Fact Check: အရှေ့ဒဂုံမြို့နယ်မှာ အိုမီခရွန်ပိုးသစ်တွေ့တယ်ဆိုတာ မဟုတ်ပါ

 အိုမီခရွန်(Omicron)ပိုးသစ် သံသယရှိသူတစ်ဦး ဒဂုံအရှေ့မြို့မှာ ပထမဦးဆုံးစတင်တွေ့ရှိလို့ရေးသားထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့လျက်ရှိပါတယ်။ ဒီသတင်းဟာ မှားယွင်းပါတယ်။ “Omicron ပိုးသစ် ဒဂုံအရှေ့မြို့နယ်တွင် ပထမဦးဆုံးတွေ့ရှိ ဒဂုံအရှေ့မြို့နယ် အမှတ်၈ရပ်ကွက်ကပါ တောင်ငူမှ လာရောက်တည်းခိုပြီး နိင်ငံခြားသွားရန် ဆေးစစ်ရာမှ ပိုးတွေ့ရှိသည်ဟုသိရှိရပါသည်။ #myanmarcelebritytvclub”လို့ရေးသားပြီး “Xce Myanmar Pride”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၀၀ ရှိပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီသတင်းမှာ ကိုးကားထားတဲ့ Myanmar Celebrity Club အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီသတင်းမှားကို တင်မိတဲ့အတွက်တောင်းပန်ထားပါတယ်။ ” […]

Continue Reading

Fact Check: တရားရုံးကအမိန့်ချအပြီး ဒေါ်အောင်ဆန်းစုကြည် မူးဝေသွားပုံလား- မဟုတ်ပါ

ပုစွန်ဆီရောင်အင်္ကျီဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခုံတန်းတစ်ခုနောက်မှာ ခေါင်းငုံထားတဲ့ ဓာတ်ပုံကို တရားခွင်မှာ မူးဝေအားပြတ်သွားတဲ့ ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်မျှဝေလျက် ရှိပါတယ်။ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၆ ရက်က နေပြည်တော်အထူးတရားရုံးက ထောင်ဒဏ် ၄ နှစ်ချမှတ်အပြီးမှာ အခုလိုပျံ့နှံ့လာတာဖြစ်ပါတယ်။ သို့သော်ဓာတ်ပုံကို ၂၀၁၂ ခုနှစ် ဇွန်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာတွေ့ရပြီး ပြည်နိုင်ငံခရီးစဉ် တစ်ခုမှာ နေမကောင်းဖြစ်တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “မတရားတဲ့ တရားခွင်မှာ အမေ အားပြတ်၊မူးဝေနေလို့ ခုံပေါ်မှောက်လိုက်တဲ့ဓါတ်ပုံ ကမ္ဘာအနှံ့ပြန့်ခဲ့သလို မြင်ရသူအပေါင်း ကြေကွဲ ဝမ်းနည်းခဲ့ကြပါတယ်။ အခု တရုတ်ပန်ချီဆရာ  ရေးဆွဲ ဂုဏ်ပြု့လိုက်တာ။       ပန်းချီကား နာမည်          (ဦးဆွေးဆံမြေ့) #crd”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း […]

Continue Reading

Fact Check: ဒီဓာတ်ပုံက မင်းကင်းကထွက်ပြေးရသူတွေဖြစ်တယ်

ညအမှောင်မှာရိုက်ကူးထားတဲ့ အထုပ်အပိုးတွေနဲ့ လူတွေပါဝင်တဲ့ ဓာတ်ပုံ ၂ပုံကို ဒီပဲယင်းကထွက်ပြေးနေရတဲ့ သူတွေဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်ဓာတ်ပုံတွေဟာ အောက်တိုဘာ ၂၇ ရက်က မင်းကင်းမြို့နယ်က ထွက်ပြေးတိမ်းရှောင်ရသူတွေအဖြစ် မီဒီယာမှာဖော်ပြဖူးပါတယ်။ နိုဝင်ဘာ ၂၇ ရက်မှာ စစ်တပ်က ဒီပဲယင်းမြို့နယ်မှာ ရဟတ်ယာဉ်တွေနဲ့လာရောက်ပစ်ခတ်ခဲ့ပြီး ဒေသခံ ၂၀ ဝန်းကျင် သေဆုံး ခဲ့ရပြီး အများအပြားထွက်ပြေးကြရပါတယ်။ “ဒီပဲယင်းကို တချက်လောက်အာရုံစိုက်ကြပါ ပြည်သူ” ၁၈ “ဦးထိ “ကျသွားပြီတဲ့ “အခုထိလဲ ပြေးနေရတယ်တဲ့”လို့ ရေးသားပြီး “Yoon Shwe Ya Mone”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဓာတ်ပုံ ၂ ပုံကို အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: စပါးရိတ်နေတဲ့ဘုန်းကြီးတွေ ဓာတ်ပုံက မြန်မာနိုင်ငံကမဟုတ်ပါ

စစ်ဘေးရှောင်နေရသူတွေရဲ့ စပါးခင်းတွေကို ဘုန်ကြီးတွေက ကူညီရိတ်သိမ်းပေးနေတဲ့ပုံဆိုပြီးတော့ ဓာတ်ပုံ တစ်ပုံ ၄ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းကပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၉ ခုနှစ်ကတည်းက ပျံ့နှံ့လျက်ရှိပြီး စစ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံအခြေ အနေနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ ဒေသအများအပြားမှာ စစ်ဘေးရှောင်နေကြရပါတယ်။  ဒီလိုအခြေအနေမှာ “ပီယ ပီယ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဒကာ ဒကာမများက စစ်ဘေးရှောင်နေကြတယ်… စပါးများက တခင်းလုံး မှည့်လို့ ဝါထိန်နေကြတယ်… ရဟန်း သံဃာများက ကူရိတ်သိမ်းပေးနေကြတယ်… ” တရားလည်း ဖက်တယ်   စပါးလည်း ထွက်တယ် “ ကြည်ညိုစရာ ကောင်းလိုက်တာ… အရှင်ဘုရားတို့အား ရိုသေစွာ ရှေ့ခိုးကန်တော့လိုက်ပါတယ် ဘုရား။ Photo crd.”လို့ […]

Continue Reading

Fact Check: သိန္နီ PDF က လေယာဉ်ပစ်ချလိုက်တဲ့ဓာတ်ပုံတွေအဖြစ် သတင်းမှား ဆက်လက်ပျံ့နှံ့

သိန္နီ PDF ကလေယာဉ်ကိုပစ်ချလိုက်တဲ့ မြင်ကွင်းအဖြစ် ဓာတ်ပုံ၄ ပုံဟာဖေ့စ်ဘွတ်အသုံးပြုသူများအကြား ပျံ့နှံ့ခဲ့ပါတယ်။ သို့သော်ဓာတ်ပုံတွေက စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲမှုကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပြီး အခြားသော ရဟတ်ယာဉ်ပျက်ကျပုံဟာ ဆီရီယားနိုင်ငံက ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။  “Breaking News : စစ်ကောင်စီ​၏တိုက်လေယာဉ်ကို သိန္နီ PDF က အမြောက်ဖြင့်ပစ်ချ  နိုဝင်ဘာ ၉၊ PDF Newsflash  စစ်ကောင်စီ၏ တိုက်လေယာဉ်ကို သိန္နီ PDF ​၏ အမြောက်ပစ်သမားက (၄) ချက်မြောက်မှာ ပစ်ချလိုက်နိုင်ကြောင်း ယနေ့ ည ၆ နာရီမှာ TN-PDF က ထုတ်ပြန်သည်  နယ်မြေအပြင်ဘက်ရောက်ရှိသွားသောကြောင့် အဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာလာပြီလို့ သိရပါတယ် အသေးစိတ်ကို ဆက်လက်စုံစမ်းလျက်ရှိပါသည်  Update : လွှိုင်ဆမ်စစ်တောင်ထိပ်မှ အနောက်ဘက်သို့ ဤမြင်ကွင်းအား လက်ရှိမြင်တွေ့နိုင်သည်  […]

Continue Reading

Fact Check: ပုသိမ်မှာဖမ်းမိတဲ့နတ်ငါးပုံလား-မဟုတ်ပါ

ငါးတစ်ကောင်ကို အင်္ကျီအနီရောင်ဝတ်အမျိုးသားတစ်ဦးက ဖက်လျှက်ရိုက်ကူးထားတဲ့ ဓာတ်ပုံနှင့်အတူ ပုသိမ် ရွှေမုဠောဘုရားနားက ဖမ်းမိတဲ့  ဆုတောင်းပြည့်တဲ့နတ်ငါးကြီးဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူ ရာဏန်းကပြန်လည် မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း  အိန္ဒိယနိုင်ငံမှာဖမ်းဆီရမိတဲ့ ငါးတစ်ကောင်ရဲ့ ဓာတ်ပုံဖြစ်ပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိပါ ဘူး။ “ဒီpostကို မြင်ရတာ သင်ကံစကောင်းပါပီ။ ပုသိမ်မြို့ ရွှေမုဠောဘုရားနားက ဖမ်းမိတဲ့  ဆုတောင်းပြည့်တဲ့နတ်ငါးကြီးပါ။ နတ်ငါးကြီးရဲ့ ဆုတောင်းပြည့် ဂါတာက #ဥုံသက္ခဒေမနုတ်တဒဏ္ခနိတဒေဝ ဖြစ်ပါတယ်။”လို့ရေးသားပြီး “Phyu Hannay Soe”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၄၀၀ ကျော်ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေထားတာတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုပြီး ဒီငါးပုံကိုရှာဖွေကြည့်ရာမှာ […]

Continue Reading

Fact Check: မြောက်ဉက္ကလာကဆရာမသေဆုံးမှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် NLD ရှုတ်ချခဲ့တယ်ဆိုတဲ့ စာအတု

မြောက်ဉက္ကလာပမှာ ဆရာမတစ်ဦးအသတ်ခံရမှုအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ထုတ်ပြန်ရှုတ်ချလိုက်တယ် ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက မျှဝေလျှက်ရှိပါတယ်။ မြောက်ဉက္က လာပမြို့နယ်မှာ နိုဝင်ဘာ ၅ရက်က စစ်တပ်သတင်းပေးလုပ်နေတယ်ဆိုတဲ့ ဒေါ်လှလှသန်းအမည်နဲ့ ဆရာမတစ်ယောက်အား  သေနတ်နဲ့ပစ်သတ်ခံခဲ့တာ တွေ့ရပါတယ်။ သို့သော် NLD ပါတီက ဒီစာဟာ အတုဖြစ်တယ်လို့ ၎င်းတို့ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာကတစ်ဆင့် အသိပေးထားပါတယ်။ “မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးပေါ်တွင် ကျောင်းဆရာမ ဒေါ်လှလှသန်းအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခံရမှုနှင့် ပတ်သက်၍ အကြမ်းဖက် လုပ်ရပ်များအား ဆန့်ကျင် ရှုတ်ချကြောင်း”လို့ရေးသားပြီး “NLD INFO”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း ရေးသားမျှဝေထားပါတယ်။ တူညီစွာ ရေးသားမျှဝေထားတာတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် အခုလို […]

Continue Reading

Fact Check: PDF တွေပစ်ချလိုက်တဲ့ ရဟတ်ယာဉ်လား-မဟုတ်ပါ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ရဟတ်ယာဉ်တစ်စီးကိုပစ်ချလိုက်တယ်လို့ဆိုပြီး ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ သို့သော်ဓာတ်ပုံဟာ  ၂၀၂၀ ခုနှစ် နိုဝင်ဘာလထဲမှာကတည်းက အင်တာနက်မှာပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။   “🛑PDF တွေရဲ့ကျွေးခြင်းအနုပညာ🛑 ဟေ့ ဘယ်သူလက်ချက်လည်း ဒါကြီးက အတိုအစ ဆိုင်ပို့ရတော့မယ်။ PDF လေးတွေရဲ့အစွမ်း ❣❣❣ 🇹🇭#Zaw နိုဝင်ဘာ ၅ #pdfchannel #pdfသတင်းပေါင်းစုံ”လို့ရေးသားပြီး “Simon Nick”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေထားပါတယ်။ တူညီစွာ ရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ  ၂၀၂၀ ခုနှစ်ကနိုဝင်ဘာ ၁၇ ရက်ကထိုင်းနိုင်ငံမှာ ရဟတ်ယာဉ်တစ်စီးပျက်ကျမှုအဖြစ် ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။ […]

Continue Reading

Fact Check: မန္တလေးလိုင်စင်ရုံးမှာဗုံးဖောက်သွားသူဓာတ်ပုံလား-မဟုတ်ပါ

ကုန်းလမ်းပို့ဆောင်မှုညွှန်ကြားရေးရုံး(ကညန)မှာ ဗုံးခွဲသွားတဲ့သူရဲ့ CCTV ကရရှိတဲ့ မှတ်တမ်းဓာတ်ပုံဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းကပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဒီလိုမျှဝေမှုဟာ မန္တလေး ကညနရုံးဗုံးပေါက်ကွဲမှုအဖြစ်အပျက်အပြီးမှာပေါ်ထွက်လာခြင်းဖြစ်ပါတယ်။ သို့သော်ဓာတ်ပုံဟာ အမေရိကန်ရုပ်သံဇာတ်လမ်း ရုပ်ရှင်မြင်ကွင်းတစ်ခုဖြစ်ပါတယ်။ “ကညန လိုင်စင်ရုံးမှာဗုံးဖောက်သွား သူရဲ့ပုံကို CCTV မှာ မိထားလိုက်ပါတယ်။ အမြန်ရှောင်ပါ… နီးစပ်ရာမှာ တွေ့ရင် အကြောင်းကြားပေးဖို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှာ ဝရမ်းထုတ်ထားတယ်လို့လည်းသိရပါတယ်။  ရုရှားနိုင်ငံမှာ စစ်ပညာသင်ကြားဖူးပြီးတော့ ယခု CDM လုပ်ထားတယ်လို့သိရပါတယ်။ မြန်မာပြည်မှာ ဆောင်းစစ်သည်အမည်နဲ့ လှုပ်ရှား ဦးဆောင်နေသူဖြစ်ပါတယ်။ သူ့မှာထင်ရှားတဲ့အမှတ်သားအနေနဲ့ လက်မောင်းမှာ ကြယ်အနီရောင်တတ်တူးထိုးထားတယ်လို့လည်းသိရပါတယ်။”လို့ရေးသားပြီး “SHMU”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်တိုဘာ ၂၇ ရက်က ဓာတ်ပုံနဲ့အတူ မျှဝေထားရာမှာ ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁၇၀၀ ရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ထန်တလန်ကစစ်ရှောင်တွေရဲ့ ဓာတ်ပုံလား-မဟုတ်ပါ

 ထန်တလန်မြို့က ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့သူတွေဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင် ဂဏန်းပြန်လည်မျှဝေလျှက်ရှိပါတယ်။ ချင်းပြည်နယ် ထန်တလန်မြို့ကို စစ်တပ်က လက်နက်ကြီးနဲ့ ထုခဲ့ပြီး နောက် မီးလောင်ခဲ့တဲ့ ဓာတ်ပုံတွေဟာ အောက်တိုဘာ၂၉ ရက်က လူမှုကွန်ယက်မှာ စတင်ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဒီလိုရေးသားမျှဝေခြင်းဖြစ်ပါတယ်။ သို့သော်ဓာတ်ပုံဟာ ၂၀၁၈ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိပြီး ကချင်ပြည်နယ်က စစ်ဘေးရှောင် တွေပုံဖြစ်ပါတယ်။ “ထန်တလန်မြို့ကို စွန့်ခွာနေကြရသည့် ကျတော်တို့ အသွေးအသားများ။ #နေ့သစ်မြန်မာ #RejectMilitaryCoup #NUG_Our_Legitimate_Government #ပြည်သူ့ဘက်တော်သားတော်လှန်ရေးသမားများ #MilitaryCoupInMyanmar #wewantdemocracyinmyanmar #CDMတိုးမြှင့်ကြ #စစ်ကောင်စီကျဆုံးရမည် #WhatsHappeningInMyanmar”လို့ရေးသားပြီး “နေ့သစ်မြန်မာ Nae Thit Myanmar”အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက  မျှဝေထားရာမှာ ဒီပို့စ်ကိုပြန်လည်မျှဝေတဲ့ အကြိမ်ပေါင်း ၁ ထောင်၇ရာကျော်ရှိပါတယ်။ ဒီလိုတူညီစွာရေးသားမျှဝေထားတာတွေကိုဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading