Fact Check: ကောလင်းမှာ CDM ၄ ယောက်ကို PDF ကလက်ပြန်ကြိုးတုတ်သတ်တယ် လို့ သတင်းမှားဖြန့်
ကောလင်းတွင် CDM၄ဦးကို PDF တို့လက်ပြန်ကြိုးတုတ်ပြီးအချင်းချင်းသတ်ဖြတ်ခဲ့တယ်လို့ ရေးသားပြီး ဓာတ်ပုံ ၃ ပုံကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ “ကောလင်းတွင်CDM၄ဦးကိုPDF တို့လက်ပြန်ကြိုးတုတ်ပြီးအချင်းချင်းသတ်ဖြတ်ခဲ့ ဖေဖော်ဝါရီ၂၃၊၂၀၂၂ ကောလင်းမြို့၊မင်းကုန်းရွာထိပ်တောင်ကုန်းတွင်နံနက်ပိုင်းကCDM ထွေအုပ်စာရေးမ အပါအဝင်၄ဦး ဖြစ်ပြီးPDFစခန်းမှထွက်ပြေးခဲ့လို့အားလုံးကိုသတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ တပ်မတော်စစ်ကြောင်းမှလူသတ် PDFများကိုလိုက်လံရှင်းလင်းနေဟုသိရ”လို့ ရေးသားပြီး “မိုးအက္ခရာ မိုးအက္ခရာ”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ဖေဖော်ဝါရီ ၂၄ ရက်က မျှဝေထားတာတွေ့ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံး အဓိကကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီး ဖေ့စ်ဘွတ်မှာ အကြောင်းအရာပျံ့နှံ့မှုကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ Khit Thit Media ကဖော်ပြထားတဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။ “စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်ပြင်သာ အုပ်စု […]
Continue Reading
