Fact Check: အမေရိကန်မှာရွေးကောက်ပွဲအရာရှိအဖမ်းခံရတယ်ဆိုပြီး မျှဝေနေ တဲ့ သတင်းမှား

Missing Context နိုင်ငံတကာ၊ | International

အ​မေရိကန်မှာ ရွေးကောက်ပွဲအရာရှိတစ်ဦးအဖမ်းခံရတယ်လို့ အမျိုးသမီးတစ်ယောက်ဓာတ်ပုံနှင့်အတူ ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းဝန်းကျင်က ပြန်လည်မျှထားပါတယ်။

အမျိုးသမီးတစ်ဦးကို ရဲတွေက ကားတခါးဖွင့်ပေးနေဟန်ဓာတ်ပုံနှင့်အတူ “အမေရိကန်မှာတော့ ဖမ်းပြီ” ဆိုပြီး တော့ မဲခိုးခဲ့တဲ့ ရွေးကောက်ပွဲအရာရှိ အဖမ်းခံရတယ်လို့ မျှဝေနေတာဖြစ်ပါတယ်။

“အမေရိကန်မှာတော့ ဖမ်းပြီ

================

အမေရိကန်နဲ့မြန်မာပြည်နဲ့ တူညီချက်က မဲခိုးမှုပဲ

ဘယ်သူတွေက ခိုးလဲဆိုတော့ ရွေးကောက်ပွဲအရာရှိကခိုးတာ။

ဒါကြောင့် ရွေးကောက်ပွဲအရာရှိကို ဖမ်းတာ။

ဒုတိယအကြိမ်လွှတ်တော် မခေါ်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို

ချိုးဖောက်တာ။

ဒါကြောင့် ဥပဒေနဲ့အညီ ဆက်လုပ်မယ်လို့ တပ်မတော်က ပြောပြီ။

USDP ကလည်း ဒီနေ့ အလံတင်ပွဲတွေ စတင်ဆောင်ရွက်နေပြီ။

နောက်ထပ် ဘာအစီအစဉ်လာမလဲ ဆိုတာတော့ မမှန်းနိုင်သေးဘူး။

နေပြည်တော်ကို ချီတက်ပြီး အစာငတ်ခံ ဆန္ဒပြတာတွေများ

လုပ်ကြမလား မသိဘူး။

မိုက်ကယ်ကျော်မြင့်နဲ့ အဖွဲ့ကလည်း (၂၈) ရက်နေ့မှာ နေပြည်တော်ကို

ချီတက်မယ်ဆိုပြီး ကြေညာထားတယ်။

ဦးသိန်းစိန်အုပ်ချုပ်စဉ်ကာလကတော့

ကျောင်းသားတွေ ရန်ကုန်ကို လမ်းလျှောက်ချီတက်ကြတယ်။

လမ်းတစ်လျှောက်မှာရှိတဲ့ ပြည်သူအချို့က

ရေဘူးကမ်းတာ ၊ ထမင်းထုတ်ဝေတာ ၊ ကျန်းမာရေးစောင့်ရှောက်တာ လုပ်ကြတယ်။

လက်ပန်တန်းမှာ ရပ်ပြီး အစာငတ်ခံဆန္ဒပြတာတွေ တောင်းဆိုတာတွေ လုပ်ကြတယ်။

(ဆန္ဒပြပွဲမှာ သံဃာတွေလည်း ပါတယ်ဗျ။ အခုခေတ်တော့ မသိဘူး)

နောက်ဆုံး မြန်မာနိုင်ငံရဲတပ်ဖွဲ့က အင်အားသုံးပြီး လူစုခွဲလိုက်တယ်။

ရဲတပ်ဖွဲ့ဝင်တွေက လူစုခွဲတော့ သံဃာတွေကို ရိုက်နှက်ဖမ်းဆီးပါတယ်ဆိုပြီး

Media တွေက ရေးတယ်ဗျ။

( အခုခေတ် Media တွေက ရေး/မရေး မသေချာဘူး)

အခုလည်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့က အင်အားသုံးပြီး လူစုခွဲကြမလား?

ဘာပဲပြောပြော

အခုလို အခြေအနေတွေ ဖြစ်ပေါ်လာရတာဟာ UEC ကြောင့်ပဲ

UEC သာ မြန်မာပြည်တစ်ပြည်လုံးမှာ မဲပေးနိုင်တဲ့ စာရင်းတွေကို

မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း ပြည်သူကို တင်ပြခဲ့မယ် ဆိုရင်!

ဒါမှ မဟုတ် တပ်မတော်က ဖော်ထုတ်တွေ့ရှိထားတဲ့ မဲမသမာမှုပြုလုပ်နိုင်ဖွယ်ရာ

ရှိတယ် ဆိုတဲ့စာရင်းတွေဟာ မမှန်ပါဘူး ။

စာရင်းအမှန်က #ဒီမှာပါဗျ လို့ ပြည်သူကို ချပြလိုက်မယ်ဆိုရင်!

ကဲ – အခုတော့

US မှာတော့ ရွေးကောက်ပွဲအရာရှိကို ဖမ်းသွားပြီ။”လို့ အောက်ပါအတိုင်းရေးသားထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

အမျိုးသမီးတစ်ဦးကို ရဲတွေက ကားတခါးဖွင့်ပေးနေဟန်ဓာတ်ပုံကို Google မှာ ဓာတ်ပုံပြန်ရှာအနည်း အသုံးပြုရှာ ဖွေကြည့်ရာမှာ အမေရိကန်နိုင်ငံတက္ကပြည်ရှေ့နေချုပ်ရုံးကထုတ်ပြန်ချက်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။

ဓာတ်ပုံထဲက အမျိုးသမီးဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆန်တိုနီရို(San Antonio)မြို့က ရေချယ်ရော့ ဒရီဂတ်ဇ်(Rachel Rodriguez)အမည်ရ ရွေးကောက်ပွဲအောင်နိုင်ရေးဆောင်ရွက်နေတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ သူဟာ အသက်ကြီးရွယ်အိုအမျိုးသမီးတစ်ယောက်ကို ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းကို မဲပေးအောင် လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အဖမ်းခံရတာဖြစ်ပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်း ဖတ်ရှူနိုင်ပါတယ်။

မူရင်းလင်ခ့် – ibtimes  |  Archive link

သူဟာ ရီပါပလစ်ကန်ပါတီ အမတ်လောင်း  မောရိုဂါဇာ(Mauro Garza) အတွက်ရွေးကောက်ပွဲကိုယ်စားလှည် အဖြစ် ဆောင်ရွက်စဉ်မှာ သက်ကြီးရွယ်အမျိုးသမီးက ရီပါပလစ်ကန်ပါတီအမတ်လောင်းကို ထည့် မည့်မဲကို အကူအညီပေးသလိုလုပ်ပြီး ဒီမိုကရက်တစ်ပါတီအမတ်လောင်းအတွက် ပြောင်းပြီးထည့်ပေးခဲ့တာကို Project Veritas ကထုတ်ပြန်တဲ့ ဗွီဒီယိုမှာတွေ့ရပါတယ်။ ဒီလင့်ခ်မှာ လေ့လာနိုင်ပါ တယ်။

ဒီဗွီဒီယိုထဲမှာပဲ သူဟာ တစ်ဖက်ပါတီအတွက် အခကြေးငွေယူပြီး လုပ်ပေးခဲ့တယ်လို့ သူကိုယ်တိုင်ဝန်ခံချက်နဲ့ သက်ကြီးရွယ်အို အမျိုးသမီးကို လက်ဆောင်တွေ ပြန်ပေးခဲ့တာတွေ့ရပါတယ်။ Project Veritas က ဒီဖြစ်စဉ်ကို ဗွီဒီယိုနဲ့ အသေးစိတ်မှတ် တမ်းတင်ခဲ့ပြီး တက္ကဆက်ရွေးကောက်ပွဲမသမာမူရေးရာဌာနကို တင်ပြခဲ့ရာမှာ အခုလို ဖမ်းခံရ တာဖြစ်ပါတယ်။ 

Project Veritas ကဟာ အမေရိကန်လက်ယာယိမ်း အဖွဲ့တစ်ခုဖြစ်ပြီး မသမာမှုတွေနဲ့ လာဘ်ပေးလာဘ်ယူမှု တွေကို စုံစမ်းဖော်ထုတ်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အမေရိကန်မှာ မဲမသမာမှုစွဲချက်နဲ့ဖမ်းဆီးခံရသူဟာ ရွေးကောက်ပွဲအရာရှိ မဟုတ်ဘဲ ရီပါပလစ်ကန်ပါတီရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေတဲ့ ရေချယ်ရော့ ဒရီဂတ်ဇ်ဆို သူအမျိုးသမီးဖြစ်တာတွေ့ရပါတယ်။

Avatar

Title:အမေရိကန်မှာရွေးကောက်ပွဲအရာရှိအဖမ်းခံရတယ်ဆိုပြီး မျှဝေနေ တဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *