Fact Check: စစ်ခေါင်းဆောင်ရာထူးက နုတ်ထွက်တဲ့ သတင်းတု

False နိုင်ငံရေး | Politics

စစ်ခေါင်းဆောင်ရာထူးက နုတ်ထွက်ပြီး တပ်ချုပ်အသစ်ကြေညာလိုက်တယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်ပြီး စစ်‌ခေါင်းဆောင် နုတ်ထွက်တာမရှိပါဘူး။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  

“မင်းအောင်လှိုင် ရာထူးက နုတ်ထွက်

တပ်ချုပ်အသစ်ကြေညာပြီး ထွက်ပေါက်ရှာနေပြီ”

C:\Users\User\Downloads\Firefox_Screenshot_2025-06-02T12-12-36.155Z.png

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ ရန်ကုန်ခေတ်သစ်မီဒီယာကို တုပထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ် အကြောင်း Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဗွီဒီယိုထဲပါ အကြောင်းအရာဟာ မေ ၂၇ ရက်မှာ DVB သတင်းဌာနက ဖော်ပြခဲ့တဲ့ “လုံခြုံရေး အာမခံချက် မရှိပါက စစ်ခေါင်းဆောင် အာဏာစွန့်မည်မဟုတ်ဟု သုံးသပ်”ဆိုတဲ့ သတင်းဆောင်းပါးကို ပြန်လည်ဖော်ပြထားတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကို ကိုးကားပြီး ရေးသားဖော်ပြထားတဲ့ ဒီဆောင်းပါးမှာ စစ်ခေါင်းဆောင်ဟာ နိုင်ငံတကာမှာလည်း ရာဇဝတ်မှုနဲ့ တရားစွဲခံထားရတာမို့ သူ့နေရာကို လုံခြုံရေးအာမခံချက်မရှိဘဲ ရာထူးစွန့်လွှတ်မှာမဟုတ်တဲ့အကြောင်း၊ သူဟာ အရင်ကတည်းက သမ္မတ အိပ်မက် မက်နေသူဖြစ်တာကြောင့် သူ့နေရာကို သူ့စကားနားထောင်မယ့်သူကို လွှဲအပ်ပြီး သမ္မတလုပ်ဖွယ်ရှိတဲ့အကြောင်း၊ ဒါပေမဲ့ သမ္မတနေရာကို လွှတ်တော်က ရွေးချယ်တာမို့ လွှတ်တော်က သူ့ကို ရွေးချယ်မလားဆိုတာ မသေချာဖြစ်နေကြောင်းနဲ့ စစ်ဘောင်ကလည်း ကျယ်ပြန့်နေပြီး စစ်ကောင်စီအနေနဲ့ ရွေး‌‌ကောက်ပွဲဖြစ်မြောက်အောင် လုပ်နိုင်မယ့်နေရာဟာ ကျဉ်းမြောင်းနေကြောင်း စသည်ဖြင့် ရေးသားထားပြီး ၂၀၀၈ အခြေခံဥပဒေအရ စစ်ကောင်စီဟာ  ဒီနှစ်ကုန်မှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ဇူလိုင်လကုန်မှာ အာဏာသိမ်းသက်တမ်းတိုးမှာမဟုတ်တဲ့အကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါတယ်။ 

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြထားတာကတော့ ရန်ကုန်ခေတ်သစ်သတင်းဌာက ဖော်ပြခဲ့တဲ့ “စခန်းသိမ်း၊ မြို့သိမ်းနှင့် ထင်သာမြင်သာရှိသော စစ်ပွဲ အောင်နိုင်သည်အထိ တိုက်ခိုက်နိုင်သော အရာရှိနှင့်စစ် သည်များကို အသက်အရွယ်နှင့် အရည်အချင်း ကန့်သတ်ချက်မထားဘဲ ရာထူးတိုးပေးမည်ဟု မင်းအောင်လှိုင်က မက်လုံးပေး”ဆိုတဲ့ သတင်းကို ပြန်လည်‌ဖော်ပြထားတယ်။

သုံးသပ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး ဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တယ်။ DVB သတင်းဌာနက ဖော်ပြခဲ့တဲ့ လုံခြုံရေး အာမခံချက် မရှိပါက စစ်ခေါင်းဆောင် အာဏာစွန့်မည်မဟုတ်ဟု သုံးသပ်တဲ့အကြောင်းကို ခေါင်းစဉ်တုတပ်ဖော်ပြထားခြင်းဖြစ်တယ်။ စစ်ခေါင်းဆောင်ရာထူးက နုတ်ထွက်တဲ့ အထောက်အထားမရှိပါ။

ပြောဆိုချက်-စစ်ခေါင်းဆောင်ရာထူးက နုတ်ထွက်ပြီး တပ်ချုပ်အသစ်ကြေညာ

Avatar

Title:Fact Check: စစ်ခေါင်းဆောင်ရာထူးက နုတ်ထွက်တဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *