
မြန်မာနိုင်ငံမှာ ပြည်ပက ပြန်လာတဲ့သူတွေ အများအပြားရှိခဲ့တာကြောင့် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်မှု လုပ်ငန်းစဉ်မှာ စောင့်ကြည့်နေရာအဖြစ်လက်ခံနိုင်ဖို့ အစိုးရအနေနဲ့ ယာယီအားဖြင့် အခက်အခဲ တစ်ချို့ရှိခဲ့ပါတယ်။
ဒီလိုအခြေအနေမှာ “နိုင်ငံခြားကပြန်လာတဲ့ ကိုဗစ်၁၉ သံသယစောင့်ကြည့်လူတွေကို ဘုန်းကြီးကျောင်းမှာနေရာပေးမယ့်အစား လောလောဆယ်ရခိုင်မှာဆောက်ထားတဲ့ အိမ်မှာနေရာပေးလိုက်ရင် ပိုအဆင်ပြေမယ်။” ဆိုပြီးတော့ “Wnow White” အမည်နဲ့အကောင့်က အဆောက်အဉီးပုံအချို့ကို မျှဝေလာပါတယ်။
မျှဝေလာတဲ့ အဆောက်အဉီးရဲ့ အပေါ်မှာ ဘင်္ဂလီတွေအတွက် အထူးရှယ်ဆောက်လုပ်ပေးထားတဲ့ အိမ်တွေအဖြစ်လည်း ဖော်ပြကြပါတယ်။
အချက်အလက်စိစစ်ချက်
Google မှာ ပုံကိုပြောင်းပြန်ရှာနည်းအသုံးပြုရှာကြည့်တဲ့အခါမှာအောက်ပါအတိုင်းတွေ့ရပါတယ်။
Google မှာ “Bhasan Char”ဆိုတဲ့ စကားလုံးကို ရိုက်ရှာရင်လည်း ဒီပုံတွေကို အောက်ပါအတိုင်းတွေ့ရှိရပါတယ်။
ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေ ဒီပုံကို ဖော်ပြထားတွေ ၂၀၁၇ ခုနှစ်ကတည်းကဖော်ပြထားတာတွေ့ရပါတယ်။ Dhakatribune သတင်းဌာနက ဘင်္ဂလာဒေ့ရှ်နိုင်ငံက လူမနေတဲ့ ကျွန်းဖြစ်တဲ့ Bhasan Char ပေါ်ကို ရိုဟင်ဂျာတွေ ပြောင်းဖို့အတွက် စီစဉ်နေတဲ့ သတင်းတွေကို ရေးသားရာမှာ ဒီပုံတွေကို သုံးစွဲထားတာကို အောက်ပါလင့်ခ်မှာ တင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ရိုဟင်ဂျာတွေကို လူမနေတဲ့ ကျွန်းဖြစ်တဲ့ Bhasan Char ကျွန်းပေါ်ပြောင်းဖို့ စီစဉ်နေတာကို ကန့်ကွက်နေတဲ့ သတင်းကို ဂျာမန်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Deutsche Welle က ၂၀၁၉ ခုနှစ်ထဲမှာ တင်ဆက်ထားတဲ့ ဗွီဒီယိုကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်စိစစ်ချက်တွေအရ ရခိုင်မှာ ဘင်္ဂလီတွေအတွက် အထူးရှယ်ဆောက် လုပ်ပေးထားတဲ့ အိမ်တွေဆိုတာ သတင်းမှားသာဖြစ်ပါတယ်။ တိုက်ခန်းဓာတ်ပုံတွေဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံက လူမနေတဲ့ ကျွန်းဖြစ်တဲ့ Bhasan Char မှာဆောက်လုပ်ထားတဲ့ ရိုဟင်ဂျာတွေ ထားဖို့ စီစဉ်ထားတဲ့ အဆောက်အဉီတွေသာ ဖြစ်ပါတယ်။

Title:ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bhasan Char ကျွန်းက အဆောက်အဉီးပုံတွေကို ရခိုင်မှာဆောက် ထားတဲ့ အိမ်တွေအဖြစ်ဖော်ပြနေကြတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False