Fact Check: ဂျာမနီ Condor လေကြောင်းလိုင်းဖွင့်ပွဲက ရွှေတိဂုံပုံစံတူ ကိတ်မုန့် ကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ဆင်နွှဲမှုအဖြစ် ဖော်ပြနေ

False နိုင်ငံရေး | Politics

ရွှေတိဂုံပုံစံတူ ကိတ်မုန့်တစ်ခု နိုင်ငံခြားသားများခွဲနေဟန်ပုံကို  ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပွဲဆင်နွှဲမှုအဖြစ် လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။

 သို့သော်လည်း ဒီဓာတ်ပုံဟာ ဂျာမနီအခြေစိုက် လေကြောင်းလိုင်းတစ်ခုက ရန်ကုန်သို့ ပြေးဆွဲမှုစတင် ဖွင့်လှစ်ခြင်းအခမ်းအနားမှ မှတ်တမ်းဓာတ်ပုံဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ရွှေတိဂုံဘုရားပုံကိတ်ကို နိုင်ငံခြားသားတွေလှီးပေးခဲ့တယ်လို့ရေးသားထားတဲ့ ဓာတ်ပုံပို့စ် “အရှင် အာသဘ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

Google မှာ ပုံရှာနည်းနဲ့ အသုံးပြုပြီးရှာဖွေရာမှာ ဒီပို့စ်ပါဓာတ်ပုံကို ၂၀၁၄ ခုနှစ် ဧပြီဝန်းကျင်က ဘလော့ဂ်ပို့စ် အများအပြားမှာ တွေ့ရပါတယ်။

“ဂျာမနီနိုင်ငံ ဖရန့်ဖတ် လေဆိပ်ကနေ ရန်ကုန် လေဆိပ်ကို မရပ်မနား တိုက်ရိုက်ပျံသန်းမယ့် Condor ဂျာမနီ လေကြောင်း လိုင်းရဲ့ ကုမ္ပဏီ အကြီးအကဲတွေ၊ လေကြောင်း အရာရှိတွေနဲ့ အတူ ဂျာမနီ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးစိုးနွယ်တို့က ဖဲကြိုးဖြတ်တာ၊ ရွှေတိဂုံပုံစံ ကိတ်မုန့်ကို လှီးဖြတ်ကြတာတွေ အပေါ် အွန်လိုင်းလောကသားတွေက ပြင်းပြင်းထန်ထန် ဝေ ဖန်နေကြတာပါ။ အဓိက ထောက်ပြ ဝေဖန်တာကတော့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေရဲ့ ရွှေတိဂုံပုံစံတူကို အခုလို  လေကြောင်း ပျံသန်း မယ့် အထိမ်းအမှတ် ကိတ်မုန့်လုပ်ပြီး လှီးဖြတ်ကြတာကို မြန်မာသံအမတ်ကြီးကပါ ပြုံးပြုံးရွှင်ရွှင် ပူးပေါင်း ပါဝင်နေတဲ့ အပေါ် ပြင်းပြင်း ထန်ထန် ဝေဖန်ကြတာပါ”လို့ ရေးသားထားတဲ့ ၂၀၁၄ ခုနှစ် ဧပြီ ၂၆ ရက်စွဲနဲ့ ဧရာဝတီ ဘလော့ဂ်စာမျက်နှာပို့စ်မှာ ဒီကိတ်မုန့်ခွဲနေပုံကို တွေ့ရပါတယ်။

မူရင်းလင့်ခ် –  IrrawaddyArchive link 

ဖရန်ဖွတ်(Frankfurt)ကနေ ရန်ကုန်ကို ဂျာမနီအခြေစိုက် (Condor)ကွန်ဒေါလေကြောင်းက တပတ်တစ်ခါ စတင်ပျံ့သန်းမယ့် အကြောင်းကို  ၂၀၁၂ ခုနှစ်၊ စက်တင်ဘာမှာ မြန်မာတိုင်းမ်သတင်းဌာနက သတင်း ဖော်ပြချက်ကို ဒီနေရာမှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၆ ရက်မှာ ကွန်ဒေါလေကြောင်း ရန်ကုန်နဲ့ ဖူးခပ်လမ်း ကြောင်းသစ်နှစ်ခုစတင်ခဲ့ကြောင်း anna.aero ကသတင်းဖော်ပြခဲ့တာကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။  anna.aero ဟာ ဒီဓာတ်ပုံတွေကို သူတို့ရဲ့ ဝက်ဘ်ဆိုဒ်မှာ စတင်ဖော်ပြခဲ့တာဖြစ်ပါတယ်။ archive.org က မှတ်တမ်းတွေအရ ကန့်ကွက်မှုတွေကြောင့် အသုံးပြုထားတဲ့ ဓာတ်ပုံကို ၂၀၁၄ ခုနှစ် ဧပြီ ၂၇ ရက် ညပိုင်းမှာ ဖြုတ်ချသွားခဲ့တာတွေ့ရပါတယ်။

ရွှေတိဂုံပုံတူကိတ်မုန့်လှီးခဲ့သည့် ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးစိုးနွယ်ကို သာသနာရေးဝန်ကြီးဌာန ကန့်ကွက်ခဲ့တဲ့သတင်းကို ၂၀၁၄ ခုနှစ် မေ ၉ ရက်က 7day သတင်းဌာနက ဖော်ပြခဲ့တာကို ဒီနေရာမှာလေ့လာ နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ရွှေတိဂုံပုံစံတူကိတ်မုန့်ကို လှီးဖြတ်နေပုံ အဖြစ်ဖော်ပြချက်ဟာအထောက်အထားမရှိပါဘူး။ ဓာတ်ပုံဟာ ဂျာမနီအခြေစိုက် (Condor) ကွန်ဒေါ လေကြောင်းက ရန်ကုန်သို့ လေကြောင်းလိုင်းသစ်ပြေးဆွဲခြင်းအထိမ်းအမှတ် ကိတ်မုန့်ခွဲပုံဖြစ်ပါတယ်။

Avatar

Title:ဂျာမနီ Condor လေကြောင်းလိုင်းဖွင့်ပွဲက ရွှေတိဂုံပုံစံတူ ကိတ်မုန့် ကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ဆင်နွှဲမှုအဖြစ် ဖော်ပြနေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *