Fact Check: DKBAတပ်ဖွဲ့ဝင်တွေက NLD ပါတီကို ထောက်ခံတယ်ဆိုတဲ့ ဓာတ်ပုံအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီကို ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် DKBAတပ်ဖွဲ့ဝင်တွေက ထောက်ခံကြောင်းပြသတယ်ဆိုတဲ့ ပို့စ်တစ်ခုက ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ပြည်သူ့စစ်သားက သူပုန်ဖြစ် သူပုန်က ပြည်သူ့စစ်သားဖြစ်မတတ္နိူင္ဘူး…..ရင္ထဲက ခ်စ္တာကို NLD ကို အားပေးထောက်ခံကြောင်း DKBA ဒီမိုကရေစီ အကျိုးပြု့ ကရင်တပ်မတော် စစ်သည်တော်များ ဖော်ပြသ….. Crd”(မူရင်းအရေးသားတိုင်း)လို့ ရေးသားထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင် ပါတယ်။ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ပါတယ်။ မူရင်းလင့်ခ် –  FB Link |  Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်မှာအသုံးပြုထားတဲ့ပုံကို သေချာဂရုတစိုက်ကြည့်မယ်ဆိုရင် ပုံထဲကစစ်သားတွေရဲ့ ယူနီဖောင်းတတ်စုံက DKBAတပ်ဖွဲဝင်တွေရဲ့ ယူနီဖောင်းချင်းမတူတာကို သတိပြုမှာဖြစ်ပြီး ဒီပုံကလည်း Photoshopနည်းပညာနဲ့ ပြုပြင်ထားတာကို သိပြုမိမှာပါ။ ဒီပုံကို Googleမှာ ပုံရှာနည်းနဲ့ ရှာကြည့်မယ်ဆိုရင် Zhejiang […]

Continue Reading

Fact Check: ခြင်္သေ့ခေါင်းပုံတပ် စေတီအဖြစ်မျှဝေနေတဲ့ သတင်းမှား

ထီးတော်အစား ခြင်္သေ့ခေါင်းပုံနဲ့တည်ဆောက်ထားတဲ့ စေတီအဖြစ်မျှဝေနေတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူများအကြား ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ မိတ္ထီလာနယ် ကတ္ထူကံသိမ်ဝင်း မိုင်တိုင်အမှတ် ၂၈၇/၁ မှာရှိတဲ့ ခြင်္သေ့ခေါင်းတပ်​ထားတဲ့ စေတီလို့ ရေးသားထားပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေထားတဲ့ အချက်အလက်ဟာ မှားယွင်းတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ဒီပုံစံနဲ့စေတီဟာ မူလကတည်းက နဂါးခေါင်းပုံစေတီဖြစ်ပြီး ဒီပုံစံအတိုင်း စေတီအဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်တယ်လို့ အလှူရှင်က ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက ပြန်လည်မျှဝေထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရ ပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ မူရင်းလင့်ခ် –  Fb link |  Archive link  အချက်အလက်စိစစ်ချက် မိတ္တီလာမြို့နယ် အမြန်လမ်းမဘေး မိုင်တိုင် ၂၈၇/၁ မှာရှိတဲ့  ဒီစေတီကို […]

Continue Reading

Fact Check: တီရှပ်အနီ သိန်း ၆၀၀၀ ဖိုးဝယ်တဲ့ သတင်းဟာ မဟုတ်ပါ

ရွေးကောက်ပွဲမှာ အဖျက်အမှောက်လုပ်ဖို့ တီရှပ်အနီ သိန်း ၆၀၀၀ ဖိုးဝယ်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိပါတယ်။  ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ  မင်္ဂလာစျေးကနေ တီရှပ်အနီ သိန်းခြောက်ထောင် ကျော်ဖိုး ၀ယ်ယူသွားတယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်ကရခဲ့တာဖြစ်ပြီး သံသယဖြစ်ဖွယ်ဖြစ်နေလို့ မင်္ဂလာစျေးသူစျေးသားများ ကဒီသတင်း ကိုပေးကြတာဖြစ်တယ်လို့ ရေးသားထားပါတယ်။ ရွေးကောက်ပွဲနေ့ကျရင် ဒီလို အင်္ကျီတွေဝတ်ပြီး ကိုယ်စားလှယ် တွေကို ရွေးကောက်ပွဲဉပဒေအရ အရေးယူခံရအောင်ပြီး ဖြုတ်ချခံရအောင်လုပ်လာနိုင် တယ်လို့လည်း ရေးသားထားတာတွေ့ရပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေချက်ဟာ ၂၀၁၅ ခုနှစ်မှာလည်း ဒီလို အလားသဏ္ဏာန်တူ မျှဝေခဲ့ဖူးပြီး ဒီအချက် အလက်ဟာ မှားယွင်းတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက ပြန်လည်မျှဝေထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရ ပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း […]

Continue Reading

Fact Check: AAခေါင်းဆောင်နဲ့ တပ်မတော်ကာ/ချုပ်ဇနီးနဲ့ မောင်နှမဝမ်းကွဲ တော်စပ်တယ်ဆိုတဲ့ သတင်းအမှား

ရက္ခိုင့်တပ်တော် AAခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ဇနီးဒေါ်ကြူကြူလှနဲ့ မောင်နှမဝမ်းကွဲတော်စပ်တယ်ဆိုပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာ ပို့စ်တင်နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “သင့်သိပါသလာ ကာချုပ်မိန်မနဲ. ရခိုင်သူပုန်း ခေါင်ဆောင်ထွန်မြက်နိုင်ဟာ မောင်နှမဝမ်းကွဲတော်တယ်ဆိုတာ”လို့ ရေးသားထားတာတွေ့ရပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေချက်တွေဟာမှားယွင်းတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ မူရင်းလင့်ခ် –  FB Link |  Archive Link အချက်အလက်စိစစ်ချက် ဒီလိုရေးသားထားတာနဲ့ပတ်သက်ပြီး ဆန်းစစ်မယ်ဆိုရင် ဒေါ်ကြူကြူလှက ရခိုင်ပြည်နယ်တောင်ပိုင်းဒေသဖြစ်တဲ့ သံတွဲမြို့ဇာတိဖြစ်ပြီး AAခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသဖြစ်တဲ့ စစ်တွေမြို့ဇာတိဖြစ်တာကို တွေ့ရပါတယ်။ Fact Crescendo Myanmarက တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကို ဖုန်းနဲ့ ဆက််သွယ်မေးမြန်းရမှာတော့ “မတော်လောက်ဘူးထင်တယ်၊ သံတွဲနဲ့ စစ်တွေဆိုတော့၊ သတင်းအမှားဖြစ်မှာပါ၊ အဲ့လို့သတင်းအမှား ကျွန်တော်ထင်တယ် လွန်ခဲ့တဲ့ နှစ်လလောက်တော့ ရှိပြီထင်တယ်၊ ဒေါ်ကြူကြူလှက AAကိုထောက်ပံ့လို့ ဖမ်းသွားပြီဆိုတာမျိုးတွေပေါ့၊ […]

Continue Reading

Fact Check: မြိုင်မြို့နယ်က NLD အောင်နိုင်ရေး ဆိုင်ဘုတ်တစ်ခုကို ဒီဂျစ်တယ် နည်းလမ်းနဲ့အသုံးပြုပြီး အမှားဖြန့်ဝေ

ရွေးကောက်ပွဲအတွက် စိုက်ထူတဲ့ NLD ဆိုင်းဘုတ်တစ်ခုရဲ့ စာသားတွင် ဒီဂျစ်တယ်နည်းလမ်းအသုံးပြုပြီး ပြောင်းလဲရေးသားထားတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ သတင်းမှားဖြန့်ဝေလျှက်ရှိတာကို တွေ့ရပါတယ်။  ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ် ဓာတ်ပုံထဲက စာသားမှာ “လူကို ခွေးလိုအုပ်ချုပ်တဲ့ အစိုးရမျိုးရဖို့ NLD ကိုမဲပေးစို့”လို့ရေးသားထားတာတွေ့ရပါတယ်။ ဒီဓာတ်ပုံနဲ့အတူ “ကျွန်သဘောက်မကြီး   SHOWလိုက်ပါအုံး အမေ့သားတွေနော် ဘာမှတ်လည်း #ဖျားသွားမယ် #လူညံ့တွေတင်မြှောက်လိုက်တဲ့ခေါင်းဆောင်ဟာ ခေါင်းဆောင်မဖြစ်ပဲ #လူညံ့ဦးဆောင်သူအဖြစ်သာတွေ့ရမှာ  *ဆိုင်းဘုတ်သက်သေ* !:.” $%& /? *ဆောင်*တော့တူပါရဲ့ *ခေါင်းနဲ့ ဦး*ကွာသွားတာ”လို့ “Aung Htun Linn”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၁၅ ရက်က အောက်ပါအတိုင်း မျှဝေထားပါတယ်။ ဒီနေရာမှာလည်း အလားတူဓာတ်ပုံကို မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: တကျော့ပြန်လာတဲ့ ဂျိုးဖစ်ရှာနဲ့ NLD သတင်းမှား

ရွေးကောက်ပွဲမှာ မဲလိမ်လည်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် လက်ထောက် ဂျိုးဖစ်ရှာကလုပ်နေတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပါတယ်။  ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ ပြည်နယ်နှင့်တိုင်းအလိုက် USDP၊ NLD နဲ့တိုင်းရင်းသားအစုအဖွဲ့တွေရဲ့ ထောက်ခံမှုရာခိုင်နှုန်းများနှင့်အတူ “UEC နဲ့ပေါင်းပြီးမဲလိမ်ဖို့ ကွပ်ကဲနေတဲ့ ဒေါ်စုလက်ထောက် MI-6 ထောက်လှမ်းရေး ဂျိုးဖစ်ရှာဆီပို့လိုက်ပါပြီ”၊ ““ရှုံးမဲ့တိုင်းရင်းသားပြည်နယ် 7 ခုလုံးမှာ COVD; မငြိမ်းချမ်းနယ်မြေ သတ်မှတ်ပြီး ပယ်ဖျက်ပါတော့မယ်”စတဲ့ ပြောဆိုရေးသားချက်တွေပါဝင်ပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေချက်တွေဟာမှားယွင်းတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက ၁ ထောင်ကျော်က ပြန်လည်မျှဝေထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရ ပါတယ်။ မူရင်းလင့်ခ် –  Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီလိုရေးသားမျှ ဝေနေတဲ့ပို့စ်ဟာ အထောက်အထားတစ်စုံတစ်ရာအပေါ်မှာအခြေခံထားခြင်းမရှိပါဘူး။ အခုလိုမျှဝေထားတဲ့ပို့စ်မှာ ဘာတွေမှားယွင်းနေသလဲကြည့်ရအောင်ပါ။ […]

Continue Reading

Fact Check: နှင်းဆီပါတီဝင် ခြောက်သန်းက ပြည်ခိုင်ဖြိုးကို မဲပေးမယ်ဆိုတဲ့ သတင်းအမှား

ပြီးခဲ့တဲ့ရက်အတွင်း ပြည်ထောင်စုရွေးကောက်အပွဲကော်မရှင်က တရားဝင်နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖြတ်ခံ လိုက်တဲ့ United Democratic Party-UDP (နှင်းဆီပါတီ)ပါတီဝင် ခြောက်သန်းက ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ဆုံးဖြစ်လိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခုက ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတာတွေ့ ရပါတယ်။ ဒီပို့စ်မှာ “နှင်းဆီပါတီဝင် ၆သန်း ခြင်္သေ့ပါတီကို မဲပေးသွားမည်ဟုဆုံးဖြတ် -“ဆိုပြီး ရေးသားနေတာတွေ့ရပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB Link  |  Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပတ်သက်ပြီး နှင်းဆီပါတီရဲ ပြောရေးဆိုခွင့်ရှိသူ ပါတီတွဲဘက်အတွင်းရေးမှူးဦးကျော်စွာထက်ဦးကို Fact Crescendo Myanmarက ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ “ပါတီဝင်ခြောက်သန်းဆိုတာ ယျေဘူဟုတ်တယ်၊ တကယ်တော့ ပါတီခြောက်သန်းမကရှိပါတယ်၊ ကျွန်တော်တို့က ဒီမိုကရေစီကို လိုလားတယ်၊ ဒါ့ကြောင့် ပါတီဝင်တွေကို ဒီလိုပြောထားတာမရှိပါဘူး။ […]

Continue Reading

Fact Check: လက်ချောင်း ၃ ချောင်းထောင်တာဟာ အစ္စလာမ်ရဲ့ သင်္ကေတအဖြစ် သတင်းမှားဖြန့်

လက်ချောင်း ၃ ချောင်းထောင်တာဟာ အစ္စာလာမ်ရဲ့ သင်္ကေတဖြစ်တယ်ဆိုတဲ့ပို့စ် လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိ တာ တွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်က လက်ချောင်း ၃ ချောင်းထောင်နေပုံ၊ လက် ၃ ချောင်းထောင်နေတဲ့ ထိုင်းဆန္ဒပြလူအုပ်စု စတဲ့ဓာတ်ပုံတွေနဲ့အတူ ဒီလို လက်ချောင်း ၃ ချောင်းထောင်တဲ့ သင်္ကေတဟာ အစ္စလာမ် ဘုရားရဲ့ သားတော်၊ သမီးတော်တွေဖြစ်တယ်လို့ အဓိပ္ပာယ်ရတယ်လို့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။ သို့သော်လည်း လက်ချောင်း ၃ ချောင်းထောင်တဲ့အဓိပ္ပာယ်ဟာ ဘာသာရေးနဲ့သက်ဆိုင်တဲ့ သင်္ကေတတစ်ခု မဟုတ်ဘဲ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လေးစားမှု၊ နှုတ်ဆက်ခြင်းစတဲ့ အဓိပ္ပာယ်တွေရှိတဲ့ သင်္ကေတတစ်ခုဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အလားတူ ပြောဆိုရေး သားချက်ချက်တွေကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် […]

Continue Reading

Fact Check: မြန်မာနိုင်ငံမှာ Covid-19 ကာကွယ်ဆေးကို ၂၀၂၀ နှစ်ကုန်ရမယ်လို့ ကြေညာခဲ့တယ်ဆိုတာမဟုတ်ပါ

မြန်မာနိုင်ငံမှာ Covid-19 ကာကွယ်ဆေးကို ၂၀၂၀ နှစ်ကုန်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြေညာခဲ့ တယ်ဆိုပြီး မျှဝေနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ စံတော်ချိန်သတင်းစာနဲ့ TV မှာ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှာ covid 19 ရောဂါကာကွယ်ဆေး တရားဝင်ရရှိပြီလို့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ကြေညာခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကလည်း နှစ်ကုန်ပိုင်းမှာ ဆေးရမယ်လို့ တရားဝင်ပြောကြားထားပါတယ်ဆိုပြီးတော့ရေးသားထားပါတယ်။ ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ သတင်းမှားဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ COVID-19 ဆေးကို နှစ်ကုန်ပိုင်းမှာ ရမယ်လို့ ပြောကြားခဲ့ခြင်းမရှိသလို WHO ကလည်းပြောကြားခဲ့ခြင်းမရှိပါဘူး။ အလားတူပြောဆိုမျှဝေနေတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေ မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: NLDအမတ်လောင်းတွေထဲ မွတ်ဆလင်အမတ်လောင်း ၆၃ဦးပါဝင်တယ်ဆိုတဲ့ သတင်းအမှား

အခု ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် NLDပါတီကနေ ဝင်ရောက်အရွေးခံမဲ့ ကိုယ်စာလှယ်လောင်းတွေထဲမှာ မွတ်ဆလင်ဘာသာကိုးကွယ်တဲ့အမတ်လောင်း ၆၃ဦးပါဝင်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ရန်ကုန်တိုင်းမှ မွတ်အမတ် ၁၂ဦး၊ စစ်ကိုင်းတိုင်းမှ မွတ်အမတ် ၉ ဦး၊ ဧရာဝတီတိုင်း ၈ ဦး၊ မကွေးတိုင်း ၈ ဦး၊ ရခိုင်ပြည်နယ်မှ ၇ ဦး၊ မွန်ပြည်နယ် ၆ ဦး၊ ပဲခူးတိုင်းမှ ၆ ဦး၊ မန္တလေးတိုင်း ၅ဦး၊ ကရင်ပြည်နယ် ၂ဦး စုစုပေါင်း ၆၃ဦး”ဆိုတာကို Screen Shotရိုက်ထားတဲ့ ပုံနဲ့အတူ NLDပါတီကို ဘာသာရေးအရ တိုက်ခိုက်တဲ့အရေးအသားနဲ့ ပို့စ်တင်ထားတာကို တွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ မူရင်းလင်ခ့် –FB Link  |  Archive […]

Continue Reading