Fact Check: NUG ကို အစိုးရအဖြစ် စစ်တပ်က လက်ခံရမည်လို့ တရုတ်ထုတ်ပြန်တဲ့ သတင်းတု

False နိုင်ငံရေး | Politics

NUG ကို အစိုးရအဖြစ် စစ်တပ်က လက်ခံရမည်လို့ တရုတ်က ထုတ်ပြန်လိုက်ပြီး စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်သံရုံးကို မောင်းထုတ်မယ်ပြောဆိုတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။ တရုတ်က ဒီလိုထုတ်ပြန်တာမရှိပါဘူး။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။

 “တရုတ်က NUG နဲ့ ဆွေးနွေးနေပြီ

တရုတ်သံရုံး မောင်းထုတ်မည်ဟု ‌ဇော်မင်းထွန်း အော်ပြောနေ

NUG ကို အစိုးရ အဖြစ် စစ်တပ်က လက်ခံရမည်ဟု ထုတ်ပြန်

တရုတ်ကြေညာချက် မင်းအောင်လှိုင် ဒေါသထွက်နေ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်း တွေကို ပြန်လည် ကူးယူ‌ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာတွေ လုပ်နေတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက‌ဖော်ပြခဲ့တဲ့ “NUG အစိုးရ က တရုတ်နိုင်ငံ၏ ရန်သူမဟုတ်၊ တရုတ်၏ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှု စစ်အာဏာရှင် သက်ဆိုးရှည်အောင် မဖြစ်သင့်ဟု NUG ယာယီသမ္မတ ပြောဆို”၊ “ချောက်မြို့အဝင်နှင့် ပုလောမြို့အဝင်တို့တွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန်အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး”၊ “နောင်ချိုမြို့နယ် လုံးခံရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရ”စတဲ့သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

တရုတ်အနေနဲ့ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှု စစ်အာဏာရှင် သက်ဆိုးရှည်ဖို့အတွက် မဖြစ်သင့်ဘူးလို့ NUG ယာယီသမ္မတ ပြောတဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားတယ်။ တရုတ်ဟာ NUG နဲ့တရားဝင် သို့မဟုတ် လူသိရှင်ကြားဆက်ဆံရေးမရှိဘဲ စစ်ကောင်စီကို ပြောင်ပြောင်တင်းတင်း ထောက်ခံနေတဲ့ နိုင်ငံတခုဖြစ်တာတွေ့ရပါတယ်။ 

ပြောဆိုချက်- NUG ကို အစိုးရအဖြစ် စစ်တပ်က လက်ခံရမည်လို့ တရုတ်ထုတ်ပြန်

Avatar

Title:Fact Check: NUG ကို အစိုးရအဖြစ် စစ်တပ်က လက်ခံရမည်လို့ တရုတ်ထုတ်ပြန်တဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *