
အမြန်လမ်းကိုပိတ်ထားလိုက်ပြီဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ပါတယ်။ သို့သော်လည်း ဒီသတင်းဟာ သတင်းမှားတစ်ခုသာဖြစ်ပြီး အမြန်လမ်းကို ပိတ်ထားတာမျိုးမရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတွေက မီဒီယာတွေကို ဖြေကြားထာပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာမျှဝေ ထားတာကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အခုလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေနဲ့ ပတ်သက်ပြီး အမြန်လမ်းရဲတပ်ဖွဲ့ရုံးကတာဝန်ရှိသူတွေပြောချက်ကို ကိုးကားပြီး ဧရာဝတီသတင်းဌာနက ပိတ်ထားတဲ့ သတင်းမမှန်ကြောင်း ဖော်ပြထားပါတယ်။ အလဲဗင်းနဲ့ ဒီဗွီဘီစတဲ့ မီဒီယာတွေက သတင်းမှာ မဟုတ်မမှန်ဘူးလို့ရေးသားထားပါ။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ဖတ်ရှူ့နိုင်ပါတယ်။
“ပဲခူးတိုင်း ဖြူးမြို့နယ် အမြန်လမ်း ၁၁၅ မိုင်မှာ ပိတ်ဆို့စစ်ဆေးမှု့တွေ ပြုလုပ်နေတာဟာ COVID-19 ရောဂါနဲ့ပတ်သက်ပြီး ခရီးသွားပြည်သူတွေကို ကျန်းမာရေး ဆေးစစ်ချက် တမ်းတွေ ရှိမရှိစစ်ဆေးနေတာဖြစ်ပြီး ခရီးသွားလာခွင့်ကို ပိတ်ထားတာ မဟုတ်ဘူးလို့ အမြန်လမ်းရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်”လို့ ဒီဗွီဘီသတင်းဌာနက ဖော်ပြထားတာတွေ့ရပါတယ်။
မူရင်းလင်ခ့် – DVB | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အမြန်လမ်းကိုပိတ်ထားလိုက်ပြီဆိုတဲ့ ပို့စ်တွေဟာ သတင်းမှားဖြစ်ပြီး ဆေးစစ်ချက်မှတ်တမ်းတွေမရှိသူတွေကို ပြန်လွှတ်ခြင်းသာဖြစ်တာတွေ့ရပါတယ်။