Fact Check: ဒေါ်အောင်ဆန်းစုကြည် ၂၀၁၃ ခုနှစ် ဗြိတိန်ခရီးစဉ်က ပုံတွေကို အသုံးပြုပြီး သတင်းမှားဖြန့်
ဒေါ်အောင်ဆန်းစုကြည် ပင်တဂွန်စစ်ဌာနချုပ်ကို သွားလည်ပတ်ခဲ့စဉ်က မြန်မာနိုင်ငံအကြောင်း ဆွေးနွေးနေခဲ့ တယ်ဆိုပြီး ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ မြေပုံတစ်ခုကို အနောက်တိုင်း စစ်အရာရှိတစ်ဦးက ရှင်းပြနေဟန်နဲ့ ပါဝင်ပြီး ခရီစဉ်အပြီးမှာ မြန်မာနိုင်ငံမှာ ရခိုင်အရေးဖြစ်တယ်လို့လည်း ရေးသားထားတဲ့ပို့စ်မှာပါဝင်ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၁၃ ခုနှစ်က ဗြိတိန်နိုင်ငံခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် စစ်တက္ကသိုလ် တစ်ခုကို သွားရောက်လည်ပတ်စဉ်ကဖြစ်ပါတယ်။ အောက်ပါကတော့ ဓာတ်ပုံနဲ့အတူ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါ စာသားဖြစ်ပါတယ်။ “ဒေါ်စုဘာမြေပုံတွေကြည့်နေသလဲ (မြန်မာနိုင်ငံမြေပုံပေါ့) ဒါဘယ်နေရာလဲ? (ပင်တဂွန်စစ်ဌာနချုပ်ထဲမှာပေါ့) ဒီခရီးစဥ်ကအပြန် ဘာဖြစ်လာလဲ? (ရခိုင်ပြည်နယ်အရေးအခင်းထ ဖြစ်ပါတယ်) ဒေါ်စုကြည်ပင်တဂွန်စစ်ဌာနချုပ်ထဲအထိ ဘာသွားလုပ်သလဲ (——-? )” စသည်ဖြင့် ရေးသားပြီး “နွေဦး သခင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb […]
Continue Reading