Fact Check: ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ရွှေရောင် မာစီဒီးကားထုတ်လုပ်ခဲ့တယ် ဆိုတာ မဟုတ်ပါ

Altered လူမှုရေး

ဂျာမနီနိုင်ငံ မာစီဒီးကားကုမ္ပဏီက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်လုပ်ထားတဲ့ ကားဆိုပြီး ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။

ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ မာစီဒီးကားကုမ္ပဏီရဲ့ အမှတ်တံဆိပ်နဲ့အတူ ကားစက်ခေါင်းဖုံးအလည်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပုံပါရှိပြီး လိုင်စင်ပလိတ်ပြားတပ်ဆင်တဲ့နေရာမှာ NLD လို့စာတန်းလည်း တပ်ဆင်ထားတဲ့ ဓာတ်ပုံနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဉက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်ဝေထားတဲ့ ကမ္ဘာပေါ်မှာတစ်စီးထဲရှိတဲ့ကားလို့ရေးသား မျှဝေနေတာ ဖြစ်ပါတယ်။ 

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ မာစီဒီးကားကုမ္ပဏီက ထုတ်လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုး Fact Crescendo Myanmar က မတွေ့ရှိရပါဘူး။

လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ရေးသားမျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားမှုနဲ့ မျှဝေထားတာကို ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ပျံနှံ့ခဲ့တဲ့ ပို့စ်က ဒေါ်အောင်ဆန်းစုကြည်အမှတ်တံဆိပ်နဲ့ကားပုံကို Google မှာပုံရှာနည်း၊ အဓိကစကားလုံးတွေ အသုံးပြုရှာဖွေနည်းနဲ့ ရှာဖွေကြည့်ရာမှာ ဒီရွှေရောင်ကားဟာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ မဟုတ်တာတွေ့ရပြီး မာစီဒီးကားကုမ္ပဏီက မူရင်းထုတ်လုပ်ခဲ့စဉ်က ရွှေရောင်အနေနဲ့ ထုတ်လုပ်ခဲ့တဲ့ အထောက်အထားလည်းမရှိ တာတွေ့ရပါတယ်။ 

yeinjee.com အမည်နဲ့ဝက်ဘ်ဆိုဒ်မှာ ဒီကားကို ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်အောက်ပါအတိုင်းရေးသား မျှဝေထားတာကို တွေ့ရှိရပါတယ်။ 

“အာရပ်စော်ဘွားများပြည်ထောင်စုရှိ Mercedes-Benz ကိုရွှေဖြင့်ပြုလုပ်ထားသောဓာတ်ပုံများ။ C63 (မူလစျေးနှုန်း ~ အမေရိကန်ဒေါ်လာ ၆၀,၀၀၀) သည် ၂၀၀၈ ခုနှစ် သို့ ထိုထက်စောပြီး လည်ပတ်နေပြီး အခြားအရာများမှာ (ဆေးမှုတ်ခ၊ ပိုင်ရှင်စသည်)မသိရှိ”လို့ ရေးသားပြီး ဓာတ်ပုံကို မျှဝေထားပါတယ်။

မူရင်းလင့်ခ် – yeinjee.comArchive link 

၂၀၀၉ ခုနှစ်ထဲမှာလည်း ဒီရွှေရောင်ကားအကြောင်းရေးသားထားတာကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုပြီး ထုတ်လုပ်ထားတယ်ဆိုတဲ့ ကားနဲ့ yeinjee.com က ၂၀၁၀ ခုနှစ်ဖော်ပြခဲ့တဲ့ ရွှေရောင်ကားကို အောက်ပါအတိုင်းနှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဂျာမနီနိုင်ငံ မာစီဒီးကားကုမ္ပဏီက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်လုပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ရွှေရောင်ကားဆိုတဲ့ အချက်ဟာ အထောက်အထားမရှိပါဘူး။

Avatar

Title:ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ရွှေရောင် မာစီဒီးကားထုတ်လုပ်ခဲ့တယ် ဆိုတာ မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Altered


Leave a Reply

Your email address will not be published. Required fields are marked *