မြန်မာနိုင်ငံမှာ ဗုဒ္ဓခြေတော်ရာအဖြစ်မျှဝေနေတဲ့ ဟာနုမာန်ခြေရာ

ဗုဒ္ဓရဲ့ ခြေရာတော် အစစ်ဆိုပြီးတော့ ခြေတော်ရာကြီးတစ်ခုကို လူတွေက ထိုင်ကန်တော့နေဟန် ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ “ဗုဒ္ဓရဲ့ ခြေရာတော် အစစ်ပလိုရာ ဆုတောင်းပြီး ရှဲပါ ကိုယ်တွေ့ပါသူများတွေလဲ ဖူးရအောင် ရှဲပေးကြနော်ဗုဒ္ဓရဲ့ ခြေရာတော် အစစ်ပါလိုရာ ဆုတောင်းပြီး ရှဲပါ ကိုယ်တွေ့ပါသူများတွေလဲ ဖူးရအောင် ရှဲပေးကြနော်”ဆိုပြီးတော့ mmrepublic.com ကရေးသားထားတဲ့ ပို့စ်ကို ပြန်လည်မျှဝေနေကြတာဖြစ်ပါတယ်။ Link Archive link ဗုဒ္ဓခြေတော်ရာတွေထဲမှာ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်မှာရှိတဲ့ ရွှေစက်တော်ဟာ နာမည်ကြီးပါတယ်။ တကယ်ပဲ ဒီခြေတော်ရာဟာ ဗုဒ္ဓခြေတော်ရာလားဆိုတာ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Goolge မှာ မျှဝေထားတဲ့ပုံကို ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၁၃ ခုနှစ်လောက်ကတည်း အင်တာနက်မှာ ဒီပုံဟာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေအရ ဒီခြေတော်ရာဟာ ဗုဒ္ဓခြေတော်ရာထက် ထိုင်းနိုင်ငံက […]

Continue Reading

ထီပေါက်လို့ လှူချင်လို့ပါဆိုပြီး ဖေ့စ်ဘွတ်သုံးစွဲသူတွေကို ညာနေတဲ့ ဖေ့စ်ဘွတ်အုပ်စု

“Sein Lwin”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “ဂရု Join ထားနော် ရတဲ့သူတွေရကုန်ပီး… မရသေးသူများ ဖုန်းနံပတ်ရေးခဲ့ပါ ဂရု မJoin ထားရင် မရပါဘူးစာအမဲလေးကိုနှိပ်ပြီး Join Group ကိုနှိပ်ဖုန်းနံပါတ်ရေးခဲ့ပါ ခုနေငွေဆက်တိုက်လွှဲပေးနေပါတယ်”စသည်ဖြင့်ရေးသားပြီး “ထီပေါက်ပြီဟေ့ ဂရုအပ်ထား လှူချင်လို့”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုကို လူတွေက ပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။  Fb link Archive link ဒီပို့စ်မှာ မျှဝေထားတဲ့ လင့်ခ်နှစ်ခုကို နှိပ်လိုက်တဲ့အခါမှာ ““ထီပေါက်ပြီဟေ့ ဂရုအပ်ထား လှူချင်လို့”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုနဲ့ အခြားဖေ့စ်ဘွတ်အုပ်စုဖြစ်တဲ့ “ဖုန်းဖြင့် ငွေလက်ခံမည့် သူများစာရင်း”ဆိုတဲ့ ဖေ့စ်ဘွတ်အုပ်စုကိုရောက်သွားပါတယ်။ Fb link Fb link အချက်အလက်စိစစ်ချက် ဒီလို ပိုက်ဆံလွှဲပေးမယ်လို့ ပျံ့နှံ့နေတဲ့ ပို့စ်အောက်မှာ ဖုန်းနံပါတ်တွေကို ဖေ့စ်ဘွတ်သုံးစွဲသူတွေ ချန်ထားခဲ့ တာတွေ့ရပါတယ်။ အဲဒီဖုန်းနံပါတ်တွေထဲက […]

Continue Reading

မေ ၁၆ ရက် သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ မှတ်ပုံတင်ရှိတဲ့သူတိုင်း ကျပ် ၄၀၀၀၀ ထောက်ပံ့မယ်လို့ ပြောကြားခဲ့ခြင်းမရှိပါ

“မှတ်ပုံတင်ရှိတဲ့ မြန်မာနိုင်ငံသားတိုင်းကို ၄၀၀၀၀ကျပ်ပေးအပ်မည်”ဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ယက် သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ဒီခေါင်းစဉ်နဲ့ ဖော်ပြခဲ့တဲ့ naythimyanmar.com နဲ့ lugyinnews.com ကသတင်းဖော်ပြချက် အပြည့်အစုံမှာ အော်ပါအတိုင်းဖြစ်ပါတယ်။ “အခြေခံလူတန်းစားများအတွက် အစိုးရ၏ ဒုတိယအကြိမ် ထောက်ပံ့မည့်အစီအစဉ်ကို လာမည့် သီတင်းပတ်သုံး ပတ်ခန့်အတွင်း ပေးအပ်ရန် စီစဉ်နေကြောင်းနိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြား လိုက်ပါတယ်။ယခုအကြောင်းကိုတော့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲကို မေလ ၁၆ ရက် တွင် အွန် လိုင်းမှ တစ်ဆင့်ပြုလုပ်ချိန်က ဒီအစီအစဉ်ကိုကြေညာခြင်းဖြစ်ပြီးပထမအကြိမ်ကဲ့သို့ အခြေခံလူတန်းစား များကို စားသောက်ကုန် ငါးမျိုး ပေးအပ်မည်မဟုတ်ဘဲ ငွေသားကျပ်ငွေ ပေးအပ်မည်ဟုဆိုပါတယ်။ ဒီလိုငွေကြေး ထောက်ပံ့တဲ့အခါမှာလည်း Online Payment (အွန်လိုင်းငွေပေးချေခြင်း) နဲ့။ ဥပမာအားဖြင့် Wave Money တို့၊ KBZ […]

Continue Reading

အကယ်ဒမီဆုပေးပွဲအထိမ်းအမှတ်အဖြစ် Facebook နဲ့ B.N.O Fashion က ဖုန်းဘေ လ် ၁၀၀၀ ကျပ်စီပေးမယ်ဆိုတဲ့ သတင်းတု

အကယ်ဒမီဆုပေးပွဲအထိမ်းအမှတ်အဖြစ် Facebook နဲ့ B.N.O Fashion က ဖုန်းဘေလ် ၁၀၀၀ ကျပ်စီပေး မယ်ဆိုတဲ့ မက်ဆေ့စာသားတစ်ခု Facebook Messenger အသုံးပြုသူတွေအကြားမှာ ပျံ့နှံလျက်ရှိ တာတွေ့ရပါတယ်။  Fact Crescendo Myanmar ရဲ့ Viber ဖုန်းနံပါတ်ကို မျှဝေလာတဲ့ screenshot စာသားအပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အချက်အလက်စိစစ်ချက် B.N.O Fashion ဖေ့စ်ဘွတ်စာမျက်နှာက ဒီလိုပျံ့နှံ့နေတဲ့ စာသားမက်ဆေ့နဲ့ ပတ်သက်ပြီး တာဝန်မယူအကြောင်း နဲ့ သူတို့နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ တစ်စုံတစ်ယောက်က တိုက်ခိုက်လိုတဲ့အတွက် ရေးသားထားတဲ့ လိမ်ညာ မှုတစ် ခုဖြစ်ကြောင်း ရှင်းလင်းထားပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကလည်း သူတို့နဲ့မသက်ဆိုင်ကြောင်း ငြင်းဆို ထားတဲ့ screeshot တစ်ခုပါ ပူးတွဲတင်ခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။  […]

Continue Reading

Facebook သုံးတဲ့သူတွေ ပိုက်ဆံပေးရတော့မယ်ဆိုတဲ့ သတင်းမှား

Facebook သုံးတဲ့သူတွေဟာ ပိုက်ဆံပေးရတော့မယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံလျက်ရှိတာတွေ့ရပါတယ်။ “အရင်က Facebook အကောင့်တခု ဖွင့်ဖို့ ဆိုတာ အင်မတန်မှ လွယ်လှပါတယ်။သင့်မှာ email တခုသို့မဟုတ် ဖုန်းနံပါတ်တခု ရှိတာနဲ့ fb Acc ရပါပြီ။ခုတော့ဖြင့် မတ်က လွယ်လွယ်နဲ့ အကောင့်တခု မပေးတော့ပါဘူး။ နိုင်ငံငွေကြေးအရ လေးဒေါ်လာဝန်းကျင်ကောက်ခံပါတယ်။ အဲ့သလို မြန်မာငွေ ငါးထောင်ကျော်သွင်းလိုက်မှ acc ရပါတော့မယ်”ဆိုပြီးတော့ “Linn Khant Paing”အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက မေ ၂၄ ရက်ကမျှဝေထား တာတွေ့ရပါတယ်။ ထပ်ပြီးတော့ post တခု စာသားသက်သက်ဆို မြန်မာငွေ ၁၀၀၀ ကျပ် ဝန်းကျင် ကျသင့်မှာဖြစ်ပြီး ပုံတင်ရင်တော့ ၂၀၀၀ ကျပ်ကျသင့်မှာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။  ပို့စ်အောက်က မှတ်ချက်တွေကို ကြည့်ရင် […]

Continue Reading

Facebook ပေါ်မှာအွန်လိုင်းရှော့ပင်ရောင်းတဲ့သူတွေကို ဖမ်းဆီးဆိုတဲ့ သတင်းက ဓာတ်ပုံတွေက ပြည့်တန်ဆာလုပ်ငန်းဖမ်းဆီးမှုပုံတွေဖြစ်နေ

“Facebookပေါ်တွင်အိပ်ရာခင်းခေါင်းအုံးများ ရောင်းချနေသော onlineshopping အကောင့်ပိုင်ရှင် အမျိုးသမီး များနှင့် နိုင်ငံတော်ထံ အခွန်မဆောင်သော တရားမဝင်အွန်လိုင်းစျေးသည်များကို စီမံချက်ဖြင့် ဖမ်းဆီး”ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ “မြန်မာပြည် Facebook ပေါ်တွင် အခွန်မဆောင်ပဲ အလွန်အကြူး ရောင်းချနေသော တရားမဝင် အွန်လိုင်းရှော့ပင် ဒိုင်ကြီးများကို မနေ့ကဖမ်းဆီးရာမှ ပစ္စည်းပို့အမျိူးသားတစ်ဦးအပါဝင် တရားခံအမျိူးသမီးများစွာဖမ်းမိလိုက် တယ်လို့ သတင်းရရှိပါသည်။ အဆိုပါ အွန်လိုင်းစျေးရောင်းသူတွေဟာရန်ကုန်မြို့ မှဖြစ်ပြီး အိပ်ရာခင်း ခေါင်းအုံး မွေ့ရာများကို အဓိကထားရောင်းချသူများ ဖြစ်ကြောင်း သိရပါသည်။ ခေါင်းအုံးနှစ်လုံး အိပ်ရာခင်းဆယ်ခု ဖက်လုံး တစ်လုံးနဲ့ ပစ္စည်းရောင်းချငွေ လေးသောင်းလောက် ဖမ်းမိတယ်လို့ သိရှိရသည်။ မြန်မာပြည်ကိုဗစ်ကာလ နောက် ပိုင်း တစ်လကျော်အတွင်း အခုလို အွန်လိုင်းစျေးရောင်သူအဆမတန်များပြားလာပြီး ရဲတပ်ဖွဲ့ကဖမ်းမိတဲ့ အွန် လိုင်းရှော်ပင်သမား ၈၆ […]

Continue Reading

စိမ်းစိုလာတဲ့ သစ်တောတွေဓာတ်ပုံက ပါကစ္စတန်က မဟုတ်ပါ

သစ်တောမရှိသလောက်ဖြစ်နေတဲ့ ကွင်းပြင်နဲ့ စိမ်းစိုနေတဲ့ တောအုပ်နှစ်ခုကို ယှဉ်ပြထားတဲ့ ဓာတ်ပုံတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီဓာတ်ပုံကို “အလုပ်လက်မဲ့ ၆သောင်းကျော်ကို သစ်ပင်စိုက်ခိုင်းလိုက်တဲ့ ပါကစ္စတန်”ဆိုတဲ့သတင်းမှာ ပြန်လည် မျှဝေနေ တာတွေ့ရပါတယ်။ “ကိုဗစ် ၁၉ ကြောင့် အလုပ်အများစုရပ်တန့်သွားတာကြောင့် ကမ္ဘာတဝှမ်းမှာ အလုပ် လက်မဲ့လူဦး ရေဟာလည်း အဆမတန် တိုးပွားလာခဲ့ပါတယ်။ ပါကစ္စတန်အစိုးရကတော့ ဒီအကြပ်အတည်းကို အခွင့်အရေး တခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဝန်ကြီးချုပ် Imran Khan ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတွင်း က အလုပ် လက်မဲ့ ၆သောင်းကျော်ကို သစ်ပင်စိုက်ပျိုးရေးစီမံကိန်းမှာ နေ့စားအလုပ်သမားတွေအဖြစ် ငှားရမ်း ခန့်အပ် လိုက်ပါတယ်။ နိုင်ငံအနှံ့က နေရာအသီးသီးမှာ သစ်ပင်ပေါက်များ ပျိုးခြင်း ၊ ရေလောင်းခြင်း စတဲ့ အလုပ် တွေကို လုပ်ကြရမှာဖြစ်ပါတယ်”ဆိုပြီးရေးသားထားပါတယ်။ […]

Continue Reading

ရေကြည်ရေနောက်မရောတဲ့နေရာက ပစိဖိတ်နဲ့ အတ္တလန်တိတ်သမုဒ္ဒရာဆုံရာနေရာလား

သင်္ဘောတစ်စင်းပေါ်ကနေ ရိုက်ပြထားတဲ့ မြင်ကွင်းတစ်ခုမှာ ကြည်လင်နေတဲ့ ရေပြင်ကျယ်ကြီးနဲ့ အနည်ငယ်နောက်ကျိနေရတဲ့ ရေပြင်ကျယ်ကြီးနှစ်ခုဟာ စည်းခြားထားသလို မရောနှောဘဲရှိနေတာကို ပြထားပါတယ်။ တစ်မိနစ်ခန့် ရှည်လျားတဲ့ ဒီဗွီဒီယိုကို “မမြင်ဖူးသူများအတွက်” ပစိဖိတ် နှင့် အတ္တလန္တိတ် “သမုဒ္ဒရာနှစ်စင်းမြင်ဖူး သူလက်ချိုးရေလို့ရတဲ့အထဲ သင်ပါသွားပါပြီ”ဆိုပြီးတော့ “Pan Do Ra”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားရာမှာ လူမှုကွန်ယက်သုံးစွဲစူ ၅ ထောင်ကျော်က ပြန်လည်မျှဝေခဲ့ကြပါတယ်။ Fb link Archive link ဒီဗွီဒီယိုကိုပဲ “Mg Oo”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “ပြည်တွင်းပြည်ပ-သတင်းစုံ”အမည်နဲ့ဖစ်ဘွတ်အုပ်စုမှာ ပြန်လည်မျှဝေထားတာလည်းတွေ့ရပါတယ်။သမုဒ္ဒရာ ၂ စင်းဆုံရာလို့ ပြောနေကြတဲ့ ဗွီဒီယိုဟာပြီးခဲ့တဲ့  နှစ်အငယ်အတွင်းကတည်း မကြာခဏပျံ့နှံ့ခဲ့ တာသတိထားမိပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Google မှာ အဓိကကျတဲ့စကားလုံးတွေဖြစ်တဲ့ “junction of pacific and atlantic ocean” […]

Continue Reading

ဒူးရင်းသီးနဲ့ ကိုကာကိုလာအတူစားရင် အန္တရာယ်ရှိလား

ဒူးရင်းသီးစားပြီး ကိုကာကိုယ်လာသောက်မိပြီးတဲ့ အမျိုးသားတစစ်ဦးသေဆုံးဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ် လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။  “Di Đức Lợi(Tiêm Filler Mông Ngực)မှဖော်ပြခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံမှ အမျိုးသားတစ်ဦးသည် မနေ့နေ့လည်အချိန်တွင် ထိုအမျိုးသားသည် အလုပ်လုပ်ပြီး ဇနီးသည်မှဝယ်လာပေးသော ဒူးရင်သီးကိုစားပြီး ရေခဲသေတ္တာ ထဲတွင်အသင်ရှိနေသော ကိုကာကိုယ်လာ ယူသောက်လိုက်အပြီး ယခုပုံပါမြင်တွေ့ရသည့်အတိုင်း လဲကြသေဆုံးသွားခြင်းဖြစ်ပါသည်”ဆိုပြီး poststore.xyz အမည်နဲ့ဝက်ဆိုဒ်ကရေးသားတဲ့ သတင်းတစ်ခုကို လူမှုကွန်ယက်မှာ ပြန်လည်မျှဝေထားတာအောက်ပါအအတိုင်းတွေ့ရပါတယ်။ Fb link Archive link မကြာခဏဆိုသလို ဒီလိုသတင်းမျိုးတွေ ထွက်ပေါ်ခဲ့တာတွေ့ ရပါတယ်။ ၂၀၁၄ ခုနှစ်ထဲမှာလည်း Kim-Siang Ng အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက ဒူးရင်းသီးနဲ့ ကိုကာကိုလားမစားဖို့အတွက်တိုက်တွန်းခဲ့တာလည်းတွေ့ရပါတယ်။ Archive link ဒူးရင်းသီးနဲ့ ကိုကာကိုလာဟာ မကြာခဏဆိုသလို တွဲဖက်စားသုံးမိနိုင်တဲ့အစားအစာတွေဖြစ်လို့ ဒီအချက်အ လက်ဟာ မှန်မမှန် Fact […]

Continue Reading