတွင်း အင်အားပြင်းငလျင် ၃ ကြိမ်လှုပ်ခတ်ခဲ့ပြီးနောက် အပျက်အစီးတွေအဖြစ် အထပ်မြင့်တိုက် တွေယိုင်လဲနေတဲ့ဓာတ်ပုံ ၃ ပုံနှင့်အတူ ပို့စ်တစ်ခုကို မျှဝေထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ဒီပို့စ်ကို ပြန်လည်မျှဝေခဲ့ကြပါတယ်။ ထိုင်ဝမ်မှာ မြန်မာစံတော်ချိန် ၂၀၂၂ ခုနှစ် မတ် ၂၃ ရက်အစောပိုင်းက ငလျင်လှုပ်ခတ်ခဲ့တာမှန်ပေမဲ့  ဓာတ်ပုံတွေ က ၂၀၁၈ ခုနှစ် ငလျင်က ဓာတ်ပုံတွေဖြစ်တာတွေ့ပါတယ်။  “ထိုင်ဝမ် ၅ မိနစ်အတွင်း M6.9 / 6.1/ 5.7 အင်အားပြင်းငလျင် ၃ ကြိမ်လှုပ် ”လို့ရေးသားပြီး “Myanmar Journal”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ၂၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှု အကြိမ်အရေအတွက် ၁ ထောင် ၂ ရာဝန်းကျင်ရှိပါတယ်။ […]

Continue Reading

Fact Check: စစ်ပွဲကာလအတွင်းမှာ ရုရှားနဲ့ ယူကရိန်းကချစ်သူ ၂ ဦးချစ်နေပုံလား-မဟုတ်ပါ

စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြားက ချစ်သူနှစ်ဦးရဲ့ချစ်ခြင်းဆိုပြီးတော့ အပြာနဲ့အဝါစပ်အလံခြုံထားတဲ့ အမျိုးသား ကောင်လေးနဲ့ ဖြူ၊ပြာ၊နီစပ်ကြားအလံခြုံထားတဲ့ကောင်မလေးတစ်တို့ ရင်ချင်းအပ်နေတဲ့ ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်မှာပျံ့နှံ့လျက်ရှိပါတယ်။  ဖြူ၊ပြာ၊နီစက်ကြားအလံဟာ ရုရှားနိုင်ငံအလံဖြစ်ပြီး အပြာ၊အဝါစပ်အလံဟာ ယူကရိန်နိုင်ငံအလံဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား စစ်ပွဲစတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်စပြီး ဒီဓာတ်ပုံပျံ့နှံ့လာတာဖြစ်ပါတယ်။ “နှစ်နိုင်ငံကြား စစ်ဖြစ်နေပေမယ့် မင်းဟာ ငါ့ရဲ့ အချစ်ဆုံးပါပဲ” စသည်ဖြင့် ရေးသားပြီး ဓာတ်ပုံကို အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဓာတ်ပုံကို ပြန်လည်မျှဝေမှု ၁၅၀ ဝန်းကျင်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာ မှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အမေရိကန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ […]

Continue Reading

Fact Check: Box No. 88 ဇာတ်ကားရိုက်ကွင်းက မြင်ကွင်းဓာတ်ပုံတစ်ခုကို ယနေ့ထောင်ကလွတ်လာတဲ့ အိန္ဒြာကျော်ဇင်ပုံအဖြစ်ပျံ့နှံ့မှုအားကောင်းနေ

သရုပ်ဆောင် အိန္ဒြာကျော်ဇင်အပါအဝင် အနုပညာရှင်အချို့ ဒီကနေ့ ထောင်ကနေပြန်လည် လွတ်မြောက်လာတဲ့ သတင်းနဲ့ အတူ အိန္ဒြာကျော်ဇင် ကားပေါ်က ဆင်းလာတဲ့ ဓာတ်ပုံ ၁  ပုံကို အိမ်ပြန်ရောက်တဲ့ ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအား ကောင်းလျက်ရှိပါတယ်။  တကယ်တော့ ဒီဓာတ်ပုံဟာ ဓာတ်ပုံဟောင်းတစ်ပုံဖြစ်ပြီး ရုပ်ရှင်ရိုက်ကွင်းက ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။  â€œá€…á€­á€á€şá€‘á€Źá€¸á€”á€žá€œá€Żá€śá€¸á€žá€Źá€¸á€œá€žá€á€˛á€ˇá€›á€˝á€žá€ąá€™á€„á€şá€¸á€žá€™á€Žá€¸ ရဲ့  အိမ်အပြန် ခြေလှမ်း အောင်မြင်ပါစေ တိုင်းပြည်နဲ့ မိသားစုကို ဦးဆောင်နိုင်ပါစေ Maung Tun Wai 2-3-2022”လို့ရေးသားပြီး “Maung Tun Wai”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  ဒီဓာတ်ပုံကိုပဲ “ပြန်ရောက်ပါပြီ တဲ့.. ၂၊၃၊၂၀၂၂ Photo .Sai Zwe […]

Continue Reading

Fact Check: ရုရှားကျူးကျော်မှုကို ယူကရိန်းသမ္မတကိုယ်တိုင် စစ်ထွက်တိုက်နေတဲ့ ဓာတ်ပုံလား-မဟုတ်ပါ

ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး ရုရှားဟာ အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုသတင်းဟာ လူမှုကွန်ယက် အသုံးပြုသူများအကြား ရေပန်းစားတဲ့ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အင်းအားမမျှပေမဲ့ ယူကရိန်းသမ္မတကိုယ်တိုင် ရှေ့တန်းကနေ ခုခံကာကွယ်နေတယ်လို့ ချီးကျူးရေးသားထားတဲ့ ဓာတ်ပုံ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ်အတွင်းက ယူကရိန်းသမ္မတ ၂၀၂၁ ခုနှစ်ဧပြီလအတွင်းက  စစ်အခြေစိုက် စခန်းတွေကို သွားရောက်လည်ပတ်တုန်းက ဓာတ်ပုံဖြစ်ပါတယ်။ “ဒါကတော့ ယူကရိန်းသမ္မတပါ။ အခုတော့ ရှေ့တန်းမှာ စစ်သည်တွေနဲ့အတူ တွေ့မြင်ရပုံဖြစ်ပါတယ်။ သူဟာ အခုထိ ယူကရိန်းကို စွန့်ခွာထွက်ပြေးသွားခြင်း မရှိသေးပါဘူး။ ယူကရိန်းစစ်တပ်ဟာ ရုရှားထက် အများကြီး အင်အားနည်းပေမယ့် မျှော်မှန်းထားတာထက် ပိုပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒီနေ့က အဆိုးဆုံးတိုက်ပွဲကြီးတွေ ဖြစ်လာမယ့်နေ့လို့လဲ ကမ္ဘာက ခန့်မှန်းထားကြပါတယ်။ မြို့တော်ကို […]

Continue Reading

Fact Check: သရုပ်ဆောင် ပိုင်တံခွန်နဲ့ အိန္ဒြာကျော်ဇင် လွတ်မြောက်လာတဲ့ ကောလာဟလပျံ့နှံ့

သရုပ်ဆောင်ပိုင်တံခွန်နဲ့အိန္ဒြာကျော်ဇင်တို့ ဖေဖော်ဝါရီ ၁၂ ရက်မှာလွတ်မြောက်လာပြီဆိုပြီးတော့ အတည်မပြု နိုင်တဲ့သတင်းဟာ ဖေ့စ်ဘွတ်အသုံးပြုသူများ အကြားပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဒီသတင်းဟာ လက်ရှိ အချိန်အထိ အတည်မပြုနိုင်သေးကြောင်း သူတို့နှစ်ဦးရဲ့ ဆွေမျိုးသားချင်းတွေက ရှင်းလင်းထားပါတယ်။ “ပြည်ထောင်စုနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်တွင် သရုပ်ဆောင် ပိုင်တံခွန် နှင့် အိန္ဒြာကျော်ဇင်တို့ ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရပါတယ်။ ထိုသတင်းနှင့်ပတ်သက်ပြီး The Burmese Post အနေဖြင့် ထပ်မံအတည်ပြုဖို့ ကြိုးစားနေပါတယ်။ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက ​ေတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား (၈၁၄) ယောက် ပြန်လွှတ်ပေးခဲ့ပြီး အင်းစိန်အကျဉ်းထောင်က အကျဉ်းသား (၈၄)ဦး လွတ်မြောက်ခဲ့ပါတယ်။ #TheBurmesePost”စသည်ဖြင့် “The Burmese Post”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေခဲ့ရာမှာ ပြန်လည်မျှဝေမှုပေါင်း ၁ ထောင်ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check:  ဟိုဖိတ်ရွာမှာ KNPP နဲ့ PDF က အမျိုးသမီးတစ်ဦးကို မျက်လုံးဖောက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းမှား

 á€œá€˝á€­á€Żá€„်က္ဏ် ဟိုဖိတ်ကျေးရွာမှာ KNPP နဲ့ PDF က အမျိုးသမီးတစ်ဦးကို မျက်လုံးဖောက်သတ်ဖြတ်ခဲ့တယ်ဆိုပြီး ဓာတ်ပုံ ၃ ပုံကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။  သို့သော် ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီလုပ်ရပ်ဟာ သူတို့နဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုထားတာ တွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “KNPP, PDF ၏  War Crime (စစ်ရာဇဝတ်မှု) ကျူးလွန်ခြင်း”လို့ ခေါင်းစဉ်တပ် ရေးသားထားပါတယ်။ “KNPP+PDF အဖွဲ့တွေဟာ လွိင်ကော်မြိုနယ်၊ ဂေါ်ရခါးရွာမှာ ခိုအောင်းနေရာကနေ တပ်မတော်ရဲ့ တိုက်ခိုက်မှုကြောင့်  ဟိုဖိတ်ရွာသို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ထပ်မံလိုက်လံတိုက်ခိုက်ရာမှာ လူနေအဆောက်အဦ၊ ပြည်သူပိုင်အဆောက်အဦနဲ့ ဘာသာရေး အဆောက်အဦ များတွင် ပစ်ကျင်း၊ ပစ်ကုတ်များတူးပြီး ခံစစ်ပြင်ဆင်တပ်စွဲခြင်းနှင့် ရပ်ကွက်များ အတွင်း ဆက်သွယ်ရေး မြောင်းများ၊ သဲအိတ် ဘန်ကာများ၊ […]

Continue Reading

Fact Check: ထန်တလန်မီးရှို့ခံရမှုမြင်ကွင်းကို လွိုင်ကော်မြို့ကမြင်ကွင်းအဖြစ်ပျံ့နှံ့

ကယားပြည်နယ်မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ သတင်းတွေနဲ့အတူ လွိုင်ကော်မြို့အခြေအနေဆိုပြီး ဝေဟင်ကရိုက်ထားတဲ့ မီးဆွဲလောင်ပြီး မီးခိုးတန်းထွက်နေတဲ့ မြို့ပြမြင်ကွင်းကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင် ဂဏန်းက ဖေ့စ်ဘွတ်မှာမျှဝေခဲ့တာတွေ့ရပါတယ်။ ဒီဓာတ်ပုံမြင်ကွင်းနဲ့အတူ ကလေးငယ်ကို ချီပွေ့လျှက် သစ်ပင်ကို အကာအကွယ်ယူနေတဲ့ အမျိုးသမီး၊ သက်ကြီးရွယ်အိုတစ်ယောက်ကို ပျောက်ကျား ဝတ်စုံဝတ်လူ ငယ်တစ်ယောက်က ထမ်းပိုးလာဟန် ဓာတ်ပုံ ၂ ပုံလည်း ပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော်လည်း ဓာတ်ပုံ ၃ ပုံထဲက မီးလောင်နေတဲ့မြင်ကွင်းဓာတ်ပုံဟာ အောက်တိုဘာလထဲမှာ ထန်တလန်မြို့ မီးရှို့ခံရမှုဖြစ်စဉ်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “ဒါက Loikaw မြို့ မင်းတို့မြို့မဟုတ်ဘူး ကျော်သွားနော😭 #kayahstate💔”လို့ရေးသားပြီး “Khun Oo Reh”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်မျှဝေမှုပေါင်း ၁၈၀၀ ရှိပါတယ်။ အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading