Fact Check: သရုပ်ဆောင် ပိုင်တံခွန်နဲ့ အိန္ဒြာကျော်ဇင် လွတ်မြောက်လာတဲ့ ကောလာဟလပျံ့နှံ့

သရုပ်ဆောင်ပိုင်တံခွန်နဲ့အိန္ဒြာကျော်ဇင်တို့ ဖေဖော်ဝါရီ ၁၂ ရက်မှာလွတ်မြောက်လာပြီဆိုပြီးတော့ အတည်မပြု နိုင်တဲ့သတင်းဟာ ဖေ့စ်ဘွတ်အသုံးပြုသူများ အကြားပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဒီသတင်းဟာ လက်ရှိ အချိန်အထိ အတည်မပြုနိုင်သေးကြောင်း သူတို့နှစ်ဦးရဲ့ ဆွေမျိုးသားချင်းတွေက ရှင်းလင်းထားပါတယ်။ “ပြည်ထောင်စုနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်တွင် သရုပ်ဆောင် ပိုင်တံခွန် နှင့် အိန္ဒြာကျော်ဇင်တို့ ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရပါတယ်။ ထိုသတင်းနှင့်ပတ်သက်ပြီး The Burmese Post အနေဖြင့် ထပ်မံအတည်ပြုဖို့ ကြိုးစားနေပါတယ်။ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက ​ေတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား (၈၁၄) ယောက် ပြန်လွှတ်ပေးခဲ့ပြီး အင်းစိန်အကျဉ်းထောင်က အကျဉ်းသား (၈၄)ဦး လွတ်မြောက်ခဲ့ပါတယ်။ #TheBurmesePost”စသည်ဖြင့် “The Burmese Post”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေခဲ့ရာမှာ ပြန်လည်မျှဝေမှုပေါင်း ၁ ထောင်ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check:  ဟိုဖိတ်ရွာမှာ KNPP နဲ့ PDF က အမျိုးသမီးတစ်ဦးကို မျက်လုံးဖောက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းမှား

 á€œá€˝á€­á€Żá€„်က္ဏ် ဟိုဖိတ်ကျေးရွာမှာ KNPP နဲ့ PDF က အမျိုးသမီးတစ်ဦးကို မျက်လုံးဖောက်သတ်ဖြတ်ခဲ့တယ်ဆိုပြီး ဓာတ်ပုံ ၃ ပုံကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။  သို့သော် ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီလုပ်ရပ်ဟာ သူတို့နဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုထားတာ တွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “KNPP, PDF ၏  War Crime (စစ်ရာဇဝတ်မှု) ကျူးလွန်ခြင်း”လို့ ခေါင်းစဉ်တပ် ရေးသားထားပါတယ်။ “KNPP+PDF အဖွဲ့တွေဟာ လွိင်ကော်မြိုနယ်၊ ဂေါ်ရခါးရွာမှာ ခိုအောင်းနေရာကနေ တပ်မတော်ရဲ့ တိုက်ခိုက်မှုကြောင့်  ဟိုဖိတ်ရွာသို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ထပ်မံလိုက်လံတိုက်ခိုက်ရာမှာ လူနေအဆောက်အဦ၊ ပြည်သူပိုင်အဆောက်အဦနဲ့ ဘာသာရေး အဆောက်အဦ များတွင် ပစ်ကျင်း၊ ပစ်ကုတ်များတူးပြီး ခံစစ်ပြင်ဆင်တပ်စွဲခြင်းနှင့် ရပ်ကွက်များ အတွင်း ဆက်သွယ်ရေး မြောင်းများ၊ သဲအိတ် ဘန်ကာများ၊ […]

Continue Reading

Fact Check: ထန်တလန်မီးရှို့ခံရမှုမြင်ကွင်းကို လွိုင်ကော်မြို့ကမြင်ကွင်းအဖြစ်ပျံ့နှံ့

ကယားပြည်နယ်မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ သတင်းတွေနဲ့အတူ လွိုင်ကော်မြို့အခြေအနေဆိုပြီး ဝေဟင်ကရိုက်ထားတဲ့ မီးဆွဲလောင်ပြီး မီးခိုးတန်းထွက်နေတဲ့ မြို့ပြမြင်ကွင်းကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင် ဂဏန်းက ဖေ့စ်ဘွတ်မှာမျှဝေခဲ့တာတွေ့ရပါတယ်။ ဒီဓာတ်ပုံမြင်ကွင်းနဲ့အတူ ကလေးငယ်ကို ချီပွေ့လျှက် သစ်ပင်ကို အကာအကွယ်ယူနေတဲ့ အမျိုးသမီး၊ သက်ကြီးရွယ်အိုတစ်ယောက်ကို ပျောက်ကျား ဝတ်စုံဝတ်လူ ငယ်တစ်ယောက်က ထမ်းပိုးလာဟန် ဓာတ်ပုံ ၂ ပုံလည်း ပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော်လည်း ဓာတ်ပုံ ၃ ပုံထဲက မီးလောင်နေတဲ့မြင်ကွင်းဓာတ်ပုံဟာ အောက်တိုဘာလထဲမှာ ထန်တလန်မြို့ မီးရှို့ခံရမှုဖြစ်စဉ်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “ဒါက Loikaw မြို့ မင်းတို့မြို့မဟုတ်ဘူး ကျော်သွားနော😭 #kayahstate💔”လို့ရေးသားပြီး “Khun Oo Reh”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်မျှဝေမှုပေါင်း ၁၈၀၀ ရှိပါတယ်။ အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: တမူးပြည်သူ့ကာကွယ်ရေးတပ်က မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဉ်ကို အသုံးပြုပြီး သတင်းမှားဖြန့်

တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က အရပ်ဝတ်နဲ့ ရဲတွေလိုက်ပါတဲ့ ကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်မှု ဖြစ်စဉ်ဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှု အားကောင်းခဲ့ပြီးနောက် ဒီဓာတ်ပုံတွေကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေလျှက် ရှိတာတွေ့ရပါတယ်။  â€œá€…စ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပိုင်း အာရှလမ်းမပေါ်တွင်ရဲတပ်ဖွဲ့ အယောင်ဆောင် အကြမ်းဖက် PDF အဖွဲ့ အားမြန်မာတပ်မတော် ကွန်မန်ဒို ၃ဦးမှ့ လက်ရဖမ်းဆီးရရှိ့ ၄ဦးသေဆုံး၍ ၁၀ဦး အရှင်ဖမ်းမိ”လို့ရေးသားပြီး “Kyaw Thiha”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဖေ့စ်ဘွတ်အသုံးပြုသူကနေ ထပ်ပြီးတော့ အခြားသော ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေထားတာကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဓာတ်ပုံတွေဟာ စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့သို့ ထွက်ခွာလာတဲ့အရပ်ဝတ်ရဲတွေ စီးနင်းလာတဲ့ ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရမှုအပြီးဓာတ်ပုံတွေဖြစ်ပါတယ်။  Khit Thit […]

Continue Reading

Fact Check: ဆန္ဒပြသူတွေကို ရပ်ကွက်ကတုတ်၊ဓါးနဲ့လိုက်ရိုက်နှက်တဲ့ဗွီဒီယိုလား- မဟုတ်ပါ

ရပ်ကွက်အတွင်းလာရောက်ဆူပူအော်ဟစ်ပြီးနောက် ရပ်ကွက်သူ၊ရပ်ကွက်သားတွေက တုတ်၊ဓားတွေနဲ့ လိုက်ရိုက် လို့ ထွက်ပြေးရတယ်ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဇန်နဝါရီ ၁၂ ရက်ကစတင်ပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ၉ စက္ကန့်ကြာတဲ့ ဒီဗွီဒီယိုထဲမှာ ဆန္ဒပြသူတွေဟာ “အောင်ရမည်”လို့ သံပြိုင်ရွတ်သံပါဝင်ပြီး ရှေ့မှာ ဗျောအိုးတစ်ခုက ဗျောက်ပေါက်ကွဲသံလည်းပါဝင်ပြီး “ခွဲ”၊ “ခွဲ”ဆိုပြီးစကားသံလည်းပါဝင်ပြီး အလျှင်အမြန်လူစုခွဲခဲ့ကြတာလည်းတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ မီဒီယာတစ်ခုမှာဖော်ပြပါရှိတဲ့ လျှပ်တပြတ်ဆန္ဒပြဗွီဒီယိုတစ်ခုသာဖြစ်ပြီး ရပ်ကွက်က တုတ်၊ဓားနဲ့လိုက်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။ စစ်တပ်ကဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲမှု တွေကြောင်း ဧပြီလနောက်ပိုင်းမှာ ဆန္ဒပြသူတွေဟာ လျှပ်တပြတ်ဆန္ဒပြပွဲတွေသာ လုပ်ဆောင်လေ့ရှိတာ တွေ့ရပါတယ်။ “ရပ်ကွက်အတွင်း လာရောက်ဆူပူအော်ဟစ်သူများအား  ရပ်ကွက်သူ/ရပ်ကွက်သားများက တုတ်၊ဓါးများဖြင့်  ခြောက်လှန့်မောင်းထုတ်ခဲ့သဖြင့် ဆူပူအ​​​ကြမ်းဖက်သူများအ​​ဖြင့် အောင်ရမည်ဟု ဆုံးအောင် ရွတ်ဆိုနိုင်ခြင်းမရှိပဲ ထွက်ပြေးခဲ့ရ ရန်ကုန်၊ ဇန်နဝါရီ ၁၂ […]

Continue Reading

Fact Check: ဒီဓာတ်ပုံက ရှမ်းတောင်ရှမ်းမြောက်ဆက်လမ်းပုံလား-မဟုတ်ပါ

ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာတောတောင်တွေအကြားဖောက်ထားတဲ့ ရင်သပ်ရှူ့မောဖွယ်လမ်းပိုင်းဓာတ်ပုံပါဝင်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဆက်လမ်းအကြောင်းရေးသားထားတဲ့ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှု အားကောင်းခဲ့ပြီးနောက် ဖေ့စ်ဘွတ်အသုံးပြုတွေအကြားမှာ နားလည်မှုလွဲစေနိုင် တာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ တရုတ်ပြည်နယ် ဂျောင်ကျကျ(Zhangjiajie)အမျိုးသားဉယျာဉ်က ဓာတ်ပုံဖြစ်ပါတယ်။ “ရှမ်းတောင်ရှမ်းမြောက်ဆက်တဲ့လမ်း..”လို့စချီလျှက်ဒီပို့စ်မှာ ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ကြီးကနေ မြောက်ပိုင်း နောင်ချိုကို ရပ်စောင်လမ်းကြောကနေသွားလို့ရတဲ့အကြောင်းနဲ့ ဆောင်ရန်၊ရှောင်ရန်လေးတွေကို ခရီးသွားဘူးသူတစ်ဦးက ပြန်လည်မျှဝေမှုပုံစံရေးသားထားပါတယ်။ “Nyar Kae Shin”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ အခြားသော တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် တောင်ကြီး-ရပ်စောက်-နောင်ချိုလမ်းပိုင်းနဲ့ပတ်သက်ပြီး ရေးသားထားတဲ့ အကြောင်းအရာဟာပါ အချက် အလက်တွေက မှန်ကန်မှုရှိမရှိ Fact Crescendo အနေနဲ့အတည်ပြုနိုင်ခြင်းမရှိပါဘူး။ ဓာတ်ပုံကလွဲပြီး ဒီလမ်းပိုင်းအကြောင်းရေးသားထားတဲ့ထပ်တူညီတဲ့ပို့စ်ကို ၂၀၁၆ […]

Continue Reading

Fact Check: ၂၀၁၆ ခုနှစ်ကဓာတ်ပုံကို ဒေါက်တာဇော်ဝေစိုး အီတလီရောက်နေပုံ အဖြစ်မျှဝေ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး အီတလီနိုင်ငံမှာ ဇိမ်ခံနေပုံအဖြစ် ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်အတွင်းက ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ရပါတယ်။   â€œá€á€„်ဗဝဏးတိုအကသဏ ၊ တောထဲမှာ တိုက်ရင်းသေ၊ သေရင်းတိုက်နေကြတာပါ၊ ဇော်ဝေစိုးကတော့ အီတလီရဲ့ အကောင်းဆုံးဆိုတဲ့ စားသောက်ဆိုင်တွေမှာ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ပြီး အေးအေးလူလူ အနားယာနေလေရဲ့ ၊ တစ်ပတ်တစ်ခါ အွန်လိုင်းပေါ်တက် အေးအေးဆေးဆေး ဆွပေးနေယုံဘဲလေ NUG၊ နောက်ခြောက်လထိ သူတို့ မအောင်မြင်လဲ အေးဆေးပဲလေ ဇော်ဝေစိုးက၊ အ သူတွေခံကြပေါ့၊ ရည်မွန်လဲ အရက်သမားဖြစ်ပြီး ဘဝသာဆုံးသွားမယ် တော်လှန်ရေး တော့အောင်မြင်ဖို့ လမ်းစရယ် မရှိတော့ပါလေ၊ #DGF21NewsKOP1”လို့ရေးသားပြီး “ဝဏ္ဏ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဇန်နဝါရီ ၃ ရက်က မျှဝေ ssထားတာရာမှာ […]

Continue Reading

Fact Check: ဒီရဟတ်ယာဉ်နဲ့ပစ်ခတ်မှုဗွီဒီယိုဟာ ၂၀၁၉ခုနှစ်ကတည်းက tiktok မှာ ပျံ့နှံ့လျက်ရှိပါတယ်

မြန်မာစစ်တပ်က လေယာဉ်နဲ့ပစ်ခတ်မှုဗွီဒီယိုဖိုင်ဆိုပြီးတော့ တောင်ကုန်းတစ်ခုကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်နေတဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်မှာ ကြိမ်ဖန်များစွာမျှဝေလျှက်ရှိပါတယ်။ ၅၉ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တောင်ကုန်း တစ်ခုကို ရဟတ်ယာဉ်တစ်စီးပေါ်ကနေ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတဲ့ မြင်ကွင်းပါဝင်ပါတယ်။   သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ RFA Burmese မှာလည်း ဒီဇင်ဘာ ၂၈ ရက်က  အင်တာဗျူးတစ်ခုမှာ လေးကေ့ကော်က ဖြစ်စဉ်ဆိုပြီးတော့ ဒီဗွီဒီယိုရုပ်ကတ်ကိုအသုံးပြု ဖော်ပြခဲ့ တာတွေ့ရပါတယ်။ သို့သော် ဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်ကတည်းက ပျံ့နှံ့လျက်ရှိတာတွေ့ရပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့အထောက် အထားမတွေ့ရပါဘူး။ “ဇော်မိုက်မိုက်ခက်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“ယနေ့ လေးကေ့ကော် ဖြစ်သည်”လို့ ရေးသားထားပြီး ဒီဇင်ဘာ ၂၅ ရက်က အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  ထို့အတူ […]

Continue Reading

Fact Check: ဒီဓာတ်ပုံက ထိုင်းရုပ်သံလိုင်းက ရုပ်ရှင်ကြော်ငြာဓာတ်ပုံသာဖြစ်တယ်

ခန္ဓာကိုယ်အပေါ်ပိုင်းအဝတ်အစားမပါတဲ့ ထွားထွားကြိုင်းကြိုင်းအမျိုးသား ၅ ယောက်သေနတ်ကိုင်ထားတဲ့ ဓာတ်ပုံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆိုပြီးတော့ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိပါတယ်။ ဒီဇင်ဘာ ၂၄ ရက်ကစပြီး မြန်မာနိုင်ငံမှာ ပျံ့နှံမှုအားကောင်းလာတဲ့ ဒီဓာတ်ပုံဟာ ထိုင်းရုပ်သံလိုင်းတစ်ခုက တင်ထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။  â€œPDF Mandalay”အမည်နဲ့စာမျက်နှာက “pdf ဆိုတာ”လို့ရေးသားထားပြီး အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  ဖေ့စ်ဘွတ်အသုံးပြုသူအမျိုးသမီးအချို့ကလည်း “ဖမ်းချင်လဲ လာသာဖမ်းကြပါတော့ရှင် လက်နက်ကိုင်သင်တန်း သွားကိုတက်တော့မယ် မရတော့ဘူး တိုင်းပြည်အတွက် ပေးဆပ်ဖို့ ဇာတိသွေးဇာတိမာန်တွေ မက်တျားကြွနေပြီ ကျမလိပ်ပြာလုံချင်တယ်😢 မတားနဲ့ — ဖယ် 😅😅😅 #လက်လက်မျိူးချစ်စင်”စသည်ဖြင့်ရေးသားမျှဝေထားတာ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: အသံတိတ်သပိတ်မလုပ်ဖို့ NLD က ထုတ်ပြန်တယ်ဆိုတဲ့ ထုတ်ပြန်ချက်အတု

အစ္စလမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းတဲ့ သောကြာနေ့နဲ့တိုက်ဆိုင်တာကြောင့် မနက်ဖန်(၁၀-၁၂-၂၀၂၁)ရက်မှာ အပြင်မထွက်ကြရေးလှုပ်ရှားမှု မလုပ်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က တိုက်တွန်း စာဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက် ရှိပါတယ်။  သို့သော် ဒီစာဟာ အတုဖြစ်တယ်လို့ NLD ကထုတ်ပြန်ဖြေရှင်းထားပါတယ်။ ထုတ်ပြန်ချက်လို့ဆိုတဲ့စာထဲမှာ Online မှာပျံ့နှံ့လျက်ရှိတဲ့ ၁၀-၁၂-၂၀၁၂ ရက်နေ့ကို အသံတိတ်သပိတ်(Silence Strike Day)လုပ်မယ့်နေ့ဟာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုစုတောင်းတဲ့ သောကြာနေဖြစ်နေပြီး NLD အနေနဲ့လည်း ညွှန်ကြားထားခြင်းမရှိကြောင်း၊ အစ္စလာမ်ဘာသာဝင်တွေ စိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် ပုံမှန်အတိုင်းသွားလာကြဖို့ဆိုပြီးတော့ပါရှိပါတယ်။ ဒီဓာတ်ပုံပို့စ်ကို“Naing Thein Myint”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “သောကြာနေ့နဲ့ တိုက်ဆိုင်နေလို့ ပုံမှန်အတိုင်းသွားလာကြပါတဲ့။”လို့ရေးသားပြီ’ အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၂၂၅ ကြိမ်ရှိပါတယ်။ အလားတူဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading