ရုပ်ရှင်အစည်းအရုံးမှ အဆိုတော် ယုန်လေးအားရာသက်ပန်ထုတ်ပယ်တယ်ဆိုတဲ့ သတင်းမှား

False လူမှုရေး

ရုပ်ရှင်အစည်းအရုံးမှ အဆိုတော် ယုန်လေးအားရာသက်ပန်ထုတ်ပယ်တယ်ဆိုတဲ့ သတင်းမှားပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိပါတယ်။

“ယနေ့နေ့လည်ပိုင်းကစတင်ပြီး Facebookပေါ်တွင် သရုပ်ဆောင် ဒါရိုက်တာ အဆိုတော် ယုန်လေးမှ လွှင့်တင်ခဲ့သော စည်းလုံးသင့်ပြီ မြန်မာပြည် အမည်ရှိ သီချင်းတစ်ပုဒ်ကြောင့်ဆင်ဆာခွင့်ပြုချက်မရပဲ ပြသခြင်းစသည်တို့ကြောင့် ယုန်လေးအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကကြီးများအရေးပေါ် စုံညီအစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ပြီး ထုတ်ပယ်လိုက်တယ်လို့ ယနေ့ည၁ဝ :၃၀ ကသတင်း အရသိရပါတယ်။နောက်ဆက်တွဲအနေဖြင့် အဆိုပါတေးသီချင်းတွင်ပါဝင်သော အနုပညာရှင်များကိုလည်း နောင်တွင် ထိုကဲ့သို့သော ဇာတ်လမ်းများမရိုက်ကူးနိုင်စေရန်ခံဝန်လက်မှတ်ထိုးခိုင်းသွားမည်ဟုလည်း သိရပါတယ်။ မနက်ဖြန်မနက်မှာ သတင်းမီဒီယာများတွင် ထည့်သွင်းသွားမည်ဖြစ်ပါတယ်။ အစည်းအရုံးမှထုတ်ပယ်လိုက်ခြင်းကြောင့် ယုန်လေးအနေဖြင့် ရုပ်ရှင်၊ဗီဒီယိုရိုက်ကူးခြင်း ပါဝင်သရုပ်ဆောင်ခြင်း၊ ပါဝင်ထားသော ရုပ်ရှင်ကားများ ရုံတင်ပြသခြင်း ၊သီဆိုထားသောသီချင်းများအား ရုပ်ရှင် ဗီဒီယိုများတွင် အသုံးပြုခွင့်ရှိတော့မည်မဟုတ်ဟုလည်း သိရပါတယ်”ဆိုပြီး ြသဂုတ် ၅ ရက်က “48myanmar”၊ “mevemedia”စတဲ့ဝက်ဘ်ဆိုဒ်တွေမှာ ရေးသားမျှဝေထားပါတယ်။ 

အမှန်တကယ်တော့ ဒီသတင်းဟာ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

အငြင်းပွားဖွယ်”ငါတို့အားလုံးရဲ့မြေ” သီချင်းဗီဒီယိုဖန်တီးခဲ့မှုနဲ့ ပတ်သက်ပြီး အဆိုတော် ယုံလေးဟာ ြသဂုတ် ၆ ရက်နေ့မှာမှ ြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို သွားရောက်ရှင်းလင်းခဲ့တာ တွေ့ရပါတယ်။ 

ဒီလိုသွားရောက်ရှင်းလင်းခဲ့တဲ့ သတင်းကို ဒီနေရာနဲ့ ဒီနေရာတွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ထို့အတူ ယုန်လေးကို ချမှတ်ခဲ့တဲ့ပြစ်ဒဏ်ဟာ တစ်နှစ် အနုပညာလုပ်ခွင့် ပိတ်ပင်ခဲ့တာသာဖြစ်ပြီး ရုပ်ရှင် အစည်းအရုံးက ရာသက်ပန်ထုတ်မယ်တယ်ဆိုတာ မဟုတ်တာတွေ့ရပါတယ်။ COVID-19 ကာလ ရုပ်ရှင် အစည်းအရုံးက သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှု ရှိပဲ သီချင်းဗီဒီယို ရိုက်ကူး ထုတ်လုပ်ခဲ့မှု အတွက် ယုန်လေးကို ရိုက်ကူး ၊ သရုပ်ဆောင် ၊ ဒါရိုက်တာ လုပ်ခွင့် (၁) နှစ် ပိတ်ပင်တာဖြစ်ပြီး ရုပ်ရှင် ပြသရေး ဆိုင်ရာကိုတော့ ယုန်လေး အား ပိတ်ပင်ခြင်း မရှိခဲ့ပါဘူး။ 

https://www.facebook.com/MyanmarCelebrityTV/videos/632735940690274/

ယုန်လေးကို ရိုက်ကူး ၊ သရုပ်ဆောင် ၊ ဒါရိုက်တာ လုပ်ခွင့် (၁) နှစ် ပိတ်ပင်တဲ့အကြောင်းကို DVB သတင်းဌာနဲ့ Duwun သတင်းဌာနကဖော်ပြထားတဲ့သတင်းကို ဒီလင့်ခ် ဒီလင့်ခ်တွေမှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ရုပ်ရှင်အစည်းအရုံးမှ အဆိုတော် ယုန်လေးအားရာသက်ပန်ထုတ်ပယ်တယ်ဆိုတဲ့ သတင်းဟာ သတင်းမှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:ရုပ်ရှင်အစည်းအရုံးမှ အဆိုတော် ယုန်လေးအားရာသက်ပန်ထုတ်ပယ်တယ်ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *