Fact Check: ဒီဓာတ်ပုံတွေဟာ ထိုင်းနိုင်ငံက ဒုံပွဲတော်က ဓာတ်ပုံတွေသာဖြစ်တယ်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေ အသေးစားဒုံးပျံယာဉ် တစ်စင်းကို တီထွင်ပစ်လွှတ်နိုင်ခဲ့ပြီဆိုပြီး ဓာတ်ပုံ ၃ ပုံနဲ့အတူ မျှဝေထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာကျင်းပလေ့ရှိတဲ့ ဒုံးလွှတ်ပွဲတော်အကြောင်း ရိုက်ကူးထားတဲ့ ဗွီဒီယိုပါမြင်ကွင်းတွေဖြစ်တာတွေ့ရပါတယ်။  “အမည်မဖော်လိုသည့် တောတွင်းတစ်နေရာက PDF တွေ ကြီးမားတဲ့ အောင်မြင်မှုအနေနဲ့ ဒုံးပျံယာဉ်အသေးစား တစ်စင်းကို တီထွင်ပစ်လွှတ်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရ”လို့ရေးသားပြီး “Commu Nal Phyo” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်း၊ အဓိကျကျတဲ့စကားလုံးအချို့အသုံးပြုပြီးအကြောင်းအရာကို ရှာဖွေနည်းနဲ့ ရှာဖွေရာမှာ ဒီဓာတ်ပုံတွေဟာ ထိုင်းဘာသာစကားနဲ့ “อีสานโปรดักชั่น”လို့ရေးသားထားတဲ့ ယူကျု့(youtube) ချန်နယ်မှာ […]

Continue Reading

Fact Check: ၂၀၂၀ ခုနှစ်အတွင်းက ဆူဒန်နိုင်ငံလောင်စာပြတ်လပ်မှု မြင်ကွင်း ဓာတ်ပုံဟာ မြန်မာနိုင်ငံကအဖြစ် ပျံ့နှံ့မှုအားကောင်းနေ

ရန်ကုန်က ဓာတ်ဆီဆိုင်တစ်ဆိုင်ရှေ့မှာ ဆီဖြည့်ဖို့ တမျှော်တခေါ် တန်းစီနေကြရတဲ့ကားတန်းကြီးဆိုပြီး ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာ ယနေ့(ဧပြီ ၁၉ ရက်)ကစပြီး ဓာတ်ဆီအကြပ်အတည်းဖြစ်ပေါ်နေပြီး အချို့ဆိုင်တွေမှာ ကန့်သတ်ရောင်းချမှုတွေရှိပါတယ်။ (သတင်းတွေကို ဒီနေရာ၊ဒီနေရာမှာတွေ့ရပါတယ်) ဒီလိုအခြေအနေမှာပဲ ဓာတ်ဆီဆိုင်တစ်ဆိုင်လို့ ယူဆရတဲ့ နေရာတစ်ခုရှေ့မှာ ကားတွေ ဘေးပတ်ပတ်လည်က စီတန်းနေတဲ့ ဓာတ်ပုံနဲ့အတူ “The Modern Cook”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက“ရန်ကုန်မြို့ရဲ့ ဓာတ်ဆီ ဆိုင်တစ်ဆိုင်ရှေ့ နွေနေပူပူမှာ ဆီဖြည့်ဖို့ တမျှော်တခေါ် တန်းစီနေကြရတဲ့ ကားတန်းကြီး … Photo – Aung Myo Htay” စသည်ဖြင့် ရေးသားပြီး ဓာတ်ပုံကိုအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၁၀ ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ဒီဗွီဒီယိုက ၂၀၁၆ ခုနှစ် မန္တလေးသင်္ကြန်မှာ Skynet ရုပ်သံလိုင်း တိုက်ရိုက်ထုတ်လွှင့်မှုအနှောင့်အယှက်အဖြစ်အပျက်တစ်ခုသာဖြစ်တယ်

မန္တလေးသင်္ကြန်မှာ Skynet ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်နေချိန်မှာပဲ ထုတ်လွှင့်မှုကို တားမြစ်ခဲ့တယ် ဆိုပြီးတော့ ဗွီဒီယို ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဒီဖြစ်စဉ်ဟာ တကယ်တော့ ၂၀၁၆ ခုနှစ်က ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား နားလည်းမှုလွဲစေတာတွေ့ရပါတယ်။ “ဘောမချင်တဲ့ ကောင်မ စောက်ရှက်ကွဲ”လို့ရေးသားပြီး“မြန်မာ့ အားကစား” အမည်နဲ့ဖေ့စ်ဘွတ် စာမျက်နှာ ကရေးသားပြီး အောက်ပါအတိုင်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ဒီဗွီဒီယိုကို ရှာဖွေကြည့်ရာမှာ ၂၀၁၆ ခုနှစ် ဧပြီ ၁၃ ရက်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ “မန္တလေးသင်္ကြန်SKYNETဖြစ်စဉ်”လို့ရေးသားပြီး “Myanmar Crime”အမည်နဲ့ youtube အကောင့်မှာ ၂၀၁၆ […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက ၂၀၁၇ ခုနစ်ကရန်ကုန်နဲ့ မန္တလေးကသင်္ကြန်ကျခဲ့တဲ့ မြင်ကွင်း ဓာတ်ပုံတွေသာဖြစ်တယ်

ယခုနှစ် မြန်မာနှစ်ကူး သင်္ကြန်ကို စစ်တပ်က စည်စည်ကားကားကျင်းပဖို့ ကြံရွယ်ပြီး အထင်ကရမြို့ကြီးတွေမှာ မဏ္ဍပ်ကြီးတွေဆောက်လုပ်နေပေမဲ့ အများပြည်သူက သပိတ်မှောက်ထားတာကြောင့် လူသူကင်းမဲ့နေပါတယ်။ ဒီလိုအခြေအနေမှာ ရန်ကုန်နဲ့ မန္တလေးက မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်စည်ကားနေပုံဆိုပြီးတော့ ဓာတ်ပုံပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူ တွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ “ဟစ်တိုင် – အွန်လိုင်းသတင်းဌာန”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက“ရန်ကုန် မြို့တော်ဝန်သင်္ကြန် မဏ္ဍပ်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ” စသည်ဖြင့် ရေးသားပြီး  ဓာတ်ပုံ ၅ ပုံကို ယနေ့ (ဧပြီ ၁၃ ရက်)က အောက်ပါအတိုင်းမျှဝေ ထားရာမှာ ၈ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၁၉၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  ထို့အတူ ဒီစာမျက်နှာကပဲ“မန္တလေး မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ”လို့ရေးသားပြီး ဓာတ်ပုံ ၁၄ […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက စစ်ကိုင်းတိုင်း ပုလဲက မီးရှို့ခံရတဲ့ ဓာတ်ပုံဖြစ်တယ်

မီးတောက်များစွဲလောင်နေသည့် မြင်ကွင်းဓာတ်ပုံ  ၂ ပုံကို ကယားဖြစ်စဉ်အဖြစ် ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ် အသုံးပြုအချို့က ပြန်လည် မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံ ၂ ပုံဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “ကယားရေ😓💔ရင်နာလိုက်တာ” စသည်ဖြင့် ရေးသားပြီး “Wa Na Kyaw Htain”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါ အတိုင်းမျှဝေထားပြီး လိုက်ခ် ပြုလုပ်ထားသူပေါင်း ၂ ထောင်ကျော်နဲ့ ပြန်လည်ဖြန့်ဝေထားသူ ၂ ရာကျော်ရှိတာ တွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ပထမဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ Eleven […]

Continue Reading

Fact Check: ဒီဓာတ်ပုံကထောင်ကျသွားတဲ့ ၃ နှစ်အရွယ်ကလေးငယ်ရဲ့ ပုံမဟုတ်ပါ

တန်းစီလျှောက်နေတဲ့ လူတွေရဲ့အရှေ့မှာ “FREE OUR  LEADER” စာတန်းပါဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံဗီနိုင်း ကို ကိုင်ဆောင်လမ်းလျှောက်နေတဲ့ ကလေးတစ်ဉီးကို မတ်လ ၂၄ ရက်နေ့က ထောင် ၃ နှစ်ကျခံလိုက်ရတဲ့ အသက် ၃ နှစ်အရွယ် မဆုမြတ်ဇော်အဖြစ် ဖေ့စ်ဘွတ်အသုံးပြုအချို့က ပြန်လည်မျှဝေလျက်ရှိပါတယ်။ ဓာတ်ပုံပါ ကလေးငယ်မှာ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်က အသက် ၅ နှစ်အရွယ် မိန်းကလေး ငယ်တဉီးရဲ့ ဓာတ်ပုံ ဖြစ်တာတွေ့ရပါတယ်။ “ကမ္ဘာ့ အသက်ငယ်ဆုံး အကျဉ်းသူ မဆုမြတ်ဇော် အသက် ၃ နှစ်… (ထောင်ဒဏ် ၃နှစ်) တဲ့ဗျာ…😢😔 What is justice? For Myanmar people” စသည်ဖြင့် ရေးသားပြီး “Lin Yaung Chi”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါ […]

Continue Reading

Fact Check: ယခုနှစ် တပ်မတော်နေ့အခမ်းအနားတက်လာတဲ့ အိန္ဒြာကျော်ဇင်နဲ့ ချမ်းမြေ့မောင်ချို ဓာတ်ပုံလား-မဟုတ်ပါ

သရုပ်ဆောင် အိန္ဒြကျော်ဇင်နဲ့ အဆိုတော်ချမ်းမြေ့မောင်ချိုတို့ ယခုနှစ် တပ်မတော်နေ့အခမ်းအနား တက်ရောက်လာတဲ့ ဓာတ်ပုံအဖြစ်ဖေ့စ်ဘွတ် အသုံးပြုအချို့က ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ လွန်ခဲ့တဲ့ ၃ နှစ်ကဓာတ်ပုံသာဖြစ်ပါတယ်။ “နင်….. နင်တို့ လုပ်ရက်လိုက်တာ မောင်ချို နဲ့ အူဝဲရာ 🤧🤧”လို့ ရေးသားပြီး “Aung Myat Thu”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေနဲ့ ပတ်သက်ပြီးတော့ အဆိုတော် ချမ်းမြေ့မောင်ချိုက သူမရဲ့ လူမှုကွန်ယက်အကောင့် က တစ်ဆင့်ရှင်းလင်းထားတာတွေ့ရပါတယ်။ “နေ့ချင်းညချင်းတော့ […]

Continue Reading

Fact Check: ကျပ် ၁၀၀၀၀ တန်များကို ငွေမဲအဖြစ်ကြေညာတယ်ဆိုတာ မဟုတ်ပါ

မြန်မာငွေ ငါးထောင်တန်များကို ငွေမဲ အဖြစ် ဗဟိုဘဏ် ကြေငြာလိုက်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ဒီသတင်းဟာ မှားယွင်းပါတယ်။ စစ်တပ်တပ်ပိုင် မီဒီယာက သတင်းကြေညာသူအမျိုးသားနဲ့အမျိုးသမီးဓာတ်ပုံနှင့်အတူ ၎င်းဓာတ်ပုံပေါ်မှာ “မြန်မာငွေ ၁၀၀၀၀ တန်များကို ဗဟိုဘဏ်မှအခုပဲ ငွေမဲ ကြေညာလိုက်ပြီ”လို့ စာတန်းထိုးထားပြီး မတ် ၂၄ ရက်က အောက်ပါအတိုင်း မျှဝေထားထားတွေ့ပါတယ်။ လင့်ခ်စာသားနေရာမှာတော့ “မြဝတီမာကြေညာသွားတာ သွားပြီးဗျာ”လို့ရေးသားထားပါတယ်။  တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  ဖေ့စ်ဘွတ်မှာ ယခုလိုမျှဝေထားတဲ့လင့်ခ်နှိပ်ကြည့်ရာမှာ bmnews အမည်နဲ့ ဘလော့ဂ်ဝက်ဘ်ဆိုဒ် စာမျက်နှာကို ရောက်ရှိသွားပြီး ယခုဓာတ်ပုံနဲ့ စာသားကိုပဲ ၃ ကြိမ်ထက်မနည်းထပ်တွေ့ရပြီး အောက်ခြေမှာတော့ ဗွီဒီယိုတစ်ခု ကိုတွေ့ရပါတယ်။ ဒီဗွီဒီယိုကို ထပ်မံနှိပ်ကြည့်ရာမှာ […]

Continue Reading

Fact Check: ဒီဓာတ်ပုံက စစ်ကိုင်းက PDFရန်ကြောင့် ဘုန်းကြီးကျောင်းကို ထွက်ပြေးလာရသူတွေလား-မဟုတ်ပါ

စစ်ကိုင်းမှာ PDFရန်ကြောင့် ဘုန်းကြီးကျောင်းသို့ ထွက်ပြေးလာရသူတွေများပြားလာပြီဆိုပြီးတော့ စစ်ဘေးရှောင် မိသားစုလို့ ယူဆရတဲ့ ဓာတ်ပုံတစ်ပုံနှင့် ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့လျက်ရှိပါတယ်။ သို့သော် ပြောဆိုချက်ဟာ မှားပါတယ်။ ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် မေလအတွင်းက ကရင်စစ်ဘေးရှောင်မိသားစု ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “PDFရန်ကြောင့် ဘုန်းကြီးကျောင်းသို့ထွက်ပြေးသူများပြားလာ မတ် ၂၃/၂၀၂၂ စစ်ကိုင်းတိုင်းကျေးလက်ဒေသအများတွင် PDF. မွေးတဲ့စစ်မီးကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး နေစရာအခက်ခဲဖြစ်သောကြောင့် ကျေးရွာရှိဘုန်းကြီးကျောင်းများနှင့် စစ်ကိုင်း မုံရွာစတဲ့မြို့ပေါ်ဘုန်းကြီး ကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရှိရပါသည် ရွာလည်းမပြန်ရဲ မြို့ပေါ်မှာနေပြန်တော့လည်း လက်တစ်လောဘာလုပ်ကိုင်စားသောက်ရမှန်း မသိသေးသော ကြောင့်ဘုန်းကြီးကျောင်းတွေမှာ ခေတ္တနေနေရသည်ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ ပြောကြားလိုက်ပါတယ်။”လို့“မလေးသူဇာ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ ယခုအချိန်ဟာ စစ်ကိုင်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်တွေအကြား ထိတွေမှုတိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေချိန်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  […]

Continue Reading

Fact Check: ၂၀၁၃ ခုနှစ် ဖိလစ်ပိုင်မုန်တိုင်းက ဓာတ်ပုံကို လပွတ္တာမှာ မုန်တိုင်း ဝင်ရောက်ပုံအဖြစ်ဖော်ပြနေတဲ့သတင်းမှား

လပွတ္တာမှာ မုန်တိုင်းဝင်သွားပြီးနောက်အခြေအနေဆိုပြီးတော့ အပျက်အစီးမြင်ကွင်းဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားပါတယ်။ ဓာတ်ပုံဟာလည်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ဖိလစ်ပိုင်နိုင်ငံမှာ မုန်တိုင်းဝင်ရောက်ခဲ့တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “ညနေ ၃နာရီ အခြေအနေပါလပွတ္တာပါ 🥺 အိမ်တွေ တော်တော်များများ အကုန်ပါကုန်ပြီဗျာ😢 ဂရုစိုက်ကြပါအမျိုးတို့ 💔 Photos Crd” စသည်ဖြင့် ရေးသားပြီး “PyaePhyo Zaw”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၁၃ ခုနှစ်က အင်အားပြင်း ဆူပါတိုက်ဖွန် မုန်းတိုင်း ဟိုင်ယန်(Haiyan)ကြောင့် […]

Continue Reading