Fact Check: လပွတ္တာက လူစင်စစ်ကနေ ခွေးဖြစ်သွားတဲ့မခင်လှရဲ့ ဖြစ်ရပ်မှန်ဆိုတာ မမှန်ပါ

လပွတ္တာမှာ လူစင်စစ်က ခွေးဘဝကူးသွားခဲ့မခင်လှဖြစ်ရပ်မှန်လို့ ရေးသားလျှက် မျှဝေထားတဲ့အကြောင်းအရာကို ဘလော့ဂ်စာမျက်နှာများ၊ ယူကျူး(youtube)နဲ့ဖေ့စ်ဘွတ်စတဲ့ ပလက်ဖောင်းတွေမှာပျံနှံ့လျက်ရှိပြီး ေထာင်ေပါင်းများစွာက ပြန်လည်မျှေဝေနတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၈ နှစ်ဝန်းကျင် ၂၀၀၂ ခုနှစ်ဝန်းကျင်က လပွတ္တာမှာ မခင်လှဆိုတဲ့ မိန်းမပျိုလေးဟာ မိခင်ကို ရိုင်းရိုင်းပြပြနဲ့ ခွေးနဲ့နှိုင်းပြောမိတာကြောင့် ခွေးဖြစ်သွားတဲ့ ဖြစ်ရပ်မှန်လို့ ရေးသားမျှဝေထားတာဖြစ်ပါတယ်။ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲရဲ့နောက်ခံစကားပြောသူက  လပွတ္တာမှာဖြစ်သွားတဲ့ တကယ့်ဖြစ်ရပ် မှန်ဖြစ်ပြီး အသက်က ၁၆-၁၇ အရွယ်မခင်လှဆိုတဲ့ အမျိုးသမီးငယ်ရဲ့ မိဘကိုစော်ကားမိတဲ့ အတွက် လူစင်စစ်ကနေ ချက်ချင်းခွေးဖြစ်သွားခဲ့တဲ့ဖြစ်စဉ်လို့လည်း ပြောဆိုထားပါတယ်။မခင်လှဟာ မိခင်ဖြစ်သူ ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ခွေးမကြီးလို့ ပြောရင်း တက်သွားပြီးနောက်မှာ သတိပြန်ရလာချိန်မှာ လူစင်စစ် ကနေ ခွေးလိုနေ၊ ခွေးလိုစား၊လေးဘက်ထောက်သွားတော့တယ်လို့ လည်းပြောပါတယ်။ ဒီဖြစ်စဉ်ကို တစ်မြို့လုံး တစ်နယ်လုံး […]

Continue Reading

Fact Check: အာရပ်စော်ဘွားများပြည်ထောင်စုရောက် ဟိန္ဒူသာသနာပြုအဖွဲ့ပုံ ကို ဆော်ဒီအာရေးဗီယားက သံဃာတွေအဖြစ်မျှဝေ

ဆော်ဒီအာရေးဗီးယားမှာ သံဃာတွေကို အရိုအသေပေးပုံအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည် မျှဝေထားတွေ့ရပါတယ်။ မြန်မာနိုင်ငံက ဘာသာကို မစောင့်ရှောက်ပေမဲ့ အစ္စလာမ်ဘာသာတရားကို ပြင်းပြင်းထန်ထန်ကျင့်သုံးတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံက ဘုန်းတော်ကြီးတွေကို အရိုအသေပေးနေတယ်လို့လည်း ရေးသားထားပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ဆော်ဒီအာရေးဗီးယားကမဟုတ်ဘဲ အာရပ်စော်ဘွားများပြည်ထောင်စု က ဓာတ်ပုံတွေဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အသုံးပြုထားတဲ့ ဓာတ်ပုံတွေကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ “Satsang Tour of UAE, Oman and Bahrain”လို့ရေးသားထားတဲ့ baps.org က မျှဝေထားတာတွေ့ရပါတယ်။ အိန္ဒိယအခြေစိုက် ဟိန္ဒူသာသနာပြုအဖွဲ့က အာရပ်စော်ဘွားများပြည်ထောင်စုမှ သာသနာပြုခရီးသွားစဉ်က ပုံဖြစ်တယ်လို့ရေးသားပြီး မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Baps.org […]

Continue Reading

Fact Check: မိုးကုတ်မှာ ပြည်တန်ပတ္တမြားတစ်လုံး ပေါ်ထွက်တယ်ဆိုတဲ့ သတင်းအမှား

မိုးကုတ်မြို့မှာ ပတ္တမြားငမောက်တလုံးတွေ့ရှိပြီး ဒါဟာလက်ရှိအစိုးရရဲ့ ဘုန်းကံကြောင့်ပေါ်ထွက်လာတာ ဖြစ်တယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာတော့”ဒီတစ်ခါ ငမောက်ပတ္တမြား မြန်မာပြည်က ဘုရင်မ အတွက်ပဲ ”လို့ ခေါင်းစဉ်တပ်ထားပြီး “မိုးကုတ်မြေမှ နောက်ထပ်ပတ္တမြားငမောက် ထွက်ပေါ်ဘုန်းကံကြီးမားပြီး တရားစောင့်တဲ့၊ မင်းကောင်းမင်းမြတ်တွေလက်ထက်မှာ မြေအောက်ထဲက အဖိုးတန်တဲ့ကျောက်မျက်ရတနာတွေ မြေပေါ် ပေါ်ထွက်လာရတယ်လို့ ယုံကြည်စကား ရှိကြပါတယ်။ အခုလည်း မိုးကုတ်မြေကနေ အလွန်တစ်ရာမှ အဖိုးထိုက်တန်မယ့် ပတ္တမြားကြီးတစ်လုံး ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ကာရက် ၉၀ကျော်တဲ့ပတ္တမြားကြီးတစ်ပွင့်ကို မိုးကုတ်မှာ တူးဖော်ရရှိလို့ သက်ဆိုင်ရာဆီအပ်နှံလိုက်ပါပြီ … တဲ့။ မြန်မာ့သမိုင်းမှာ နာမည်ကျော် ပတ္တမြားငမောက်ကြီးဟာ မိုးကုတ်မြေက ထွက်ခဲ့တာပါ။ အခု…အေမစု လက်ထက်မှာ တွေ့ရှိတဲ့ ပတ္တမြားကြီးကရော နောက်ထပ်ပတ္တမြားငမောက်လို့ ပြောရလေမလား? ပတ္တမြားငမောက်အကြောင်း ဖတ်ဖူးခဲ့သလောက် ရတီ ၉၀ကျော်ပဲရှိတယ်ဆိုတော့ ၈၂ကာရက္နီးပါးပဲရှိနေပါတယ်။ အခုက […]

Continue Reading

Fact Check: သံဖြူဇရပ် မိန်ဗလာတောင်က ရတနာသိုက်က ရှာဖွေတွေ့ရှိတဲ့ ရတနာတွေလား- မဟုတ်ပါ

သံဖြူဇရပ်မြို့နယ် မိန်ဗလာတောင်က ဂျပန်ရတနာသိုက်တွေ့ရှိတယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ သံဖြူဇရပ် မိန်ဗလာတောင်မှာ တွေ့ရတဲ့ ရတနာသိုက်က ရွှေချောင်းတွေ အဖြစ်ဓာတ်ပုံ ၆ ပုံနှင့်အတူ လှိုင်ခေါင်းထဲ ဝင်ရောက်နေပုံနဲ့ ကုမ္ပဏီတစ်ခုက ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ပုံတွေပါဝင်ပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ တူရကီနဲ့ ဖိလစ်ပိုင်နိုင်ငံက သတင်းတွေမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး မျှဝေထားတာတွေ့ရပြီး သံဖြူဇရပ်မှာ အခုလိုရွှေချောင်းတွေ တွေ့ရ တယ်ဆိုတာ မဟုတ်ဘူးလို့ သံဖြူဇရပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က Fact Crescendo Myanmar ကိုအတည်ပြုပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “သံဖြူဇရပ် […]

Continue Reading

Fact Check: ၂၀၁၄ ခုနှစ်က ဟာဝိုင်အီမှာ အသေးစားလေယာဉ်ပျက် ကျမှု မှတ်တမ်းကို အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုအဖြစ်မျှဝေနေ

လေယာဉ်စီးခရီသည်တစ်ဦးက လေယာဉ်ရေထဲပျက်ကျစဉ်မှာ ရိုက်ထားတဲ့ ဗွီဒီယိုတစ်ခုကို အင်ဒိုနီးရှား လေယာဉ် ပျက်မှုအဖြစ်လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ ၂ မိနစ်နဲ့ ၃၀ စက္ကန့်ရှည်လျားတဲ့  ဒီဗွီဒီယိုမှာ လေယာဉ်ရေထဲပျက်ကျသွားတာကို လေယာဉ်ပေါ်မှာ လိုက်ပါလာ တဲ့သူက မှတ်တမ်းရိုက်ကူးထားထားတာလည်းပါဝင်ပြီး လေယာဉ်ပေါ်ပါလာသူ အသက်ရှင်ကျန်ရစ်သူ က ပြန်ပြောနေတဲ့ အပိုင်းလည်းပါဝင်ပါတယ်။  ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ ဒီဗွီဒီယိုဟာ တကယ်တမ်း အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုမှတ်တမ်းမဟုတ်ဘဲ ၂၀၁၄ ခုနှစ်က ဟာဝိုင်အီမှာ အသေးစားခရီးသည်တင်လေယာဉ်ပျက်ကျစဉ်က ဗွီဒီယိုသာဖြစ်ပါတယ်။ “အင်ဒိုနီးရှား လေယာဥ်မှူးရေထဲကိုအညင်သာဆုံးဆင်းတာပဲ လေယဥ်ပေါ်ပါခရီးသည်ရိုက်ထားတဲ့ video file လူသားချင်းစာနာသနားမိပါတယ် M. T. A. Crd”လို့ ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်တဲ့ မြန်မာနိုင်ငံမှာတွေ့ရတဲ့ “ငေါင်း”ပုံအဖြစ်မျှဝေနေတဲ့ပုံအမှား

မြန်မာနိုင်ငံ ကရင်ပြည်နယ်မှာ တွေ့ရတဲ့ “ငေါင်း”လို့ခေါ်တဲ့ သတ္တဝါအဖြစ် လူတစ်ယောက်ရွှံ့နွံလူးထားဟန်နှင့် သဏ္ဌာန်တူ ဓာတ်ပုံအချို့နှင့်အတူ ဖေ့စ်ဘွတ်နဲ့ ယူကျူချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ  ရေညှိနဲ့ရွှံ့နွံအသုံးပြုပြီး ပြင်သစ်အနုပညာရှင် တစ်ဦးဖန်တီးထားတဲ့ အနုပညာ လက်ရာတွေဖြစ်ပါတယ်။  “ကရင်ပြည်နယ်မှာ​တွေ့လိုက်ရတဲ့ မျိုးသုန်း​ပျောက်ကွယ်လုနီးပါးဖြစ်တဲ့ “​ငေါင်း”လို့ရေးသားပြီး “Today MM”အမည်နဲ့ ယူကျူချန်နယ်က မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  |  Archive link ထို့အပြင် “ဒီကနေ့ပဲ ကမ်မ္ဘောဒီးယား Page တစ်ခုကနေ ပြန့်လာတာခပ်ဆန်းဆန်းလူလိုလိုသရဲလိုလိုနဲ့ သတ္တဝါတစ်ကောင်ပုံကို တော်တော်များများက ဘာကောင်းလဲသိချင်ကြပြီး၊ တစ်ချို့ကတော့ သစ်သားကိုထွင်း ထုထားတာလို့ဆိုကြပါတယ်။ တကယ်တော့ဒီသတ္တဝါဟာ မျိုးတုန်းလုနီးပါး ပျောက်ကွယ်နေသော ငေါင်းဆိုတော့ သတ္တဝါသာဖြစ်ပါတယ်။ ရှေးအခါက ဒေါနတောင်တန်းတွင် အများအပြားတွေ့ရတတ်ပြီး၊ ယခုအခါမှာတော့ မရှိသလောက်ကိုရှားသွားပြီဖြစ်ပါတယ်။ လူတော်တော်များများက […]

Continue Reading

Fact Check: ဧရာဝတီတိုင်းမှာ ကိုဗစ်မျိုးစိပ်အသစ်တွေ့ရှိတယ်ဆိုတာ မဟုတ်ပါ

ဧရာဝတီတိုင်းမှာ ကိုဗစ်မျိုးစိပ်အသစ်တွေ့ရှိရတယ်လို့ ဇန်နဝါရီ ၁၀ ရက်မွန်းလွဲပိုင်းမှာ လူမှုကွန်အသုံးပြု သူများအကြား စတင်ပျံ့နှံ့လာခဲ့တဲ့ ဒီသတင်းဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဧရာဝတီစင်တာ(မန္တလေး)မှာ ကိုဗစ်မျိုးစိပ်အသစ်တွေ့ရှိတယ်လို့ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းမှာ ရွှေမဟာနွယ် သွေးနှင့်ပရဟိတအသင်း ဥက္ကဌ မရွှေမဟာနွယ်အကောင့်ကနေ အတည်မပြုနိုင်တဲ့ သတင်းစတင်ဖြန့်ဝေပြီး နောက်မှာ အခုလို ဧရာဝတီတိုင်းမှာ ကိုဗစ်မျိုးစိတ်အသစ်တွေ့တယ်ဆိုပြီးတော့ ထပ်မံပြန့်နှံ့လျက်ရှိတာ တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများအကြားပျံ့နှံ့ခဲ့သောပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ဒီနေရာ၊ ဒီနေရာ ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ “ကိုဗစ်မျိုးစိတ်ကွဲ ဧရာဝတီတိုင်းတွင် စတင်တွေ့ရှိပါပြီလို့သိရပါတယ်.. အလွန်ကူးစက်မြန်ပါတယ်.. သတိထားကြပါ GSL ”လို့ရေးသားပြီး “Aung Naing Htwe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဇန်နဝါရီ ၁၀ ရက်နေ့လည်ပိုင်းမှာ ထပ်မံ မျှဝေခဲ့ပါတယ်။ မူရင်းလင်ခ့် –  Fb link […]

Continue Reading

Fact Check: လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မတက်ရင် ထောင်ကျနိုင်လား- မဟုတ်ပါ

တတိယအကြိမ်လွှတ်တော်ကို ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ကျင်းပဖို့အတွက် ကိုယ်စားလှယ်တွေကို  နှိုးဆော် ခေါ်ယူနေချိန် ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မတက်ရင် ထောင်ကျ နိုင်တယ်လို့ ရေးသားပြီး လူမှုကွန်ယက်မှာ မျှဝေနေတာ တွေ့ ရပါတယ်။ လွှတ်တော်နာယက က လွှတ်တော်ခေါ်ချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်လာမတက်ရင် ထောင်ကျခံရမယ်လို့ရေးသားမျှဝေနေတာဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်ကမှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက အစိုးရဖွဲ့နိုင်တဲ့အရေ အတွက်ထက် ကျော်လွန်ပြီး အနိုင်ရထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီ(USDP) က ၃၃ နေရာသာအရွေး ချယ်ခံထားရပါတယ်။ သို့သော်လည်း လွှတ်တော်မတက်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ထောင်ဒဏ်ချ မှတ်နိုင်တယ်ဆိုတဲ့ ပြဌာန်းချက်မျိုး Fact Crescendo Myanmar အနေနဲ့ မတွေ့ရပါဘူး။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ […]

Continue Reading

Fact Check: မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကွန်ကရစ်လမ်းမှာ ဝါးတွေထည့်ပြီး ဖောက်လုပ်သလား

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကွန်ကရစ်လမ်း ဖောက်လုပ်ရာမှာ ကွန်ကရစ်အတွင်း သံချောင်းတွေအစား ဝါးလုံးတွေထည့်ပြီး ဖောက်လုပ်တယ်ဆိုပြီး ပုံနဲ့တကွရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ပြန်လည်ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီပိုစ်မှာ ဖောက်လက်စကွန်ကရစ်လမ်းရဲ့ လမ်းအတွင်းသားထဲ ဝါးလုံးတွေ စီပြီး ခင်းထားတဲ့ပုံတွေကို “ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း ခဂရန်းယန်ကျေးရွာမရောက်မှီမှာ ပြုလုပ်ထားတဲ့ လမ်းခင်းနေမှုဖြစ်ပါတယ်။ ဝါးကိုအသုံးပြုပြီး ခင်းလမ်းနေတာဟာ အရည်အသွေးပြည့်မှီပါ့မလား? လမ်းလုပ်ငန်းဆောင်ရွက်ဖို့ စာချုပ်စာတမ်းမှာရော ဒီလိုဝါးအသုံးပြုဖို့ ချုပ်ဆိုတတ်ကြသလား? အစိုးရရဲ့လမ်း တင်ဒါဒီဇိုင်းမှာရော ဒါမျိူးဒီဇိုင်းတွေရှိပါသလား? သိတဲ့သူများ ကျေးဇူးပြု၍ ပြောပေးကြပါ။ လေ့လာချင်လို့ပါဗျ။ အားလုံးကို ကျေးဇူးတင်ပါတယ်။”လို့ ရေးသားထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပြီး ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အထက်ပါပို့စ်နဲ့ပတ်သက်ပြီး အဲ့ဒီလမ်းကို ဖောက်လုပ်နေတဲ့ […]

Continue Reading

Fact Check: သတိ- Facebook အမည်နှင့် Messenger အမည်အသုံးပြုပြီး ကိုယ်ပိုင်အချက်အလက်များကို တောင်းယူနေပါသည်

(Facebook )ဖေ့စ်ဘွတ် စာမျက်နှာအများအပြားကို မူဝါဒနှင့်မညီညွှတ်မှုကြောင့်  အတည်ပြုတာ လုပ်ခိုင်းတဲ့ ဖေ့စ်ဘွတ်စာ မျက်နှာတစ်ခုကို Fact Crescendo Myanmar က သတိပြုမိပါတယ်။ အလားတူ Messenger (မက်ဆေ့ဂျာ) နောက်ဆုံးထွက်ဗားရှင်း ရရှိဖို့အတွက် အတည်ပြုချက်ရယူပါလို့ ဖော်ပြနေတဲ့ ပို့စ်တွေကိုလည်း ဒီရက်ပိုင်းအတွင်းမှာတွေ့ရပါတယ်။  ဖေ့စ်ဘွတ်အမှတ်တံဆိပ်နဲ့ “Blue Vèrification Badge Page Security”ဆိုတဲ့ စာမျက်နှာဟာ Fact Crescendo Myanmar အပါအဝင် စာမျက်နှာပေါင်းများစွာကို ဖေ့စ်ဘွတ်ရဲ့ အတုအပပြုလုပ်မှုဆိုင်ရာ မူဝါဒနဲ့ ညှိစွန်းနေတဲ့ အတွက် အောက်ပါလင့်ခ်ကို နှိပ်ပြီး အတည်ပြုချက်ရယူဖို့နဲ့ မလုပ်ရင် အကောင့်ကို ဖျက်သိမ်းမယ်ဆို ပြီးတော့ ရေးသားထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက အဖွဲ့အစည်းများနဲ့ သတင်းဌာနအများစုကို အခုလို ဖော်ပြခဲ့တဲ့ ဒီနာမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ အခုချိန်မှာတော့ ဖေ့စ်ဘွတ်မှာတွေ့ရှိရခြင်း […]

Continue Reading