သရုပ်ဆောင်မေသန်းနု ထောင်ကလွတ်လာပြီဆိုတဲ့ သတင်းမှား

လူမှုရေး အနုပညာ

ငွေကြေးလိမ်လည်မှုနဲ့တရားစွဲခံရပြီးထောင်ကျခဲ့တဲ့ သရုပ်ဆောင်မေသန်းနုဟာထောင်ဒဏ်တစ်နှစ်ချမှ တ်ခံထားရပါတယ်။ ထောင်ဒဏ်တစ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခံရပြီး သိပ်မကြာသေးခင်မှာပဲ မေသန်းနု ပြန်လွတ်လာပြီဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ မျှဝေနေကြတာဖြစ်ပြီး လက်ရှိအချိန်အထိလည်းမျှဝေနေ တာတွေ့ရပါတယ်။

အေးအေးဝင်းအမည်နဲ့ အကောင့်က မေသန်းနု ပြန်လွတ်လာပြီဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ မျှဝေခဲ့တာလည်း တွေ့ရပါတယ်။

FB LinkArchive link

အချက်အလက်စိစစ်ချက်

၁။ ဗွီဒီယိုရဲ့ခေါင်းစဥ◌်မှာ “အတိုင်းမသိဝမ်းသာပါတယ် မင်းသမီးကြီး မေသန်းနုထောင်က ပြန်လွတ်လာပြီ”လို့ ရေးထားပေမဲ့ တကယ်တမ်းဗွီဒီယိုထဲမှာ နောင်ခံစကားပြောထဲမှာ ထောင်တစ်နှစ်ကျသွားတဲ့အကြောင်း သာပါဝင်တာတွေ့ ရပါတယ်။

၂။ Google မှာပုံကို ပြောင်းပြန်ရှာတဲ့အနည်းအသုံးပြုရှာဖွေရာမှာ အလားတူ ပုံတွေ တွေ့ရပါတယ်။ ဒါပေမဲ့ တရားဝင်သတင်းမီဒီယာတစ်ခုမှ တွေ့ရပါဘူး။

၃။ “မေသန်းနု ပြန်လွတ်လာ”ဆိုတဲ့ အဓိက စကားလုံးတွေကို Google မှာ ရှာဖွေကြည့်မယ်ဆိုရင်လည်း တရားဝင်ရပ်တည်နေတဲ့ မီဒီယာတွေမှာ ဖော်ပြထား မတွေ့ရပါဘူး။

၄။ သရုပ်ဆောင်မေသန်းနုဟာ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးနောက်ထပ် အမှုတစ်ခုနဲ့ ထပ်မံရင်ဆိုင်နေရတယ်လို့ One News Myanmar သတင်းဌာနက ဖော်ပြပါတယ်။ နောက်ထပ် အနုပညာသတင်းဌာနတစ်ခုဖြစ်တဲ့ Myanmar Celebrity TV ကလည်း ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာဇင်ယော်မောင်မောင်ရှင်းပြချက်တွေကို ဖေဖော်ဝါရီ ၂၅ ရက်မှာဖော်ပြခဲ့ပြီး မေသန်းနုပြန်လည်လွတ်မြောက်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ ဖော်ပြခဲ့ပါတယ်။

သုံးသပ်ချက်

အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ သရုပ်ဆောင်မေသန်းနု ထောင် ကလွတ်လာပြီဆိုတဲ့ သတင်းမှားသာဖြစ်ပြီး လှည့်စားထားတဲ့ သတင်းတုသာဖြစ်ပါတယ်။

Avatar

Title:သရုပ်ဆောင်မေသန်းနု ထောင်ကလွတ်လာပြီဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *