တရုတ်ကထုတ်တဲ့အခု ကိုကာကိုလာအပြာဗူး( Pepsi)ထဲမှာ ကိုဗစ်တွေ တွေ့ရတယ် ဆိုတဲ့သတင်းမှား

Coronavirus နိုင်ငံတကာ၊ | International

တရုတ်ကထုတ်တဲ့အခု ကိုကာကိုလာအပြာဗူး( Pepsi)ထဲမှာ ကိုဗစ်တွေ တွေ့ရတယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ 

“တရုတ်ကထုတ်တဲ့အခု ကိုကာကိုလာအပြာဗူး( Pepsi)ထဲမှာ ကိုဗစ်တွေ တွေ့ရလို့ ဒီ(Pepsi)ကိုလာစက်ရုံကြီး ကိုလည်း ပိတ်သိမ်းခံလိုက်ရပါပြီ။ ကျွန်တော်တို့မြန်မာတွေ မသောက်ကျပါနဲ့နော်”ဆိုပြီး “May Tan Saung” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက သတင်းတစ်ခုကို လူမှုကွန်ယက်မှာ မျှဝေထားပါတယ်။ အလားတူ စွာပဲ “Yin Yin Aye”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူကလည်း အောက်ပါအအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

Fb linkFb link
Archive linkArchive link

အချက်အလက်စိစစ်ချက်

Google မှာ အဓိကကျတဲ့စကားလုံးတွေအသုံးပြုပြီး ဒီသတင်းကို ရှာဖွေရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ 

ဇွန် ၁၅ ရက်က ဘေဂျင်းမှာရှိတဲ့ PepsiCo ရဲ့ အကြော်အလှော်လုပ်ငန်း၊ အာလူးကြော်နဲ့ အခြောက်ကြော်လုပ်ငန်း စက်ရုံမှာ COVID-19 အတည်ပြုလူနာတစ်ဉီးတွေ့ရှိရပြီးနောက် စက်ရုံလည်ပတ်မှုရပ်ဆိုင်းကာဝန်ထမ်း ၄၈၀ ကို သီးသန့်ခွဲထားစောင့်ကြည့်မှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီစက်ရုံက အချိုရည်ထုတ်တဲ့စက်ရုံမဟုတ်တာ တွေ့ရ သလို အချိုရည်လုပ်ငန်းအပေါ်သက်ရောက်ခြင်းမရှိဘူးလို့ ကုမ္ပဏီဘက်က ပြောကြားတာတာတွေ့ရပါတယ်။ သတင်းကို အောက်ပါ လင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

China DailyCNGT

ဇွန် ၁၅ ရက်က ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာတစ်ဉီးတွေ့ရပြီးနောက်မှာ လက်ရှိအချိန်မှာ အတည်ပြုလူနာ ၈ ဉီးရှိခဲ့ပြီဖြစ်တဲ့ ဒီ Pepsi Co စက်ရုံဟာ Lay’s တံဆိပ်အကြော်အလှော်အဓိက ထုတ်လုပ်တဲ့နေရာဖြစ်တယ် လို့လည်း Global Times သတင်းစာကလည်း ရေးသားထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။

Global Times

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ တရုတ်ကထုတ်တဲ့အခု ကိုကာကိုလာအပြာဗူး( Pepsi)ထဲမှာ ကိုဗစ်တွေ တွေ့ရတယ်ဆိုတဲ့ အထောက်အထားမရှိသလို ဒီလို အချိုရည်ဘူးတွေထဲမှာ ပိုးတွေ့လို့ (Pepsi)ကိုလာစက်ရုံကြီး ပိတ်သိမ်းခံလိုက်ရတယ်ဆိုတဲ့အထောက်အထားမရှိတဲ့အတွက် သတင်းမှားအဖြစ်သတ်မှတ်ပါတယ်။

Avatar

Title:တရုတ်ကထုတ်တဲ့အခု ကိုကာကိုလာအပြာဗူး( Pepsi)ထဲမှာ ကိုဗစ်တွေ တွေ့ရတယ် ဆိုတဲ့သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *