
ကြက်သွန်နီကို ဆားနှင့်တို့စားပြီး ၁၀ မိနစ်ခန့် ရေမသောက်ဘဲ နေလျှင် ကိုရိုနာဗိုင်းရပ်စ်သေစေနိုင်တယ်ပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။
Myanmar Onion Adviser အမည်နဲ့အကောင့်အောက်ပါအတိုင်းဖြန့်ဝေထားတာ တွေ့ရပါတယ်။

Mayu Rashid ဆိုတဲ့အကောင့်ကလည်း ကြက်သွန်နီကို ဆားနှင့်တို့စားပြီး ၁၀ မိနစ်ခန့်
ရေမသောက်ဘဲ နေလျှင် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်မှ လွတ်ကင်းနိုင်ကြောင်း ဝါရင့်ဆရာဝန် အကြံပြုဆိုပြီးတော့ တင်ထားပါတယ်။

အချက်အလက်စိစစ်ချက်
၁။ ကြက်သွန်နီနဲ့ ဆားကို အတူတကွစားပြီး ရေမသောက်ဘဲ ၁၀ မိနစ်လောက်နေရင် ကိုရိုနာရောဂါပိုးသေတယ်ဆိုတဲ့အလက်တွေဟာ မမှန်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးသန့် က Fact Crescendo ကို အတည်ပြုပါတယ်။ အချက်အလက်တွေဟာ သုတေသနပြုလုပ်ထားတဲ့ အထောက်အထားမရှိသလို အခြေအမြစ်မရှိတဲ့ သတင်းသာဖြစ်တယ်လို့ ဒေါက်တာမျိုးသန့်က ပြောပါတယ်။ကိုရိုနာရောဂါပိုးကာကွယ်ဖို့ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ လက်ဆေးဖို့၊ လူကြားထဲသွားတာတွေ ရှောင်ကျဥ◌်ဖို့၊ နာချေတာ ချောင်းဆိုးတာမှာ လက်နဲ့ အုပ်ပြီးအချောင်းဆိုးစတဲ့ အချက်အလက်တွေကို လိုက်နာဖို့လိုအပ်တယ်လို့ ဒေါက်တာမျိုးသန့်က ပြောပါတယ်။
၂။ ကြက်သွန်နီနဲ့ ဆားကို အတူတကွစားပြီး ကိုရိုနာရောဂါပိုးပျောက်တယ်ဆိုတာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း အတည်ပြုထားတာမရှိပါဘူး။
၃။ ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာအကြောင်းအရာတွေတင်ဆက်နေတဲ့ hello sayarwon စာမျက်နှာမှာ ကြက်သွန်နီက ဝူဟန်ဗိုင်းရပ်စ်ကို ကာကွယ်မပေးနိုင်ဘူးလို့ ဒေါက်တာသူရိန်လှိုင်ဝင်းက ပြောကြားထားပါတယ်။

၄။ သီရိလင်္ကာမှာရှိတဲ့ Fact Crescendo အဖွဲ့ကလည်း သီရိလင်္ကာ ကျန်မားရေးဦးစီးဌာနကတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဒီသတင်းမမှန်ဘူးဆိုပြီးတော့ အတည်ပြုခဲ့ပြီး အခြေအမြစ်မရှိတဲ့ သတင်းတစ်ခုသာဖြစ်ပါတယ်။
သုံးသက်ချက်
အထက်ပါ အချက်အလက်တွေအရ ကြက်သွန်နီနဲ့ ဆားကို အတူတကွစားပြီး ရေမသောက်ဘဲ ၁၀ မိနစ်လောက်နေရင် ကိုရိုနာရောဂါပိုးသေတယ်ဆိုတဲ့အလက်တွေဟာ သက်သေအထောက်အထားမရှိတဲ့ ကောလာဟလ သတင်းအမှားတွေသာဖြစ်ပါတယ်။

Title:ကြက်သွန်နီကို ဆားနှင့်တို့စားပြီး ၁၀.မိနစ်ခန့် ရေမသောက်ဘဲ နေလျှင် ကိုရိုနာဗိုင်းရပ်စ်သေစေနိုင်တယ်ဆိုတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: False